Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, July 31, 2012

ရခိုင်ဒေသ ပဋိပက္ခ သတင်းစာရှင်းလင်းပွဲ ကင်တာနာ တက်ရောက်


သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ (ဓာတ်ပုံ – အောင်သက်ဝိုင်း / ဧရာဝတီ)
မြန်မာ အစိုးရက ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ  ရောက်ရှိနေစဉ် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တရပ် ယနေ့ ကျင်းပ သည်။
နေ့လယ် ၁ နာရီခန့်က ရန်ကုန်မြို့ ပြည်လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးရုံး အဆောက်အအုံတွင် မစ္စတာ ကင်တာနာ အပါအ၀င် နိုင်ငံ တကာ သံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်သော သတင်းစာ ရှင်းလင်းပွဲ၌ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ရှင်းလင်း ပြောဆိုခြင်းဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၇၇ ဦးသေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း ကျော်ရှိနေပြီး အရေးပေါ်အကူအညီနှင့် ပြန်လည်ထူထောင်ရေး အကူအညီများ လိုအပ်နေသည်ဟု ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။
ထို့နောက်၎င်းက ဆက်လက်၍ ကျောက်နီမော်ကျေးရွာက ရခိုင်အမျိုးသမီးငယ်တဦး မေလ ၂၈ ရက်က အဓမ္မပြုကျင့်သတ်ဖြတ် ခံရမှုနှင့် ဆက်နွယ်ပြီး စတင်ခဲ့သော ပဋိပက္ခများကြောင့် ရခိုင်တိုင်းရင်းသား ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ရခိုင်လူမျိုး ၅၀၊ ဘင်္ဂါလီလူမျိုး ၆၂ ဦး စုစုပေါင်း ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှင်းလင်းသည်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား

RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းတွင် ကျင်းပသည့် ရခိုင်ဒေသ အရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
2012-07-30
မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်ကစလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေအရ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ဒေသ အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။
ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား လူမျိုးမဟုတ်ဘူးဆိုတာ သမ္မတ ဦးသိန်းစိန်လည်း အခိုင်အမာ ပြောဆိုထားပြီး ဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ် နောက်ပိုင်း ရခိုင်ဒေသဟာ အင်္ဂလိပ် ကိုလိုနီဘ၀ လက်အောက်ကို ရောက်ရှိသွားပြီး လယ်ယာလုပ်သား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ တဖက်နိုင်ငံကနေ ဘင်္ဂါလီ လူမျိုးတွေကို ခေါ်ယူခဲ့ရခြင်းသာ ဖြစ်တယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။

Friday, July 27, 2012

ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်

2012-07-26
ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ပိတ်ပစ်ပြီး မြန်မာအစိုးရနဲ့ အဆက်အသွယ် မှန်သမျှကို ဖြတ်တောက် ရမယ်လို့ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ TTP တာလီဘန်အဖွဲ့က တောင်းဆိုလိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင်ငံမှာ မူစလင် ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှုအတွက် မြန်မာနိုင်ငံကို မိမိတို့က တိုက်ခိုက်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
ဒါ့အပြင် တာလီဘန် TTP အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan (အက်ဆန်အူလာ အက်ဆန်) က တကယ်လို့ မိမိတို့ တောင်းဆိုချက်တွေကို ပါကစ္စတန်အစိုးရက မဆောင်ရွက်ဘူးဆိုရင် မိမိတို့ အဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့ အကျိုးစီးပွား မှန်သမျှကိုသာမက မြန်မာအစိုးရနဲ့ ဆက်ဆံနေတဲ့ ပါကစ္စတန် မှန်သမျှကိုလည်း တိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပါကစ္စတန်မှာ လုံခြုံရေးတပ်ဖွဲ့တွေ မကြာခဏ အတိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး TTP က သူတို့ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီအဖွဲ့ရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်စွမ်းကိုတော့ ဝေဖန်သူတွေက သံသယ ရှိနေကြပါတယ်။
အမေရိကန် အရာရှိတွေရဲ့ ပြောဆိုချက်အရ ၂၀၁၀ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ခေါင် Time Square မှာ ဗုံးခွဲဖို့ ကြိုးစားခဲ့တာဟာ အဲဒီ တာလီဘန် TTP အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဟာကီမူလာ Hakimullah ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်စစ်စခန်းမှာ အသေခံ ဗုံးခွဲမှုတစ်ခုကြောင့် အမေရိကန် ဗဟိုထောက်လှမ်းရေး စီအိုင်အေ အဖွဲ့ဝင် ၇ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ စွဲချက်တင်ထားပါတယ်။
 
copy rights_http://www.rfa.org/burmese/news/rohingya-taliban-pakistan-07262012102204.html

ပါကစ္စတန်နိုင်ငံမှ ပါကစ္စတန်နိုင်ငံမှ အကြမ်းဖက်တာလီဘန်များက ဘင်္ဂလီခေါ်တောများအတွက် ကလဲ့စားချေမည်ဟု ခြိမ်းခြောက်



ယနေ့ထုတ် ထိုင်းသတင်းစာ တစ်စောင်က ပါကစ္စတန်မှ အကြမ်းဖက် တာလီဘန်အုပ်စု TTP က ပါကစ္စတန်နဲ့ မြန်မာ သံတမန် ဆက်ဆံရေး ရပ်တန်းဖို့နဲ့ ဘင်္ဂလီ ခေါ်တောများအတွက် (သင်တို့သွေးအတွက် ကလဲ့စားချေမည်) ဟု ခြိမ်းခြောက်ခြင်းကို ဖော်ပြ ထားပါတယ်။

မြန်မာတို့ရဲ့အ ကျိုးစီးပွားကို တိုက်ခိုက်ရုံမက မြန်မာနှင့် ဆက်ဆံသော ပါကစ္စတန် များကိုပါ တိုက်ခိုက် သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

http://www.manager.co.th/IndoChina/ViewNews.aspx?NewsID=9550000091875
facebook သတင်း

ဦးအောင်သိန်းလင်းကို ပခုက္ကူလူထု ဆန္ဒပြရန်ပြင်

Hits: 6,152
 ဖေ့စ်ဘုတ်မှာ စိတ်ဝင်စားဖွယ် တွေ့နေရတဲ့ ဦးအောင်သိန်းလင်းရဲ့ မဲဆွယ်စည်းရုံးပုံ
တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာနှင့် မေးမြန်းခန်းတွင် ပါရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ၏ ပြောဆိုချက်များကို ရှုတ်ချသည့် အနေဖြင့် ဆန္ဒဖော်ထုတ်ရန် မကွေးတိုင်းပခုက္ကူမြို့ မှ ပြည်သူများက ပြင်ဆင်နေသည်။
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး ပြည်သူတွေ ရူးနေတာပါလို့ စော်ကားတာ တချက်၊ ဧရာဝတီ မြစ်ဆုံဆည်ကို ပြန်စမယ်လို့ ပြောတာတချက်ကြောင့် ဧရာဝတီကို ကာကွယ်ဖို့ လာမယ့် ၃၁ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်မယ် ဆိုပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့် တင်ထားပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုအတွက် စီစဉ်နေသူ ဦးဇော်ဝင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေ အခန်း ၂ အပိုဒ်ခွဲ ၄ အရ ဆန္ဒ ဖော်ထုတ်ရန် ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားကြောင်း၊ ပခုက္ကူ ပြည်သူလူထု ရာနှင့်ချီ ပါဝင်မည်ဟု မျှော်မှန်းထားကြောင်း၊ သို့သော်လည်း ပခုက္ကူမြို့သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှု ဂယက် စတင်စေခဲ့သည့် ဒေသဖြစ်သောကြောင့် အာဏာပိုင်များက ခွင့်မပြုမည်ကို စိုးရိမ်ကြောင်း သူက ဆိုသည်။
“ရွှေဝါရောင်တုန်းက ပခုက္ကူက စ ခဲ့တော့ အခုလည်း ဒီကိစ္စမှ ပခုက္ကူက စထွက်မှာကို သူတို့တော်တော် စိုးရိမ်နေပုံရတယ်။ ကျနော်တို့က ဒီနေ့ စာတင်ခဲ့တာဆိုတော့ ခွင့်ရ မရကို ၄၈ နာရီစောင့်ရမယ်။ မရခဲ့ရင်တော့ အယူခံ အရင်တင်ကြည့်ပြီး ဘာဆက်လုပ်မလဲ ဆိုတာ သူတို့ရဲ့ တုံ့ပြန်မှုအပေါ် အခြေခံပြီး ဆုံးဖြတ်ကြမယ်” ဟု သူက ပြောသည်။
ဆန္ဒဖော်ထုတ်မှုကို ပခုက္ကူမြို့ သာသနာ့ဗိမာန် အနောက်ဘက် ကားဂိတ်မှ စတင်ကာ မြို့မလမ်းအတိုင်း ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်၍ ရွှေချောင်း တံတား အနောက်ဘက် တံတားဦး သစ်စက်တွင် ရပ်နားကာ ဦးအောင်သိန်းလင်း အပါအ၀င် ပြည်ခိုင်ဖြိုး ပါတီနှင့် အစိုးရသစ် အနေဖြင့် ပြည်သူ့ဆန္ဒကို အလေးထားရန် တိုက်တွန်း ပြောဆိုပြီးနောက် လူစုခွဲမည်ဟု ဆိုသည်။
ဦးအောင်သိန်းလင်းက Southern Weekend China သတင်းစာသို့ ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။
ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် အရှိန်အဝါဖြင့် ကျော်ကြားနေသူ ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူ များသည်လည်း အရူးများသာ ဖြစ်ကြောင်း ပုတ်ခတ် ပြောဆိုခဲ့သည့်အပြင် အများတောင်းဆိုမှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည် စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန် လိုကြောင်း သူ၏ ဖြေကြားချက်ကို အဆိုပါသတင်းစာက ဖော်ပြထားသည်။
ထို့အတူ ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကိုလည်း မြန်မာ့ပြည်တွင်းရေး ဝင်ရောက်နှောင့်ယှက်သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း သူ၏အမြင်ကို ပြောခဲ့သည်။
ဦးအောင်သိန်းလင်းက အဆိုပါ တရုတ် သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားစွာ ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
ပြည်ခိုင်ဖြိုး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ဦးအောင်သိန်းလင်း၏ ဖြေကြားထားမှုများသည် ပါတီ၏ သဘောထားများ မဟုတ်ကြောင်း၊ အဆိုပါ ပြောဆိုချက် များသည် ပုဂ္ဂလိက အနေဖြင့် လွတ်လပ်စွာ ပြောဆိုခြင်းဖြစ်၍ ပါတီက အပြစ်ပေး အရေးယူရန် မရှိကြောင်း၊ အဆိုပါ ပြောဆိုမှုကြောင့် ပါတီ ဂုဏ်သိက္ခာ မထိခိုင်နိုင်ကြောင်း ပြောသည်။
copy rights_burma.irrawaddy.org/archives/16097

လယ်သမား ၁၅ ဦးကို စစ်တပ်က ဝိုင်းထား

2012-07-25
ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ် အဓမ္မ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ လယ်သမား (၁၅) ဦးခန့်ကို စစ်တပ်က အခု တပ်စိတ်တစ်စိတ်နဲ့ ၀ိုင်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားသည့် လယ်မြေတွင် လယ်သမားများ ဝင်ရောက်ထွန်ယက်နေကြစဉ်။
သံလျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာက လယ်မြေဧက ၂၀၀ ကျော်ဟာ ၁၉၉၅ ခုနှစ်အတွင်း ခလရ ၉၀ က ကနဦး သိမ်းယူခဲ့ပြီးနောက် လယ်သမားတွေကို သီးစား ချထားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လယ်မြေတွေကို နောက်ပိုင်းမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်ကို လွှဲပြောင်းပေးခဲ့ပြီးနောက် အခု နှစ်ဆန်းပိုင်းကစလို့ သီးစားစိုက်ပျိုးခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
လယ်သမားတွေဟာ စစ်တပ်ရဲ့ တားဆီးပိတ်ပင်မှုကြားက သူတို့ရဲ့ လယ်မြေတွေမှာ သွားရောက် ထွန်ယက်ခဲ့ကြတာ ဒီကနေ့နဲ့ပါဆိုရင် ၂ လအတွင်း (၄) ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်တွေက သွားရောက် ထွန်ယက်ရာမှာ စစ်တပ်က အင်အားသုံးပြီး လာရောက် တားမြစ်တဲ့အတွက် ထွန်ယက်မှုကို ရပ်ဆိုင်းခဲ့ကြပေမယ့် အခုတစ်ကြိမ်မှာတော့ ဆက်လက် ထွန်ယက် သွားမယ်လို့ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ဘက်က လုပ်ခွင့်မပြုလည်း အတင်းအဓမ္မ တိုးရတော့မှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မိသားစုတွေက ဒီဟာပဲ မှီခိုပြီး စားသောက်နေရတဲ့လူတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဒီ အန္တရာယ်ကြားကပဲ ဇွတ်မှိတ်ပြီးတော့ ဒီလယ်တွေ ဆက်လုပ်သွားမှာပါ"
လယ်သမားတွေက သူတို့သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်ခွင့် ရရှိရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
copy rights_http://www.rfa.org/burmese/news/

Thursday, July 26, 2012

၁၉ဇူလိုင်ကို မမေ့နိုင်ကြသလို သြဂုတ် ၁၂ကိုလည်း မမေ့သင့်ပါ

လာမည့် သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသား အာဇာနည်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင့်အာဇာနည်နေ့ ဖြစ်ပေါ်လာရသည့် အကြောင်းကို စာဖတ် သူများအတွက် ဖော်ပြလိုက်ပါသည်။ “ဓါးကိုဖျက်ဝါးမျက်၊ လူကိုဖျက်အရက်၊ အမျိုးသားတော် လှန်ရေးကိုဖျက် အမျိုးသားသစ္စာဖေါက်နှင့် အချောင်သမား“ အောင်ပွဲသည် တိုက်ရဲသူအတွက် ဖြစ်သည်(အာဇာနည်မျိုး သေရိုးမရှိပါ)

ကရင့်အမျိုးသားအာဇာနည်နေ့ (MARTYRS DAY)နေ့ ဖြစ်ပေါ်လာပုံ

၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့သည် ဥက္ကဌ စောဘဦး ကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် အပေါင်းပါတို့သည် တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း ကရင်အမျိုးသားသစ္စာဖေါက် ထီးစွမ်း ရွာသား မောင်အဲ၏သစ္စာဖေါက်မှုကြောင့် နဘူးမြို့နယ် ထို ကော့ကိုးကျေးရွာအနီး လယ်တဲတတဲတွင် ရန်သူ၏ ၀ိုင်းရံပစ် ခတ်မှုများခံရရာ အင်အားမမျှသော်လည်း သူကိုယ်တိုင် ချမှတ်သည့် မူ (၄)ချက်အရ ရန်သူကို အရှုံးမပေး လက်မမြှောက်ဘဲ ရှိသည့်လက်နက်များဖြင့် ရဲရင့်ပြတ် သားစွာ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်မြောက်စွာ ကျဆုံးသောနေ့ဖြစ်သည်။ ထို သြဂုတ်လ (၁၂)ရက်နေ့ကို ကရင့်အမျိုးသား အာဇာနည်နေ့ဟု သတ်မှတ်လျှက် ဥက္ကဌ စောဘဦးကြီးကို ရည် ညွှန်းသည် သက်သက်မဟုတ်ဘဲ ကရင့်လက်နက်ကိုင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွား သူများအားလုံးကို ရည်ညွှန်းချီးကျူး ဂုဏ်ပြုသောနေ့ ဖြစ်သည်။

တိုင်းရင်းသားအရေး ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဆွေးနွေး

2012-07-25
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ၀င်ရောက် ဆွေးနွေးနေစဉ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပထမဆုံးအကြိမ် ၀င်ရောက် ဆွေးနွေးခဲ့ပါတယ်။ ကွတ်ခိုင် မဲဆန္ဒနယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ "တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး" အဆိုကို သူကထောက်ခံ ဆွေးနွေးတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိုင်းရင်းသား လူမျိုးများဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပာယ်ဖော်ထားတာ မရှိကြောင်း၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသား ဒေသတွေ တိုးတက် ဖွံ့ဖြိုးရေးတွေအတွက်လုပ်ဆောင်ဖို့လိုအပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ဆွေးနွေးပါတယ်။
တန်းတူ ညီမျှရေး အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေတွေကို လိုအပ်သလို ပြုပြင် ပြဋ္ဌာန်းဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းသွားခဲ့ပါတယ်။
"ပင်လုံစိတ်ဓာတ်နဲ့ ခွာလို့မရတဲ့ တန်းတူ ညီမျှရေး၊ အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များအားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလို ပြဋ္ဌာန်းခြင်းတို့များ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ကျွန်မအနေနဲ့ ထောက်ခံပါတယ်။ ကျေးဇူးတင်ပါတယ်"

ပြည်တော်ပြန် ဥပဒေ ပြဌာန်းရန် မလိုဟုဆို

ဇူလိုင် ၁၆ ရက်နေ့ လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

  အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီး သို့ရောက် ရှိနေ ကြသော မြန်မာများ ပြည်တော် ပြန်လာနိုင်ရေး ဥပဒေတရပ် ပြဌာန်းရန် မလိုကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြောဆိုလိုက်သည်။
“ပြည်ပနိုင်ငံ များရောက် မြန်မာနိုင်ငံသားများ ပြန်လာရေး အတွက် တိကျသည့် ပြဌာန်းချက်တရပ် သို့မဟုတ် ဥပဒေ တရပ် ရေးဆွဲပြဌာန်း သွားရန် အစီအစဉ် ရှိ၊ မရှိ” ဟူသော မေးခွန်းကို ယမန်နေ့က အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၁၁ မှ ဦးစံထွန်းက မေးမြန်းရာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်ချက်နှင့် အညီ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ဟောင်းများ ပြန်လာရေးအတွက် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန် တိကျခိုင်မာသည့် အခြေခံ မူများ ချမှတ် ဆောင်ရွက်လျှက် ရှိသည့်အတွက် ဥပဒေတရပ် ရေးဆွဲပြဌာန်းရန် လိုအပ်မည် မဟုတ်ပါကြောင်း၊ ကာယကံရှင် မြန်မာ နိုင်ငံသားများ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရန်သာ လိုအပ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးသည် ဖြစ်၍ ဥပဒေတရပ် ရေးဆွဲ ပြဌာန်းရန် မလိုအပ် သော်လည်း ပြည်ဝင်ဗီဇာဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မူများ ချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြန်လည် ဖြေကြား သွားသည်ဟု အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
ယခုအခါ သမ္မတ၏ ဖိတ်ကြားမှုဖြင့် ပြည်တော်ပြန်လာလိုသူ ပြည်ပရောက် မြန်မာများ အနေဖြင့် ဗီဇာ လျှောက်ထား ရာတွင် မြန်မာနိုင်ငံကို ခေတ္တ ခဏ အလည်ပြန် လာလိုသူများ၊ အပြီးပြန်လာ လိုသူများ ဟူ၍ နှစ်မျိုး ခွဲခြား ထားကြောင်း သိရသည်။

Tuesday, July 24, 2012

နိုင်ငံတော် အလံကို စစ်တွေမြို့တွင် ၉ရက်ကြာ လွှင့်ထူမည်

July 23, 2012
ထွန်းထွန်း


စစ်တွေ တစ်မြို့လုံးရှိ နေရာ အနှံ့အပြားတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ၉ ရက်ကြာ လွှင့်ထူသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
နိုင်ငံတော် အလံအား လွှင့်ထူနေကြပုံ။ (ဓါတ်ပုံ- နိရဉ္စရာ)
ယခုကဲ့သို့ နိုင်ငံတော် အလံကို စစ်တွေမြို့ (၉) ရက်ကြာ လွှင့်ထူသွားမည့် အစီအစဉ်ကို ရတပ ဗဟို ကော်မီတီဝင် ခိုင်ကောင်းစံက ယခုလို ပြောသည်။
“ ဇူလိုင်လ ၁၁ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်က UNHCR မင်းကြီး Antonio Guterres ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဟာ  မြန်မာနိုင်ငံသား မဟုတ်ကြောင်းကို မြန်မာတိုင်းရင်းသားတွေ ဘက်မှ ပြတ်သားစွာ ရပ်တည် ပြောဆိုခဲ့မှုအပေါ် ဂုဏ်ပြုတဲ့ အနေနဲ့  စစ်တွေ မြို့အနှံ့ အပြားမှာ  နိုင်ငံတော်အလံကို ၉ ရက်ကြာ လွှင့်ထူသွားမှ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော် အလံအား  ဆိုက်ကား၊ သုံးဘီး၊ ဆိုင်ကယ် အများအပါအ၀င် နေရာတိုင်းတွင် ယခုအခါ ချိတ်ဆွဲ လွှင့်ထူထားကြသည်ဟု သူက ပြောသည်။
“ အခု သုံးဘီးတွေ၊ မော်တော် ကားတွေ၊ မော်တော်ဘုတ်တွေ အကုန်လုံးမှာ လွှင့်ထူထားပါတယ်။ အိမ်တွေ၊ လမ်းတွေမှာလည်း လွှင့်ထူတားကြပါတယ်။ စစ်တွေမြို့ပေါ်က မင်းဗာကြီးလမ်း၊ လမ်းမကြီး တလျှောက်ပါဘဲ။ သမ္မတကြီးရဲ့ ရပ်တည်ချက်နဲ့ ရဲရင့်ပြတ်သားတဲ့ ပြောကြားချက်ကို ရခိုင် တစ်မျိုး သားလုံးက အပြည့်အ၀  ထောက်ခံတဲ့ အနေနဲ့ နိုင်ငံတော် အလံကို လွှင့်ထူထားကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

RCSS/SSA နှင့် အစိုးရတပ် ယနေ့ တိုက်ပွဲ အပြင်းအထန်ဖြစ်

alt
သျှမ်းပြည်တပ်မတော် RCSS/SSA တပ်သားများ( Sai Pawn Li facebook)
22 July 2012
သျှမ်းအရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်ပူဒအွန်ကျေးရွာ အုပ်စု၌ သျှမ်းတပ်မတော် တောင်ပိုင်းတပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးနေသည်ဟု ဒေသခံ သတင်းရပ်ကွက်က ဆိုသည်။
" အစိုးရတပ်က ကျနော်တို့ စခန်းကို ဒီမနက် ၁၀ နာရီကစပြီး တက်တိုက်တယ်၊ ညနေ ၄း၃၀ နာရီအထိ တိုက်ပွဲက မပြီးသေးဘူး၊ ဘာညာ မပြောဘဲနဲ့ ဒီအတိုင်း တက်ပြီး လာတိုက်တာ" ဟု အမည်မဖေါ်လိုသည့် RCSS အရာရှိ တဦးက ပြောပါသည်။

ဂျူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီက သံလွင် အရှေ့ခြမ်း မိုင်းပြင်း အခြေစိုက် ခမရ ၃၆၀ က မိုင်းပူးအွန် ကျေးရွာအုပ်စု ဘက်အခြေချ လှုပ်ရှားနေသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA အား တက်တိုက် ခဲ့ကြောင်း  ၊ မွန်းလွဲပိုင်း၌ RCSS/SSA ဘက် စစ်ကူပို့ကာ အပြင်စည်းဝိုင်းမှ ၀ိုင်းပိတ် တိုက်ခိုက်သောကြောင့် တိုက်ပွဲ အရှိန် ပိုမြင့်လာကာ ညနေပိုင်းအထိ ညနေပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း အမည်မဖေါ်လိုသည့် ရုံးထိုင် ကိုယ်စားလှယ် တဦးကလည်း ပြောပါသည်။
" အသေအကျ စာရင်းမသိဘူး။ ဒီတိုက်ပွဲကြောင့် လူထုက ပိုပြီး ဇဝေဇ၀ါဖြစ်မှာပေါ့။ အကြောင်းမကြားဘဲ နယ်ကျွံ ၀င်လာရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ရမှာဘဲ။ အစိုးရ တပ်ဘက်က ရန်ရှာ တိုက်ခိုက်တာကိုး" ဟု အဆိုပါ အရာရှိက ဆက်ပြောပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတပ်တို့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန် နှစ်ဦးနှစ်ဘက် သဘောတူပြီးနောက် ယခုတကြိမ် ထပ်မှန်ဖြစ်ပွါးသော တိုက်ပွဲသည် ၂၅ ကြိမ်မြောက် ဖြစ်သည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

Sunday, July 22, 2012

ဘင်္ဂလီမူဆလင်များက အကြမ်းဖက်တိုက်ခိုက်မှုအား ဖန်းတီးနေမှုအပေါ် တစ်စုံတရာအရေးယူမှုမပြုလုပ်
Written by ဒေါင်းမြရင်    Saturday, 21 July 2012 11:02   


375702 3073341012659 1757339615 n
 
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂလီမူဆလင်များက ရခိုင်တိုင်းရင်းသားများအား အကြမ်းဘက်တိုက်ခိုက်မှုများ ဖန်တီးလာနေမှုအပေါ် အာဏာပိုင်များမှ တစ်စုံတစ်ရာ အရေးယူမှု မရှိကြောင်း သတင်းရရှိသည်။
လွန်ခဲ့သည် ဇူလိုင်လ (၁၇) နေ့က ညနေ () နာရီးခန့်တွင် ဂျီတီစီ ကျောင်းကားနှင့် ခရီးသည်ယာဉ်များ သွားနေစဉ် မူဆလင်များ လမ်းမှ ဖြတ်၍ ၀င်ရောက်အကြမ်းဘက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဲဒီနေ့က ကျနော်တို့ဆိုင်ကယ် TAXI () စီးနှင့် ကား(၁) စီး တန်းစီသွားနေတာ ကြက်တောပြင် စာသင်ကျောင်းနားရောက်တော့ ကုလားတွေ အယောက်(၄၀) လောက်ထွက်လာပြီးတော့ ဒုတ်၊ ဓါးတွေနဲ့ထွက်လာပြီး ကျနော်တို့ကို ဖြတ်ပြီး ရိုက်ကြတယ်၊ ကျနော်တို့ခရီးသည်တွေနှင့် ကျောင်းသားတွေက ဂျီတီစီကျောင်းဘက်ကို ထွက်ပြေးကြတယ်၊ လူတွေကို မမှီတော့ ဆိုင်ကယ်ကို ထုရိုက်ကြတယ်၊ ရှေ့ဆုံးက စပြီးတိုက်ခိုက်ခံရတဲ့ TAXI က ခရီးသည်တွေမှာ ဒဏ်ရာရသွားတယ်လို့သိရတယ် ဟု တိုက်ခိုက်ခံရရာတွင် ပါဝင်ခဲ့သူ TAXI သမားတစ်ဦးက ပြောသည်။
ပထမဦးဆုံးတိုက်ခိုက်ခံရသော TAXI မှ စပယ်ယာမှာလက်၌ ဏ်ရာရရှိခဲ့၍ အရပ်ဝတ်နှင့် စစ်သားတစ်ဦးတွင် လည်ပင်းတွင် ဒဏ်ရာရပြီးခရီးသည် အမျိုးသမီးတစ်ဦးတွင်လည်း ဒဏ်ရာရရှိသွားကြောင်း ၎င်းကပြောသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အား အာဏာပိုင်များမှ တစုံတရာ ထုတ်ဖော်မှုမရှိသည့်အပြင် အမှုမှန်မပေါ်အောင် ဖုံးဖိထားကြောင်း သိရသည်။
ဇူလိုင် (၂၀) ရက်နေ့ကလည်း မင်းဂံရွာအနီး ဒေါမြောင်ရွာမှာ ဘင်္ဂလီကုလားများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် စတင်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မင်းဂံရွာ အကွက်(၁၀) မှ အမျိုးသားတစ်ဦးကမူဆလင်ကုလားလေးတွေက အုန်းသီးခူနေရာက သူတို့ဟာ သူတို့ လန့်ပြီးအော်တာ၊ ဒါကိုကြားတော့ သူတို့ရွာက ကုလားတွေ အယောက် သုံးဆယ်လောက် ထွက်လာတာမြင်လိုက်တယ်၊ ရဲသားတွေက မလာနဲ့တားတောူ့းလေးနဲ့သူတို့က ပစ်တယ်၊ နောက်ဆုံး လူ တစ်ရာကျော်လောက်တက်လာကြတယ်၊ ရဲသားတွေက သေနပ် သုံးလေးချက်လောက် ဖောက်တာကြားလိုက်ရတယ်၊ နောက်တော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာတယ် ဟု သူကပြောသည်။

နိုင်ငံရေးကို စုပေါင်းလုပ်ဆောင် သွားမည်ဟု UNFC ဆုံးဖြတ်

ဇူလိုင်လ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
 
အပစ်ခတ်ရပ်စဲရေးကို တဖွဲ့ချင်းစီ လုပ်ဆောင်နေသော်လည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို စုပေါင်းလုပ်ဆောင်သွားမည်ဟု ညီညွှတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ဆုံးဖြတ်ထားသည်။
“အပစ်ခတ်ရပ်စဲရေးကိစ္စကိုကျမတို့တဖွဲ့ချင်းစီ ဆွေးနွေးသွားမယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့အခါကျတော့ ကျမတို့ တိုင်းရင်းသား အဖွဲ့ကိုယ်စားလှယ်ပေါင်းစုံပါတဲ့ UNFC အနေနဲ့ပဲ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်”ဟု UNFC အဖွဲ့ဝင်ဖြစ်သည့် KNU ၏ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောသည်။
UNFC သည် ပထမအဆင့်အနေဖြင့် အပစ်ခတ်ရပ်စဲရေးကို အရင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို တက်လှမ်းသွားမည်ဖြစ်သည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို တက်လှမ်းနိုင်ရန်အတွက်လည်း အပစ်ခတ်ရပ်စဲရေးအဆင့်မှာပင် တပြေးညီဖြစ်ရန် လိုအပ်သည်ဟု UNFC ၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

Friday, July 20, 2012

အာဇာနည်နေ့ အခမ်းအနား ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


 သတင်းဓါတ်ပုံ - ရာဇာဓိ ရာဇာ facebook မှ...
ရန်ကုန်မြို့ အာဇာနည် ဗိမာန်မှာ ဒီကနေ့မနက် ကျင်းပတဲ့ (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာ အစိုးရ ကိုယ်စား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေလည်း တက်ရောက်ကာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က နယ်ချဲ့လက်ပါးစေတွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တခြား အာဇာနည် ခေါင်းဆောင်ကြီးတွေ ဖြစ်ကြတဲ့ ဦးဘဝင်း၊ မန်းဘခိုင်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်နဲ့ ရဲဘော် ကိုထွေးတို့ရဲ့ အုတ်ဂူတွေမှာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
Photo: Popular Myanmar News Journal
အာဇာနည်နေ့ အခမ်းအနားကို အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ တက်ရောက်ခြင်း မပြုတာ ကြာပြီဖြစ်ပြီး အခုနှစ်မှာ ဒုတိယ သမ္မတတစ်ဦး တက်ရောက်တဲ့အပြင် အစိုးရပိုင် ရုပ်မြင်သံကြားကလည်း တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေး ထူးခြား တိုးတက်မှု တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။
မနှစ်က ကျင်းပတဲ့ အခမ်းအနားကို ရန်ကုန် မြို့တော်ဝန်ပဲ တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို တခြားနိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေ၊ သံတမန်တွေလည်း တက်ရောက် ဂါရဝပြု ခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲတဲ့ အာဇာနည်နေ့ အခမ်းအနားမှာတော့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အာဇာနည် စိတ်ဓာတ်တွေ ပြန့်ပွားစေဖို့အတွက် လူတိုင်းရင်ထဲမှာ အာဇာနည်တွေကို လေးစားတဲ့ စိတ်ဓာတ်တွေ ရှိဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
သံရုံးများမှ အာဇာနည်နေ့သို့ တက်ရောက်လာစဉ် (EMG)
NLD ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ပါတီခေါင်းဆောင်တွေ၊ အမေရိကန် သံအမတ်ကြီး Derek Mitchell အပါအ၀င် နိုင်ငံတကာ သံတမန်တွေ၊ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တချို့ အပါအ၀င် စုစုပေါင်း အင်အား (၃၀၀၀) လောက် တက်ရောက်ခဲ့ပါတယ်။
အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ အားလုံးက အာဇာနည်ကုန်းဘက်ကို မျက်နှာမူပြီး တစ်မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုခဲ့ကြပါတယ်။
အလားတူ အာဇာနည်နေ့ အခမ်းအနား တစ်ခုကို ရန်ကုန်မြို့ ဒီမိုကရက်တစ်ပါတီ မြန်မာ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ရာမှာ စာရေးဆရာ မောင်ဝံသ၊ ဆရာကျော်ဝင်းနဲ့ ဆရာဟိန်းလတ်တို့က အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ကြပါတယ်။
Copy from - rfa.org/

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား



၆၅ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ နှင့် မြန်မာ့ဒီမိုကရေစီကွန်ယက် Net work for Democracy in Burma (NDB)တို့မှ ပူးတွဲ၍ တိုကျို ရှီနာဂါဝါ အရပ်ရှိ မြန်မာ သံရုံးရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

သတင်းဓါတ်ပုံ။  ။ မိုးမင်းသူ


၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲခြင်း အခမ်းအနား 
Burma VJ မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ကျဆုံးသွားပြီဖြစ်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ သတိရတဲ့အနေနဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁ မိနစ်တိတိ ဥသြဆွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်မှာ ပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ပြည်သူလူထုတွေနဲ့ ဒီမိုကရေစီရေး စိတ်ဝင်စားတဲ့ လူငယ်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားသည့် နံနက် ၁၀း၃၇ မိနစ် တိတိ အချိန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၁ မိနစ် ဥသြဆွဲတဲ့ အခမ်းအနား ပြုလုပ်နေစဉ်အတွင်း အများပြည်သူလူထုနှင့် ယာဉ်သွားယာဉ်လာများမှ မိမိတို့ ရောက်ရှိရာ နေရာများတွင် ရပ်တန့်၍ ဂါရဝပြု အလေးပြုခဲ့ကြပြီး မော်တော်ယာဉ်များမှ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကားဟွန်းများကို ပြိုင်တူတီးမှုတ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

Thursday, July 19, 2012

ရိုဟင်ဂျာတွေအရေး အစိုးရ ရပ်တည်ချက် ဂျပန်ရောက် မြန်မာများ ထောက်ခံ ဆန္ဒပြ


July 18, 2012
ရိုဟင်ဂျာတွေနဲ့  ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂက လက်ခံဖို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုအားလုံးက ဒီနေ့ ညနေပိုင်းက တိုကျိုမြို့ ကုလရုံးရှေ့မှာ တညီတညွတ်တည်း သွားရောက် တောင်းဆိုကြပါတယ်။
photo by - Biruma
တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို ထိပါးတဲ့အတွက် ရိုဟင်ဂျာတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးထံ လွှဲပြောင်းပြီး သူတို့ကို လက်ခံမယ့် တတိယနိုင်ငံကိုပို့ပေးဖို့ သမ္မတ ဦးသိန်းစိန် အစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နဲ့ ဇူလိုင် ၁၁ ရက်နေ့က တွေ့ဆုံရာမှာ အဆိုပြုခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အဆိုပြုချက်ကို လက်ခံ အကောင်အထည်ဖော်ဖို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒီနေ့ ညနေပိုင်း တိုကျိုမြို့က ကုလရုံးရှေ့မှာ သွားရောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါ တယ်။
ဒီနေ့ အခမ်းအနားကို ဂျပန်နိုင်ငံရောက် ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း (အေယူအန်) က ဦးဆောင်ခဲ့ပြီး အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ အပါအ၀င် ဂျပန်ရောက် ဒီမိုကရေစီအင်အားစု အဖွဲ့ ၃၀ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ လက်ရှိ ဦးသိန်းစိန် အစိုးရဟာ ရွေးကောက် တင်မြှောက် မခံရဘဲ စစ်တပ်က ၄ ပုံ ၁ ပုံ နေရာ ယူထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ ပေမယ့်လည်း အမျိုးသားအရေးအတွက် လက်ခံနိုင်တဲ့ ဆောင်ရွက် ချက်တွေကိုတော့ ထောက်ခံ သွားကြမယ်လို့လည်း ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုခဲ့ကြပါတယ်။

သတင်းရင်းမြစ်  -  ဒီဗွီဘီ
မှတ်တမ်းဓါတ်ပုံ ။ မိုးမင်းသူ

UNFC ထိပ်သီး အစည်းအဝေး၏ တပြေးညီ ပေါ်လစီ

UNFC_01009ယမန်နေ့က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပသော သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ထိပ်သီး အစည်းအဝေး၌ အဖွဲ့အတွင်း တပြေးညီ လိုအပ်သည်ဟု မူအရ သဘောတူညီ ခဲ့ကြောင်း အစည်း အဝေးကို တက်ရောက်နေသော ကိုယ်စားလှယ် တဦးက ဆိုပါသည်။
“ တပြေးညီပေါ်လစီဆိုတာကတော့ UNFC အဖွဲ့ထဲမှာ အပစ်ရပ်တဲ့အဖွဲ့ ရှိသလို အပစ်မရပ်သေးတဲ့ အဖွဲ့ရှိပါတယ်။ အဲဒီလိုမျိုး မဖြစ်သင့်ဘူး၊ ဒါတွေကို တပြေးညီဖြစ်ဖို့ လိုအပ်တယ်။ ဒါကြောင့် အဖွဲ့ဝင်အားလုံးဟာ အပစ်ရပ်ပြီး အစိုးရပေးတဲ့ နိုင်ငံရေး ဘောင်ကနေ နိုင်ငံရေး ဆက်ဆွေးနွေးကြမလား ဒါမှမဟုတ် အစိုးရရဲ့ အတုအယောင်ငြိမ်းချမ်းရေးကို အားလုံးက အပစ်မရပ်ဘဲ ၀ိုင်းဝန်း တိုက်ကြမလား ဆိုတဲ့ တပြေးညီ မူချဖို့ မူအရသဘောတူကြတာဖြစ်ပါတယ်”ဟု အဆိုပါ ကိုယ်စားလှယ်ကဆို ပါ သည်။
ဤမူကို ဆုံးဖြတ်နိုင်ရန် တဖွဲ့ချင်းနှင့် လိုက်လံဆွေးနွေးရန် အစီစဉ်ရှိပါသည်။ ဤအစီစဉ်သည်၊ ပြီးခဲ့သည့် ဇွန်လ(၁၀)ရက် နေ့ကို နောက်ဆုံး ထားပြီး အစိုးရက ကချင်ပြည်နယ် ထိုးစစ်ကို မရပ်ပါက ရရှိထားသော အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ်ကြရလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း၏ နောက်ဆက်တွဲ အခြေအနေဟု ဆိုနိုင်ပါသည်။
Pressident_01099အစိုးရ၏ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ဗဟိုကော်မီတီ အစည့်အဝေး
ယနေ့ အစည်းအဝေးတွင်လည်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့၌ ဖြစ်ရှိနေသော တိုက်ပွဲများ အခြေအနေကို သုံးသပ်နေ ကြသည်ဟု ဆိုပါသည်။ UNFC သည် အစိုးရ၏ ပင်လုံ ကဲ့သို့သော ကျယ်ပြန့်သည့် ညီလာခံ ကျင်းပရန် ရှိခြင်း အပေါ် ပြန်လည် သုံးသပ်ချင်း၊ တချို့အဖွဲ့ကို အပစ်ရပ်ပြီး၊ တချို့အဖွဲ့အား စစ်ဆင်နေခြင်း၊ ပြည်ထောင်စု အဆင့် ငြိမ်းခြမ်းရေး ဖေါ်ဆောင်မှု ဗဟိုကော်မီတီ၏ ဦးတည်ချက်နှင့် လုပ်ငန်း လမ်းညွှန်များကို ပြန်လည် သုံးသပ်ကြမည်ဖြစ်သည်။
ဤထိပ်သီး အစည်းအဝေးသို့ UNFC အဖွဲ့ဝင် (၁၁) ဖွဲ့မှ ဥက္ကဌ အတွင်းရေးမှူးနှင့် စစ်ဦးစီးမှူး ပါဝင်သော ထိပ်သီးများ တက် ရောက်ဆွေးနွေးကြပြီး (၄) ရက်မျှ ကြာမြင့်နိုင်ပါသည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦးကို မူးယစ်ဆေးများဖြင့် မဲဆောက်တွင် ဖမ်းမိ

DVB

နိုင်စူရဒေ့စီလာ့နှင့် ကိုနိုင်ဝင်း

ဘတ်ငွေ ၈ သန်းကျော် (မြန်မာငွေကျပ် သန်း ၂၀၀ ကျော်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးသယ်ဆောင်လာသူ ရွှေကုက္ကိုလ်ရွာ အြေခစိုက် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးနဲ့ ထိုင်းလူမျိုးတဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇူလိုင် ၁၆ ရက်နေ့က မဲဆောက် ရဲတပ်ဖွဲ့နဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ယာဘ စိတ်ကြွေဆး ဘတ်ငွေ ၈ သန်းကျော်ဖိုးကို မြန်မာဘက်ကမ်း ရွှေကုက္ကိုရွာကေန လှည့်စားဝယ်ယူပြီး ဖမ်းဆီးခဲ့တာလို့ မဲဆောက်ရဲမှူး အေကရာ့အင်တစစ်က ပြောပါတယ်။

ယာဘ လာပို့သူတွေကေတာ့ မယ့်ကျေရာင်းရွာသား ထိုင်းလူမျိုး နိုင်စူရေဒ့စီလာ့ အသက် ၄၂ နှစ်နဲ့ နိုင်ဝင်း အသက် ၃၃ နှစ်တို့ ဖြစ်တယ်။ နိုင်ဝင်းက ကုက္ကိုရွာက ကရင်နယ်ခြားစောင့်တပ် အမှတ် ၃ တပ်သားဖြစ်ကြောင်း ထိုင်းရဲကို ၀န်ခံချက်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီတပ်နဲ့ အဲဒီနယ်မြေဟာ ဗိုလ်စောချစ်သူ ဦးဆောင် အုပ်ချုပ်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။

Tuesday, July 17, 2012

တိုင်းရင်းသား ဝန်ကြီးများကို ကက်ဘိနက်ထဲ ထည့်ရေးအဆို ပလပ်ခံရ

 
July 16, 2012

တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများအား တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းပေးဖို့ အမျိုးသား လွှတ်တော်မှာ ဇူလိုင် ၁၃ ရက်နေ့က အဆို တင်သွင်းရာမှာ အတည် မပြုနိုင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ကျန်ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတွေလို ကက်ဘိနက် အစိုးရအဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းပေးဖို့ အမျိုးသားလွှတ်တော်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က တင် သွင်းခဲ့တာကို ဆွေးနွေးပြီး ဒု- ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အတည်မပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

KIO ထံ အစိုးရက အရေးတကြီး အကျိုးတော်ဆောင်များကို စေလွှတ်

K_uoiကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက်  အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီသည်၊  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် များကို စေလွှတ်ပြီး KIO နှင့် ယနေ့ တွေ့ဆုံညှိနှိုင်း စေခဲ့ကြောင်း KIA ဗဟို စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောပါသည်။
“ပြန်တွေ့ဖို့ လာညှိနှိုင်း ခဲ့တာပါ။ သူတို့ အမည်ကိုတော့ မပြောပြချင်ပါဘူး။ ကျနော်တို့ ဘက်ကတော့ ဆလန်ကပလနန် (ဦးလာနန်း) ပြောထားတဲ့ အတိုင်းပါပဲ။ ဗန်းမော် မြို့ကို လိုက်မသွား နိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲဖြစ်နေတာ ကမရပ်ဘူး။ နေ့တိုင်း ဖြစ်နေသေးတယ်လေ။ ဒါပေမဲ့ ပြန်တွေ့ဖို့ ဆိုတာတော့ ရှိပါတယ်။ အချိန်နေရာ တော့ညှိနှိုင်းနေ ပါတယ်။ အဆင်ပြေ မပြေတော့ မပြောနိုင်သေးဘူး၊ အကျိုး တော်ဆောင်တွေ ပြန်သွားပြီး အကြောင်းပြန်တော့မှ သိမှာပါ” ဟု ဆိုပါသည်။

အလားတူ KIO နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲနိုင်ရန် အမည်မဖေါ်လိုသော သမ္မတဦးသိန်းစိန်၏ အကြံပေး အဖွဲ့ဝင် တဦး ကလည်း သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်းရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ် အင်ဗန်လထံ တယ်လီဖုန်း ဖြင့် ယမန်နေ့က ဆက်သွယ် အကြောင်းကြား ခဲ့ပါသည်။  UNFC သည် KIO နှင့် တွေ့ဆုံပြီး အမြန်ဆုံး အပစ် အခတ် ရပ်စဲနိုင်ရန် အာမခံနိုင်မလား ဟူ၍ မေးမြန်းခဲ့ပါသည်။ 
ဗုဒ္ဓဘာသာသံဃာတော်အယောင်ဆောင်နေသော ဘင်္ဂလီမူဆလင်တစ်ဦးအားဖမ်းဆီရမိ
Written by ဒေါင်းမြရင်    Monday, 16 July 2012 11:57     

Rohingya

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဗုဒ္ဓဘာသာသံဃာတော် အယောင်ဆောင်နေသော ဘင်္ဂလီမူဆလင် တစ်ဦးအား ဇူလိုင်လ ၁၅ ရက် ၂၀၁၂ နေ့က စန္ဒာလောက ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ညအချိန်တွင် လှည့်လည်ပြီး ရခိုင်ရွာများကို မီးရှို့ရန်ရည်ရွယ်ချက်ဖြင့် စန္ဒာလောက ဘုန်ကြီးကျောင်း ဆရာတော်ထံတွင် သင်္ကန်ဝတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလီမူဆလင် ရိုတိယာ၊ ရခိုင်အခေါ် ခိုင်မင်းသည် လွန်ခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ ည(၈) နာရီအချိန်တွင် နာဇီရွာ စေတီပြင်ကျောင်းအနီးမှ အိမ်တစ်ဆောင်အားမီးတိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အထက်လူကြီးများ ခိုင်းစေချက်အရ ဘလီတွင် ရခိုင်သားတစ်ဦးအား သတ်ဖြတ်ရာတွင် ပါဝင်ပြီး ခိုင်းစေသောသူများမှာ ခင်မောင်လှနှင့် ဘလီဆရာများဖြစ်ကြောင်း အဆိုပါမူဆလင်က တောင်ခြေရာ ဘုန်ကြီးကျောင်းတွင် စစ်ဆေးမေးမြန်းစဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ရိုတိယာ (ခ) ခိုင်မင်းမှာ အသက် ၂၁ အရွယ်ရှိပြီး အဘ နူရာဆလင်မှာ နာဇီရွာတွင်ရှိနေပြီး မိခင် ရင်မင်အားတူမှာ ဘင်္ဂလားဒေ့ရှ်တွင် ရှိကြောင်းသိရသည်။
copy rights_http://arakantimes.net/burmese/index.php/2012-02-24-06-58-57/288-2012-07-16-05-02-33

Sunday, July 15, 2012

ဘွမ်ဆောန်ဘွမ် တွင် KIA နှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ဗန်းမော်-လိုင်ဇာကြားရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဘွမ်ဆောန်ဘွမ်တပ်စခန်းကို မြန်မာအစိုးရစစ်တပ် တပ်ပေါင်းစုများမှ အင်အားတိုးချဲ့ထိုးစစ်ဆင်နေခြင်းကြောင့် ဆက်လက်၍ တိုက်ပွဲများပြင်းထန်နေသည်။


 ယမန်နေ့ ဇူလိုင် ၁၂ ရက်တွင် KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ အစိုးရတပ် မန်ဂျေ (မံစီ)အခြေစိုက် ခမရ ၆၀၁ အား ဗုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်သား ၁၀ ကျော်ကျဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း KIA အရာရှိများပြောသည်။

ဇူလိုင် ၁၁ ရက် နံနက် ၅ နာရီချိန်တွင်လည်း KIA မှ မိနစ် (၃၀) အချိန်တိုအတွင်း ဘွမ်ဆောန်ဘွမ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရတပ်မှ သေဆုံးမူရှိကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တိုင်း သေဆုံးမှုရှိတယ်။ အနည်းနဲ့အများပဲ။ မသေရင်လဲ အနည်းဆုံး ၃၊ ၄ ယောက် ဒဏ်ရာရတာရှိတယ်” ဟု ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိတဦးဆိုသည်။

ဇူလိုင် ၈ ရက်နေ့တွင် အစိုးရတပ်ဖက်မှ လက်နက်ကြီးများဖြင့် KIA ဘွမ်ဆောန်ဘွမ် တပ်စခန်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နောက်ဆုတ်ပေးခဲ့ရာမှ တိုက်ပွဲများ ဆက်လက်၍ ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာတပ်စခန်းက သူတို့နေတဲ့ ခန်းကိုင် (Hkang Kai) စခန်းကနေ တနေကုန် ပစ်တာ။ လက်နက်ကြီး ၁၂၀ မမ နဲ့ ပစ်တာ။ မနက် ၇ နာရီခွဲကနေ ည ၈ နာရီခွဲလောက်ပစ်တာ” ဟု KIA ရှေ့တန်းမှပြောဆိုခဲ့သည်။

ယခုချိန် ဘွမ်ဆောန်ဘွမ် KIA တပ်စခန်းတွင် မြန်မာအစိုးရတပ်မှ စစ်အင်အား ၁၀၀ ကျော်တိုးချထားကြောင်း သိရသည်။

ယခုချိန် မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား ဘွမ်ဆောန်ဘွမ်တပ်စခန်းအနီး ဝန်းကျင်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေရာ အစိုးရတပ်ဖက်မှ သေဆုံးမှုများကို ပြောဆိုသော်လည်း KIA ဖက်မှ ထိခိုက်သေဆုံးမှုကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် တိုက်ပစ်ခတ်ရပ်နိုင်ရေးနှင့် တပ်များရုပ်သိမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းဆောင်ရွက်ရန် နှစ်ဖက်ခေါင်းဆောင်များ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများသည် အဆက်မပြတ်ဖြစ်ပွား၍ နှစ်ဖက်သေဆုံးမှုများရှိနေသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန
မောင်ပိုင်စီးငြိမ်းချမ်းရေး ထ၀ရတည်တံ့မည်မဟုတ်

 Interview with Col Khun Okkar_UNFC_on Peace-talks by SHAN

Thursday, July 12, 2012

နောက်ဆုတ်ခဲ့ရသော KIA ဘွန်စွန်ဘွမ် စခန်းကို ပြန်ရ

by KNG

အောင်မြင်မှု အထိမ်းအမှတ် ရိုးရာမနောအက ကနေသော အဖွဲ့ပေါင်းစုံမှ KIA စစ်သားများ

ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း ဒေါ့ဖုန်းယန်နှင့် လိုင်ဇာကြားတွင် မြန်မာအစိုးရတပ် စစ်ကွပ်ကဲရေး စခက (၂၁) မှ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် နောက်ဆုတ်လိုက်ရသော ဘွမ်စွန်ဘွမ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်စခန်းတခုကို ဇူလိုင် ၈ရက်နေ့တွင် ပြန်ရလိုက်သည်။

ဇူလိုင် ၇ ရက်နေ့တွင် အစိုးရတပ်ဖက်က လက်နက်ကြီးများနဲ့ KIA တပ်စခန်းရှိရာကို ပစ်ခတ်ခဲ့တာကြောင့် နောက်ဆုတ်ပေးရာမှ ဇူလိုင် ၈ ရက်နေ့တွင် ပြန်လာတိုက်ပြီး စခန်းကိုပြန်ရလိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းမှသိရသည်။

“စခန်း ဆိုပေမယ့် စခန်းက အငယ်လေးပဲ။ KIA ပြည်သူ့စစ် ၅ ယောက်လောက်ဘဲရှိတာ။ ဘာမှတော့မရှိဘူး။ မြန်မာတပ်စခန်းက သူတို့နေတဲ့ ခန်းကိုင် (Hang Kai) စခန်းကနေ တနေကုန် ပစ်တာ။ လက်နက်ကြီး ၁၂၀ မမ နဲ့ ပစ်တာ။ မနက် ၇ နာရီခွဲကနေ ည ၈ နာရီခွဲလောက်ပစ်တာ” ဟု KIA ရှေ့တန်းမှပြောဆိုခဲ့သည်။

ဒု သမ္မတအဖြစ် ဦးမြင့်ဆွေကို တင်သွင်းလိုက်ပြီ

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တင်မြှောက်ကြောင်း ယနေ့ လွှတ်တော်ကို တင်သွင်းလိုက်ပြီဟု သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ သတင်းထောက်များအား ခေါ်ယူသတိပေးစဉ် (ဓာတ်ပုံ – ဧရာဝတီ)

“အခု ကျနော်တို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယ သမ္မတအဖြစ် စာရင်းပေး လိုက်ပါပြီ။ အားလုံး သဘောတူညီ ချက်နဲ့ပါ။ အခု လွှတ်တော်ကို တင်လိုက်ပါပြီ” ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။

ဦးမြင့်ဆွေကို ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ တင်မြှောက်ခြင်းဖြစ်ကြောင်းတခြားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတဦးက ဆိုသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်းကလည်း ဒုတိယ သမ္မတ တင်မြှောက်ရေးကိစ္စမှာ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဆွေးနွေးတိုင်ပင်ရမည် ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုခဲ့သည်။

“ကျနော်တို့ ခေါင်းဆောင်နဲ့ တိုင်ပင်ရဦးမယ်။ ကျနော်တို့ချင်းတော့ ညှိပြီးပါပြီ” ဟု ဗိုလ်မှူးချုပ်ဝေလင်းက ယမန်နေ့က ဆိုသည်။

ဒုတိယ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရမည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေသည် သဘောထား တင်းမာသူဟု လူသိများပြီး မကြာသေးခင်က လျှပ်တပြက် ဂျာနယ်ကို တရားစွဲဆိုခြင်းနှင့် မီဒီယာများကို ထောင်ချနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သူ တဦးဖြစ်သည်။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ လူယုံတဦးဟုလည်း လူသိများသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ဒုတိယသမ္မတအဖြစ် သင့်တော်သူကိုတပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ရွေးချယ်ကြမည်ဖြစ်ပြီး မည်သူ့ကို ရွေးချယ်စေကာမူ ၎င်းအနေဖြင့်ကျေနပ်ကြောင်း ဧရာဝတီသို့ ပြောဆိုသွားသည်။
http://burma.irrawaddy.org/archives/14396