Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Monday, November 29, 2010

ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)နှစ်ပတ်လည်း အစည်းအဝေး

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၈၊




ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan အား ပိုမို ကျယ်ပြန့် ခိုင်မာသည့် တိုင်းရင်း သား အဖွဲ့အစည်း တရပ် ပေါ်ပေါက်ရေးအတွက် ညီလာခံ အခမ်းအနားတရပ်ကို တိုကျို Toshima-ku Eco- Toshima Plaza 8F မှာ ယနေ့ ညနေ ၁၈း၀၀ နာရီမှ ၂၁း၀၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဂျပန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၀၉/၂၀၁၀ အလုပ်အမှုဆောင်ကော်မတီမှ တာဝန် ကုန်ဆုံးပြီးသည်နောက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်ရေး နိုင်ငံရေး ရည်မှန်းချက်များတို့ကို ပိုမိုတက်ကြွစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၌ ၂၀၁၀/၂၀၁၁ အလုပ်အမှုဆောင် ကော်မတီသစ်များကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းကော်မတီ၏ သက်တမ်းကို ယာယီအားဖြင့် ၆ လ သက်တမ်း သတ်မှတ်ခဲ့ပြီး တာဝန်ခံ ၃ ဦးကိုလည်း ရွေးချယ် တာဝန်ပေးအပ်ခဲ့ပါသည်။

ယနေ့ ဖွဲ့စည်းလိုက်သည့် ကော်မတီသည် ဂျပန်နိုင်ငံ ရောက်တိုင်းရင်းသား မည်သည့် အဖွဲ့ အစည်း နှင့် တိုင်းရင်းသား မည်သူမဆို တစ်ဦးတယောက်မကျန်အောင်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ မူအားဖြင့် ၆ လသက်တမ်းအတွင်း လိုအပ်သည့် ပြင်ဆင် ဖြည့်စွက်မှုများ စည်းမျဉ်း စည်းကမ်းများတို့ကို ညှိနှိုင်း ရေးဆွဲသွားမည် ဖြစ်ပါသည်။ ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတို့ကိုလည်း အရှိန်မပျက် ဆက်လက် ဆောင်ရွက်သွားရန်နှင့် မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦးအပါဝင် တိုင်းရင်းသာခေါင်းဆောင်များ၊နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများကို တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးတို့မှ ဆက်လက် အကောင် အထည်ဖေါ် ဆောင်ရွက်သွားကြရန် ဆုံဖြတ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU (Japan)
EBC ရွေးကောက်ပွဲ ဆန့် ကျင်ရေးကော်မတီ မှ
ရှေ့ ဆက်လုပ်ငန်းစဉ် များကို ဆွေးနွေး

နိုဝင်ဘာ ၂၈ ရက် ၂၀၁၀



ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ရှေ့လုပ်ငန်းစဉ်များ သုံးသပ်ဆွေးနွေးသည့် ညှိနှိုင်းဆွေးနွေးပွဲကို တိုကျို Takadanobaba, Recycle Center 4 F, မှာ နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှေ့ဆက် စုပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များထဲမှ မတရားအဖမ်းဆီးခံနေရသောတိုင်းရင်းသားခေါင်ဆောင် ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေး အကျဉ်းသား များလွတ်မြောက်ရေးအတွက် လှုပ်ရှားကို နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျင်းပ ပြုလုပ်သွားရန် ဆုံဖြတ်ခဲ့ပါသည်။

ဆက်လက်ပြီး ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် ကျင်းပပြုလုပ်သည့် ၁၁ ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)EBC ကိုယ်စား ဦးကျော်ကျော်စိုး မှ တက်ရောက်ခဲ့သည့် အတွေ့အကြုံများထဲတွင် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံတွင် ဘယ်လောက် အရေးပါပုံ နှင့် နိုင်ငံတကာမှ နိုဘယ်လ်ဆုရှင်များကပါ အရေးတယူ ဆက်ဆံပုံမျာကို ရှင်းလင်း ပြောကြား သွားပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU (Japan)

Sunday, November 28, 2010


ဗိုလ်ခင်ညွန့်ကို ပြန်အသုံးချတာလား (သို့) အင်းစိန်ထောင်သို့ ခေါ်ယူဖမ်းဆီးခံရတာလား

ဆုံဆည်းရာ၊ ၂၇ ရက် နိုဝင်ဘာလ ၂၀၁၀ ခုနှစ်။ မြန်မာစံတော်ချိန် (၈ နာရီ)

“ခင်ညွန့်ဘာတွေဖြစ်နေပြီလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook စာမျက်မှာ ဗွီဒီယိုကလစ် ထွက်ပေါ်လာ ခဲ့ပါတယ်။ ထိုဗွီဒီယိုက စိတ်ဝင်စားစရာကောင်းပြီး ရဲချုပ်ခင်ရီအဖွဲ့လို့ ထင်ရတဲ့ အဖွဲ့တဖွဲ့က ခင်ညွန့်အိမ်က နေ တနေရာကို ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။ ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်ကို သူ့အိမ် ၀န်းကျင်မှာ မတွေ့တာ တလလောက်ရှိပြီလို့ အိမ်နီးနားချင်းများက ပြောဆိုနေကြပါတယ်။ ငြိမ်းချမ်းအရေး အဖွဲ့တွေနဲ့ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကြောင့် ဗိုလ်ခင်ညွန့်ကို ပြန်အသုံးချနေပြီလို့ ပြောဆိုနေကြတာ တွေလည်း ရှိပါတယ်။ ဒါအပြင် သူ့ထောက်လှမ်းရေးကွန်ယက်ကို ပြန်လည်ဖွဲ့စည်းခဲ့တာကြောင့် အင်းစိန် ထောင်သို့ ခေါ်ယူဖမ်းဆီးခြင်းခံရတာလို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။











FNG မှတ်ချက်

Freedom News Group သည် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ၏ အင်းစိန်ထောင် သို့  ပြောင်းရွှေ့ 
ခံရခြင်း နှင့် ပတ် သက်၍ ဗီဒီယို ဖိုင်များ နှင့် ဆက်စပ် သတင်းများ ကို ထုတ် လွှင့် ခဲ့ ပါသည်။
သို့ ပါသော်လည်း Freedom News Group ၏ Founder တစ်ဦး ဖြစ်သူ ငြိမ်းချမ်းငြိမ်း က ထိုဗီဒီယို ဖိုင်တွင်
သံသယဖြစ်ဖွယ်ရာ အချက် အလက်များ ပါဝင်နေ၍ အဆိုပါ ဗီဒီယို ဖိုင် ကို University of Colorado
(Film Department) ဉ် ထို ဗီဒီယို ဖိုင်ဉ် ပါဝင်သည့် Cut များ Element များ ကို တစ်စက္ကန့် ၏ အပုံ
တစ်ရာ ပုံ တစ်ပုံ ထိ လိုက်လံ စစ်ဆေးနေပါသည်။ စစ်ဆေးတွေ့ ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်
ပါသည်။

ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားကို ကြိုဆို တွေ့ဆုံခဲ့ကြစဉ် (နိုဝင်ဘာလ ၂၇၊ ၂၀၁၀)ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး စတင်ရောက်ရှိပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာနမ်ဘီးယား တို့ တွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေး ညှိနှိုင်း ခဲ့ကြတယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

Saturday, November 27, 2010

နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ
“ဒေါ်အောင်ဆန်းစုကြည် ပြောတာက ကိုယ့်ကို ထောက်ခံတဲ့လူတွေ ဆောင်ရွက်တဲ့ လုပ်ငန်း တစုံတခုကို သူတဦးတည်း သဘောနဲ့ မထောက်ခံဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူးတဲ့”
2010-11-26

စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကြိုးစားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်ကို အာအက်ဖ်အေက ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိ အဲဒီလို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)
New York Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောကြားတာနဲ့ ကွဲလွဲနေတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး သားဖြစ်သူနှင့် ပြန်လည်တွေ့ ဆုံပုံ မှတ်တမ်း(ဗီဒီယို)




ဧရာဝတီ (You tube)ဗီဒီယို မှတ်တမ်း မှ တဆင့် ကူးယူဖော်ပြသည်။

ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်းမည်

စက်တင်ဘာ ၁၆ ရက်က NLD ဒု ဥက္ကဌ ဦးတင်ဦး အိမ်၌ ကျင်းပသော CRPP ၁၂ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသည့် CRPP အဖွဲ့ဝင်များ (ဓာတ်ပုံ - myatlayngon.blogspot.com)
26 November 2010

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အချိန်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအပြင် လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရပါ ပါဝင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ CRPP ကြားဖြတ်အစည်းဝေးအတွင်း NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကိစ္စကိုပါ ဆွေးနွေးဖြစ်ခဲ့တယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က အခုလို စပြောပြပါတယ်။

တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး

ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များ
26 November 2010

မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိ လာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေ ဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်ကြသည်ဟု သိရသည်။

နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြားစောင့်တပ်(BGF)များ ပူးပေါင်းသည့် တပ်အင်အား ၁၀၀ကျော်ရှိ တပ်ဖွဲ့သည် ကနဲ လေး၊ ဘုရင့်နောင်ကုန်း စသည့်နေရာများသို့ တက်လာရန် စီစဉ်နေသည်ဟု ဖလူးကျေးရွာတွင် တာဝန်ကျနေသော ကေအဲန် အယ်လ်အေ ဆေးမှူးတဦးက ပြောသည်။

Friday, November 26, 2010

စစ်ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့မည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ


Freedom News Group မှ.......
လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအား ကုလသမဂ္ဂ လက်အောက်ခံနိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တင်ပို့ တရာစွဲ ဆိုမည့် အစီအစဉ်ကိုလက်မခံနိုင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က  New York Time သတင်းစာ နှင့်တွေ့ဆုံမေးမြန်း ခန်းတွင် ပြောဆိုလိုက်သည်။

အိမ်ပြန်ချင်တယ်.... အိမ်ပြန်ပို့ ပေးပါ

ဒီသီချင်းဖိုင်မှာပါတဲ့ ပုံရိပ်တွေ အားလုံးဟာ ဗမာ့တပ်မတော်မှ ရွာတွေကို မီးရှို့ ဖျက်ဆီးပြီး တောထဲမှာ ကရင်ရွာသားတွေ ထွက်ပြေးပုန်းအောင်းနေရတဲ့ ၂၀၁၀ နှစ်ဦးပိုင်း မြင်ကွင်းတွေ ဖြစ်ပါသည်။ မွေးကင်းစကလေးငယ်၏ မိခင်တစ်ဦး ထွက်ပြေးရင်း လဲကျသွားတဲ့ မြင်ကွင်းဟာ ရင်ထဲကို အရာတစ်ခု စူးနစ်ဝင်သွားသလိုပဲ ခံစားရပါသည်။ လဲကျသွားသူ ကို စိုးရိမ် စိတ်ဖြင့် ပြေးလားသူ မှာ လည်း ဒုက္ခရောက်သူကို ကူညီးရမည် အကြီးဖြစ်သူ၏မွေးရာပါ အတွေးစိတ်ကို ဂုဏ်ယူပီတိဖြစ်မိပါသည်။ ဒါဟာ သက်သေပါပဲ ဗမာ့တပ်မတော်မှ ရွာတွေကို မီးရှို့ ဖျက်ဆီးပြီးအပြစ်မဲ့ကလေးငယ်တွေနှင့် ပြည်သူတွေကို သက်ဖြတ် စိတ်ဓါတ်ကို ချိုးနှိမ်ပေမယ့်  ကရင်လူမျိုးများ ၏ စိတ်ဓါတ်ကိုတော့ ချိုးဖြတ်လို့  မရနိုင်ပါ၊ ၀ါးတလုံး ကိုတော့ဖြင့် ချိုးဖြတ်လို့ ရနိုင်ပေမယ်. ၀ါးတစည်းလုံးကို တော့ဖြင့် ချိုးဖြတ်ရန် အလွန်းခတ်ခဲသည်ကိုသာဓကရှိ ခဲ့ပါသည်။ ဒါကြောင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးကြဖို့  အဓိကပင်ဖြစ်ပေသည် ကို ဖော်ပြရင်းအလေးပေး တိုက်တွန်း အပ်ပါသည်။





သောသီခို မှတဆင့် ကူးယူဖော်ပြပြီး ၊ ထပ်ဆင့်ပြုပြင်ရေးသားပါသည်။

DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား

နိုဝင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

အင်အား ၁၀၀နီးပါးရှိ နအဖ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသရှိ နယ်မြေခံ တပ်များအား လစာလာ ပေးရန်အတွက် ယနေ့မနက် ရောက်ရှိလာရာ ၎င်းတို့လာရာ လမ်းကြောင်းများကို ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့များက ခြေ ကုပ်နေရာယူထားသောကြောင့် နအဖစစ်တပ်များ တက်လာရန် အခက်ကြုံနေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစတီးက “အခု သူတို့ (နအဖ)ဖလူးရွာကို ရောက်ပြီးလို့ သိရတယ်။ တပ်ရင်းတစ် ရင်းပဲတဲ့။ အင်အား (၇၀-၈၀)ကျော်လောက် ရှိတယ်။ အခုသူတို့ လာမယ့်လမ်းကြောင်းတလျှောက်မှာ ကျနော်တို့လူတွေ အကုန် လုံး စောင့်နေတယ်ဆိုတော့ တက်လာဖို့ အခက်တွေ့နေတယ်။ ကျနော်တို့နယ်မြေထဲကို ၀င်လာရင်တော့ ထိပ်တိုက်ပဲ။

မိဘ နှစ်ပါးအားပစ်သတ်၍ အသက် ၁၆ နှစ်ကလေးမအား နအဖ စစ်သားမုဒိန်းကျင့်

Thursday, 25 November 2010 22:35 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးကနောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။

“စနေနေ့ကလေ ဗမာစစ်သားက ကောင်မလေးကိုဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက် စလုံး ကိုသေနတ်နဲ့ ပစ်တော့ပွဲချင်းပြီးသေတာ။ ကောင်မလေးကိုဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်းကောင်မလေးက ထွက်ပြေးပြီး

Thursday, November 25, 2010


ဘုရားသုံးဆူတွင် ညမထွက်ရ

“နအဖ က ည ၈ နာရီ နံနက် ၅နာလုံးဝသွားလာခွင့်မပြုဘူး။ မသင်္ကာဘူးဆိုရင် သူတို့ ပစ်မယ်”

သန်းထိုက်ဦး Wednesday, 24 November 2010 18:31
ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်၌ လုံခြုံရေး အကြောင်းပြ၍ ဒေသ အာဏာပိုင်များက ယမန်နေ့က စတင်ပြီး ည မထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အာဏာပိုင်များက ည ၈ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန် မြို့ထဲတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာထား ကြောင်း ဘုရားသုံးဆူမြို့ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့်အတူ ရွှေတိဂုံစေတီကို သွားရောက်ဖူးမြော်

ဧရာဝတီ Wednesday, 24 November 2010 13:24

ယနေ့ နံနက် ၇ နာရီ ဝန်းကျင်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ္စ တို့သည် NLD လူငယ်များနှင့် အတူ ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြော်ခဲ့သည်။

dssk-shwe-dagon-2010-nov

ရွှေတိဂုံဘုရားတွင် မြင်တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ္စ

မြောက်ဘက် မုခ်မှ တဆင့် ဘုရားဖူးရန် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်တို့၏ သတင်းကို ရယူရန် သတင်းထောက်များမှာ နံနက် ၅ နာရီကတည်းက လာရောက် စောင့်ဆိုင်းနေကြပြီး အရပ်ဝတ်ရဲများနှင့် ဘုရား လုံခြုံရေးများလည်း အဆင်သင့် စောင့်ဆိုင်း နေသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်းတို့ နှစ်ဦး မြောက်ဘက်မုခ်မှ တဆင့် NLD လူငယ်များ ဝန်းရံကာဘုရား ရင်ပြင်ပေါ်သို့ တက်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်က အညိုရောင် အင်္ကျီနှင့် ကြက်သွေးရောင်နှင့် အညိုရောင်စပ် ထဘီ ကို ၀တ်ဆင်ထားပြီး ပုခုံးပေါ်တွင် ယောဂီပ၀ါ တထည် တင်ထားသည်။ ကိုထိန်လင်း က အဖြူရောင် လည်ကတုံး အင်္ကျီနှင့် အပြာရောင်ပုဆိုးကို ဝတ်ထားကြောင်း တွေ့ရသည်။

Wednesday, November 24, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံကြိုဆိုပွဲ
ဂျပန်နိုင်ငံ တိုကျိုမြို့  တွင် ကျင်းပခြင်း



ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်နေအိမ် အကျယ်ချုပ်မှ ၂၀၁၀ နိုဝင်ဘာ၁၃ ရက်နေ့ တွင် လွတ်မြောက်ပြီဖြစ်၍ ပြည်တွင်း၊ပြည်ပ၊ နိုင်ငံတကာမှ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်စွာ ကြိုဆိုကြပါသည်။
ကေအဲန်ယူ (ဂျပန်) ထုတ်ပြန်ကြေညာချက်


Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ကေအဲန်ယူ (ဂျပန်) သဘောထားထုတ်ပြန်ချက်

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်နေအိမ် အကျယ်ချုပ်မှ ၂၀၁၀ နိုဝင်ဘာ၁၃ ရက်နေ့ တွင် လွတ်မြောက်ပြီဖြစ်၍ ပြည်တွင်း၊ပြည်ပ၊ နိုင်ငံတကာမှ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်စွာ ကြိုဆိုကြပါသည်။
အနှစ်၂၀ကျော်အတွင်းတွင် ၁၅ နှစ်ကျော် အကျဉ်းကျခံထားရပြီးနအဖ စစ်အစိုးရမှ ပြည်သူလူထု နှင့် သူမ အဆက်အသွယ်ပြတ်တောက်စေရန် နည်းမျိုးစုံ နှင့် ကြိုးစားခဲ့ပါသည်။ သို့ ရာတွင် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူလူထု၏ ထောက်ခံအားပေးသံများကို မိမိ၏နေအိမ်အတွင်းမှ ရေဒီယို မှ တဆင့် အမြဲတမ်းကြား သိနေခဲ့ပါသည်။ ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏ ထောက်ခံအားပေးမှု အသံများကိုလည်း ရေဒီယို မှ တဆင့် အမြဲတမ်းနားထောင်ခဲ့ပါသည်။ နိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာ ၁၄ ရက်နေ့ တွင် ပထမဦးဆုံး မိန့် ခွန်းပြောကြားရာတွင် ပြည်သူလူထု တစ်သိန်းကျော် အပြည်အ၀ ထောက်ခံ အားပေးခဲ့ပါသည်။ သူမ၏ မိန့် ခွန်းထဲ တွင် စည်းလုံးညီညွတ်မှု အရေးကြီးကြောင်း၊ တစ်ဦးတစ်ယောက်တည်း၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ နိုင်ငံရေးတည်ဆောက်၍ မရကြောင်း၊ ပြည်သူလူထု တရပ်လုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း အလေးအနက်ပြောကြားသွားပါသည်။ ထို့ ကြောင့် ပြည်သူလူထု တရပ်လုံး၏ ထောက်ခံအားပေးသံကို ပိုမို ၍ ကြားသိစေရန် လိုအပ်လှပါသည်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား၊ ကရင်တိုင်းရင်းသားမျာအဖွဲ့ ကေအဲန်ယူ (ဂျပန်) အင်အားစုများ အားလုံးမှ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်ကြောင်း၊ ဆက်လက်ပြီး ဒီမိုကရေစီ ရရှိသည်အထိ တစိတ်တ၀မ်းတည်း တက်ညီလက်ညီ ပြိုင်တူ တွန်းလှန်ကြမည်ဆိုပါက လက်ရှိနိုင်ငံရေး အကြပ်အတည်းများကို ကျော်လွှာ လွန်မြောက်ခါ အပြီသတ်ကိုင်တွယ်ဖြေးရှင်နိုင်လိမ့် မည်ဟု ကေအဲန်ယူ (ဂျပန်) ကရင်အမျိုးသားအစည်းအရုံးမှ ယုံကြည်ပါကြောင်းအလေးအနက်ဖော်ပြအပ်ပါသည်။


ကရင်အမျိုးသားအစည်းအရုံး
ကေအဲန်ယူ(ဂျပန်)

မိခင်ဖြစ်သူကို ကြင်ကြင်နာနာနဲ့ ထွေးပွေ့ နှုတ်ဆက်ခဲ့တဲ့ ကိုထိန်လင်းနဲ့ သားအမိနှစ်ဦးရဲ့ ကြည်နှုးဖွယ်ရာ ပုံရိပ်...(AP, ITN ရုပ်သံ)

Photobucket

အမေစုနဲ့ သားကိုထိန်လင်းတို့ရဲ့ ကြည်နှုးဖွယ် သားအမိနှစ်ဦးရဲ့ ပုံရိပ်တွေပါ..။ ကျွန်တော်တို့ အမိမြန်မာပြည်မှာလည်း ခေတ်အဆက်ဆက် စံနစ်ဆိုးတွေအောက်မှာ သားပျောက်အမေတွေ အမေပျောက်သားတွေ ပြန်လည်ဆုံဆည်းနိုင်မယ့် မိတကွဲ သားတကွဲ ဘဝတွေ ကင်းဝေးပြီး ငြိမ်းချမ်း၊ အေးချမ်းသာယာတဲ့ ခေတ်တစ်ခေတ်ကို ပြန်ရောက်နိုင်အောင် အမေစုရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ညီညီညွတ်ညွတ်တည်း လက်တွဲ ဆောင်ရွက်ကြပါစို့ဗျာ....



Photobucket
အမေ့သားလက်မောင်းမှာ ခွပ်ဒေါင်းပုံပါတဲ့ အဖွဲ့ချုပ် အလံနဲ့ဗျို့(မိခင်ဖြစ်သူအား သားဖြစ်သူ ကိုထိန်လင်းမှ အမှတ်တရထိုးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်ပါတဲ့ Tatoo အားဂုဏ်ယူစွာ ပြသခဲ့ပါတယ်) (ပုံ Reuters)

အမေဝမ်းသာကြည်နှူးသလို ကျွန်တော်တို့ အားလုံးဝမ်းသာ ကြည်နှူးမိလို့ မျက်ရည်ဝဲရပါတယ်.. အမေ
မိခင်ဖြစ်သူအား လက်မောင်းမှာ ထိုးထားတဲ့ NLD တံဆိပ် Tatoo အားဂုဏ်ယူစွာပြသနေစဉ်..
Photobucket၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ လူထုခေါင်းဆောင် အမေစုနဲ့ သားငယ်ကိုထိန်လင်း ခေါ် Kim Aris တို့ ယနေ့မနက် ၉နာရီခန့်က ရန်ကုန်လေဆိပ်မှာ ပြန်လည်ဆုံတွေ့ကြပါပြီ..(ဓာတ်ပုံများ APနှင့် Reuters)

Monday, November 22, 2010

နအဖ ကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခခံစား ရပုံနှင့် ကရင်တော်လှန်ရေးရှေ့ တန်းမှ လှုပ်ရှားမှုများ

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်

မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)

အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ် လိုက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည်


ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ပါတော့မည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့အတွက်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟု ၁၄-၁၁-၂ဝ၁ဝ နေ့ လူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။

ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ အကျဉ်းကျခံရသည့်တိုင်၊ မိသားစုနှင့် ရှင်ကွဲသေကွဲ ကွဲရသည့်တိုင် စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက တခဲနက် ကြိုဆိုထောက်ခံမည့် လှုပ်ရှားမှုကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်။

နေ့ရက်
၂၃-၁၁-၂ဝ၁ဝ (အင်္ဂါနေ့) (ဂျပန်နိုင်ငံ၏ တရားဝင်ရုံးပိတ်ရက်)

အချိန်
ညနေ ၂ နာရီမှ ၅ နာရီထိ

နေရာ
UN အဆောက်အဦရှေ့၊ Shibuya, Tokyo, Japan

ဒေါ်အောင်ဆန်းစုကြည်မှာ ထိန်းသိမ်းခံနေရစဉ်အတွင်း လူထုသဘောထားကို သိရန် နေ့စဉ်နေ့တိုင်း ပြည်ပ အသံလွှင့်ဌာနများမှ ထုတ်လွှင့်သည်များကို ငါးနာရီ ခြောက်နာရီကြာအောင် နားထောင်နေခဲ့သည်။ ယခု ပြန်လည် လွတ်မြောက်လာသည့်တိုင် လူထုသဘောထားများကို ထပ်မံသိချင်သေးသည်ဟု ပွင့်လင်းစွာပင် ထုတ်ဖော်သွားသည်။ တနေ့နေ့တွင် ပြည်သူ့ဟစ်တိုင် လုပ်ရမည်ဟုလည်း အကြံပြုသွားသည်။
ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ မည်သူမဆို ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံခြင်းနှင့်အတူ အမှာစကားပါးနိုင်ရန်လည်း စီစဉ်ထားပါသည်။

အစီအစဉ်များ
1. ဒေါ်အောင်ဆန်းစုကြည်အား အပြည့်အဝ ထောက်ခံကြောင်း ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်များ ဖတ်ကြား၍ လက်မှတ်ရေးထိုးကြပါမည်။
2. ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်ပို့မည့် အော်တို (Auto) စာအုပ်တွင် မည်သူမဆို မိမိတို့တဦးချင်းအနေဖြင့် ပြောဆိုမှာကြား အကြံပေးလိုသည် များကို ရေးသားကြပါမည်။
3. ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူများအားလုံးအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ကြည့်ရှုနိုင်မည့် ဗီဒီယိုနှင့် ဓါတ်ပုံများကို မှတ်တမ်းတင် ရိုက်ကူးပါမည်။
4. ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများမှ မြန်မာ အာဏာပိုင်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများနှင့်တကွ မြန်မာပြည်သူတရပ်လုံးသို့ ပန်ကြားလွှာ တစောင် စုစည်း ထုတ်ပြန်ပါမည်။
၂၀၁၀ နိုဝင်္ဘာလ KNU - Japan လပတ်အစည်းအဝေး






KNU (Japan) အောင်တိုဘာ လပတ်အစည်းအဝေးကို ဂျပန်နိုင်ငံ တိုကျို ၊ တခါဒါနိုဘာဘာ တွင် ၂၂-၁၁-၂၀၁၀ နေ့ လည် ၁ နာရီ မှ ညနေ ၅ နာရီထိ ကျင်ပခဲ့သည်။ အစည်းအဝေး၏ရည်ရွယ်ချက်မှာမြန်မာ နိုင်ငံဒီမိုကရရှိရေး၊ လူ့ အခွင့်အရေးတန်းတူရရှိရေး၊ ဖဒယ်ရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာ ရှင် စနစ် ဆန့် ကျင် ဖြုတ်ချရေးအတွက် အခြားသော ဒီမိုကရေစီ အရေးလှုပ်ရှားသော အဖွဲ့ အစည်းများနှင့် ပူပေါင်းပါဝင်လှုပ်ရှားရန်၊ ကရင်တိုင်းရင်းသားအချင်းချင်းပြန်လည်စည်းရုံးရေး၊ ဗဟို ကရင်အမျိုးသား အစည်း ရုံးချုပ်ကို ဂျပန်ရောက် ကရင်လူမျိုးတိုင်ရင်းသားမျာအနေဖြင့် ပံ့ပိုးမူများကို ယခင်ကထက်ပို၍ အားတက် သယောကူညီပူးပေါင်းပါဝင် ကြရန်၊ ရှေဆက်အဖွဲ့ အစည်း၏ လုပ်ငန်စဉ် များနှင် ပတ်သက်ပြီး အစည်ဝေးကိုကျင်ပခဲ့ပါသည်။ ထိုအစည်းဝေးပွဲတွင် အခမ်းအနားမှုးအဖြစ် နော်မယ်လိုဒီ မှ တာဝန်ယူပြီး သဘာပတိအဖြစ် ကေအမ်ယူ (ဂျပန်) လက်ရှိ ယာယီတာဝန်ခံ နော်အယ်မူး က ဦးဆောင်ကာ မိမိ၏ လက်ရှိယာယီ တာဝန်ခံ ရာထူးကို KNU ကိုယ်စားလှယ် စောမျိုးခိုင်ရှင်အား ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုနောက် ဗဟိုသို့ ဆက်လက်ပံ့ပိုးမူများကို အဖွဲ့ ဝင်များ အပြင် ဧည့်သည်တော်များမှ တဦးချင်မှ မိမိတို၏တာဝန် နှင့် ဆက်လက် လုပ် ဆောင် မည် လုပ်ငန်းစဉ်များနှင် ပူပေါင်းလုပ်ဆောင်မည် သဘော ထားများကိုပွင့် လင်းစွာဖြင့် ပါဝင် ပြောကြားခဲ့ပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU (Japan)

Sunday, November 21, 2010

ဝေါလေတွင် နအဖတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိ

ထိုင်း- မြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်၊ ဝေါလေဂွင်အတွင်း ဒီကေဘီအေတပ်များ ဝန်းရံထားသည့်အတွက် နအဖစစ်တပ်များ ရွာထဲမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိကာ ဒေသခံ ရွာသားများ ဆက်လက်တိမ်းရှောင်နေရသည်။


 ဗိုလ်မှူးချုပ် စောလားပွယ်

ယနေ့ မနက် (၃) နာရီခန့်တွင် စစ်အစိုးရတပ်များက ဝေါလေဂွင်၊ ထိပလယ်ရွာအခြေစိုက် စခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ (၅) တပ်ရင်းမှူး ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။

“ကျနော်တို့ ထွက်ခွင့်မပေးတဲ့အတွက် သူတို့ ကြောက်ကြောက်နဲ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ၊ ဝေါလေဂွင် ထိပလယ်ကနေ လှမ်းပစ်တာ၊ (၁၅) လုံးလောက်ရှိတယ်၊ ရွာသားတွေကတော့ ထွက်ပြေးနေတယ်” ဟု ပြောသည်။
မြဝတီမြို့တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ DKBA အဖွဲ့မှ ဗိုလ်စန်းအောင် ရဲ့ နှုတ်ခွန်းဆက်စကား




ဗွီဒီယိုပေးပို့လာသူ ကိုယမုံနာအားကျေးဇူးတင်ပါသည်။

Saturday, November 20, 2010

နအဖ စစ်အုပ်စု ချုပ်ငြိမ်းဖို့ အတွက်
သွေးစည်းဖို့ အချိန်တန်ပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား အပေါင်းတို

“မတရားမှုတွေကြောင့် တရားသော စစ်ကို ဆင်နွှဲရပြီဖြစ်တယ်။ ဗမာလူမျိုးအများစု အ ပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်းတော်လှန်ဆောင်ရွက်မှ ကျ နော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်။ ကျနော်တို့နဲ့အတူတူ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမှန်တရား ကို မြတ်နိုးတဲ့ တပ်မတော်သားများလည်း အမိမြေရဲ့နေရာအနှံ့က ပူးပေါင်းပါဝင်ကြပါ လို့ ဖိတ်ခေါ်ပါတယ်” (ဒီကေဘီအေဗိုလ်မှူးကြီး စောလားပွယ်)

အင်အား အလုံးအရင်း တိုးချဲ့လာသည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်

နိုဝင်ဘာလ 19 ရက် 2010 ခုနှစ်


ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ကေအဲန်ယူနှင့် တိုက်ပွဲ ဖြစ်ပွားလာနိုင်သည့် အရေးကို ရွာသားများ အလွန် စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် မြိုင်ကလေး၊ သက်ကယ်၊ ကျောက်ခွဲ၊ ကျောက်ပူ၊ တာ့ဒေး၊ အပလုံ စသည့်ကျေးရွာ များမှ ရွာသားတချို့သည် ရွာထဲတွင် တိုက်ပွဲ တစုံတရာဖြစ်ပွားပါက နအဖစစ်တပ်၏ ပေါ်တာချောဆွဲခံရမည်ကို စိုးရိမ်ကြ သဖြင့် တမိချောင်းတဘက်ကမ်းသို့ ယနေ့အထိ ကူးလာနေကြောင်း နယ်မြေခံ ကရင်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တပါးက မိန့်ကြား သည်။

Friday, November 19, 2010

နောက်ဆုံးတော့ ကရင်လူမျိုးများသည် ကရင့် အလံတော်အောက်တွင်သာ ရပ်တည်မြဲပင်သည်။





mizzima သတင်းမှ တဆင့် ထပ်မံဖြည့်စွပ်ရေးသားသည်။
အမျိုးသားပြန်လည်သင့်မြတ်မှုကိုလိုလားသော ဒီကေဘီအေ
တပ်ဖွဲ့  ၀င်များအား ကရင် လူထုက နွေးထွေးစွာကြိုဆို


ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း

ယနေ့  ၁၇၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် ကရင်ပြည်နယ်တွင်းတစ်နေရာ၌ ၁၅ နှစ်ကျော်ကြာ နအဖ စစ်အစိုးရ၏ အစီအစဉ်ရှိရှိ ကရင်အချင်းချင်း အိုးမဲသုတ် ရန်တိုက်ပေးပြီး တိုက်ခိုက်သတ်ဖြတ် မှုများ၊ နအဖ စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲမှုများကို သဘောပေါက်နားလည်လာပြီး အမျိုးသားပြန်လည်သင့်မြတ်မှုကို ရှေ့ ရှုလျက် ဘုံရန်သူ နအဖ စစ်အစိုးရအား မိခင် ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ဒေသခံပြည်သူများ နှင့်နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ယနေ့  ကျင်းပကြောင်း သတင်းရရှိပါသည်။

၎င်း ကြိုဆိုပွဲတွင် ဒီကေဘီအေ တပ်ကို ဦးဆောင်သူများမှာ အမှတ်(၉၀၉)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝ တို့ ဖြစ်ကြောင်းသတင်းရရှိပါသည်။ ယနေ့ ပြည်သူများ၏ ထောက်ခံဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက်ခံယူသော ဒီကေဘီအေ တပ်သားအင်အားမှာ ၁၅၀ ကျော်ရှိကြောင်းနှင့် ကျန်ရှိသော တပ်သားအများစုမှာ လှူံခြုံရေးတာဝန်ယူထားရပါသဖြင့် လူမြင်ကွင်းတွင် မတွေ့  ရပါဟု နန်းဖေါခလိန်း မှ သတင်းပေးပို့ လာပါသည်။


၁၅ နှစ်ကျော် လျှောက်သွားနေတဲ့ အမေ့သားငယ်များရဲ့ အိမ်အပြန်လမ်းခရီးကို စောင့်ကြိုနေသူများ




သွေးရင်းညီကိုယ်တွေ ပြန်ဆုံပြီ



ဒီတခါ ငါတို့ ကို သွေးခွဲခဲ့တဲ့ ခွေးတွေကို အပြတ်ပြန်ဆော်မယ် လို့  တိုးတိုးလေး ပြောသံ ကြားလိုက်ရတယ်




သောသီခို မှ တဆင့် ကူးယူဖော်ပြသည်။


Thursday, November 18, 2010

“အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲ ရအောင်ကြိုးစား”

ဧရာဝတီ Thursday, 18 November 2010 19:43 အင်တာဗျူး

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စစ်အစိုးရအပေါ်သဘောထား၊ ၎င်း ဆက်လက်ဆောင်ရွက်မည့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် များနှင့် ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်းအပေါ် အမြင် စတာတွေကို ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ဆက်သွယ်မေးမြန်းထားသည်။
(ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ အခုဆိုရင် နေအိမ်မှာ ၇ နှစ်ကျော် အကျဉ်းကျခဲ့တာ ပြန်လွတ်လာပြီ၊ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်အတွင်းမှာ လူထုကို စကားပြောခဲ့တယ်၊ အပြင်ကိုလည်း ထွက်ကြည့်ခွင့်ရတယ်။ မြန်မာ လူမျိုးတွေကလည်း အပြင်မှာရော အထဲမှာရော ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ဝမ်းမြောက် ဝမ်းသာဖြစ်ကြတယ်။ ဘာတွေ ပြောင်း သွားတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ပထမ ဦးဆုံးကတော့ အန်တီ့ကို လာပြီး ကြိုတဲ့ လူအုပ်စုထဲမှာ လူငယ်တွေ ပိုများလာတာတော့ သတိ ထားမိတယ်။ နောက်ပြီးတော့ cell phone လေးတွေ သုံးတာပေါ့နော်။ cell phone လေးတွေနဲ့၊ hand phone လေးတွေနဲ့ ဓာတ်ပုံရိုက်တာတွေ ဘာတွေပေါ့။ အဲဒါတွေက အရင်တုန်းက မကြုံဖူးဘူးလေ။ ၁၀ နှစ် လောက်က မရှိဘူး။ အဲဒါတွေက တော်တော်များများ ပျံ့နေတာဟာ၊ ဘာပဲပြောပြော ဆက်သွယ်ရေး လမ်းကြောင်းကတော့ အရင်ထက်စာလို့ရှိရင် လမ်းကြောင်းတွေ ပိုများလာတယ်လို့ မြင်တာပေါ့နော်။ အဲဒါကတော့ အရေးကြီးတဲ့ ကိစ္စပေါ့နော်။ နောက်ပြီးတော့ မြို့ထဲမှာတော့လေ သိပ်ထူးထူးခြားခြား အပြောင်းအလဲကြီးတော့ မမြင်ဘူး။ တကယ်တော့ အန်တီလည်း လျှောက်ပြီး သွားတဲ့လူမဟုတ်တော့ နေရာမနှံ့လို့လားတော့မသိဘူး။ သိပ်ပြီး ထူးထူးခြားခြား ဘာမှပြောင်းလဲမှုမရှိဘူး။

မေး။ ။ မြန်မာလူမျိုးတွေက အရမ်း နွမ်းသွားလား။

ဖြေ။ ။ အဲဒီဟာ ကြည့်ရတာတော့နော် နွမ်းပါးနေပေမယ့်။ အန်တီ့ကိုလာကြိုတဲ့ လူတွေကတော့ အရမ်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးတာ၊ အဲဒါကိုတော့ တော်တော်လေး ကျေးဇူးလည်း တင်တယ်။ ဒီလို သူတို့ သဘောထား သိပ်ကြီးတယ်ပေါ့နော်။ နွေးထွေးတယ်။ အဲဒီလိုပဲ ခံစားရတယ်။

မေး။ ။ အန်တီ အခုလွတ်လာတာကို ထောင်သေးသေးထဲကနေ ထောင်ကြီးကြီးထဲကို လွတ်လာတာလို့ တချို့က ရေးကြ သုံးသပ်ကြတာတွေ တွေ့ရတယ်။ အဲဒီလိုမျိုး အန်တီ ခံစားရလား။

ဖြေ။ ။ အန်တီက အဲဒီလိုမမြင်ဘူး။ ပြောင်းပြန်မြင်တယ်။ အစတုန်းကလည်း အန်တီက လွတ်လပ်နေတယ်လို့ အန်တီ့ကိုယ် အန်တီ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့ စိတ်လွတ်လပ်တယ်။ အန်တီ့ အတွေးအခေါ်နဲ့၊ အန်တီ့ ယုံကြည်ချက်နဲ့ အန်တီရွေးတဲ့လမ်း အန်တီလျှောက်နေတာ။ ပြီးတော့ စိတ်ထဲမှာ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခု ဒီလို ထွက်လာတော့လည်း အန်တီ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခုကတော့ ပိုပြီး အလုပ်များတာပေါ့နော်။ လက်တွေ့ကျကျ အပြောင်းအလဲတွေပဲ မြင်ရတယ်၊ တွေ့ရတယ်၊ ခံစားရတယ်။ တကယ်တော့ ကိုယ့် အတွင်းစိတ်ကတော့ ဒီ အတိုင်းပဲ။

မေး။ ။ ဟုတ်ကဲ့။ တချို့ နိုင်ငံရေး သုံးသပ်သူတွေပေါ့။ ကျနော်တို့အပါအဝင် အပြင်မှာရော၊ အထဲမှာရော ပြောကြတာ၊ ရေးကြတာ ဘာတွေလဲ ဆိုတော့ မြန်မာ နအဖ စစ်အစိုးရအနေနဲ့ အန်တီ့ကို ရွေးကောက်ပွဲပြီး တပတ် မှာလွှတ်တာက ရွေးကောက်ပွဲကို အာရုံလွှဲတယ်လို့ပဲ မြင်ကြတယ်။ အန်တီ ဘယ်လိုထင်သလဲ။

ဖြေ။ ။ အဲဒါကတော့ အန်တီပြောလို့မရဘူး။ ဟုတ်ရင်လည်း ဟုတ်နိုင်တယ်လေ။ ဒါပေမယ့် ရွေးကောက်ပွဲက ပြီးသွားပြီဆိုတော့လည်း ရွေးကောက်ပွဲကို အာရုံသိပ်ပြီးပြုဖို့မလိုတော့ အန်တီ့ကို ပိုပြီးတော့ အာရုံစိုက်တာပေါ့နော်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ခြင်းပဲ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အန်တီက တွေ့ဆုံ စကားပြောချင်တယ်၊ အမျိုးသား ရင်ကြားစေ့ရေး ပြန်လည် ဖော်ဆောင်ချင်တယ်လို့ ပြောတယ်လေ။ အများစုက အန်တီ့ အပေါ်မှာ သံသယမရှိပေမယ့် ဟိုဘက်ကတော့ ပြောချင်ပုံ မရဘူးပေါ့လေ။ အန်တီ နိုင်ငံရေးကို စဝင်ကတည်းက၊ ၁၉၈၈ ကတည်းက၊ မြန်မာ နအဖ၊ အဲဒီတုန်းက နဝတ ပေါ့ သူတို့ဘက်က နေပြီးတော့ အန်တီ့ကို မလိုလားဘူးဆိုတဲ့ ဟာကို အကြိမ်ကြိမ် ပြောခဲ့ပြီးပြီဖြစ်တယ်။ ဘာကြောင့် အခုထိ ၂၂ နှစ်ရှိပြီ၊ အန်တီ့ ဘက်ကနေပြီးတော့ အမျိုးမျိုး ကမ်းလှမ်းခဲ့သော်လည်း ဘာလို့ သူတို့ဘက်က မပြောချင်တာလဲ၊ ဘာကြောင့်လို့ အန်တီထင်သလဲ။

ဖြေ။ ။ စကားပြောတယ် ဆိုတဲ့ အဓိက ရည်ရွယ်ချက်အနေနဲ့ စကားပြောတဲ့ တကယ့် အနှစ်သာရ အဓိပ္ပာယ်ကို အန်တီတို့ နားလည်တာခြင်းဟာ မတူဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့အမြင်မှာ ဒီလို စကား ပြောတယ် ဆိုတာဟာ စကားရည်လုပွဲ မဟုတ်ပါဘူး။ အန်တီ ခဏခဏပြောတယ်။ တဘက်က ရှုံးစေ၊ တဘက်က နိုင်စေ ပြောတာ မဟုတ်ဘူး။ တဘက်ကလည်း ကိုယ့် အမြင်ကိုပြောရမယ်၊ နောက်တဘက်ကလည်း ကိုယ့်အမြင်ကို ပြောမယ်၊ သဘောမတူတာတွေ ရှိရင်လည်း ညှိယူမယ်ပေါ့နော်။ ၂ ဘက် စလုံးအတွက် အောင်နိုင်မှု ဖြစ်ရမယ်။ အဲဒါမျိုး ကိုပြောပေမယ့်လည်းပဲ နည်းနည်းမှ သဘောမပေါက်ဘူး။ မယုံတာလား၊ သဘောမပေါက်တာလား။ ဒါမှမဟုတ် တပ်မတော် အသိုင်းအဝန်းမှာ ဒီလိုပေါ့နော် … အခြေအတင် စကားပြောပြီးတော့ ညှိနှိုင်းယူတဲ့ အလေ့ အထ မရှိလို့လား၊ အဲဒါတွေက အများကြီးကို စဉ်းစားစရာ ဖြစ်တယ်။

မေး။ ။ အဲဒီလို ဆိုရင် ၉၄၊ ၉၅ ပြီးတော့ ၂၀၀၀ ဝန်းကျင်မှာ အန်တီနဲ့ တကယ့် ထိပ်တန်း ခေါင်းဆောင်တွေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင်၊ ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် တွေ့ခဲ့တာတွေရှိတယ်။ အဲဒီတုန်းက ပြောခဲ့တာ တွေကကော တကယ့် အနှစ်သာရ ရှိတာတွေလား၊ တကယ့် အခြေအတင် တွေလား။

ဖြေ။ ။ တွေ့ကြတယ်ပေါ့နော်။ ဒါပေမယ့် တကယ် ဆွေးနွေးတယ်လို့ ပြောလို့မရပါဘူး။ တကယ် ဆွေးနွေး တယ်လို့ ပြောလို့ရတာက၊ ဒီပဲယင်းပြီးတော့ တွေ့ဆုံခဲ့တဲ့ ဗိုလ်မှူးကြီးတင်လှိုင်တို့၊ ဗိုလ်ချုပ်ကျော်ဝင်းတို့၊ ဗိုလ်မှူးချုပ် သန်းထွန်း တို့နဲ့ တွေ့ဆုံပြီးတော့ ပြောခဲ့တာပဲ၊ အဲဒါတွေကတော့ တကယ် ဆွေးနွေးခဲ့တာပဲ။ ဒါပေမယ့် အဲဒါတွေကလည်း တကယ်တော့ အကောင်အထည်မဖော်ခဲ့ဘူး။

မေး။ ။ သူတို့တွေလည်း မရှိတော့ဘူး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း မရှိတော့ဘူး၊ တချို့ နှစ်ရှည်လများ ထောင်ကျ နေကြတာ ဆိုတော့ သူတို့ အပေါ်မှာရော အန်တီ ဘယ်လိုမြင်သလဲ။ တကယ်ပဲ အန်တီနဲ့ တပ်မတော်ကြားထဲမှာ တံတားထိုးပေးနိုင်မယ့် သူတွေလို့ အန်တီ နောက်ပိုင်းမှာ ယူဆမိတာ ရှိလား။

ဖြေ။ ။ အန်တီထင်တာကတော့ သူတို့တွေကတော့ သူတို့ကို တာဝန်ပေးချက်အရ လုပ်နေပေမယ့် သူတို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်တယ် လို့တော့ အန်တီက မြင်တာပဲ။ ဒါပေမယ့် သူတို့ကလည်း ခိုင်းတဲ့ အတိုင်းပဲ လုပ်ရတာပေါ့။ အန်တီက ဒီလိုလူတွေနဲ့ ဆွေးနွေး ပြောဆိုတဲ့ အခါမှာ သူတို့ရဲ့ ကောင်းတဲ့ အချက် ရှိတယ်ဆိုတာ အမြဲ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဘက်ကချည်းပဲ မှန်တယ်လို့လည်း ထင်တာ မဟုတ်ပါဘူး။သူတို့နဲ့က သူပြောကိုယ်ပြော ပေါ့နော်။ နောက်ပြီးတော့လည်း နည်းနည်း ခင်သွားတာပေါ့နော်၊ နည်းနည်း ပြောဟယ် ဆိုဟယ် ဆိုတော့လည်း ခင်သွားတဲ့ ကိစ္စလေးတော့ ရှိတာပေါ့နော်။ အဲဒါလည်း အန်တီ့ဘက်က ရှိတာပေါ့နော်။ သူတို့ဘက်ကတော့ ရှိလား မရှိလားတော့ မသိဘူး။

မေး။ ။ အန်တီ့အပေါ်မှာတောင် အရမ်း လေးစားသွားတာတွေ ရှိတယ်လို့ကျနော် ကြားတယ်။ အဲဒီလိုမျိုး ရှိလား။

ဖြေ။ ။ အဲဒီလောက်တော့ မသိဘူး။ ဒါပေမယ့် အန်တီကိုတော့ သူတို့ကောင်းကောင်း ဆက်ဆံပါတယ်။ အခုနောက်ပိုင်းမှာလည်း လုံခြုံရေးတာဝန်ယူရတဲ့ အရာရှိတွေကလည်း သူတို့နဲ့တွေ့တဲ့အခါ၊ ဆက်ဆံရတဲ့အခါ ကောင်းကောင်း မွန်မွန်ပါပဲ။ အန်တီကလည်း သူတို့အပေါ်မှာ ခင်ချင်တဲ့ စိတ်ရှိပါတယ်။ သူတို့ အတွင်းစိတ်က ဘယ်လိုရှိလဲ ဆိုတာတော့ ပြောလို့မရဘူး။ အန်တီ့ ဘက်ကပဲ အန်တီပြောနိုင်တာ သူတို့ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတာကို အန်တီက ကျေးဇူးလည်း တင်တယ်၊ သူတို့အပေါ်မှာ ခင်မင်ရင်းနှီးချင်တဲ့ စိတ်လည်း ရှိတယ်။ နောက် တနင်္ဂနွေ နေ့တုန်းကလို ပေါ့လေ။ ရုံးအရှေ့မှာ ပြောသလိုပေါ့လေ။ ပြည်သူအားလုံးကို သူတို့ ဒီလိုပဲဆက်ဆံ စေချင်တယ်။

မေး။ ။ အန်တီ တခါတလေများ သိပ်မဝေးတော့တဲ့ ကာလတခုမှာ နေပြည်တော်ကို သွားပြီးတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့လို့ရမယ့် အစီအစဉ်များ ရှိမယ်လို့ ထင်မိသလား။ ယုံကြည်သလား။

ဖြေ။ ။ အန်တီကတော့ အဲဒီလိုမစဉ်းစားဘူး။ အန်တီကတော့ ဘယ်လိုဖြစ်အောင် လုပ်ရမလဲပေါ့နော်။ ကိုအောင်ဇော်တို့ ကြားဖူးမလားတော့ မသိဘူး။ ဂန္ဓီကြီးက ဟိန္ဒူဘာသာဝင် ဆိုပေမယ့် ခရစ်ယာန် ဓမ္မသီချင်းတပုဒ်ကို သိပ်ပြီးတော့ သဘောကျတယ် ဆိုတာလေ။ အဲဒီ သီချင်းဟာ Lead Kindly Light ဆိုတာ သူပြောထားတာတော့ အရှည် အဝေးကြီး မဟုတ်ဘူးပေါ့နော်။ တလှမ်းချင်း တလှမ်းချင်းသာ မြင်ခွင့်ပေးပါဆိုတာ၊ အဲဒါကို ဂန္ဓီကြီးက ယုံသလို အဲဒီဟာကို အန်တီလည်းယုံတယ်။ တလှမ်းချင်း တလှမ်းချင်းသာ မှန်အောင် လှမ်းနိုင်အောင်လို့ ကိုယ့်ကိုကိုယ် ကြိုးစားပြီးသွားမယ်၊ တလှမ်းချင်း တလှမ်းချင်းသာမှန်လို့ရှိရင်တော့ လမ်းမှန်ပေါ်ကနေ နေရာမှန်ကို ရောက်မှာ ပေါ့လေ။ အဝေးကြီး စိတ်ကူးမယဉ်စေချင်ဘူး။ နောက်ပြီးတော့ အန်တီက စိတ်ကူးယဉ် မျှော်လင့်ချက်ကို သိပ် အယုံအကြည်မရှိဘူး။ မျှော်လင့်ချက်ဆိုတာ ကြိုးစားချင်မှု။ ကိုယ်ကြိုးစား သလောက်ပဲ မျှော်လင့်ပိုင်ခွင့် ရှိတယ်လို့ အဲဒီလိုပဲ အယုံအကြည် ရှိရှိနဲ့ ကြိုးစားသွားမှာပဲ။

မေး။ ။ အဲဒီလိုမျိုး အန်တီနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကြားမှာ အဲဒီလိုမျိုး တကယ့်ကို စေ့စပ် ဆွေးနွေးဖို့ အလားအလာ ရောက်တော့မယ်ဆိုပြီးတော့ စိတ်ကူးယဉ်ပြီးတော့ ပြောတာတွေ ရေးတာတွေ အပြင်မှာ ရော၊ အထဲမှာရော၊ ကုလသမဂ္ဂဆိုရင် ပြောခဲ့ဖူးတာ တွေလည်း ရှိခဲ့ဖူးတော့ အန်တီ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ အဲဒီလို မျှော်မှန်းကြည့်တာတော့ မမှားပါဘူး။ အန်တီတို့လည်း မျှော်မှန်းကြည့်တာပါပဲ။ တကယ်လို့ တွေ့ခဲ့ရင် ဘယ်လို ဘာပြောချင်လဲဆိုတာ စဉ်းစားကြည့်တယ်။ တခါတခါတော့ စဉ်းစားကြည့်တာပေါ့။ ခဏခဏတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကတော့ အဆင်သင့် ရှိရမယ်လေ။ ဘာလဲဆိုတော့ ဟို တဘက်ကနေ စကားပြောပါ၊ စကားပြောပါဆိုပြီး ကဲ လာ ပြောတော့ဆိုရင် ဘာပြောရမှန်း မသိဘူးဆိုရင် နည်းနည်း မကောင်းဘူးပေါ့လေ။ အဲဒီတော့ အပြင်ကလူတွေကလည်း ဒီလို ခန့်မှန်းကြည့်တဲ့ဟာကို ဘာမှ အပြစ်မမြင်ပါဘူး။ တခါတလေတော့ နည်းနည်း ရယ်ချင်တယ်။ သူတို့ခန့်မှန်းချက်တွေက ရယ်စရာလေးတွေပဲ၊ ဟုတ်တယ် ဟာသလိုပဲ။

မေး။ ။ အန်တီမှတ်မိလား ဘယ်ဟာလဲ၊ ဘယ်အချက်ကို ရယ်ချင်တာလဲ။

ဖြေ။ ။ မပြောတော့ပါဘူး။ ဒါပေမယ့် တချို့လူတွေရဲ့ ခန့်မှန်းချက်တွေ ကတော့ နည်းနည်းလေး ဟာသ ဆန်တာပေါ့။ နည်းနည်းလေး စိတ်ကူးယဉ်လွန်းအား ကြီးလွန်းတယ်ပေါ့။ ဒါပေမယ့် အဲဒါကို အပြစ်ကြီးလို့ မမြင်ပါဘူး။ တချို့ကလည်း အကောင်း ဖြစ်စေချင်လို့ပေါ့။ တချို့ကလည်း အကောင်းမြင်ဝါဒ မဟုတ်ဘူး။ ပြောင်းပြန်ပေါ့၊ အဆိုးမြင်ဝါဒလည်း ရှိပါတယ်။ အဲဒါတွေကလည်း နည်းနည်း အစွန်းရောက်တဲ့ အဆိုးမြင်ဝါဒတွေ ရှိတယ်။ ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ အဲဒါတော့ အစွန်း နှစ်ဘက်ပေါ့။ ဒါက တကယ်တော့လည်း တဘက်က လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ အခြေအနေတွေက ခန့်မှန်းတဲ့အတိုင်း ဖြစ်တာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင် အနတ္တပေါ့နော်။ အစိုးမရခြင်းပေါ့။ ကိုယ်မှန်းသလိုလည်း ဖြစ်တာမဟုတ်ဘူး၊ သူ မှန်းသလိုလည်း အမြဲဖြစ်တာ မဟုတ်ဘူး။ အမြဲတမ်းတော့ ကိုယ်က အဆင်သင့် ရှိနေရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရမှာပေါ့။

မေး။ ။ အဲဒီလို ပြင်ဆင်ထားတယ်ဆိုရင် တကယ်လို့များ နောက်တခေါက် ထပ်ပြီးတွေ့ကြပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ကြပြီဆိုရင် အန်တီ ဘာတွေ ပြောချင်လဲ။

ဖြေ။ ။ အခြေအနေပေါ်မှာ တည်တယ်လေ။ ဘယ်လို အခြေအနေမျိုးမှာ တွေ့ကြမှာလဲ။ ဘာကြောင့် တွေ့ကြ မှာလဲ။ အဲဒီတော့ အဲဒါတွေအပေါ်မှာ အခြေခံပြီးတော့ ပြောရမှာပေါ့နော်။

မေး။ ။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ နိုင်ငံရေးက ဖယ်ထုတ်လို့မရဘူးလို့ တချို့က မြင်ကြ ရေးကြ ပြောကြတယ်။ အခြေခံ ဥပဒေသစ်မှာ ဆိုလည်း တပ်မတော်က နိုင်ငံရေးအခန်း ကဏ္ဍမှာဆက်ပြီးရှိမယ်၊ သွားမယ်၊ ထိန်းချုပ် ထားမယ် ဆိုပြီးတော့ သိရပါတယ်။ စစ်တပ်နဲ့ နိုင်ငံရေး အခန်းကဏ္ဍကို အန်တီ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ နိုင်ငံရေးဆိုတာ ဘယ်သူ့ဆီက ဘယ်အသိုင်းအဝန်းကမှ ဖယ်ထုတ်လို့မရဘူး။ နိုင်ငံရေးကို ဖယ်ထုတ်လို့ မရဘူး။ အားလုံးက နိုင်ငံရေးနဲ့ပဲ ဆက်စပ် နေတာပဲ။ ဒါပေမယ့် ဒီ ဆက်စပ်မှုဟာ မှန်ကန်တဲ့ ဆက်စပ်မှုတော့ ဖြစ်ဖို့ အရေးကြီးတာပေါ့။

မေး။ ။ တပ်မတော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ ရေးကို လိုလားတဲ့လူတွေ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ တကယ်လည်း ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အန်ကယ်လ် ဦးတင်ဦးကို ကြည့်မယ် ဆိုရင် လည်း အန်တီနဲ့ နောက်ကနေ အမြဲတမ်း ပါဝင်တဲ့၊ တိုက်ပွဲဝင်ခဲ့တဲ့ လူထဲမှာ ပါပါတယ်။ ဆိုတော့ တပ်မတော်ထဲက အရာရှိတွေရယ်၊ မိသားစုတွေရယ်၊ အပြောင်းအလဲ မြင်ချင် လိုချင်ကြတဲ့ လူတွေကို အန်တီပြောချင်တဲ့ သတင်းစကားက ဘာလဲ။

ဖြေ။ ။ အပြောင်းအလဲလိုချင်ရင်တော့ အပြောင်းအလဲ ဖြစ်အောင်လို့ လုပ်ရမှာပေါ့။ အန်တီက စောစာက ပြောသလိုပေါ့။ အန်တီက ဒီလိုပဲ မျှော်လင့်နေတဲ့ ဟာမျိုးကို အယုံအကြည် မရှိဘူး။ မျှော်လင့်တယ် ဆိုရင် မျှော်လင့်တဲ့ဟာကို ရဖို့ ကြိုးစားမှု ထုတ်ရမယ်။

မေး။ ။ ရွေးကောက်ပွဲလည်း ကျင်းပပြီးပြီ အန်တီရယ်။ Free and Fair မဖြစ်ဘူး၊ ပြည်ခိုင်ဖြိုး ပါတီကနိုင်တာကို တွေ့ရတယ်။ တရားဝင် ကြေညာတာတော့ မရှိသေးဘူး ပေါ့နော်။ ဒါပေမယ့် လောလောဆယ် လက္ခဏာတွေကြည့်မယ်ဆိုရင် သူတို့နိုင်တယ် ဆိုတာ အသေအချာပဲပေါ့လေ။ မကြာခင်မှာ ပါလီမန် လွှတ်တော် ခေါ်မယ် အစိုးရ ဖွဲ့မယ်။ ဒါကို အခင်းအကျင်း အသစ်လို့ နိုင်ငံတကာက မြင်တယ်၊ ပြောကြတယ်ပေါ့လေ။ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်က ဒီအခင်းအကျင်း သစ်ကို ဘယ်လို ရင်ဆိုင်မလဲ။

ဖြေ။ ။ တကယ်ပဲ အခင်းအကျင်းအသစ်လား။ အဲဒါက အန်တီက မေးပိုင်ခွင့် ရှိတယ်လေ။

မေး။ ။ အဲဒါကြောင့် ကျနော်မေးတာ၊ အခင်းအကျင်းသစ်လား၊ အဲဒီ အခင်းအကျင်းသစ် ဆိုရင်ကော အန်တီ ဘယ်လို ရင်ဆိုင်မလဲ။ ဘယ်လို ဖြတ်ကျော်မလဲ။

ဖြေ။ ။ အခုဟာကလေ အခင်းအကျင်းသစ်ဆိုတာ ဘာကိုပြောမှန်းကို မသိဘူး။ ပါလီမန် ရှိတာကို ပြောတာလား။ ပါလီမန်ရှိတာပဲ ပြောတာဆိုလို့ရှိရင်တော့ နိုင်ငံရေးဆိုတာ ပါလီမန် အတွင်း နိုင်ငံရေး၊ ပါလီမန်အပြင် နိုင်ငံရေး ဆိုတာ အမြဲရှိတာချည်းပဲ။ အဲဒီတော့ အန်တီတို့က ပါလီမန်အပြင် နိုင်ငံရေး လုပ်တဲ့လူတွေ ဖြစ်မှာပေါ့။ အဲဒီတော့ အန်တီတို့ ပါလီမန် နိုင်ငံရေး အပြင်ဘက်မှာ လုပ်တဲ့လူတွေ ဆိုတာလည်း အန်တီတို့က သူတို့ နိုင်ငံရေး လုပ်ပုံလုပ်နည်းတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီ ဆိုတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်လုပ်သွားမှာပဲ။

မေး။ ။ နိုင်ငံတကာက ဆိုရင်လည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ အမြင် အမျိုးမျိုးရှိတယ်။ တချို့က ရွေးစရာ လမ်းမရှိတော့ဘူးလို့ ပြောကြတယ်။ ဥရောပ နိုင်ငံတချို့ ဆိုရင်လည်း ထောက်ခံတဲ့ ပုံစံမျိုးတွေ ပြောကြတာတွေ့တယ်။ အထဲနဲ့ အပြင်နဲ့ သဘောထား ကွဲတဲ့ ပုံစံတွေ ဖြစ်ကုန်တယ်။ အန်တီ ဘီဘီစီမှာလည်း ဖြေသွားတာ ကြားပါတယ်။ ဆိုတော့ အခု ရွေးကောက်ပွဲ ပြီးသွားပြီ။ တချို့လည်း မျက်စိမျက်နှာ ပျက်သွားကြတယ်။ အရှက်တွေ ကွဲကြတယ်။ သူတို့ ထင်သလို မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး ပေါ့လေ။ အန်တီ ဘာပြောချင်လဲ သူတို့ကို။

ဖြေ။ ။ အဲဒါကို ကောင်းကောင်းလေး သင်ခန်းစာ ယူပါလို့ ပြောချင်တယ်။

မေး။ ။ နိုင်ငံတကာက ဒေါ်စု လွတ်လာတာ ကြိုဆိုတယ်၊ ဝမ်းသာတယ်ပေါ့လေ။ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်မယ်လို့ ပြောတယ်။ အမေရိကန်ကလည်း တိုက်ရိုက် သဘော ဆက်ဆံမယ် ပြောတယ်၊ ပေါ်လစီ ဆက်ထားမယ်လို့ပြောတယ်။ မကြာခင်မှာ Meeting တွေလုပ်ဦးမယ်လို့ ပြောတယ်။ အဲဒီတော့ နိုင်ငံတကာက ဘယ်လို ဖိအားပေးမှုတွေ၊ လက်တွေ့ကျကျ ဆက်ဆံမှုတွေ၊ အပြုသဘောဆောင်တာတွေ လုပ်စေချင်သလဲ။ နောက်တခုက အာဆီယံနဲ့ တရုတ် အပေါ်မှာရော အန်တီဘာပြောချင်လဲ။

ဖြေ။ ။ အာဆီယံနဲ့ တရုတ်တို့ကို နီးနီးကပ်ကပ် ဆက်ဆံစေချင်တယ်။ အန်တီတို့နဲ့ ဆက်ဆံစေချင်တယ်။ အန်တီတို့က မဆက်ဆံသင့်တဲ့ လူမျိုးများမဟုတ်ပါဘူးဆိုတာကို သေသေချာချာ သိစေချင်တယ်။ ပြီးတော့ ခုနက ပြောသလို ပိတ်ဆို့မှုတွေ ဘာတွေ အဲဒါတွေလည်း မဖြုတ်သေးဘူး ဘာဘူးလို့ပြောတာဟာလည်း ခုနက ကိုအောင်ဇော် ပြောတာနဲ့ ဆက်စပ် နေတာပေါ့လေ။ တကယ်ပဲ အခင်းအကျင်းသစ် ဟုတ်လို့လား။ ဒါလည်း သူတို့က ကြည့်နေတယ်လို့ ထင်တယ်။

မေး။ ။ အပြင်မှာ ဆိုရင်လည်း Exile Community အကြီးကြီးဖြစ်နေပြီး Illegal ရွှေ့ပြောင်း ထွက်လာကြတာ တွေလည်း အများကြီးပဲ၊ သိန်းနဲ့ သန်းနဲ့ချီပြီး ထွက်လာကြတာ လူငယ်တွေက အများကြီးပဲ။ အန်တီကလည်း လူငယ်နဲ့ ပညာရေးကို အရမ်းကို ဦးစားပေး ပြောလေ့ရှိတယ်။ အပြင်က လူငယ်တွေ၊ အထဲက လူငယ်တွေ။ ပညာရေး ကိစ္စတွေ အန်တီ ဘာတွေ လုပ်မလဲ၊ ဘာတွေစီစဉ်ထားလဲ။ အန်တီ ဘာတွေပြောချင်သလဲ၊ ဘာမက်ဆေ့ခ်ျတွေ ပေးချင်လဲ။

ဖြေ။ ။ အန်တီက အပြင်က လူငယ်တွေနဲ့ အဆက်အသွယ်ရှိချင်တယ် ဆိုတာ အဲဒါတွေကြောင့်။ အထူးသဖြင့် အနောက် နိုင်ငံတွေမှာ ရောက်သွားတဲ့ လူငယ်တွေ ဆိုရင် ပညာရေးနဲ့ ပတ်သက်လို့ အများကြီး အခွင့်အရေး ရတယ်။ အန်တီတို့ ပြည်တွင်းထဲက လူငယ်တွေထက်ပေါ့။ ဒါကြောင့်မို့လို့ အန်တီက ပြည်တွင်းက လူငယ်တွေနဲ့ ပြည်ပက လူငယ်တွေကို ဆက်စပ်မှု ရှိစေချင်တယ်။ ပြည်ပ ရောက်သွားတဲ့ လူငယ်တွေက ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ရဲ့သက်တူ ရွယ်တူတွေကို မမေ့စေချင်ဘူး။ မေ့လည်းမမေ့ဘူးလို့ အန်တီထင်တယ်။ အခု တော်တော်များများက ဘလောဂ့်ဆိုက်တွေ လုပ်တာတို့၊ အင်တာနက်မှာ ဆက်နွှယ်တာတို့ ဘာတို့ လုပ်နေတယ် ဆိုတော့ ပြည်တွင်းကို မမေ့ဘူးလို့ ထင်တယ်။ အဲဒါကို အင်အား တခုအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးတော့ ရပ်တည်ပေးမယ်လို့ ထင်တယ်။

မေး။ ။ အရင်ကနဲ့မတူဘူး အန်တီ၊ အရင်တုန်းက လွတ်တုန်းက ဆိုရင် တိုင်းရင်းသားတွေက ငြိမ်နေတယ်။ အခု အန်တီ့ကို အရမ်းကို ထောက်ခံတာတွေ တွေ့ရတယ်။ အန်တီကလည်း ဒုတိယ ပင်လုံညီလာခံ လုပ်မယ်ဆိုတော့ အန်တီ ဘယ်လောက်အားရလဲ။

ဖြေ။ ။ အားရပါတယ်။ အားရတယ် ဆိုတာလေ။ အန်တီ ညီညွတ်မှုကို အားရတာပါ။ အန်တီ့ကို ထောက်ခံလို့ရယ် မဟုတ်ဘူး။ ဒီလို ညီညွတ်မှုကို ဦးတည်လာတဲ့ လက္ခဏဖြစ်လို့ အားရတာပါ။ ။

ဧရာဝတီ မှ တဆင့် ကူးယူဖော်ပြသည်။

Wednesday, November 17, 2010

DKBA ဗိုလ်မှူးချုပ် စောလားဘွယ် နှင့် ပါတ်သက်သည့် ထုတ်ပြန်ချက် အတုအယောင်အပေါ် KNU တြုံ့ပန်

၁၆၊ ၁၁၊ ၂၀၁၀ နေ့ စွဲဖြင့် ဒီကေဘီအေ ဗိုလ်မှူးချူပ်စောလားပွယ် နှင့် ပါတ်သက်ပြီး ထုတ်ပြန်ချက် အတု တစ်စောင်ထွက်ပေါ်လာပါသည်။ ၄င်းထုတ်ပြန်ချက်တွင် ကေအဲန်ယူ ဗဟိုမှ ထုတ်ပြန်သည် ဟုရေးသားပြီး ဗိုလ်မှူးချူပ် စောလားပွယ်ကို တိုက်ခိုက်ရေးသားသလို ကေအဲန်ယူမှ သူ့ ကို လက်မခံကြောင်း စသဖြင့် ရေးသားထားပါသည်။ ယခုဖေါ်ပြသော အီးမေးမှတဆင့် saw kyaw – sawbamaw@gmail.com လက်ခံရိပါသည်။ ထုံးစံအတိုင် ဖဒိုအောင်သိန်း၊ saw jetsin အစသဖြင့် ကရင်နာမည်အတုတွေနှင့် ဗမာလို ကရင်လို ဘာသာနှစ်ခုလုံးပါ ခုတလော ဗိုလ်မှူးချူပ် စောလားပွယ်ကို တိုက်ခိုက်ရေးသားနေဒါ တွေ့ ရပါသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကေအဲန်ယူ ဗဟိုမှ အောက်ပါအတိုင်း ချက်ချင်း တုံ့ ပြန် အီးမေးပို့ လာပါသည်။


Statement -

သောသီခို မှ တဆင့် ကူးယူဖော်ပြသည်။

Tuesday, November 16, 2010

ဒေါ်စု ခေါင်းဆောင်မှု တိုင်းရင်းသား အုပ်စုတွေ ထောက်ခံ


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဖြစ်ထွန်းလာလိမ့်မယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက မျှော်လင့်ထားကြပါတယ်။ အပြည့်အစုံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတခုဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် ကာလရှည် မအောင်မမြင် ဖြစ်နေရတဲ့ တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ပေါ်ထွက်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဒီကနေ့ ပြောပါတယ်။ KNU ကရင်အမျိုးသား အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဖဒို ဒေးဗစ်သာကပေါက အခုလို ပြောပါတယ်။

တိုက်ပွဲ သတင်းများ
ဆုံဆည်းရာ၊ ၁၅ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ
ဝေါလေဒေသမှာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ယမန်နေ့ညနဲ့ ယနေ့မနက် အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပါသေးတယ်။ ဒီကေဘီကေ တပ်များက လောခေါ်ဘက်တွင် အခြေစိုက်ထားပြီး နအဖ စစ်တပ်မှ ဝေါလေရွာဘက်တွင် စခန်းချထားကြောင်း သိရှိရပါတယ်။ ထို ဝေါလေ ဘက်တွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ထိုင်းနိုင်ငံ မော်လီချိုင်းဘက်သို့ စစ်ပြေးဒုက္ခသည် ၆၀၀ ကျော် ရောက်ရှိနေကြောင်း သိရှိရသည်။

ဘုရားသုံးဆူဒေသ

ဘုရားသုံးဆူဒေသမှာ နအဖ စစ်တပ်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ တိုက်ပွဲတွေ ကြို့ကြားကြို့ကြား ဖြစ်နေတယ်လို့ သိရှိရပါတယ်။ ချောင်းဆုံ ဒေသမှာလည်း နအဖ စစ်တပ် ခမရ ၂၁၀ နဲ့ ကေအန်ယူတို့ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရှိရပါတယ်။

ဆုံဆည်းရာ မှ တဆင်းကူးယူဖော်ပြပါသည်။
ဗိုလ်မှူးချုပ်စောလားဘွယ် အဓိကခံယူချက်ပြောသောစကားမှာ
ကရင်တိုင်းရင်းသာစည်းရုံးမူအတွက် နယ်ခြားစောင့် တပ်တို သတိပြုဘွယ်

သူတို့ မှားနေတယ် ဆိုတာကို သူတို့ သိသင့်တယ်။ ၁၅ နှစ်တောင် သူတို့နဲ့ တွဲလုပ်ခဲတာ ကျွန်တော်တို့ သိပြီ ၊ သူတို့တွေ မရိုးသားဘူး။ သိပ် လူလည်ကျတယ်။

နအဖ က ကျွန်တော်တို့အပေါ်ပေးတဲ့ နိုင်ငံရေး အခွင့်အရေးဆိုတာ အသက်ရှူ ခွင့်ပဲ ပေးတာပါ ။ အသက်ရှည်ခွင့်ပေးတာ မဟုတ်ဘူး။ အခု နယ်ခြားစောင့်တပ် လုပ်လိုက်ရင် အသက်ရှူခွင့်တောင် သေချာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူထုအတွက် ကောင်းရာကောင်းကျိုး ဘာမှ လုပ်ခွင့်ရှိတော့မှာ မဟုတ်ဖူး။
ဒေါ်အောင်းဆန်းစုကြည်ကို လေးစားယုံကြည်တယ်လို့  ဗိုလ်မှူးချုပ်စောလားဘွယ်ပြောဆို

ဆုံဆည်းရာ၊ ၁၅ ရက် နိုဝင်ဘာလ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေး ဆက်လုပ်မယ်ဟု ပြောဆိုလိုက်ချိန်မှာ ဒီကေဘီအေမှ ဗိုလ်မှူးချုပ်စောလားဘွယ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ယုံကြည် တယ်လို့ ပြောဆိုလိုက်ပါတယ်။

ယခုလတ်တတော့ တိုက်ပွဲအခြေအနေ၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေကို တွေကို ဗိုလ်မှူးချုပ် စောလားဘွယ်က ယခုလို ပြောဆို လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ချစ်ခင်လေးစားတယ်။ ယုံကြည်တယ်။ ဒီမိုကရေစီကို ကျွန်တော် ကြိုက်တယ်။ ဒီမိုကရေစီကို အရင်ရအောင် မလုပ်ပဲနဲ့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဒါန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ တန်းတူ အခွင့်ရေးတို့ဆိုတာ မရနိုင်ဘူး။ အားလုံး ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ညီညီညွတ်ညွတ်နဲ့လုပ်ရင် အောင်မြင်မူပန်းတိုင် ရကို ရရမယ်။ တိုင်းရင်းသားတွေ ညီညွတ်ပြီး တိုက်ရင် ကောင်းတယ် ။

KNU Statement to Daw Aung San Suu Kyi -

Monday, November 15, 2010

သံလွင် နှင့် သောင်ရင်းမြစ်ကို သေချာစွာ ကြည့်လိုက်ပါ -ကရင်လူမျိုးမျာပေါင်းစီးရေးသီချင်း

"သံလွင်နှင့်သောင်ရင်းမြစ်ကို သေချာစွာ ကြည့်လိုက်ပါ" ဆိုတဲ့သီချင်းလေးကို ကျနော်တို့  ဒုတိယအကြိမ် ဘလော့ပေါ်မှာ တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းရဲ့ အနှစ်သာရများဟာ ယနေ့ ကရင်အမျိုးသားများကြားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ တထပ်တည်း သွယ်ဝှက်ပြီး သက်ဆိုင်နေပါသဖြင့် အားလုံးအတွက် ထပ်ပြီး တင်ဆက် ပေးလိုက်ပါတယ်။

သံလွင်မြစ်ဘယ်က စီးဆင်းလာသလဲ... သောင်ရင်းမြစ်ဘယ်က စီးဆင်းလာသလဲ... မြစ်ဆုံမှာ အတူဆုံပြီး ပင်လယ်ပြင်ကို အတူတူတကွ ချီတက်ပြီး စီးဆင်းသွားတယ်မဟုတ်ပါလား။ ကရင်လူမျိုးတို့ ရဲအလံတော် နှစ်ခုမရှိဘူး... အလံတော်တစ်ခုတည်းအောက်မှာ ငါတို့ တွေ ဘာကြောင့် တစိတ်တ၀မ်းတည်းမရှိရမှာလည်း.. ကိုယ့်ရဲ့ အားနည်းချက်ကိုယ်စီ ပြုပြင်လျက်.. သံလွင် + သောင်းရင်း အတူပေါင်းပြီး ပင်လယ်ပြင်ကြီးဆီသို့  အတူစီးဆင်းသွားဒါကို ကြည့်ပြီး စစ်ကျွန်ဘ၀ အောက်မှ လွတ်မြောက်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့ တွေအားလုံး (နယ်ခြားစောင့်တပ် လုပ်တဲ့သူတွေ အပါအ၀င်) ပြည်သူတွေအားလုံး အတူတကွ ညီညာစွာ လက်တွဲလျက် ချီတက်ကြပါစို့ ။


အခုလိုဖော်ပြခွင့် ရသည်အတွက် သောသီခို အဖွဲ့ သားများကို အထူးကျေးဇူးတင်ပါသည်။

ကျနော်...အကြိုက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြောစကား

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာလာချင်းပဲ ခြံဝမှာ စောင့်နေတဲ့ ပရိသတ် ထောင်ပေါင်းများစွာကို ကျေးဇူးတင်စကား ပြောကြားရင်း ညီညွတ်ရေးနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ရေး စကားတွေကို ပြောကြားခဲ့ပါတယ်။

(Photo: AFP)

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ လက်ဝှေ့ရမ်း နှုတ်ဆက်နေစဉ်။ (Photo: AFP)

အာအက်ဖ်အေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတချို့ကို မူရင်းအတိုင်း ကောက်နှုတ် တင်ပြလိုက်ပါတယ်။


“အဲဒီတော့ အခု ဒီအချိန်မှာ ပြောချင်တာက အသံဆိုတာ ထွက်ရမယ့် အချိန်ရှိတယ်၊ မထွက်ရမယ့် အချိန်ရှိတယ်။ အခုအချိန်မှာ နည်းနည်းလေး မထွက်ဘဲ နေရင် ပြောတာကို ကြားရတာပေါ့။ ထွက်ရမယ့် အချိန်ကျမှ တိတ်တိတ်လေး မနေကြနဲ့နော်။


(လူထုအသံ- မနေပါဘူး၊ စိတ်ချပါ)


အဲဒီတော့ အခု ဒီလို လာပြီးတော့ အားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ အနောက်က လူတွေ မကြားရလို့ရှိရင်လည်း နောက်ကျရင် အရှေ့က လူတွေက ပြန်ပြောအုံးမှာပေါ့ နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတတဲ့စိတ် ထားကြမှပေါ့။ အဲဒီတော့ အရှေ့ကလူတွေကလည်း အနောက်ကလူတွေကို ငဲ့ပြီးတော့ တိတ်တိတ်နေမယ်။ အမယ်လေး၊ စစချင်း တခါတည်းကို နိုင်ငံရေး သင်ခန်းစာ ပေးနေရတာပဲ”


အသံနားဆင်ရန်။

အသံဖိုင်ယူရန်။

RFA မှ တဆင့်ကူးယူဖေါ်ပြပါသည်။

ဂျပန် TBS သတင်းဋ္ဌာနမှလည်း မြန်မာ.ဒီမိုကရေစီအရေးကိုအလေးထားဖော်ပြ

ဘယ်သူတွေ ဘာပြောပြော လက်ရှိ ဒေါ်အောင်းဆန်းစုကြည် ကို ပြည်သူလူထုက လိုလား အားပေးမှုကို ပြသလိုက်ခြင်းဖြစ်ပါတယ်။

သတင်းအပြည့်အစုံ ရုပ်သံကို ကြည့်ရန်

- ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့ နောက်ဆုံးရ အခြေအနေများ click

နိုဝင်ဘာ (၁၄) ရက် နောက်ဆုံးရ သတင်းတိုများ click

Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ်လွတ်ပါပြီ

ဒေါ်အောင်ဆန်းစုကြည်အမှာစကားပြောကြားနေ ပုံ
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား ပြောကြား နေပြီ ဖြစ်သည်။

ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်း ဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။


၈အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ ပေးလာ၍ ပန်ဆင်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်လျှက်ရှိသည်ဟု ဦးဝင်းတင်က ပြောသည်။

အနည်းဆုံး ၄ ထောင်ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ ခြံဝသို့တိုးကာ စောင့်ဆိုင်းနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထားရသည်။

ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့ စတင်ထွက်ခွာကြပြီ ဖြစ်သည်

ပေးပို့ သူ ရန်ကုန်မှ အမည်မဖော်လိုသူ အားအထူးကျေးဇူးတင်ပါသည်။
ဝမ်းမြောက်ဖွယ် .....ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ




ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်တွင် ကား ၃ စီးဝင်ရောက်သွားကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်းလည်း ပါရှိသွားကြောင်း သိရသည်။

သံဆူးကြိုးအတားအဆီးများကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ကာ သခင်အုန်းမြင့်သား ဦးနီနှင့်ပါတီဝင်အချို့လည်း ၀င်ရောက်သွားပြီဖြစ်ကြောင်း ထပ်မံသတင်းရသည်။

ဧရာဝတီ သတင်းမှ တဆင့် ကူးယူဖော်ပြသည်။

ယနေ့ နောက်ဆုံးရ ဒေါ်အောင်ဆန်းစုကြည် သတင်းများ 

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် ကုက္ကိုင်း လမ်းဆုံတွင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆို သည့် ကြွေးကြော်သံများကို လူ ၂၀၀၀ နီးပါးခန့်က ကြွေးကြော် နေကြောင်း သတင်းရသည်။ ရွှေတောင်ကြား ရပ်ကွက် အတွင်းသို့ ၀င်ရောက်သည့် လမ်းပေါက်မှစတင်ပြီး အတားအဆီးများကို ပိတ်ထားကြောင်း၊ လူအုပ်ကြီးမှာ ကမ္ဘာအေး ဘုရားလမ်း ဘက်တွင် သာမက လှည်းတန်း ဘက်ခြမ်းရှိ တက္ကသိုလ် ရိပ်သာ လမ်းတွင်လည်း ရှိနေကြောင်း သိရသည်။

ကြိုဆိုဖို့ စုဝေးနေတဲ့ လူထု (ဓာတ်ပုံ - Getty Images)

ယနေ့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုရန်အတွက် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်သို့ လူအများအပြား လာရောက်ကြောင်း၊ ရုံးတဘက်ခြမ်းရှိ အုတ်လမ်းကြား၊ ယုဇန တာဝါနှင့် ရုံးအနီးရှိ စာသင်ကျောင်းဘက်ခြမ်းတွင် စောင့်ဆိုင်း နေ သည့် လူများမှာ ရာနှင့်ချီရှိလာပြီဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် အမြန်းဆုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲ (တိုကျို)



ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ဒေါ်အောင်ဆန်းစုကြည် အမြန်းဆုံးလွတ်မြောက်ရေး အတွက် ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ မြန်မာ စစ် အခွန်ရုံး (သံရုံး)ရှေ့မှာ ယနေ့ နိုဝင်ဘာလ(၁၃)ရက် မွန်းလွဲ (၂) နာရီမှ ညနေ (၄) နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ဆန္ဒပြပွဲအစီအစဉ်ကို (ဂျပန်) အဖွဲ့တာဝန်ခံ အသီးသီးနှင့် တိုင်းရင်းသား အသင်းအဖွဲ့ တို့မှ တာဝန်ခံများက ဆန္ဒပြခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံသား စုစုပေါင်းဦးရေ ၁၀၀ကျော်ခန့် ပူးပေါင်းပါဝင် ဆန္ဒပြ ခဲ့ကြပါသည်။ ယနေ့ သည် ဂျပန် ရဲ နှင့်  တာဝန်ရှိသူများ ၏ စည်းကမ်းတင်းကြပ်မှုများ ကြားမှ မိမိတို့ ၏ ဖြစ်ချင်းသော ဆန္ဒများကို အတိုက်အခံ လုပ်ကား တောင်းဆို ဆန္ဒပြခဲ့ကြပါသည်။
သတင်းမှတ်တမ်းဓါတ်ပုံ။ ။ Moe Min Thu (KNU -Japan)

thet-naing_copy

ဗိုလ်ကြီးသက်နိုင်

စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးသက်နိုင်သည် မြ၀တီခရိုင် ဝေါ်လေ ဒေသ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) လက်အောက် ခံ နည်းဗျုဟာ(၃)မှ ဖြစ်ပြီး ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်မဟာ (၅) တပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ကြီးသက်နိုင်ကို ပြန်လွှတ်ပေးလိုက်မှုနှင့်ပတ်သက်၍ DKBA တပ်မဟာ(၅)နှင့် နီးစပ်သူတဦးက"စစ် သုံ့ပန်း ဥပဒေ အရ မသတ်ဘဲ ပြန်ပို့လိုက်တာ ဖြစ်တယ်"ဟု ပြောပြသည်။

"ကျနော့်ကိုပြန်လွှတ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်၊ ကျနော့်မှာ အမေ ပေးတဲ့ အသက်မရှိတော့ပါဘူး၊ ဒီက ပေးတဲ့အသက်ပဲ ရှိပါတော့တယ်၊ ဟို ပြန်ရောက်ရင် ပေးတဲ့အပြစ်ကို ခံယူပြီး အပြင်မှာပဲ မိသားစုနဲ့အတူ စီးပွားရေး ပဲလုပ်တော့မယ်"ဟု ဗိုလ်ကြီးသက်နိုင်ကပြောကြောင်းလည်း ၎င်းက ဆိုသည်။

ဗိုလ်ကြီးသက်နိုင်ကို DKBA က မြ၀တီမြို့သို့ ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းပြန်လည်ရောက်ရှိကြောင်း မြ၀တီ ရှိ နအဖ စစ်တပ် က အတည်ပြုပြောကြားသည်ဟုလည်း DKBA အသိုင်းအ၀ိုင်းက ပြောသည်။

ဗိုလ်ကြီးသက်နိုင်သည် မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင်နေထိုင်သည့် အဘ ဦးသိန်းအောင်၊ အမိ ဒေါ်အေးချို တို့၏သားဖြစ်ပြီး ရက်သားအ ရွယ်သမီးတဦးရှိကြောင်း သိရသည်။

ယင်း DKBA နှင့် စစ်အစိုးရ တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်။

နိုဝင်ဘာ ၇ ရက်နေ့က စတင်၍ DKBA နှင့် စစ်အစိုးရတို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲနှင့် ပတ်သက်၍ “စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ” ဟု ဗိုလ်မှူးကြီး စောလားပွယ် က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

စစ်အစိုးရ သတင်းစာများ၌ ကရင်ပြည်နယ် မြ၀တီမြို့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)က လက်နက်ကြီး များ ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၃ ဦး သေဆုံး၍ ၂၀ ဒဏ်ရရှိ ကြောင်းရေးသား ဖော်ပြသည်။

ဧရာဝတီ မှ တဆင့် ကူးယူဖော်ပြသည်။