Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Thursday, September 30, 2010

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းတပ်ရင်းနှစ်ရင်း ပစ်ခတ်ခံရ

မင်းထက်အောင်(စက်တင်ဘာ-၂၉)
 ဗျုဟာမှူးတစ်ဦးအပါအဝင် ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းတပ်ရင်းနှစ်ရင်းအား ယနေ့နံနက်ပိုင်း၌ မိမိတို့ပြောက်ကျားပစ်ခတ်ခဲ့ကြောင်း KNU ကပြောသည်။
“အထိအခိုက်စာရင်းတွေ အတည်မပြုနိုင်သေးပါ၊ ကျနော်တို့တပ်ဖွဲ့ပစ်ခတ်တာကတော့သေချာတယ်” ဟု တပ်မဟာ(၆) ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်ကြီးစောထဲနေ ပြောပါသည်။
ဘုရားသုံးဆူမြို့မှ (၁၈) မိုင်ခန့်ဝေးကွာသော အပလုံရွာနှင့် မြိုင်သာယာရွာအကြားတွင် ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သည်ဟု
ဂျပန်နိုင်ငံတွင် တရာဝင် အခြေချနေထိုင်ခွင့်ရသော ဒုက္ခသည် ကရင် မိသားစုများကို နွေးထွေးစွာ ကြိုဆို

ယနေ့ (၂၈-၀၉-၂၀၁၀)နေ့ နံနက် ၇း၂၅ နာရီတွင် ဂျပန်နိုင်ငံ တိုကျိုမြို့  နာရီတာလေဆိပ်သို့ဂျပန်ပန်အဲယား-JAL FLIGHT 718 ဖြင့် ထိုင်းနိုင်ငံမှ ကရင် ဒုက္ခသည်(၁၈) ဦးဆိုက်ရောက်လာခဲ့ပြီး လေဆိပ် အတွင်း ဂျပန် လဝက ဖြတ်ခြင်း ခေတ္တအနားယူခြင်းနှင့် ကလေးငယ်များ နေမကောင်းဖြစ်နေ၍ လေဆိပ်ဆေးခန်းတွင် ကလေးငယ်များအား ဆေးကုသမှုများ ခံယူပြီး နောက်

Thursday, September 23, 2010

KNU/KNLA ငြိမ်းကောင်စီ ဗိုလ်ချုပ် စောဌေးမောင် ၏ ပေးစာ တစောင်

E-mail မှ တဆင့် ပေးပို့  လာသူမိတ်ဆွေ အား အထူးကျေးဇူတင်ရှိ ပါသည်။

Wednesday, September 22, 2010

ဦးဟန်ညောင်ဝေ နှင့် VictorBiaklian တို​​၏ခရီးစဉ်နှင့် ပတ်သက်၍ KNU (Japan) ၏ သဘေားထားထုတ်ပြန်ကြေညာချက်

Tuesday, September 21, 2010

သူ ဆုတောင်းလိုက်ပုံက

*"သူ ဆုတောင်းလိုက်ပုံက"*

ဘဝဆက်တိုင်း ..... အင်္ဂလန်မှာ ဘောလုံး သမား ... ကိုရီးယားမှာ မင်းသား ...
ဂျပန်မှာ ယာကူဇာ ... ယူအက်စ်မှာ မာဖီးယား ... မြန်မာနိုင်ငံမှာ လူကြီးသား
ဖြစ်ပါရစေ အရှင်ဘုရား ...။

*"ကာရန်မဲ့ ကဗျာ"*

"မြန်မာပြည်သည် အလွန် ပျော်စရာကောင်းသော နိုင်ငံဖြစ်သည် .... မီး လာလျှင်လည်း
ပျော်ရသည် .... ရေ လာလျှင်လည်း ပျော်ရသည်"

* *

*"အကြံပေးလိုက်ပုံက"*

သူက "ကတုံး တုံးပြီး တောထွက်မယ် ဆိုတော့လဲ တောက ပြုန်းနေပြီ ... အင်းလေးကန်ထဲ
ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေမယ် ဆိုတော့လဲ .... ရေက မရှိ .... shock
ရိုက်ပြီး suicide လုပ်မယ် ဆိုတော့လဲ မီးက မလာ ... ဆေးဝယ်သောက်ပြီး ကိစ္စတုံးမယ်
ဆိုတော့ အတုဖြစ်နေ...."တယ်တဲ့။

ဒါနဲ့ အကြံပေးလိုက်ပါတယ် .... "လမ်းကြောင်းလာတဲ့ အချိန်မှာ လမ်းပိတ် ရပ်နေလိုက်
အသေ တိုက်သတ်လိမ့်မယ် .. မသေသေး ဘူးလား မပူနဲ့ သေနတ်နဲ့ ဆင်းပစ်လိမ့်မယ်" လို့။
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ ညှိနှိုင်းစည်းဝေ မှတ်တမ်း ဓါတ်ပုံ။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် မြန်မာ့နိုင်ငံရေး အခြေအနေများ ကော်မတီမှ ဆက်လက် လုပ်ဆောင် လှုပ်ရှားသွားမည့် ရှေ့ လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေသည့် အခမ်းအနားကို စက်တင်ဘာလ(၁၉)ရက် (တနင်္ဂနွေနေ့) Takadanobaba, Recycle Center,4F ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့၏ ဂျပန်နိုင်ငံ ခရီးစဉ်တွင် ရွေးကောက်ပွဲကို ထောက်ခံအားပေးရေး လာရောက် ဆွေးနွေးသွားခဲ့ကြောင်း ယင်းခရီးစဉ်တွင်၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ အဖွဲ့ဝင်တချို့နှင့်အတူ သွားခဲ့ကြသည့်အပေါ် အပြန်အလှန် အကြေအလည် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြပြီးနောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ ကော်မတီ၏ ရပ်တည်ချက် သဘောထားနှင့် “မြန်မာ နအဖ စစ်အစိုးရမှ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်ပါ” ဆိုသည့် စာတမ်းများကိုပါ ဂျပန်အစိုးရမှ တာဝန်ရှိသူများနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ သွားရောက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu (KNU-Japan)

Monday, September 20, 2010

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian ၏ ဂျပန်ခရီးစဉ်နှင့်ပတ်သတ်၍ သဘောထား ထုတ်ပြန်ကျေညာချက်

၂၀၁၀ စက်တင်ဘာလ (၂၀)ရက်။

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့သည် ၃၁-၈-၂၀၁၀ နေ့မှ ၂-၉-၂၀၁၀ နေ့အထိ ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံအစိုးရအဖွဲ့ဝင် ဒုတိယပညာရေးဝန်ကြီးလည်းဖြစ်သူ Masaharu Nakagawa နှင့်လည်းကောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါနမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း ကောင်းလာ ရောက်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံအားပေးရေး လာရောက် ဆွေးနွေးသွားကြောင်း ကြားသိရပါသည်။

FBR Training Report: Graduation of New Ranger Teams in Southern Karen State

နအဖ စစ်အစိုးရ၏ တိုက်ခိုက်မှု ကြောင့် အိုးမဲ့အိမ်မဲ့ တောတောင်ထဲတွင် ထွက်ပြေးပုန်းအောင်းနေရသော IDP ခေါ်ပြည်တွင်း စစ်ပြေးဒုက္ခသည်များကို ကူညီရန်အတွက် လိုအပ်သည့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခြေခံ စစ်ပညာ သတင်တန်းကို တက်ရောက်ပြီး အောင်မြင်စွာဖြင့် သင်တန်းပြီးမြောက်သော ကရင်အမျိုးသမီးငယ် တစ်ဦးပုံ - ဓါတ်ပုံ - FBR