Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, August 31, 2012

တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ

 
ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဖားကန့်မြို့နှင့် နှစ်မိုင်အကွာ ဆိုင်းဂျာဘွမ် ကျေးရွာရှိ ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီပိုင် လောင်စာဆီ သိုလောင်ရုံထဲသို့ လက်နက်ကြီး ကျကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ဖွဲ့များနှင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း ၂ နရီမှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေ ၅ နာရီခွဲချိန်တွင် အဆိုပါ သိုလောင်ရုံပေါက်ကွဲခဲ့သဖြင့် ဖားကန့်မြို့ တမြို့လုံး တုန်ခါသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“လက်နက်ကြီး သွားကျတာလေ။ ကျည်ဆံက ယမ်းတိုက်ပေါ်မှာ သွားကျတာ။ ဝေအောင်ကမ္ဘာ မိသားစု အကျိုးတူ ကုမ္ပဏီလေ။ အဲဒီကုမ္ပဏီရှိတဲ့ နေရာက နှစ်ဖက် တပ်တွေရဲ့ အလယ်မှာ ဖြစ်နေတယ်။ အဲတော့ ယမ်းတိုက်ပေါ်ကျတဲ့ လက်နက်ကြီး ကျည်ဆံက ဘယ်ဘက်က ကျည်ဆံဆိုတာ ခန့်မှန်းလို့ မရဘူးလေ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဖားကန့်ရုံး တာဝန်ခံ ဦးခင်မောင်ချင်း က ပြောသည်။ ပေါက်ကွဲမှုနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံရွာသားများမှာ ဖားကန့်မြို့ပေါ် ပြောင်းရွှေ့သွားကြသဖြင့် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

ကချင်ဒေသ တိုက်ပွဲများရပ်ရန် တောင်းဆို



ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်း ရပ်တန့်ပေးရန် ကချင် အဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်း၍ စစ်အစိုးရကို ယမန်နေ့က တောင်းဆို လိုက်သည်။
ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး (KWAT)၊ ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)၊ ကချင် ပြည်လုံးဆိုင်ရာ ကျောင်း သား သမဂ္ဂ(AKSYU)၊ ကချင် အမျိုးသား
အဖွဲ့ (Kachin National Organization-KNO) အပါအ၀င် ၁၁ ဖွဲ့ က ပူးပေါင်း ထုတ်ပြန် ထားခြင်း ဖြစ်သည်။
စစ်ပွဲများကို ရပ်တန့်ပြီး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ဆောင်မည့် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများ စတင်နိုင်ရန် အတွက် ရည်ရွယ်ပြီး တောင်းဆိုခြင်း ဖြစ်ကြောင်း KWAT အဖွဲ့မှ မွန်နေလီက ဧရာဝတီသို့ ပြောသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးမှ ကရင့်ရိုးရာချည်ဖြူပွဲမင်္ဂလာအခမ်းအနားသို့ ပေးပို့ သော သ၀ဏ်လွှာ

KNU letter for Karen Wrist Tying_2012 _Burmese_

Thursday, August 30, 2012


 



KNU နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး တတိယအကြိမ် ဆွေးနွေးမည်



KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သြဂုတ်လ ၅ရက်နေ့က ကရင်ပြည်နယ် မြ၀တီမြို့ရှိ အေးချမ်းဖြိုးဧည့်ရိပ်သာ၌ အလွတ်သဘော ဆွေးနွေးကြစဉ်။ (ဓာတ်ပုံ – KIC)
အစိုးရနှင့် တတိယ အကြိမ် အပစ်အခတ် ရပ်စဲရေး ဆက်လက် တွေ့ဆုံဆွေးနွေးမည့် ရက်ကို ယမန်နေ့က ပြန်လည် သတ်မှတ်  လိုက်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် သြဂုတ်၂၇ ရက်နေ့မှစတင်၍ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းဆုံးဖြတ်ထားခြင်းကို ရွှေ့ဆိုင်းခဲ့ပြီးနောက် လာမည့် စက်တင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ တို့ကို ပြန်လည် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေး ရာတွင် ပြည်သူလူထု အတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက် ရေး တို့ကို ဦးတည်သည့် အချက်၂ ချက်ကို အဓိကထားပြီး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ယမန်နေ့ကKNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ
        တိုက်ပွဲများကြောင့် ဖါးကန့်မှ ထွက်ခွာရန် ကြိုးပမ်းနေသည့် ကုမ္ပဏီ စက်ယန္တယားများ။
29 August 2012
ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရတပ်ဖွဲ့များမှ အသံချဲ့စက်အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်းကာ ပြောင်းရွှေ့သွားရန် ယနေ့မနက်တွင် လိုက်လံ သတိပေးပြော ဆိုခဲ့ကြောင်း ဒေသခံများပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် အစိုးရတပ်များမှ ဖားကန့်မြို့နယ်တွင်း မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မနား၊ ကလောမှော်၊ ပီကျောင်၊ မှော်ဝမ်းကလေး စသည့်ကျေးရွာရှိဒေသခံများအား ပြောင်းရွှေ့ရန် သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးပြောသည်။

“ဒီမနက် ၁ နာရီလောက်မှာ အဲလိုပြောတော့ ၂ နာရီခန့်ကတော့ ပစ္စည်းတွေသိမ်းပြီး တစ်ရွာလုံးက လူတွေ ပစ္စည်းတွေတင်ပြီးပြောင်းနေကြတယ်။ အခု ကျနော်တို့ ဖားကန့်မြို့ ငှက်ပျောတော ခရစ်ယာန် ဘုရားကျောင်းမှာ ရောက်နေတယ်။ ကျနော်တို့ရွာကတော့ အများပိုင်းက တနင်္ဂနွေနေ့က ပြောင်းပြီလေ။ ဒါပေမဲ့ အကုန်ပြောင်းတာက ဒီမနက်ပဲ။ ရွာမှာက ကျေးရွာကော်မတီ ၅ ယောက် ထက်ကျော်ပြီး မနေရဘူးတဲ့” ဟု မှော်မောင်းလယန်မှ ဒေသခံ တစ်ဦးကပြောသည်။

ယခုလို အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA နှစ်ဖက်စစ်ရေး အရှိန်မြင့်နေချိန် မြန်မာအစိုးရတပ်မှ ထိုသို့ ကျေးရွာများအား ပြောင်းရွှေ့ကြရန် ပြောဆို သတိပေးခြင်းသည် မကြာမီ ထိုးစစ်ဆင်တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့် အလားအလာရှိကြောင်း ဖားကန့်ဒေသခံများ သုံးသပ် ပြောဆိုနေကြသည်။
မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်အခန်းကဏ္ဍ ဖယ်၍မရ
စင်ကာပူနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ ၀ါရင့်သုတေသီ ဒေါက်တာ တင်မောင်မောင်သန်း (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ဖယ်ထား၍ မရကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ ၀ါရင့်သုတေသီ ဒေါက်တာ တင်မောင်မောင်သန်းက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်ရှိ The Regional Centre for Social Science and Sustainable Development (RCSD) ဌာနက ယမန်နေ့တွင် ကြီးမှူးကျင်းပခဲ့သည့် မြန်မာ့ပြုပြင်ပြောင်းလဲရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ အကြောင်း “အခန်းထဲက ဆင်” (The Elephant in the Room) ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဒေါက်တာ တင်မောင်မောင်သန်းက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“အခု နောက်ပိုင်း၊ သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့အခါကျတော့ ဒီမိုကရေစီ အစိုးရဖြစ်တယ်ဆိုပြီးတော့ တပ်မတော်က ပြည်သူ့ရေးရာ ကိစ္စတွေမှာ မပါတော့ဘူး။ မပါတော့ သူက ပျောက်နေသလိုဖြစ်နေတယ်။ တကယ်တော့ သူက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါတယ်ဆိုတာ တင်စားပြီး ပြောတာပါ” ဟု ၎င်းက ပြောသည်။

ပြည်ပမှ မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိသူ ထောင်ချခံရ။

ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခဲ့သူ စောကျော်ကျော်မင်း ယနေ့မနက်မှာ မြောက်ပိုင်း ခရိုင်တရားရုံး (အင်းစိန်) ၏ မတရား ဆောင်ရွက်မှုကြောင့် အင်းစိန်ထောင်တွင် ထောင် (၆) လ ကျခံ ရကြောင်း သိရှိရပါတယ်။
စောကျော်ကျော်မင်းဟာ ရှေ့နေ တစ်ဦးဖြစ်ပါတယ်။ မြန်မာပြည်ကနေ ပြည်ပကို မထွက်ခွာခဲ့မီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုသန်းဇင်မျိုး အပါအ၀င် (၁၁) ဦးရဲ့ အမှုကို ရှေ့နေ စောကျော်ကျော်မင်းနဲ့ ရှေ့နေ ညီညီထွေးတို့က လိုက်ပါ ကူညီဆောင်ရွက် ခဲ့ကြပါတယ်။ ကိုသန်းဇင်မျိုးတို့  အမှုအတွက် ကူညီဆောင်ရွက်နေစဉ်အတွင် တရားရုံးအတွင်း အမှုစစ်စဉ် တရားသူကြီးက တရားရုံးကို ကျောပေးထိုင်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ရှေ့နေတွေကို တရားခံတွေကို ရှေ့လှည့်ထိုင်ခိုင်းဖို့ အမိန့်ပေးခဲ့တဲ့အခါမှာ ရှေ့နေ စောကျော်ကျော်မင်းတို့က အမှုသည်ရဲ့ ညွှန်ကြားချက် မဟုတ် တဲ့အတွက် မပြောပေးနိုင်ဘူး ဆိုခဲ့တာကြောင့် စောကျော်ကျော်မင်းတို့ကို တရားရုံး မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၄ နဲ့  တရားစွဲပါတယ်။ တရားစွဲဆဲ အမိန့် မချခင်ကာလမှာ စောကျော်ကျော်မင်း ပြည်ပကို ထွက်ခွါခဲ့ခြင်း ဖြစ်ပါတယ်။
၎င်းနောက် သမ္မတဖြစ်သူ သိန်းစိန်ရဲ့  ပြည်ပရောက်နေသူတွေကို ဖိတ်ခေါ်မှု အရ စောကျော်ကျော်မင်းဟာ မြန်မာပြည်ကို ပြည်ပကနေ ပြန်လည် ၀င်ရောက်ခဲ့တာဖြစ်ပြီး ယခုလို ထောင်ချခံရတာ ဖြစ်ပါတယ်။

Wednesday, August 29, 2012

သမ္မတဦးသိန်းစိန်၏ ၀န်ကြီး အပြောင်းအလဲ KNUအကောင်းမြင်


သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ၉ဦးအား ပြောင်းလဲတာဝန်ပေးခြင်းအပေါ် အကောင်းမြင် ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ပြောကြားလိုက်သည်။
KNU ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ဒါကတော့ ကောင်းတဲ့အပြောင်းအလဲပဲလို့ မြင်ပါတယ်။ အခု တက်လာတဲ့လူတွေက တရား သေ ၀ါဒဖြန့်သမားတွေ မဟုတ်ဘူးပေါ့။ သမ္မတ ဦးသိန်းစိန်ဆိုတာကလည်း အပြောင်းအလဲကို တကယ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင် တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အသစ်ပြောင်းလဲ ခန့်အပ်ခံရသူများနှင့်အတူ သမ္မတဦးသိန်းစိန်အနေဖြင့် အကောင်းဆုံး ကြိုးပမ်းသွားမည်ဟု မျှော်လင့်ကြောင်းလည်း စောဒေးဗစ်သကဘောက ဆက်ပြောသည်။

လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့အား KIA မှ တန်ပြန် ထိုးစစ်ဆင်နေ


 
28 August 2012

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) သည် လိုင်ဇာ စစ်ဌာနချုပ်သို့ စစ်ဆင်လာနေသော အစိုးရ တပ်ဖွဲ့များကို ပြင်းထန်စွာ တန်ပြန် ထိုးစစ်ဆင်နေပြီးဟု KIA စစ်ရုံးချုပ်မှ တပ်မှူး တဦးက ဆိုပါသည်။

 “ လိုင်ဇာ ဌာနချုပ် အနားမှာကို နှစ်နေရာလောက် တိုက်ပွဲ အပြင်းထန် ဖြစ်နေတုန်းပါဘဲ။ စတာက မနေ့ကတည်းကပါ။ ဒီနေ့ မှာတော့ ပိုပြီး ပြင်းထန်လာပြီး တိုက်ပွဲတွေဟာလည်း ပိုပြီး ကြာလာပါတယ်။ ပြီးတော့ လိုင်ဇာဌာနချုပ် အ၀င်ထောက်ပို့ လမ်း ကြောင်းတွေမှာလည်း နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အနဲဆုံးတော့ နေရာ (၅-၆)နေရာမှာ ဖြစ်နေတယ်။ ပြင်းထန် တယ်။ အသေးစိပ်တော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။

တိုက်ပွဲများသည် ဗဟိုဒေသ လိုင်ဇာ အပြင် တပ်မဟာ (၅) ဧရိယာရှိ နေရာအနှံ့တွင် ဖြစ်ပွား နေခြင်းဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့ များသည် လိုင်ဇာ ဌာနချုပ်ကို နေ့စဉ် ပစ်ခိုက် တိုက်ခိုက် နေသော်လည်း ရှေ့မတိုးနိုင်ဘဲ လနှင့်ချီ ရှိနေခဲ့ရာမှ KIA တပ်ဖွဲ့များက ယခုကဲ့သို့ တန်ပြန် စစ်ဆင်မှုများ၊ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။

ဝန်ကြီး အပြောင်းအလဲတွင် အရပ်သားနှင့် ပညာရှင်များ ပိုမိုပါဝင်လာ

 
နိုင်ငံတော် သမ္မတရုံးမှ ယနေ့နေ့စွဲဖြင့် ပြည်ထောင်စုဝန်ကြီး (၉) ဦးနှင့် ဒုတိယ၀န်ကြီး (၁၅) ဦးတာဝန်ပေး ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ရာ ဒုဝန်ကြီး (၁၅) ဦးထဲတွင် အရပ်သား ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်လာသည်ကို တွေ့ရသည်။ထို့ပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဋ္ဌာန၊ ဘဏ္ဍာအခွန်ဝန်ကြီးဋ္ဌာန၊ ကျန်းမာရေး ၀န်ကြီးဋ္ဌာန တို့တွင်လည်း ဒေါက်တာဘွဲ့ရ ပညာရှင်များအား ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ် လိုက်သည်ကိုတွေ့ရသည်။

ကွန်ပျူတာ လုပ်ငန်းရှင် ဦးသောင်းတင်မှာ ဆက်သွယ်ရေး ဒုဝန်ကြီး အဖြစ်၎င်း၊ စီးပွားရေးပညာရှင် ဒေါက်တာဒေါ်ခင်စန်းရီ၊ နိုင်ငံသမ္မတ စီးပွားရေး အကြံပေး ဦးဆက်အောင်တို့မှာ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဒုဝန်ကြီးအဖြစ်၎င်း အသီးသီးပါဝင်လာသည်ကို တွေ့ရသည်။
ယခင် စစ်အစိုးရလက်ထက်က ၀န်ကြီး၊ ဒုဝန်ကြီး အားလုံးနီးပါးမှာ တပ်မတော်အရာရှိကြီးများ ဖြစ်ခဲ့ကြရာမှ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဖြင့် အာဏာရလာသည့် ဦးသိန်းစိန် အစိုးရသစ်လက်ထက်၌ ပြည်ထောင်စု ၀န်ကြီးတာဝန်ပေးအပ်ရာတွင် အရပ်သား အနည်းငယ်ပါဝင်လာခဲ့သည်။
ထို့နောက် တနှစ်ကျော်အကြာတွင် ယခုကဲ့သို့ ဒုဝန်ကြီး များ ခန့်အပ်တာဝန်ပေးအပ်ရာ၌ သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူ ပညာရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ ပါဝင်လာခြင်းဖြစ်သည်။

ဖားအံမြို့ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်သို့ KNU ပထမဆုံးအကြိမ် ပါဝင်ဆင်နွဲခဲ့


သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုမှ ကြီးမှူးကျင်းပသော (၃၅)နှစ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်ကို သြဂုတ်လ ၂၆ရက်နေ့က ဖားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် ကျင်းပခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခေါင်းဆောင်အချို့ ပထမဆုံး အကြိမ် တက်ရောက်ဆင်နွဲခဲ့သည်။
၎င်းလက်ချည်ပွဲကို KNU ၏ သစ်တောဌာန တာဝန်ခံ ပဒိုစောအားတိုးနှင့် မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီးဖောဒို့တို့အပြင် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်လူငယ်မောင်မယ်များ နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၁၀၀၀နီးပါး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
KNU နှင့်အတူ လိုက်ပါသွားခဲ့သူ မန်းမျိုးမြင့်က “KNU ခေါင်းဆောင်တွေ အခုလို ဖားအံမှာလုပ်တဲ့ ချည်ဖြူဖွဲ့ပွဲကို တက်ရောက်ခွင့်ရတာ အင်မတန် ကောင်းပါတယ်။ လူတွေကလည်း ကြိုဆိုတာ၊ ၀မ်းသာတာ တွေ့ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Tuesday, August 28, 2012

ယနေ့ ဖြစ်ပွားသော ဖားကန့် တိုက်ပွဲတွင် KIA တပ်ဖွဲ့ ဝင်များ မှ အောင်ပွဲခံ



27.08.2012

KIA တပ်ရင်း ( ၆) လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ ခွဲ (၅) နှင့် ဗမာအစိုးရတပ်တို့ သြဂုတ် ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄း ၃၀ အထိ တိုက်ပွဲ ဖြစ်ခဲ့ကြပါသည်။ ဗမာအစိုးရတပ် အင်အား ၆၀ ခန့်သည် ဖားကန့်မြို့နယ် မျောက်ဖြူမှော်၊ ဆိုင်းဂျာဘွမ်၊ ဆွတ်နန်ကောင် စသည့် နေရာများသို့ အဖွဲ့များခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပါသည်
KIA မျိုးချစ်ပြည့်သူစစ် တပ်ဖွဲ့တို့၏ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုကို ခံရကာ ညနေ ၄း၃၀ ခန့်တွင် တပ်ဦးကျိုးသွားကြောင်း၊ ဗမာစစ်သား ၁၀ ဦးထက်မနည်း ကျဆုံးပြီး၊ ၂၀ ကျော် ဒဏ်ရာရှိကာ လက်နက်များလည်း သိမ်းဆည်း ရရှိကြောင်း KIA ရှေ့တန်း အရာရှိတစ်ဦးက ဆိုပါသည်။
 
ညနေ ၆ နာရီခန့်တွင် ဘာသာရေး ဆ၇ာများက ဆုတောင်းကောင်းချီးပေးပြီး အောင်ပွဲခံခဲ့ပါသည်။ လက်ကျန် စစ်သားများကို လိုက်လံ တိုက်ထုတ်လျှက်ရှိကြောင်း၊ ဤသို့ ဆက်လက်၍ ထိုးစစ်ဆင်လာပါ KIA က ပြင်းထန်စွာ တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
Copy from - Jade Land

ဖားကန့်မြို့နယ်တွင် KIA နှင့် အစိုးရတပ်မတော် တိုက်ပွဲများကြောင့် ဒေသခံ ခြောက်ထောင်ခန့် နေရပ် စွန့်ခွာ


ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်( KIA ) နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် ကျေးရွာ ၁၃ ရွာမှ စွန့်ခွာလာသည့် ဒုက္ခသည် ၅၉၃၅ ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့တွင် ပြောကြားသည်။

အဆိုပါ နေရပ်စွန့်ခွာ ဒုက္ခသည်များကို ဖားကန့်မြို့ပေါ် ရပ်ကွက်နှင့် အနီးတ၀ိုက် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ၊ ခရစ်ယာန် ဘုရားကျောင်း တို့တွင် ဒုက္ခသည် စခန်း ဖွင့်လှစ်ထားသည်မှာ ၁၉ ခု ရှိကြောင်း ၄င်းတို့ထံမှ သိရသည်။

“ တိုက်ပွဲကတော့ ရက်ဆက်ပေမယ့် သိပ်မပြင်းထန်သေးဘူး။ ဒါပေမယ့် စစ်အင်အား တိုးချဲ့နေကြတာတွေ များတော့ ဒေသခံတွေ ကြောက်ပြီး ပြေးလာတာပါ” ဟု ဖားကန့်မြို့မှ ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲခန့်အပ်

2012-08-27
ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စု ဝန်ကြီး ၉ ဦးကို ဌာနတွေ ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒီပြောင်းလဲ ခန့်အပ်မှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံး ဝန်ကြီးတွေအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကိုပြောပါတယ်။
လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ကြည်ကို ပြန်ကြားရေး ဝန်ကြီးအဖြစ် ထပ်မံ တာဝန်ပေးလိုက်ပြီး ယခင်ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဋ္ဌာန ၂ ခုရဲ့ ဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမဝါယမ ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။
မွေးမြုရေးနဲ့ ရေလုပ်ငန်းဝန်ကြီးနဲ့ သမဝါယမဝန်ကြီး ဌာနနှစ်ခုကို ကိုင်တွယ်တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုတော့ မွေးမြုရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန တစ်ခုကိုသာ ကိုင်တွယ်ဖို့ ပြောင်းလဲ တာဝန်ပေးလိုက်ကာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်ကိုတော့ စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးနဲ့ အာကစားဝန်ကြီးဌာန နှစ်ခု တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကတော့ အားကစားဝန်ကြီးဌာန တစ်ခုတည်းကိုသာ တာဝန်ယူ ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်ထဲရေး၊ ပြန်ကြားရေး၊ စွမ်းအင်၊ လူဝင်မှုကြီးကြပ်ရေးစတဲ့ ဝန်ကြီးဌာန ၁၅ ခုရဲ့ ဒုတိယဝန်ကြီးတွေကို အသစ်ရွေးချယ် ခန့်အပ်လိုက်ပြီး သမ္မတရဲ့ စီးပွားရေး အကြံပေး တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆက်အောင်နဲ့ မကြာမီက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတရဲ့ လူမှု စီးပွား အကြံပေးကောင်စီမှာ ပါဝင်တဲ့ ဒေါက်တာ ဒေါ်ခင်စန်းရီတို့ နှစ်ဦးကိုတော့  အမျိုးသားစီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ဒုတိယ ဝန်ကြီးတွေအဖြစ် တာဝန်ပေးလိုက်ပါတယ်။
copy rights_http://www.rfa.org/burmese/news/minister-shuffle-08272012095552.html

Monday, August 27, 2012

တွေ့ဆုံဆွေးနွေးမှု အမြန်လုပ်ဖို့ KNU တိုက်တွန်း

KNUနဲ့အစိုးရငြိမ်းချမ်းရေးအဖွဲ့ မြ၀တီမြို့မှာ တွေ့ဆုံခဲ့စဉ်။ (သြဂုတ်လ ၅၊ ၂၀၁၂)။
ဗွီအိုအေ (မြန်မာဌာန)
KNU ကရင်အမျိုးသားအစည်းအရုံး နဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေသေးတာကြောင့် ငြိမ်းချမ်းရေး အတွက် နောက်ထပ် တွေ့ဆုံမှုတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ KNU က ပြောလိုက်ပါတယ်။ KNU နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အကြား နောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပေမဲ့ ဖြစ်မလာသေးတာကြောင့် KNU က အခုလို တိုက်တွန်းလိုက်တာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့အကြား တနင်္လာနေ့မှာ တတိယအကြိမ် ထပ်မံ တွေ့ဆုံဖို့ ပြောဆိုထားပေမဲ့ မြန်မာအစိုးရဘက်က အဆင်မပြေသေးတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်လို့ KNU က ဒီကနေ့ ပြောဆိုခဲ့တာပါ။ နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် ဒီကိစ္စကို ပိုပြီး ခိုင်မာအောင် ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ မူလက စီစဉ်ထားတာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့် ရှိသူ နော်မေဦး က ပြောပါတယ်။

"သြဂုတ်လ ၅ ရက်နေ့က ကျမတို့ မြ၀တီမှာ ကြိုတင်ညှိနှိုင်းအစည်းအဝေးဆိုပြီး လုပ်ခဲ့တာရှိပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ကျမတို့က ဘယ်နေရာမှာတွေ့မယ်။ ဘယ်နေ့မှာတွေ့မယ်။ ဘယ်အကြောင်းတွေ ပြောမယ်ဆိုတာကို ဆွေးနွေးခဲ့တာဖြစ်တယ်။ ဆုံးဖြတ်ချက် တွေ ချခဲ့တာဖြစ်တယ်။ ၂၇ ရက်နေ့မှာ မနက်ဖြန်ပေါ့လေ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲဟာ သြဂုတ်လ ၅ ရက်နေ့တုန်းက ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲရဲ့ အဖြေဖြစ်ပါတယ်။"

ဒါပေမဲ့လည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း ကတော့ နှစ်ဘက်ကိုယ်စားလှယ်တွေအကြား တနင်္လာနေ့ တွေ့ဆုံမှာ မဟုတ်သလို ထပ်မံတွေ့ဆုံမယ့် ရက်ကို ညှိနှိုင်းရဦးမယ်လို့ အခုလို ပြောပါတယ်။

Friday, August 24, 2012

ပြည်သူအများ ဒုက္ခရောက်ချိန်တွင် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုအား ယခုထက် ပိုမိုမျှော်လင့်

 22 Aug, 2012

မြန်မာနိုင်ငံယခုနှစ်မိုးများမှုနှင့် မြစ်ရေကြီးမှုအခြေနေများမှာ စိုးရိမ်ဖွယ်အနေအထားဖြစ်သည့်အတွက် ထိုအခြေအနေတွင် တပ်မတော်သားများအနေဖြင့် ဒုက္ခသည်အရေး၌ ပြည်သူများနှင့်အတူ ဝိုင်းဝန်း ကူညီစောင့်ရှောက်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးက မေတ္တာရပ်ခံ ပြာကြားလိုက်သည်

''ဒီကယ်ဆယ်ရေး လုပ်ငန်းဆိုတာကတော့ နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်။ သူလုပ်ရ မှာပဲပေါ့။ လုပ်လည်း လုပ်မှာပါ။ တပ်မတော်ဟာ ဒီနေ့အခါ တပ်မတော် ပြည်သူ ကြည်ဖြူဖို့ရာမှာ အချိန်ခါ ကောင်းပါ။ ရေဘေး ဖြစ်နေတဲ့အခါမှာ တပ်မတော်က ကူညီ သင့်တယ်။ သူ့တို့မှာ လူ၊ ပစ္စည်းတွေ ရှိတယ်။ ရဟတ်ယာဉ်နဲ့ ကယ်ရမယ် ဆိုရင်တောင် အမြန်ဆုံး သွားကယ်သင့်ပါတယ်'' ဟု (NLD)မှ နာယက ဦးတင်ဦး အကြံပြုပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအတွင် အကူအညီ ပေးနိုင်ရန် ငွေအင်အား ပစ္စည်းအင်အားနှင့် လူအင်အားများစွာ ရှိကြောင်းနှင့် ဒေသတွင်း ရှိသည့် တပ်များ၊ အဖွဲ့အစည်း၊ ဋ္ဌာနချုပ်များ အနေနှင့် ပူးပေါင်းကာ ဗဟိုမှ ကယ်ဆယ်ရေး လုပ်ငန်း များအား ကူညီ လုပ်ဆောင်သင့်သည်ဟု ၄င်းက ဆက်ပြောသည်။

ဆီးရီးယားမှာ သတင်းယူရင်း သေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတို

 
ဆီးရီးယားမှာ သတင်းယူရင်း သေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတို


ဗွီဒီယို ကြည့်ရန်

http://tunwai-states.blogspot.jp/2012/08/blog-post_22.html
ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

တိုကျိုမြို့ တော် အခြေစိုက် Japan Press သတင်း အေဂျင်စီ ၏ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး စစ်သတင်းထောက် ယာမာမိုတို ဆီးရီးယား နိုင်ငံ၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရချိန်တွင် အနီး၌ သတင်းလိုက်ဖော် တစ်ဦး ပါဝင်ကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြား သွားသည်။

အဆိုပါ သတ်ဖြတ် ခံရမှုနှင့် ပတ်သတ်၍ Japan Press သတင်း အေဂျင်စီက မည်သည့် သတင်း ထုတ်ပြန်ချက်မျှ ထုတ်ပြန် သွားခြင်း မရှိသေးပေ။
ယာမာမိုတိုသည် ၁၉၉၅ ခုနစ်မှ စတင်ပြီး Japan Press သတင်း အေဂျင်စီနှင့် လက်တွဲ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အာဖဂန်နှင့် အီရတ် စစ်ပွဲ များတွင်လည်း စစ်သတင်းများ လိုက်ခဲ့ကြောင်း အေဂျင်စီ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်း စစ်သတင်း လိုက်ရင်းဖြင့် အမေရိကန် သတင်းထောက် တစ်ဦး နှင့် ပြင်သစ် သတင်းထောက် နှစ်ဦးလည်း သေဆုံး ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၁ခုနှစ် မတ်လမှ စတင်ဖြစ်ပွားသော အစိုးရနှင့် အတိုက်အခံများကြား တိုက်ပွဲများကြောင့် ဒေသခံ ၁၈၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံသား ၂ ဒသမ ၅ သန်းကျော် အရေးပေါ် ကူညီမှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။
The Voice Weekly


ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

တိုကျိုမြို့ တော် အခြေစိုက် Japan Press သတင်း အေဂျင်စီ ၏ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး စစ်သတင်းထောက် ယာမာမိုတို ဆီးရီးယား နိုင်ငံ၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရချိန်တွင် အနီး၌ သတင်းလိုက်ဖော် တစ်ဦး ပါဝင်ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြား သွားသည်။

အဆိုပါ သတ်ဖြတ် ခံရမှုနှင့် ပတ်သတ်၍ Japan Press သတင်း အေဂျင်စီက မည်သည့် သတင်း ထုတ်ပြန်ချက်မျှ ထုတ်ပြန် သွားခြင်း မရှိသေးပေ။ ယာမာမိုတိုသည် ၁၉၉၅ ခုနစ်မှ စတင်ပြီး Japan Press သတင်း အေဂျင်စီနှင့် လက်တွဲ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အာဖဂန်နှင့် အီရတ်စစ်ပွဲ များတွင်လည်း စစ်သတင်းများ လိုက်ခဲ့ကြောင်း အေဂျင်စီ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်း စစ်သတင်း လိုက်ရင်းဖြင့် အမေရိကန် သတင်းထောက် တစ်ဦး နှင့် ပြင်သစ် သတင်းထောက် နှစ်ဦးလည်း သေဆုံး ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၁ခုနှစ် မတ်လမှ စတင်ဖြစ်ပွားသော အစိုးရနှင့် အတိုက်အခံများကြား တိုက်ပွဲများကြောင့် ဒေသခံ ၁၈၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံသား ၂ ဒသမ ၅ သန်းကျော် အရေးပေါ် ကူညီမှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။

ရုပ်သံကြည့်ရှု့လိုသူများ အောက်ပါလင့်တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
http://tunwai-states.blogspot.jp/2012/08/blog-post_22.html
Copy from - The Voice Weekly

မိုးကောင်း ဗျူဟာမှူး သန်းထွန်းမှ ကချင်စစ်ပြေးများ နေရပ်ပြန်ရန် ပြော (KNG ရုပ်သံ)

Saturday, August 18, 2012

“အဖေကိုတရားစွဲတဲ့ ကရင့်ခေါင်းဆောင်”

အဲဒီ တရားသူကြီးကို ငါကျွေးသလို မင်းကျွေးမထား နိုင်ခဲ့ဘူးလေ”
-MK ;-EU
၁၄.၈.၂၀၁၂

နေစရာ အိမ်တွေများပါရဲ့နဲ့ အိမ်တစ်ခြမ်း ထပ်လိုချင်လို့ ….ဒေါ်စုကို အောင်ဆန်းဦးက တရားစွဲတယ် ကြားတော့.. ဗိုလ်ချုပ်နဲ့ ပတ်သက်ရင် အမြှီးပါလဲ လေးစားမယ် ဆိုတဲ့ စိတ်ဓါတ် ပျောက်သွားတယ်။ လူတွေဟာ လူတွေဘဲလေ ဘုရား နဲ့ပတ်သက်တဲ့ အထဲမှာတောင် ဒေ၀ဒတ် ပါနေသေးတာဘဲ ။
ကရင့်ခေါင်းဆောင် စောဘဦးကြီးက သူ့အဖေကို တရားစွဲဖူးတယ် ဆိုတာကြားဖူးတော့ .. သူ့ကို ဘာကြောင့်လေး စားထိုက်တယ် ဆိုတာသိသွားတယ်။
ကရင့်တော်လှမ်းရေးထဲ ရောက်ခါစ… သူများတွေ စောဘဦးကြီး ဆိုလို့သာ လိုက် “ဦး” နေတာ၊ ဘာကြောင့် လေးစားဖို့ ကောင်းတယ်ဆိုတာ မသိဘူး။
ပိုဆိုးတာက…ပြည်တွင်းမှာ နေတုန်း၊ အစိုးရကထုတ်တဲ့ စာအုပ်တစ်ခုမှာ “နယ်ချဲ့ အင်္ဂလိပ် လက်ကိုင်ဒုတ်” ဆိုပြီးဓါတ်ပုံ တစ်ပုံ တွေ့ဖူးတယ်။ ဓါတ်ပုံထဲမှာ စောဘဦးကြီးက မုတ်ဆိပ်မွှေး..ပါးသိုင်းမွှေးနဲ့။ ဝတ်ထားတာကလဲ.. ရွှေဘ သရုပ်ဆောင်တဲ့ “ ဗိုလ်စံဖဲ” ဇာတ်ကားထဲက နောက်ဆုံး အခန်းမှာ….ဗိုလ်စံဖဲကို ကြိုးစင်တင်ဖို့ ဖမ်းခေါ်သွားတဲ့ အင်္ဂလိပ် အလိုတော်ရိ ပန်ချာပီစစ်ပုလိပ် တွေယူနီဖေါင်း အတိုင်းဘဲ..... ဆိုတော့... အစိုးရသုံးတဲ့ စကားလုံးကို ယုံသွားတယ်။
နယ်စပ်ရောက်မှ နဲနဲကြားဖူးလာတာက.... မော်လမြိုင်ကို ကရင်တပ်တွေ သိမ်းတော့ တချို့ ကရင်တပ်ဖွဲ့တွေက ဘဏ်တိုက်တွေ ဖေါက်ပြီး ငွေတွေယုကြလို့ ၊ စောဘဦးကြီးက သူ့မှာ တာဝန်ရှိပါတယ် ဆိုပြီး…..သူပိုင်တဲ့ လယ်မြေတွေရောင်း…. ငွေတွေ ပြန်စိုက် လျှော်တာ ကြားဖူးတော့ နဲနဲ လေးစားလာတယ်။
သူ့အဖေကို ဘာကြောင့် ဘယ်လို တရားစွဲတယ် ဆိုတာကြားဖူးတော့မှ စပြီး..အသေအခြာလေး စားထိုက်တယ် ဆိုတာ သိသွားတယ်။

ကရင်နီပြည်မှာ တင့်ကားတွေ ရောက်လာပြီ










ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ မြန်မာအစိုးရတို့ တည်ဆောက်ထားသော စစ်လေ့ကျင့်ရေးကျောင်းမြင်ကွင်း တနေရာ (ဓါတ်ပုံ-ကေတီ )
Written by ကူးဒူ

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ တည်ဆောက်နေတဲ့ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းမှာ အမြောက်တင့်ကားတွေ ထားရှိနေပြီလို့ဆိုပါတယ်။
 
"ညအချိန်မှာ ပစ္စည်းတွေ တင်လာတာက အများကြီးဘဲ ကားကြီးတွေဘဲ တွေ့ရတယ် ဘာတွေ တင်လာတယ်ဆို တာကတော့ မသိရဘူးပေါ့နော် ဘာဖြစ်လဲဆိုတော့ ကျနော်တို့က အနီး လာကြည့်လို့ မရဘူး နေ့ခင်းဘက်မှာတော့ တင့်ကားတွေ လေးငါးစီးတော့ လိုက်ပတ် မောင်းနေတာတော့ တွေ့နေရတယ်" လို့ ဖရူဆိုဒေသခံတဦးက ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် ကာလအတွင်းမှာ ဒီစစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက် နေမှုကိစ္စနဲ့ ပတ်သက် ပြီးတော့ ခေတ္တရပ်ဆိုင်း ထားဖို့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ - KNPP တို့က ဆွေးနွေးထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ထပ် အဆောက်အဦးများ အုတ်မြစ်ချခြင်း၊ လိုင်ဂူများတူးဖော်ခြင်းများ ဆက်လက် လုပ်ဆောင်နေရာမှ လက်နက်ခဲယမ်းတွေနဲ့ အမြောက် တင့်ကားတွေ ဖြည့်တင်း လာတယ်လို့ မျက်မြင်ဒေသခံတွေက ဆိုပါတယ်။

KIA ၏ ခုခံခြင်းကို ပြင်းထန်စွာ ခံနေရသော မြန်မာအစိုးရ၏ ရွှေပြည်သာ စစ်ဆင်ရေး


 
Friday, 17 August 2012

အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) လိုင်ဇာဌာနချုပ်အား ပြင်းထန်သော တိုက်ပွဲများဖြင့် နေ့စဉ် စစ်ဆင် နေသော်လည်း ရှေ့မတိုးနိုင်ဟု KIO ပြောခွင့်ရသူ ဦးလာနန်းက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။

“ KIO ကို လေးဖက်လေးတန်ကနေ စစ်ရေးအရ အကြပ်ကိုင်နိုင်ဖို့ ရွှေပြည်သာ စစ်ဆင်ရေးနဲ့ စစ်ဆင်နေတာ တနှစ် ကျော် နေပါပြီး။ ကနေ့အထိလည်း ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ဆင်နေတုန်းဘဲ။ ဒါပေမဲ့ အစိုးရ ထင်သလိုတော့ ဘယ်ဖြစ် မလဲဗျာ။ ကျနော်တို့ မှာလည်း လက်နက်ရှိတယ် ကျည်ဆံလည်း ရှိတယ်လေ။ ထင်သလို ဘယ်တက်နိုင်မှာလဲ။ အခုတောင် တိုက်ပွဲတွေက ဒီလဆန်းကနေ အခု (၁၆) ရက်အထိ ပြောရရင် တိုက်ပွဲက (၄၇) ပွဲရှိခဲ့တယ်။ ဒါပေမဲ့ အစိုးရတပ်တွေက ရှေ့ကို တိုးလာလို့ကို မနိုင်ပါဘူး” ဟု ဆိုပါသည်။

ထို့အပြင် ကချင်ပြည်နယ် အရှေ့မြောက်ဖက်မှ ချီဖွေမြို့နယ် ပန်းဝါဒေသနှင့် တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသ နယ်ခြားမှတ် တိုင် 6/7 ဖက်၌လည်း တိုက်ပွဲများ ပြင်းထန်နေပါသည်။ ထိုနေရာ၌ အစိုးရဖက်မှ အကျအဆုံးများသည်ဟု KIA ဖက်ကပြော သော်လည်း သီးခြား အတည်ပြုချက်မရှိသေးပေ။ KIA သည်ဤဒေသကို ဒုက္ခသည်များအတွက် စစ်မဲ့ဇုံအဖြစ် ထားရှိရန် ၀န်ကြီးဦးအောင်မင်းတို့နှင့်  အလွတ်သဘော ဆွေးနွေးစဉ်က အဆိုပြုခဲ့သော နေရာဖြစ်ပါသည်။ စစ်ပွဲကြောင့် ဤနေရာ၌ စစ်ပြေး ဒုက္ခသည်များ မထားရှိနိုင်သေးပေ။

Thursday, August 16, 2012

ရသေ့တောင်မှာ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်

2012-08-15
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာနဲ့ တစ်မိုင်လောက် အကွာမှာရှိတဲ့ ပြင်ချောင်း ချောင်းထဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူကာ စက်လှေနှစ်စီး ဝင်ရောက်လာပြီး ကုလားချောင်းကျေးရွာ ကင်းအဖွဲ့ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကုလားချောင်း ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။ အဲဒီစက်လှေနှစ်စီးထဲက တစ်စီးဟာ မနက် ၂ နာရီမှာ ခုတ်မောင်း ထွက်ပြေးသွားခဲ့ပြီး ကျန်စက်လှေတစ်စီးပေါ်က လူတွေကတော့ ကုန်းပေါ် ထွက်ပြေးတိမ်းရှောင် သွားကြတဲ့အတွက် အဲဒီစက်လှေကို ကုလားချောင်း ကျေးရွာသားတွေက ဒီကနေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားရောက် အပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်နယ်လောင်းချောင်း ရဲစခန်းမှူး ဦးဝင်းသန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ စက်လှေတစ်စီးပေါ်မှာ မော်လဝီ ဦးထုတ်တစ်လုံးနဲ့ ဘင်္ဂလားဒေ့ရှ် ဘာသာနဲ့ ရေးသားထားတဲ့ ဒိုင်ယာရီစာအုပ် ၁ အုပ်၊ စက်လှေလိုင်စင်လို့ ယူဆရတဲ့ စာအိတ် ၁ အိတ်တို့ကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။
copy rights_http://www.rfa.org/burmese

စစ်မှန်သော မြန်မာ့ ငြိမ်းချမ်းရေးသည် အစိုးရ၏ သဘောထား ပေါ်၌သာတည်



 အပစ်အခတ် ရပ်စဲထား ပါလျှက်နှင့် သဘော တူညီချက်ကို ဖေါက်ဖျက်ပြီး အစိုးရက တမင်ပြန်လည် တိုက်ခိုက်လာ နေခြင်း အပေါ် အပစ်ရပ်ထားသည့် မြောက်ပိုင်း စစ်ရေး မဟာမိတ် များက စောင်ကြည့် နေသည်ဟု မဟာမိတ် အဖွဲ့ဝင် ဖြစ်သည့်ရှမ်း ပြည် တိုးတက်ရေး ပါတီ (SSPP) ၏ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။

“ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တွေဟာ အလကားပါ။ အစိုးရက မိုင်းရှူးမှာ ရှိတဲ့ ကျနော်တို့ စခန်းကို တမင်လာ တိုက်တယ်။ နှစ်ကြိမ်တိုင် ကျနော်တို့ ဆုတ်ပေးခဲ့တယ်။ နောက် ဆုံးတော့ ကျနော်တို့က ပြန်တိုက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကိုချတယ်။ အဲဒီအခါမှာ သူတို့က မိုင်းရှူးကို ထပ်တိုက် လာတယ်၊ ရာဇသံပေးတယ်။ ကျနော်တို့ ကလည်း လာရှိး၊ ကျောက်မဲ၊ မိုးမိတ်ဖက်ကို ပြန်တိုက်တယ်။ ဒီလို တုန့်ပြန် လိုက်တော့မှ သူတို့က ငြိမ်သွား တော့တယ်” ဆိုပါသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ် ဆေထင် ခေါင်းသော (SSPP) အဖွဲ့နှင့် အစိုးရတို့သည် ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးရန် မူလက စီစဉ် ထားသော်လည်း ရခိုင်ပြည်နယ် အရေးကို အကြောင်း ပြပြီး အစီစဉ်ကို အစိုးရက ပယ်ဖျက် လိုက်ပါသည်။ ထို့အပြင် အစိုးရသည် အစီစဉ် ဖျက်သိမ်းကြောင်း အသိပေးပြီးသည်နှင့် ဇွန်၁၉ ရက်နေ့နှင့်၂၀ ရက်နေ့တွင် အစိုးရ တပ်ရင်း (၂) ရင်းသည်၊ မိုင်းရှူး မြို့နယ်ရှိ မောင်ဝါ၌ စခန်းချထားသော SSPP တပ်တည်နေရာဖြစ်သည့် ကောင်းမိုင်ဟုန်
စခန်းကို စတင် တိုက်ခိုက် တော့သည်ဟု SSPP က ဆိုပါသည်။

အပြန်အလှန် ဖလှယ်မှုများ လုပ်ဆောင်သွားရန် KNU နှင့် ၈၈ မျိုးဆက်အဖွဲ့ ဆွေးနွေးဖြစ်ခဲ့

သြဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
တိုင်းရင်းသားဒေသ အခြေအနေများကို သတင်းဖလှယ်မှုများ ပူးပေါင်းလုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ၈၈မျိုး ဆက်ကျောင်းသားအဖွဲ့မှ နှစ်ဖက်ခေါင်းဆောင်များ ပြီးခဲ့သည့် ရက်အနည်းငယ်က တွေ့ဆုံရာတွင် ဆွေးနွေးပြောဆိုဖြစ်ခဲ့ကြသည်။
သြဂုတ်လ ၁၂ရက်နေ့က ကရင်ပြည်နယ်၊ KNU ဒူးပလာယာခရိုင်နယ်မြေ ကော့ကရိတ်မြို့နယ်၊ သုံးဆယ့်သုံးဆူရွာတွင် ကျင်းပခဲ့သည့် ၆၂ကြိမ်မြောက် ကရင်အာဇာနည်နေ့သို့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဇေယျာမင်းတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် KNU ဗဟိုမှ ပဒိုစောသမိန်ထွန်း အပါအ၀င် KNU ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒိုစောမောထူးနှင့် ကျန်အဖွဲ့ဝင် များ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
KNU ဘက်မှ မလုပ်ဆောင်နိုင်သည့် ကိစ္စရပ်များကို ၈၈အဖွဲ့များဘက်က လုပ်ကိုင်ပေးပြီး ၎င်းတို့မလုပ်ဆောင်နိုင်သည့် ကိစ္စရပ်များလည်း လုပ်ဆောင်ပေးကာ အပြန်အလှန် ဖလှယ်ခြင်းများ ပြုလုပ်သွားရန် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း KNU စည်းရုံးရေးဌာန ဒုတာဝန်ခံ ပဒို စောသမိန်ထွန်းက ကေအိုင်စီသို့ ပြောသည်။

Wednesday, August 15, 2012

ကမ္ဘာ့မူဆလင် ထိပ်သီးအစည်းအဝေးက မြန်မာအစိုးရကို ပန်ကြား


နယူးဒေလီ (မဇ္ဈိမ) ။      ။ ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် မူဆလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အထူးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအရေးအား အာရုံပြု ထည့်သွင်းဆွေးနွေးကြသည်။

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံ အကြုံးဝင်သည့် ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည် ထူထောင်ရေး ပေါ်လစီတရပ် ချမှတ်လုပ်ဆောင်ရန် မေတ္တာရပ်ခံကြောင်း ထိုအစည်းအဝေးကြီး၏ မြန်မာပြည်အရေး ဆုံးဖြတ်ချက်မူကြမ်းတွင် ပါရှိသည်။

အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ကြသည့် OIC အထူး အစည်းအတွက် အဓိက ခေါင်းစဉ်များ အဖြစ် ဆီးရီးယား၊ မြန်မာ၊ မာလီ၊ ပါလက်စတိုင်းနှင့် ဂျေရူဆလင် အရေးကိစ္စများ ဆွေးနွေးကြသည်။

OIC ခေါင်းဆောင်များ ပြင်ဆင်ရေးဆွဲထားသည့် နောက်ဆုံး ကြေညာချက်နှင့် ဆုံးဖြတ်ချက် မူကြမ်း လေးခုကို မက္ကာမြို့၌ အင်္ဂါနေ့ညနေတွင် ကျင်းပမည့် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ နုတ်ထွက်ပေးရန် ကိုယ်စားလှယ် ၃၀၀ ကျော် တောင်းဆို

ဦးသိန်းညွန့်
August 14, 2012
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၀၀ ကျော် စုပေါင်း လက်မှတ်ထိုး တင်ပြတဲ့အပေါ် ဩဂုတ်လ ၂၁ ရက်ထိ သည်းခံ စောင့်ကြဖို့ ဒီနေ့ လွှတ်တော်ထဲမှာ လွှတ်တော် ဥက္ကဋ္ဌက မေတ္တာရပ်ခံ လိုက်ပါတယ်။
လွှတ်တော် ကော်မတီများဟာ ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယအကြိမ် လက်မှတ် ရေးထိုး တောင်းဆို လိုက်ကြတာပါ။
ပထမ အကြိမ် တောင်းဆိုတုန်းက သမ္မတက ကြားဝင် ညှိနှိုင်းပေးမယ် ဆိုတဲ့အတွက် စောင့်ဆိုင်း ခဲ့ကြပေမယ့် ပြေလည်မှု မရတဲ့အတွက် ဩဂုတ်လ ၈ ရက်မှာ ထပ်မံ တောင်းဆို လိုက်ကြတာပါ။
ပထမအကြိမ် တောင်းဆိုတုန်းက ကိုယ်စားလှယ် ၉၀ ကျော် လက်မှတ်ထိုး တောင်းဆို ခဲ့ကြတာဖြစ်ပြီး အခု တကြိမ်မှာတော့ ပြည်သူ့လွှတ်တော် တခုတည်းတင် ကိုယ်စားလှယ် ၃၀၀ ကျော် လက်မှတ်ထိုး တောင်းဆို လိုက်တာလည်း ဖြစ်ပါတယ်။

Tuesday, August 14, 2012

မြန်မာပြည် စစ်ငြိမ်းချမ်းရေး အလားအလာ


မအေးအေးမာ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ လုပ်လာတဲ့အထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်နေတယ်လို့ ပြောဆိုနေပါတယ်။ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နေပေမယ့် အခုအချိန်ကာလအထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ အစိုးရသစ်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်နဲ့ အလားအလာတွေ ဘယ်လောက်ရှိနေပြီလဲဆိုတာကို သိရှိနိုင်အောင် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရရှိသူ နော်မေဦး ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က တွေ့ဆုံမေးမြန်းထားပါတယ်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမူ တိုင်းရင်းသားများ လက်မခံ


 Monday, 13 August 2012 by ရွှေဟင်္သာသတင်းဌာန

အစိုးရ၏ တိုင်းရင်းသားများအပေါ် ထားရှိခဲ့သည့် လက်ရှိ သဘောထားသည် မူဟောင်းများဖြစ်၍ ဆက်လက် ဖိအားပေးနေ ပါက ရရှိထားသည့် ငြိမ်းချမ်းရေးများသည် ပျက်ပြားသွားနိုင်ဖွယ် အနေအထား ရှိကြောင်း ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့ပါ သည်။

“အစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ မူ(၈) ချက်ဟာ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိဘူး၊ တရား နည်းလမ်း မကျ ဘူး၊ မျှတမှု မရှိဘူး၊ သူတို့ အတွက် အသာစီး ယူထားပြီးတော့ ကျွှန်တော်တို့ တိုင်းရင်းသားတွေ သူတို့ ကြားကို ဝင်ရောက် စေတဲ့ နည်းဟာ တိုင်းရင်းသား အခွင့်အရေးတွေ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး၊ ဒီမူတွေဟာ မူဟောင်းပါ။ သူတို့က ဒီမူနဲ့ ဘဲ ဆက် လက်တွန်းအား ပေးလာမယ် ဆိုရင် ငြိမ်းချမ်းရေးဟာ ရှေ့ဆက်သွားဖို့ မဖြစ်နိုင်တဲ့ အနေအထားပါ” ဟု နိုင်ဟံသာမှ ပြောပါသည်။

Sunday, August 12, 2012

ဂျပန်နိုင်ငံ တိုကျို တွင် ကျင်းပသော(၆၂) နှစ်မြောက်  ကရင်အမျိုးသား အာဇာနည်နေ့  အခမ်းအနား မှတ်တမ်းဓါတ်ပုံ

Saturday, August 11, 2012

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘောမှ (၆၂)ကြိမ်မြောက် အာဇာနည်နေ့ သို့ ပြောကြားသောမိန့် ခွန်း

 KNU President's speech on Martyr day _Burmese Lang._

KNU Pr Martyrs' Day Add-Eng-2012-Final

KNU Presidend speech on 62nd Martyr day _Karen_

KNU Presidend speech on 62nd Martyr day _Pwo Karen_

တူရကီနိုင်ငံခြားရေးဝန်ကြီး ရခိုင်ရောက်

တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu
ကိုဇော်ဝင်းလှိုင်
မြန်မာနိုင်ငံကို တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ဟာ ဒီကနေ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး အသုံးအဆောင် ပစ္စည်းတွေနဲ့ အစားအသောက်တွေ လှူဒါန်းခဲ့ပါတယ်။ တူရကီနိုင်ငံခြားရေး ၀န်ကြီးဟာ လေယာဉ် သုံးစင်းနဲ့ အဖွဲ့ဝင် ၁၀၀ ကျော်ကိုလည်း ဒီကနေ့ ရခိုင်ပြည်သွားတဲ့ ခရီးစဉ်ကို ခေါ်ဆောင်သွားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက် အစောပိုင်းမှာပဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိလာကြတဲ့အကြောင်း ပြည်နယ် သတင်းထုတ်ပြန်ရေးကော်မီတီ မန်နေဂျာ ဦးမျိုးသန့်က ဗွီအိုအေကို ပြောပါတယ်။

“မနက်က ဆယ်နာရီကျော်လောက် ရောက်ပါတယ်။ ဘောဒူဘစခန်းနဲ့ ဆုတောင်းပြည့်စခန်းကို သွားကြည့်ပါတယ်။ ပစ္စည်းကတော့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အစားအသောက်တွေ ပါပါတယ်။ ဒုက္ခသည်အားလုံးကို လှူတာပါ။ အစားအသောက်တွေမှာတော့ ဆန်ရယ်၊ ပဲရယ်၊ ဆီရယ်၊ သကြားရယ်၊ ဆားရယ် ပါပါတယ်။ သူမရောက်ခင် လေယာဉ်နဲ့ တရက်ကြိုပို့လိုက်တာပါ။”

တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး လိုက်ပါသွားတယ်လို့ သိရပါတယ်။

Wednesday, August 8, 2012

ရှစ်လေးလုံးနှစ်ပတ်လည် တိုကျို တွင် ကျင်းပပြုလုပ်ပုံ ဓါတ်ပုံမှတ်တမ်း

မှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ

ကလေးတွေကို ပြည်အာဏာပိုင်တွေက တောနက်ထဲမှာ သွားရောက်စွန့်ပစ်

2012-08-07
ပဲခူးတိုင်း ပြည်မြို့ မြကွမ်းတောင် ဘုရားဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ ကရုဏာလက်များ ကွန်ယက် စာသင်ကျောင်းမှာ ပညာသင်နေတဲ့ အခြေအနေမဲ့ ကလေး အယောက် (၄၀) လောက်ကို ဒေသခံ အာဏာပိုင်တွေက ဖမ်းခေါ်သွားပြီး ပြည်မြို့နဲ့  မိုင်(၁၀၀) ကျော် ဝေးတဲ့ ဥသျှစ်ပင် တောနက်ကြီးထဲမှာ သွားရောက် စွန့်ပစ်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
အဲဒီကလေးတွေကို ပြီးခဲ့တဲ့ စနေနေ့ ည (၉) နာရီက ဖမ်းဆီးပြီးတဲ့နောက် စည်ပင်လူကြီး ၆ ယောက်နဲ့  ဆိုင်ကယ်စီးရဲ အယောက် ၂၀ လောက်က စည်ပင်အမှိုက်သိမ်းကားထဲမှာ စုပြုံထည့်ပြီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။ အဲဒီနောက် ဓာတ်ပုံရိုက်ယူပြီး မိဘနာမည် မေးမြန်းခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။
အဲဒီကလေးတွေဟာ ၂ ညအိပ် လမ်းလျှောက် ပြန်လာခဲ့ကြရပြီး ဒီနေ့ မနက်ပိုင်းကမှ ပြည်မြို့ကို ရောက်ရှိတယ်လို့ စာသင်ကျောင်း ဖြစ်မြောက်ရေးအတွက် အကူအညီပေးနေသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းထိုက်အောင် က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့က နောက်နေ့ကျမှ သတင်းရတာ။ ကျွန်တော်တို့ ကျောင်းသားလေးတွေ ကျောင်းကို ရောက်မလာကြဘူး။ ၅ ရက်နေ့ကျတော့။ စုံစမ်းတာလည်း စုံစမ်းလို့ မရဘူး။ ၆ ရက်နေ့ကျတော့ ပြန်ရောက်လာရော။ ၁၅ ယောက် အယောက် ၂၀ လောက် ရောက်လာတယ်။ မေးကြည့်တော့ ကျွန်တော်တို့ကိုတဲ့ အဲဒီမှာ ဖမ်းသွားတယ်တဲ့။ ဖမ်းသွားပြီးတော့ အကုန်လုံးကို ကားအောက်ထဲမှာ ငုတ်တုတ်ထိုင်ခိုင်းတယ်။ မထရဘူး။ လမ်းကို မမြင်ရဘူး။ အပြင်ကလူတွေလည်း အထဲကို မမြင်ရအောင်ထင်တယ်တဲ့။ လူအစိတ်လောက် ရှိတယ်တဲ့။ အဲဒါ ကျွန်တော်တို့ ကားကြီးကို မောင်းသွားတာ ဘယ်ကိုမောင်းလို့ မောင်းမှန်းမသိဘူးတဲ့။ အဲဒီမှာ ကျွန်တော်တို့ တရေး၊ နှစ်ရေးလောက်တောင် ရတယ်တဲ့။ နောက် သန်းခေါင် သန်းလွှဲလောက် ကျတော့ နေရာတစ်ခု အဲဒီမှာ မင်းတို့ဆင်းဆိုပြီး ဆင်းခိုင်းလိုက်တယ်။ ဆင်းခိုင်းပြီးတော့ သူတို့ကားက ပြန်ထွက်သွားတယ်။ ကျွန်တော်တို့လည်း ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ ကားလမ်းဘေးပေါ့တဲ့။ အဲတာနဲ့ ကျွန်တော်တို့ ရွာရှိမယ် ထင်ရတဲ့ နေရာကို ခန့်မှန်းပြီးတော့ လျှောက်လာကြတယ်။ ကတ္တရာလမ်းအတိုင်း။ ရွာတစ်ရွာရောက်တော့ ကျွန်တော်တို့ အဲဒီမှာပဲ မိုးလင်းအောင် နေလိုက်တယ်တဲ့။ မိုးလင်းတော့မှ မေးကြည့်တော့ ပြည်ကနေ ရခိုင်ဘက်ကို ထွက်တဲ့ လမ်းမှာ ရောက်နေတယ်။ အဲဒါနဲ့ ဥသျှစ်ပင်ကို မှန်းပြီး အဲလမ်းအတိုင်း လျှောက်တာ တနေကုန်လမ်းလျှောက်ပြီး ဥသျှစ်ပင်ကို ရောက်တယ်။ ဥသျှစ်ပင်မှာ တောင်းရမ်းစားသောက်ပြီး ကားခလေး ဘာလေးရှာဖွေပြီး တချို့က ကားနဲ့ တချို့က လမ်းလျှောက်ပြီး ပြည်ကို ပြန်ရောက်လာတယ်"

ငွေရတုအကြို ၈၈၈၈အရေးပုံ ၂၄နှစ်ပြည့် နှစ်ပါတ်လည်ပွဲအတွက် ပြင်ဆင်နေတာပါ



မန္တလေးမြို.ချမ်းမြသာစည်မြို.နယ် ဘုရားကြီးအလယ်တိုက် ဒိက္ခိဏာရာမတိုက်တွင်
၂၄ နှစ်မြောက်ရှစ်လေးလုံး ငွေရတုအကြို ပွဲတွင်ပြသထားသော ပါမောင့်မန်.မြင်ကွင်း
Photo by - Mandalay Voice

Tuesday, August 7, 2012

သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား​ကို ပြည်ထောင်စု အစိုးရမှ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ပြောကြား



Photo : https://www.facebook.com/​88GenerationStudents

ပြည်ထောင်စု ၀န်ကြီးနှစ်ဦးဖြစ်ေ​သာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည် ယနေ့( သြဂုတ်လ ၇ ရက်) ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် အခမ်းအနား ကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်​သို့ ရောက်ရှိလာကြကာ ကျောင်းထိုင် ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြကြောင်း​ ၈၈ မျိုးဆက်ကျောင်းသားများ၏ facebook စာမျက်နှာတွင် ပုံနှင့်တစ်ကွ ဖော်ပြခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သြဂုတ်လ ၈ ရက် မနက်ဖြန်တွင် ပြုလုပ်မည့် ရှစ်လေးလုံး အခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့ အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက် ကျောင်းသားများမှ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား​ ကျင်းပရေး ကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်​မှ ပြန်လည် ထွက်ခွာသွားခဲ့ကြကြောင်း​ သိရသည်။
Copy from - Eleven Media Group

Saturday, August 4, 2012

သံလွင်မြစ်ရေလျှံ၍ ဘားအံမြို့နေ ၄,၀၀၀ ကျော် ရေဘေးသင့်

ကွန်းချမ်း | သောကြာနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၇ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။ ။ ဇူလိုင်လကုန်ပိုင်းမှ စပြီး သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ရှိ ရပ်ကွက် သုံးခုတွင် ရက်သတ္တ တပတ်ခန့် ရေကြီးလျက် ရှိကာ လူဦးရေ ၄,ဝဝဝ ကျော် ရေဘေးဒဏ် ခံနေရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။

သောကြာနေ့ ရရှိသည့် စာရင်းအရ ရေဘေးသင့် အိမ်ထောင်စု ၉၃၄ ခု ရှိသော်လည်း သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း သိရသည်။ သို့သော် ကလေးငယ်များမှာ ကယ်ဆယ်ရေးစခန်းတွင်ပင် စာသင်နေကြရကြောင်း
ရွှေရင်မျှော်ဘုရား ကယ်ဆယ်ရေးစခန်းမှ စေတနာ့ဝန်ထမ်းတဦး ဖြစ်သည့် ဦးနိုင်ထက်အောင် က ပြောသည်။

“ဒီက ရှိတဲ့ ကျောင်းသားတွေကို ဘုရားရင်ပြင်ပေါ်မှာပဲ ဆရာမတွေ ကိုယ်တိုင်က စာလာသင်ပေးပါတယ်။ ဆရာမ ငါးယောက် ခြောက်ယောက်လောက် ရှိမယ်” ဟု သူက ပြောသည်။

ရေဘေး ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားပြီး၊ မီးသတ်၊ ကြက်ခြေနီ၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်း များက ကူညီစောင့်ရှောက်ပေးလျက် ရှိကာ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင်များက အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ နေ့စဉ် လာရောက် လှူဒါန်းလျက် ရှိသည်ဟု သူက ပြောသည်။

ဘားအံမြို့သည် ပျမ်းမျှအားဖြင့် ၃ နှစ် တကြိမ်ခန့် ရေကြီးလေ့ ရှိပြီး၊ ရေကြီးတိုင်းတွင် ဘားအံမြို့ကို နှစ်ပိုင်း ပိုင်းလိုက် သကဲ့သို့ ဖြစ်ကာ အဆိုးဆုံးနှစ်များတွင် လှေဖြင့် ကူးလူးသွားလာရသည်လည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့်သာ ဘားအံမြို့ ရေကြီးလေ့ရှိပြီး မြစ်ရေ လျှံတက်ခြင်းကို ကာကွယ်ရန် အစိုးရ အနေနှင့် မလုပ်ဆောင်နိုင်သေးကြောင်း “ကျမ သိတတ်တဲ့ အရွယ်ကတည်းက သုံးနှစ်တကြိမ်လောက် ရေကြီးနေမြဲပဲ။ ဒီလို ကာကွယ်ဖို့ မလုပ်နိုင်သေးလို့လည်း ခုထိ ကြီးနေတာပဲ” ဟု အထက်ပါ အမှတ် ၈ ရပ်ကွက်သူ တဦးက ပြော သည်။

Thursday, August 2, 2012

မိမိ၏ ကျန်းမာရေးနှင့် အသက်အရွယ်ကြောင့် ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း CNA နှင့် CNA အင်တာဗျူးတွင် နိုင်ငံတော်သမ္မတ ထုတ်ဖော် ပြောကြား



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို Channel News Asia မှ Indochina Bureau Chief ဖြစ်သူ Anasuya Sanyal က တွေ့ဆုံ မေးမြန်းနေစဉ်
မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့သော ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း CNA ရုပ်သံဌာန၏ အင်တာဗျူးအစီအစဉ်ကို လက်ခံပြီး တွေ့ဆုံဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ ရုပ်သံအင်တာဗျူးအစီအစဉ်ကို Channel News Asiaက ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါ​သည်။
ယင်းအစီအစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည် ပခရီးစဉ်အတွင်း ပြည်ပမှ ရုပ်သံသတင်းဌာနတစ်ခုနှင့် ပထမဆုံးသီးခြား တွေ့ဆုံမှုတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ Channel News Asia နှင့် အင်တာဗျူးကဏ္ဍတွင် နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သုံးသပ်ချက် အမြင်များ၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်သည့်အမြင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့်အမြင်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ချက်အပေါ် အမြင်များ၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုအပေါ် အမြင်များပါဝင်သည့် ဖြေဆိုမှုများကို ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် Channel News Asia တို့၏ အင်တာဗျူးအစီအစဉ်တွင် ပါဝင်သော အမေး၊ အဖြေကဏ္ဍကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
http://goo.gl/uCqfo

Copy from - Eleven Media Group

မြန်မာကို ကမ္ဘာ့ဘဏ်က ယူအက်စ် ဒေါ်လာ ၈၅သန်း ထောက်ပံ့ရန်ရှိ


သြဂုတ်လ ၁ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန် (ကရင်သတင်းဌာန)
နှစ်ပေါင်း ၂၀အတွင်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈၅သန်းအား ထောက်ပံ့ကြေးပေးရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ဘဏ် ဒုဥက္ကဌ Ms. Cox က သတင်းထောက်များအား ယနေ့ ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါထောက်ပံ့ကြေးကို လာမည့် အောက်တိုဘာလတွင် စတင်နိုင်ရန် စီစဉ်ထားပြီး ပဋိ ပက္ခဖြစ်နေသော ဒေသများရှိ ကျောင်းများ၊ လမ်းများနှင့် ရေရရှိရေးတို့အပြင် အခြေခံအဆောက်အဦးနှင့် ပတ်သက်သော လုပ်ငန်းများ အတွက် အဓိက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Ms. Cox က ပြောသည်။
“မြန်မာနိုင်ငံဟာ ဒီဒေသက အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ လူတွေရဲ့ လိုအပ်ချက်တွေကလည်း များပြားလှပါတယ်။ ဆင်းရဲနွမ်းပါးသူတွေနဲ့ ခုခံနိုင်စွမ်းမရှိတဲ့သူတွေရဲ့ ဘ၀တွေ တိုးတက်ကောင်းမွန်ဖို့အတွက် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အထောက် အကူပေးဖို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့ အမေရိကန်ဒေါ်လာ ၃၉၇သန်း အကြွေးပေးရန်ရှိပြီး မြန်မာကို ချေးငွေအသစ် ထုတ်ချေးခြင်းအား ၁၉၈၇ခုနှစ်မှ စတင် ရပ်ဆိုင်းခဲ့သည်။
မကြာသေးခင်က ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးမှု အစီရင်ခံစာတွင် နယ်စပ်ဒေသများတွင် ပဋိပက္ခများကြောင့် ထိခိုက်မှုရှိပြီး နုနယ်သော၊ မဖွံ့ဖြိုးသော နိုင်ငံများရှိ လူထုအတွက် စစ်မှန်သော စီးပွားရေးအကျိုးအမြတ်များ ပေါ်ထွန်းရေးမှာ အရေးကြီးကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသို ကမ္ဘာ့ဘဏ်ရုံခွဲဖွင့်ရန် ရောက်ရှိနေသော အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုဥက္ကဌ Ms. Cox နှင့်အဖွဲ့သည် ဇူလိုင်လ ၃၀ရက် နေ့က သမတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။
ကမ္ဘာ့ဘဏ်ရုံးခွဲအား ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် သြဂုတ်လ ၁ရက်နေ့ နေ့လည် ၂နာရီက ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံမှပေးရန် ရှိသော အကြွေးများအား ၂၀၁၃၊ ဇန်န၀ါရီလတွင် ရှင်းပေးနိုင်မည်ဟု ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက မျှော်လင့်နေကြသည်။
copy rights_http://www.kicnews.org/?p=12671