Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Sunday, October 3, 2010

အစွမ်းထက်သော ကရင်ဝတ်စုံ

474167l68h9nknqq.gif



ရှေးဘိုးဘွားများသည် ကရင်အင်္ကျီကို အရမ်းရိုသေကြသည်။ ကရင်ရိုးရာဝတ်စုံမှာ ဘာကြောင့် အရှေ့နှင့်အနောက် မခွဲခြားဘဲ ဆင်တူဖြစ်ရပါသနည်း။ အချို့မှာ သတိထားမိကောင်း သတိထားမိကြပေလိမ့်မည့်။ ကရင်အင်္ကျီကို အင်္ကျီ၏ အရှေ့နှင့်အနောက်မခွဲခြားဘဲ ဤသို့ တူရခြင်း၏အဓိပ္ပါယ်မှာ ကရင်လူမျိုးတို့သည် ကျောသားရင်သားမခွဲခြားဘဲ တိုင်းရင်းသား၊ ပြည်သူပြည်သား အလုံးစုံတို့ကို တန်းတူညီတူ ပေါင်းသင်းဆက်ဆံကြသည်ကို ဖော်ဆောင်ပါသည်။
ရှေးလူကြီများ ကရင်အင်္ကျီကို လေးစားတန်ဖိုးထားကြသည်မှာ အလွန်ပင် ဂုဏ်ယူဖို့ကောင်းပါသည်။ ကရင်အင်္ကျီမှာ အလှအင်္ကျီနှင့် အလုပ်အင်္ကျီ နှစ်မျိုးရှိသည်။ အလှအင်္ကျီကို အလှူမင်္ဂလာနှင့် ကုသိုလ်ပြုရာ ရိုးရာအခမ်းအနားတွေမှာ ၀တ်ရသည်။ အဲဒီအင်္ကျီကို ၀တ်လိုက်ပြီဆိုရင် ၀တ်တဲ့သူတွေဟာ လိမ်ညာခြင်း၊ ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်း၊ အရက်သောက်ခြင်း၊ အသက်သတ်ခြင်းစတဲ့ မကောင်းတာတွေမလုပ်ဘဲ ပြုံးရွှင်တက်ကြွစွာ နေတယ်။ ရင်းနှီးပွင့်လင်း ချိုသာစွာပြောတယ်။ အရက်ကိုရှောင်တယ်။ သူတစ်ပါးကို ကူညီတယ်၊ ကုသိုလ်ကောင်းမှုပြုတယ်။ ဒီလိုကရင်အင်္ကျီကို လေးစားတန်ဖိုးထားကြပါတယ်။ ရှေးတုန်းက ကရင်ရွာတစ်ရွာမှာ ကောက်ဦးစားပွဲပြုလုပ်နေတုန်း ဓားပြတွေဝင်လာတဲ့အခါ သူတို့ရဲ့ မင်္ဂလာအင်္ကျီလို့ခေါ်တဲ့ အင်္ကျီအသစ်ကိုချွတ်ပြီးမှ ဓားပြတွေကို ခုခံတိုက်ခိုက်ကြတယ်လို့ ဘိုးဘွားတို့ပြောပြလို့ ကြားဖူးလေသည်။

ဂျပန်ခေတ်က အစားအသောက် အ၀တ်အထည်ရှားပါးသဖြင့် ၀မ်းပျက်သောရောဂါ ကပ်ဆိုးသည်လည်း ရွာလုံးကျွတ်ပျက်စီးအောင် ကျရောက်တတ်ပေသည်။ ထိုခေတ်က သံလွင်မြစ်ကမ်းအနီးတွင် ကရင်ရွာတစ်ရွာရှိသည်။ ကရင်ကြီးတစ်ယောက်ထံတွင် ဘေးရွာမှမိတ်ဆွေတစ်ဦးက အင်္ကျီဝတ်စုံလာငှားသဖြင့် ပေးလိုက်၏။ နောက်ရက်များတွင် သူ၏ပတ်ဝန်းကျင်အိမ်များတွင်လည်း အင်္ကျီလာငှားကြသည်။ နှစ်ပတ်လောက်ကြာသောအခါ ကရင်ကြီးထံသို့ အင်္ကျီပုဆိုးလာပြန်ပို့လျှင် ကရင်ကြီးက အကြောင်းရင်းကိုမေးကြည့်၏။ ထိုအခါ အင်္ကျီငှားသွားသူက ကျွန်တော်တို့ရွာမှာ ၀မ်းပျက်ရောဂါဝင်တယ်၊ တချို့လည်း ရွာကနေထွက်ပြေးကုန်ကြတယ်။ ကျွန်တော်က လူကြီးမိဘစကားကို ကြားဖူးလို့ဗျ။ အဲဒါက ရွာထဲကပ်ရောဂါဝင်ရင် ကရင်အင်္ကျီပုဆိုးတစ်စုံကို အိမ်ခြံဝတမ်းမှာလှန်းထားရင် ကိုယ့်အိမ်ကိုမ၀င်ဘူးလို့ ကြားဖူးထားတယ်။ အဲဒါ ဟုတ်မဟုတ်စမ်းချင်တာနဲ့ အခုစမ်းကြည့်တော့ ကျွန်တော့်အိမ်ကိုကျော်ပြီး ရောဂါကကူးသွားတယ်။ ကျွန်တော်လည်းပိုပြီးသေချာအောင် အခြားအိမ်တွေကိုပြောတော့ လုပ်တဲ့အိမ်တွေအားလုံး ရောဂါမကူးစက်ဘဲ ရွာမှာ ရောဂါလုံးလုံးပျောက်သွားတယ်ဟု အင်္ကျီလာငှားသူကပြောပြမှ ရွာထဲကအိမ်တွေမှာ အင်္ကျီလာငှားကြတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း သိသွားသည်။ ကရင်ကြီးကလည်း အေးဗျာ တို့ဝတ်တဲ့အင်္ကျီ ဒီလောက်စွမ်းမှန်းတို့မသိဘူး။ လူကြီးတွေက အင်္ကျီကိုရိုသေ၊ အင်္ကျီမှာ အစွမ်းတန်ခိုးရှိတယ်လို့သာပြောတာ၊ ဘာစွမ်းမှန်းလည်းမသိဘူး။ ခုမှပဲ သိရတော့တယ်ဟု အင်္ကျီလာပို့သူကို ပြောပြလေသည်။

အင်္ကျီဟူသည် အချမ်းအပူ၊ ပိုးမွှားကာကွယ်ရန်၊ အရှက်အကြောက်ကာကွယ်ရန် မူလရည်ရွယ်ချက်ဖြစ်သည်။ ယဉ်ကျေးမှုတိုးတက်လာသောအခါ အင်္ကျီဝတ်စုံသည် အမျိုးသားတို့၏ ယဉ်ကျေးမှုပြယုဂ်တစ်ခု ဖြစ်လာသည်။ ယဉ်ကျေးမှုပြယုဂ်တစ်ခုဖြစ်သော ကရင်အင်္ကျီသည် အဘယ်ကြောင့် ဘေးရောဂါကင်းစင်စေသော သတ္တိရှိပါသနည်း။ အမှန်မှာ အင်္ကျီကစွမ်းသည်ထက် အင်္ကျီကိုဝတ်သောသူတို့၏ သစ္စာ၊သီလတို့က သာလွန်၍စွမ်းပေလိမ့်မည်။ ထို့ကြောင့် ယခုခေတ် ကရင်တိုင်းရင်းသားအပေါင်းတို့သည် ရှေးခေတ်လူများနည်းတူ နှစ်သစ်မင်္ဂလာဝတ်အင်္ကျီကို ၀တ်ဆင်ကြရပေမည်။ ဤအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ကရင်ဝတ်စုံသည် မည်မျှစွမ်းသည်ကို သိနိုင်ကြသည့်အပြင် ကရင်အင်္ကျီကို ရှေးကရင်ဘိုးဘွားများ မည်သို့သုံးဆောင်ဝတ်ဆင်သည်ကို သိရှိကြရပေမည်။ ရှေးဘိုးဘေးများ အင်္ကျီဝတ်စည်းကမ်းကို ယခုခေတ် ညီအစ်ကိုမောင်နှမများလည်း သိရှိကျင့်သုံးနိုင်ကြရန် ဖော်ပြလိုက်ပါသည်။

မြစ်နဒီ ကိုးသွယ် မှ ကူယူဖော်ပြသည်။

No comments:

Post a Comment