Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, October 5, 2010

ဒုက္ခသည်များပြန်ပို့ မယ်ကိစ္စအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) က စိုးရိမ်

ဒုက္ခသည်များ ပြန်ပို့မည့်ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က စိုးရိမ်မိသည်ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “စစ်မှန်ပြီး နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက ထောက်ခံလိုလားတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အတွက်
ဒီရွေးကောက်ပွဲပြီးရင်လည်း နိုင်ငံရဲ့တည်ငြိမ်ငြိမ်းချမ်းမှု ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး။ နိုင်ငံရေး ရှုတ်ထွေးမှုတွေလည်း အများကြီးလာဦးမယ်။ ဒီလိုအနေအထားနဲ့လုပ်မယ့် ရွေးကောက်ပွဲအပြီးမှာ ပြန်ပို့မယ့် ဒုက္ခသည်တွေရဲ့ ကံကြမ္မာတွေကို ဘယ်လိုမှ ယုံကြည်စိတ်ချလို့ရမှာ မဟုတ်ဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်းဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်ရာမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည်စခန်း (၂) ခုအပါအ၀င် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး မြန်မာဒုက္ခသည် (၁၄၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။

အဆိုပါဒုက္ခသည်များသည် ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်များရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို ချေမှုန်းရန်ု မြန်မာစစ်တပ်၏ ဖြတ်(၄) ဖြတ် စစ်ဆင်ရေး ထိုးနှက်မှုဒဏ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာကြသည့် ရွာသားများဖြစ်သည်။

အဆိုပါ ရွာသားများသည် မြန်မာနိုင်ငံဘက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေတွင် အခြေချပြီးသည့်နောက် ၁၉၈၄ ခုနှစ်မှစ၍ ထိုင်းနိုင်ငံဘက်တွင် စတင်ဖွင့်လှစ်သည့် ဒုက္ခသည်စခန်း၌ သားစဉ်မြေးဆက် ခိုလှုံနေကြသည်မှာ ယနေ့အထိဖြစ်သည်။


No comments:

Post a Comment