Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Sunday, October 31, 2010

အန္ဒမန်-နီကိုဘာ ခေါ် ကပ္ပလီကျွန်းမှပေးစာ


http://www.leenatravels.com/photos/cellular-jail-04.jpg

Cellular Jail
ဓညလင်း -                                                                              Saturday, 30 October 2010
မှတ်ချက်။ ။ တကယ်ဖြစ်ရပ်မှန်ဖြစ်လို့  အချိန်ယူပြီးဖက်စေလိုပါသည်။
Written by http://www.narinjara.com
အန္ဒမန်နှင့်နီကိုဘာကျွန်း Andaman & Nicobar (A&N) Island (ခေါ်)ကပ္ပလီကျွန်းရှိ Port Bliar ပို့ဘာလေးယားမြို့သည် ပင်လယ်ဆိပ်ကမ်း မြို့တစ်မြို့ ဖြစ်ပြီး၊ အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်က ဗမာ ပြည်အပါအ၀င် အိန္ဒိယတိုက်မှအကျဉ်းသားများကို တစ်ကျွန်းပို့ထားသော (ယခုဗမာပြည်ရှိ ကိုကိုးကျွန်းလို) တကျွန်း မြို့တစ်မြို့ ဖြစ်ခဲ့သည်။ အိန္ဒိယမျိုးချစ် သူရဲကောင်းများ အင်္ဂလိပ်အစိုးရ၏ မတရားထောင် ချ ညှင်းပမ်းမှုဒါဏ်များကို အလူးအလဲခံရင်း နောက် ဆုံး ကိုလိုနီနယ်ချဲ့အစိုးရကို ထောင်ထဲမှာပင် တော်လှန်ရင်း အသက်ပေးသောကြောင့် ပို့ပလေးယားမြို့ရှိ (Cellular Jail) သည် အလွန်ကျော်ကြားပြီး၊ ယခုအခါ ၎င်းထောင်ဟောင်းကို အများပြည်သူများ ကြည့်ရှု့နိုင်ရန် ပြတိုက်အဖြစ်ပြထားသည်။ ထောင် ထဲမှာ အသက် စတေးခံယင်း လွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းများကို ရုပ်ထုများ ထုလုပ်ကာ တခန်းတနားဖြင့် ဂုဏ်ပြုပူဇော်ထားပါသည်။ ဤကဲ့သို့ Freedom Fighter ခေါ် အင်္ဂလိပ်ကိုလိုနီကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော မျိုးချစ်သူရဲကောင်းများ၏ ရဲရင့် သန့် ရှင်းသော ၀ိဥာဏ်များကိန်းဝပ်ရာ ဤသမိုင်းဝင်ကျွန်းကြီးတွင် ၎င်းသူရဲကောင်းများ နည်းတူ တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေးနှင့် တန်းတူရေးတို့အတွက် တိုက်ပွဲဝင်နေကြသော ရခိုင်နှင့်ကရင် တော်လှန်ရေးသမား(၃၄)ယောက် တို့ကို နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းပြီး ဖြည်းဖြည်း စိတ်ဓါတ်များ ယိုယွင်းပျက်စီးကာ အနာဂါတ်ပျောက်အောင်အတွက် ကျကျနန ဖန်တီးနေ ခြင်းသည် အလွန်အရုပ်ဆိုးအကျဉ်းတန်လှပါသည်။

Friday, October 29, 2010

အလှည့်ကျ မနွဲ့  ကြေး




ကာတွန်း။ ။Tamla KNU (Japan)
ရင်ဆိုင်လိုက်ကြစို့

ကျန်ရစ်ခဲ့တဲ့ အတိတ်တွေကို
ဥပေက္ခာ အမှိုက်ပုံးထဲမှာ
စွန့်ပစ်ထားလိုက်ကြစို့....မိတ်ဆွေ။

ကံကြမ္မာရဲ့ အိပ်ကပ်ထဲက
မျှော်လင့်ချက်မျိုးစေ့တွေကို
နှိုက်ယူကြဲချ စိုက်ပျိုးကြစို့။

အယူအဆတွေ ကွဲလွဲနေတဲ့
ငှက်ဆိုးရဲ့လှောင်ရယ်သံကြား
ပျော်ရွှင်စွာမြူးထူး ကခုန်ကြစို့။

ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ်
လှောင်အိမ်ထဲကရုန်းထွက်ပြီး
စိတ်ကူးယဉ်အိပ်မက်သစ်တွေနဲ့
နှစ်သစ်မှာနိုးထကြစို့။

ဆုံးရှုံးခဲ့သမျှတွေကို သင်ခန်းစာယူပြီး
အောင်မြင်မှုအတွက်
အမှန်တရားများကို
ရှာဖွေလုပ်ဆောင်ကြစို့။

မြစ်နဒီ ကိုးသွယ် မှ ကူးယူဖော်ပြသည်။

Thursday, October 28, 2010

ဂျပန်အစိုးရ မှ ထိရောက်သော အားပေးကူညီမှုများ ပေးရန်တောင်ဆို ဆန္ဒပြပွဲ


ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လိုလားသူများ နှင့် မြန်မာ့ ဒီမိုကရေစီအရေး ကူညီဆောက်ရွက် ပေးနေသော ဂျပန်အဖွဲ့အစည်းများ ပူပေါင်းကာ ဂျပန်အစိုးရမှ မြန်မာ့ ဒီမိုကရေစီအရေး အတွက် ထိရောက်သော အားပေး ကူညီမှုများပေးရန် ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြ ကြောင်း သတင်းရရှိပါသည်။ ချီတက်ဆန္ဒပြ တောင်းဆိုပွဲအား တိုကျိုမြို့၊ ခစုမိဂဆဲခိ ရပ်ကွက်ရှိ ဂျပန်အစိုးရ အခြေစိုက်ရုံးများရှေ့မှ လူအင်အား ၃၀၀ ခန့်ဖြင့် စီတန်းဖြတ်လျှောက်ကာ ဆန္ဒပြတောင်းဆို ခဲ့ခြင်းဖြစ်သည်။

Tuesday, October 26, 2010

ကလေးမြို့ ကြေညာစာတမ်းနှင့် ပတ်သက်၍

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) ၏
ထုတ်ပြန်ကြေညာချက်
၂၅-၁ဝ-၂ဝ၁ဝ

၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် မြန်မာ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစု ခေါင်းဆောင်များ၊ ဒီမိုကရေစီရရှိရေး လှုပ်ရှားသူများ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည့် ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ -

· ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် ရည်မှန်းချက်၊
· ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား၊
· ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ကြိုးပမ်းမှု
များသည် ငြိမ်းချမ်းသော မြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် ကောင်းမွန် မှန်ကန်သော ဆုံးဖြတ်ချက်များ ဖြစ်သောကြောင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက အပြည့်အဝ ထောက်ခံကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) ပါဝင်သည့် အဖွဲ့အစည်းများ

Sunday, October 24, 2010

အမျိုးသားစည်းလုံးရေးသည် အဓိကတာဝန်ဖြစ်သည်ကရင်တိုင်းရင်းသာညီအကိုအပေါင်းတို

"ကရင်လူမျိုး" လို့ အမည်ရတဲ့ သီချင်းကောင်း လေးတပုဒ်တွေ့ ၍ ထပ်ဆင့် ဝေမျှပေးလိုက်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံပြီး စပ်ဆိုထားတဲ့ သီချင်းလေးပါ။

Monday, October 18, 2010

KNU (Japan) အောင်တိုဘာ လပတ်အစည်းအဝေး



မှတ်တမ်းဓါတ်ပုံကြည့်ရန် Click
KNU (Japan) အောင်တိုဘာ လပတ်အစည်းအဝေးကို ဂျပန်နိုင်ငံ တိုကျို ၊ တခါဒါနိုဘာဘာ တွင် ၁၇-၁၀-၂၀၁၀ နေ့ လည် ၁ နာရီ မှ ညနေ ၅ နာရီထိ ကျင်ပခဲ့သည်။ အစည်အဝေး၏ရည်ရွယ်ချက်မှာမြန်မာ နိုင်ငံဒီမိုကရရှိရေး၊ လူ့ အခွင့်အရေးတန်းတူရရှိရေး၊ ဖဒယ်ရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာ ရှင် စနစ် ဆန့် ကျင် ဖြုတ်ချရေးအတွက် အခြားသော ဒီမိုကရေစီ အရေးလှုပ်ရှားသော အဖွဲ့ အစည်းများနှင့် ပူပေါင်းပါဝင်လှုပ်ရှားရန်၊ မြန်မာနိုင်ငံ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ တွင်ကျင်ပမည် ရွေးကောက်ပွဲကို ဆန်ံ့ကျင် ရေးအတွက် ဂျပန်ရောက် ကရင်လူမျိုးတိုင်ရင်းသားမျာအနေ ဖြင့် အားတက်သယော ပူးပေါင်းပါဝင် ကြရန်၊ ရှေဆက်အဖွဲ့ အစည်း၏ လုပ်ငန်စဉ် များနှင် ပတ်သက်ပြီး အစည်ဝေးကိုကျင်ပခဲ့ပါသည်။ ထိုအစည်းဝေးပွဲတွင် အခမ်းအနားမှုးအဖြစ် နော်တင်ဇာဝင်းမှ တာဝန်ယူပြီး သဘာပတိအဖြစ် ကေအမ်ယူ (ဂျပန်) လက်ရှိ ယာယီတာဝန်ခံ နော်အယ်မူး က ဦးဆောင်ကာ အဖွဲ့ ဝင်များ အပြင် ဧည့်သည်တော်များမှ တဦးချင်မှ မိမိတို၏တာဝန် နှင့် ဆက်လက် လုပ် ဆောင် မည် လုပ်ငန်းစဉ်များနှင် ပူပေါင်းလုပ်ဆောင်မည် သဘော ထားများကိုပွင့်လင်းစွာဖြင့် ပါဝင် ပြောကြားခဲ့ပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU (Japan)

Zoya Phan, International Coordinator at Burma Campaign UK, speaks at European Parliament 30th September 2010

Thursday, October 14, 2010

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

မင်းထက်အောင်၊ ကောင်းဝါ
သီတင်းကျွတ်လဆန်း၅ရက်။အောက်တိုဘာ ၁၃၊ ၂၀၁၀။


မင်းထက်အောင်(အောက်တိုဘာ)။ ။ ဘုရားသုံးဆူနယ်စပ်မှ ပြန်လည်ထွက်ခွာသွားသော မြန်မာစစ်ကြောင်းများ KNU တပ်မဟာ(၆)မှ နှစ်ကြိမ်ပြောက်ကျားပစ်ခတ်ခံရသဖြင့် ကျဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။တပ်မဟာ(၆) ပြောခွင့်ရဗဒိုစောထဲနေက “(၇) ရက်နေ့မှာတစ်ခါ၊ (၉) ရက်နေ့မှာတစ်ခါ ဖြစ်ပေါ်ခဲ့တယ်လို့ ကျနော့်ဆီသတင်းဝင်လာတယ်” ဟု ပြောသည်။ယခုလ(၇) ရက်နေ့၌ ခုံခန်းရွာနှင့် တောင်စွန်းရွာအကြား တာစူးရွာအနီးလယ်ကွင်းကို ဖြတ်ကျော်နေစဉ် KNU မှစောင့်ဆိုင်း ပစ်ခတ် ခဲ့ရာတွင် ခလရ(၃၂)မှ (၃) ဦးသေ၊ တစ်ယောက်ဒဏ်ရာရခဲ့သည်ဟု ဗဒိုစောထဲနေက ပြောသည်။
ထို့အပြင် ၄င်းတိုက်ပွဲ၌ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်းခံရသူ တောင်စွန်းရွာသား ကရင်အမျိုးသား စောမောင်လတ် အသက်(၄၀)ခန့်သည် ခါးလည်၌ သေနတ်ထိရှဒဏ်ရာရရှိသည်ဟုလည်း KNU ကပြောသည်။

Monday, October 11, 2010

တော်လှန်ရေးနယ်မြေ နှလုံးသားများ (တကယ်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ)


(၁)


တက္ကသိုလ်ပြီးခါစ ၈၈ အရေးခင်းဖြစ်တော့ အင်တိုက်အားတိုက် အချိန်ပြည့်ပါဝင် ပြီး တိုင်းပြည်တိုးတက် ပြောင်းလဲရန် ဒီမိုကရေစီ တိုက်ပွဲတွင်လူရောစိတ်ပါ နှစ်မြုပ်ခဲ့ပါသည်။ ၈၈ အရေးခင်းတောက်ရှောက် မောပန်းရမှန်း သတိမရ၊ ဒိထက်မက တော်ရုံလူမလုပ်နိုင်သော အရာများကို ရဲရင့်စွာဆောင်ရွက်နိုင်ခဲ့သဖြင့် အတိုင်းတာတစ်ခုထိ ကျေနပ်ခဲ့ရပါသည်။ သို့သော်လည်း
Burma’s Longest War Anatomy of the Karen Conflict by Ashley South


TNI-BurmasLongestWar -

Saturday, October 9, 2010

အမိ ကရင်ပြည်နယ်မှ နအဖ အစိုးရရဲ့ နှိပ်စက်ညှင်းပန်းမှုဒဏ်

[Burmese subtitles] Prayer of Peace - Relief & Resistance in Burma's War Zones from Matt Blauer on Vimeo.



လူသားချင်း ကိုယ်ချင်းမစာနာပဲ လက်နက်၊လူအင်အား အားကိုးပြီး အပစ်မဲ့ ကရင်လူမျိုးများကို တမင်အနိုင်ကျင့် တဲ့ ဟာ က လူမဆန်တဲ့ လုပ်ရပ် တခုဖြစ်တယ် ဆိုတာ ဘယ်သူမှာ တာဝန်ရှိ့ ပါသလဲ.၊ ခေါင်းဆောင် အုပ်ချုပ်သူမှာ လား၊ အကြံပေးသူမှာလား၊ ကိုယ်ထိလက်ရောက်လုပ်သူမှာလား ဆိုတာ စဉ်းစားစရာပါပဲ။ ဒီလိုခေါင်ဆောင်အုပ်ချုပ်သူ ၏လက်အောက်တွင်နေရသော ပြည်သူလူထု တရပ်လုံးမှာလဲ ဒီလိုအဖြစ်ဆိုးမျိုးနဲ့  မတွေ့ နိုင်ဘူးလို ဘယ်သူပြောနိင်မလဲ၊ အကြံပေးသူ ရှိမှ သာ လုပ်တဲ့သူဟာရှိတာပါ။ ဒီလိုအကြံ ပေးသူ ၏ မိသားစု တယောက်သာ ဒီအထဲပါဝင်နေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။တချိန်မှာ ခင်များတိုကို လုပ်ကြံမယ်သူက ပြန်ပြီး ခင်ဗျားတိုကိုဒီထက်ဆိုးတဲ အကြံပေးအုံးမယ်လိုမှတ်ထားစေချင်တယ်။

လူသားအချင်းချင်း ကိုယ်ချင်းစာတရားထားတပ်ပါစေ

Friday, October 8, 2010

ဝမ်းမြောက်ဖွယ် သတင်း ...ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တချို့  တပ်မှထွက်ပြေး

တစ်လကျော်အတွင်း အပစ်ရပ်ကရင်အဖွဲ့နှစ်ဖွဲ့မှ အင်အား ၅၉ဦး KNU နှင့် ပူးပေါင်းခဲ့

အောက်တိုဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နယ်ခြားစောင့်တပ်(BGF)နှင့် ကေအဲန်ယူ-ကေအဲန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီ(KPC)မှ တပ်ဖွဲ့ဝင် ၅၉ဦးသည် သြဂုတ်လကုန်ပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၆)နှင့် လာရောက်ပူးပေါင်း ခဲ့ကြောင်း KNU ဘက်က ထုတ်ဖော် ပြောဆို သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၈ရက်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းခဲ့သည့်နောက်ပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ နယ်ခြား စောင့်တပ်ဖွဲ့မှ ၃၉ဦး၊ ဗိုလ်မှူးချုပ်စောထင်မောင် ဦးစီးသည့် ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် ၂၀ဦး တို့သည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၆)က သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံက ယခုလို ပြောသည်။

Tuesday, October 5, 2010

ဂျပန် ရောက် ဒီမိုကရေစီ အင်အားစုများ က ၂၀၁၀ ရွေးကောက်ပွဲကို ဘာကြောင့် 
ကန့် ကွက်ရသလဲ အကြောင်းအရင်းက
ဒုက္ခသည်များပြန်ပို့ မယ်ကိစ္စအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) က စိုးရိမ်

ဒုက္ခသည်များ ပြန်ပို့မည့်ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က စိုးရိမ်မိသည်ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “စစ်မှန်ပြီး နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက ထောက်ခံလိုလားတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အတွက်

Sunday, October 3, 2010

အစွမ်းထက်သော ကရင်ဝတ်စုံ

474167l68h9nknqq.gif



ရှေးဘိုးဘွားများသည် ကရင်အင်္ကျီကို အရမ်းရိုသေကြသည်။ ကရင်ရိုးရာဝတ်စုံမှာ ဘာကြောင့် အရှေ့နှင့်အနောက် မခွဲခြားဘဲ ဆင်တူဖြစ်ရပါသနည်း။ အချို့မှာ သတိထားမိကောင်း သတိထားမိကြပေလိမ့်မည့်။ ကရင်အင်္ကျီကို အင်္ကျီ၏ အရှေ့နှင့်အနောက်မခွဲခြားဘဲ ဤသို့ တူရခြင်း၏အဓိပ္ပါယ်မှာ ကရင်လူမျိုးတို့သည် ကျောသားရင်သားမခွဲခြားဘဲ တိုင်းရင်းသား၊ ပြည်သူပြည်သား အလုံးစုံတို့ကို တန်းတူညီတူ ပေါင်းသင်းဆက်ဆံကြသည်ကို ဖော်ဆောင်ပါသည်။

Friday, October 1, 2010

KNU (Japan) ၏ ကိုယ်စားလှယ် စောမျိုးခိုင်ရှင်း သည် ရှေလျှောက် လုပ်ငန်းစဉ်းများအတွက် KNU ဗဟို သို့  ယာယီ ထွက်ခွာ




ဂျပန်နိုင်ငံ တွင် လက်ရှိ KNU (Japan) ၏ အထူးကိုယ်စားလှယ် အဖြစ် တာဝန်ယူ ထမ်းဆောင်နေ သော စောမျိုးခိုင်ရှင်း သည် ရှေ့ လျှောက် လုပ်ငန်းစဉ်းများ ဆက်လက်လုပ်ဆောင်ရန် အတွက် ဗဟို ဋ္ဌာနချုပ် သို့  ယာယီ ထွက်ခွာ သွား သည့်  အတွက် လက်ရှိယာယီတာဝန်ခံ အနေဖြင့် နော်အယ်မှူး မှ ကိစ္စအ၀၀ ကို တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်ကို ဂျပန်နိုင်ငံ ရှိ နိင်ငံရေးလှုပ်ရှားမှူ အဖွဲ့  အသီး သီး အား အသိပေးအပ်ပါသည်။

သတင်၊မှတ်တမ်းဓါတ်ပုံ။ ။moeminthu KNU(Japan)

MusicPlaylist
Music Playlist at MixPod.com
နအဖ တပ်တွေစစ်ရေးပြင်ဆင်နေသဖြင့် အရေးပေါ်တပ်လှန့် ထား သည်ဟု တပ်မဟာဗိုလ်မှူးချုပ်ဂျော်နီ ကပြောဆို


ရဲရင့် / ၃၀ စက်တင်ဘာ ၂၀၁၀

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဒေသအတွင်း နအဖလက်အောက်ခံတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် အရေးပေါ်တပ်လှန့်ထားသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

၎င်းက “ဒီလ (၂၄) ရက်နေ့ကစပြီး တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) နဲ့ (၂၀၃) တပ်ရင်းတွေ ကျနော်တို့နယ်ထဲမှာလာပြီး တပ်စွဲထားတယ်။ ဒီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ကျနော်တို့တပ်တွေကိုလည်း အရေးပေါ် တပ်လှန့်ထားပါတယ်”