Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, November 21, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ
တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်။ နိုဝင်ဘာလ ၁၉

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကို ကျနော် ကျိုးစားပမ်းစားသုံးနေရပါတယ်။ အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ်ဖြစ်ရပ်တွေအများကြီးပါဝင်နေပါတယ်။
တကယ်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ ကျနော်ရောက်နေတာပါ။

ဒီနိုင်ငံက မတရားမှုတွေဖိနှိပ်မှုတွေကို သတင်းရေးခဲ့တဲ့အတွက် ကျနော့် ကိုနှစ်ကြိမ်တိုင်တိုင် ပြည်နှင်ဒဏ်ပေးခဲ့ ပါတယ်။
ဟော အခုကျတော့လည်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းစာအဖွဲ့ အနေနဲ့ ကျနော်ဖိတ်ကြားခြင်းခံရပြီး ပြန်ရောက်လိုက်ပါပြီ။ ဒါကျနော် ရဲ့ မလိမ်မိုးမလိမ္မာတာတွေကို မေ့ သွားကြပြီဆိုတော့ သဘောပေါ့။

ဒီလို ကမ္ဘာမှာအကျော်ကြားဆုံးခြံဝင်းထဲမှာ ကျနော်ရောက်နေတာဟာ အံမခန်းစရာ အပြောင်းအလဲပါ။.

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်းက အဖြစ်အပျက်တွေကို ကျနော် ပြန်လည်မြင်ယောင်မိ ပါတယ်။ အဲဒီတုန်းကဆိုရင် ထောက်လှမ်းရေးတွေက ဒီခြံပေါက်ဝကို စောင့်ကြည့် နေပြီး အနောက်နိုင်ငံသားတွေအပြည့် ပါတဲ့  ကားတစီးစီးများ ဒီခြံနားကပ်လာတယ်ဆိုရင် စကားပြောစက်တွေနဲ့ တိုးတိုးတိုးတိုးသတင်းပို့ ကြတော့တာဘဲ။

အဲဒိအချိန်တွေကများ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမပြောနဲ့ ဟောဒီတက္ကသိုလ်ရိပ်သာလမ်းကြီးရဲ့ ဘယ်နားကို မှကားရပ်လို့ မရဘူး။

အခုတော့လည်းဒီခြံထဲမှာဘဲ ဒေါ်စုဆီလာတဲ့ ဧည့်သည်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ အမေရိကန်
သမ္မတအိုဘားမား လာရောက်တွေ့ ဆုံမှာကို ကျနော်စောင့်မျှော်နေရပါပြီ။

ဒါဟာ သုံးနှစ်ကြာ ခက်ခဲနက်နဲတဲ့ သံတမန်ရေးရာ ဆောင်ရွက်မှုတွေရဲ့ ရာဇ၀င်တင်တဲ့ ဖြစ်ရပ်ပါ။

အမေရိကန်အစိုးရ စီးပွားရေးပိတ်ဆို့ မှုဟာမြန်မာ ပြည်သူပြည်သားတွေကိုသာ ထိခိုက်စေခဲ့ပြီး အုပ်ချုပ်သူလူတန်းစားတွေကို တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ သယံဇာတအရင်းအမြစ်တွေကို လုပ်ချင်သလို လုပ်ခွင့် သလို ပေးလိုက်သလို ဖြစ်စေခဲ့ တာကြောင့် မအောင်မြင်ခဲ့ ပါဘူး။

၂၀၀၉ခုနှစ်မှာတော့ အမေရိကန်အစိုးရဟာ ဘာမားလို့ ခေါ်တွင်နေဆဲဖြစ်တဲ့  မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ရရှိလာတဲ့ အဖြေကတော့ မြန်မာအပေါ်ထားတဲ့ သဘောထားကို သိသိသာသာပြောင်းလဲဖို့ပါပဲ။ ဒါပေမဲ့  ဒီစေ့စပ်ညှိနှိုင်းမှုကို အားလုံးက စောင့်ကြည့်နေကြပြီး ဘယ်လို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်သွားမလဲဆိုတာ အသေအချာမခန့်မှန်းနိုင်ခဲ့ ပါဘူး။

အခုဒီခြံထဲမှာရှိတဲ့ အရာရှိကြီးတွေကတော့ ဒီလိုပြောင်းလဲမှုတွေ အတွက်သူတို့ အံသြ၀မ်းသာရတာကို ပွင့်ပွင်းလင်းလင်းကို ထုတ်ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကလွတ်တာ နှစ်နှစ်လောက်ပဲရှိသေးတာနဲ့ ဒီမိုကရေစီကို သွားရာလမ်းကြောင်းကလည်း တလွဲကြီးဖြစ်နေတာကို မမေ့ သင့်ဘူးဆိုတာကိုပါ။

အခုတော့ဒေါ်စုဟာ လွတ်မြောက်ရုံသာမက ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေနဲ့ ပါတွေ့ ဆုံနေပါပြီ။

သူဟာလွှတ်တော်အမတ်တယောက် ဖြစ်နေပြီး သမ္မတ ဦးသိန်းစိန်ကတောင် ဒေါ်စုဟာ တနေ့မှာ ခေါင်းဆောင်တယောက် ဖြစ်လာနိုင်တယ်လို့ ပြောကြားနေပါတယ်။
ဒါပေမဲ့ ဒီရလဒ်တွေပျောက်ပျက်မသွားဖို့ အရေးကြီးပါတယ်။
နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကလည်း အခြေအနေ အတော်ဆိုးနေပါတယ်။

နိုင်ငံရဲ့ ၂၅ရာခိုင်နှုန်းလောက် မီးမရသလို ကျန်းမာရေးစောင့်ရှောက်မှုကလည်း အတော်နိမ့်ကျနေပါတယ်။ လူမျိုးစုပြဿနာတွေကလည်း ရှိနေပြီး နိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်နဲ့ အနောက်ပိုင်းက ရိုဟင်ဂျာတွေရဲ့ ပြဿနာတွေဆက်လက် ဖြစ်ပွားနေဆဲပါ။

စစ်တပ်က နိုင်ငံရေးနဲ့ လူမှုရေးတွေကို ထိန်းချုပ်ထားဆဲ ဖြစ်သလို ရာပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေလည်း သံတိုင်တွေနောက်မှာ ရှိနေဆဲပါ။။

ဒါပေမဲ့ အရင်တုန်းက ဘယ်တုန်းကမှမရှိခဲ့တဲ့ မျှော်လင့်ချက်တရားတွေတော့ ဒီနိုင်ငံမှာရှိလာပါပြီ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥယျာဉ်ထဲက နှင်းဆီပန်းရနံ့တွေလည်း လေထဲမှာ သင်းပျံလာပါတယ်။ နှင်းဆီနံ့ တွေနဲ့ အတူဒီလေထုထဲမှာ ရနေတဲ့ အရာတခုလည်း ရှိပါသေးတယ်။
ဒါကတော့ အင်တာနက်ပါ။

မြန်မာနိုင်ငံလို အင်တာနက်သုံးရတာ နှေးကွေးဈေးကြီးရုံတင်မက ကန့် သတ်ချက်တွေများတဲ့ တိုင်းပြည်တခုမှာ အခုလို ပန်းခြံထဲကနေကြိုးမဲ့ အင်တာနက်သုံးပြီး အီးမေးလ်တွေစာတွေ ပို့ နေရတာ
တကယ့် ကို မယုံနိုင်စရာကြီးပါ။

မယုံရင်လည်းပုံပြင်လို့ သာမှတ်လိုက်ပါတော့။ ထပ်ပြောရအုန်းမယ်။ ကျနော်ဒေါ်အောင်ဆန်းစုကြည်ခြံထဲကနေ အင်တာနက်သုံးနေပါတယ်။h

CNN သတင်းထောက် Dan Rivers, CNN ၏ Miracles in Suu Kyi's secret garden ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။
ဓာတ်ပုံ မြတ်မွန်မှ ကျေးဇူးပြုပါတယ်။

အေးချမ်းမွန်မှ  Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite
Photo From :Burma-Newselite
တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်။ နိုဝင်ဘာလ ၁၉
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကို ကျနော် ကျိုးစားပမ်းစား သုံးနေရပါတယ်။ အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ် ဖြစ်ရပ်တွေအများကြီး ပါဝင် နေပါတယ်။ တကယ်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ ကျနော် ရောက်နေတာပါ။
ဒီနိုင်ငံက မတရားမှုတွေ ဖိနှိပ်မှုတွေကို သတင်းရေးခဲ့တဲ့အတွက် ကျနော့်ကို နှစ်ကြိမ်တိုင်တိုင် ပြည်နှင်ဒဏ် ပေးခဲ့ ပါတယ်။ ဟော အခုကျတော့လည်း အမေရိကန် သမ္မတ အိမ်ဖြူတော်က သတင်းစာအဖွဲ့ အနေနဲ့ ကျနော် ဖိတ်ကြားခြင်းခံရပြီး ပြန်ရောက်လိုက်ပါပြီ။ ဒါကျနော် ရဲ့ မလိမ်မိုး မလိမ္မာတာတွေကို မေ့သွားကြပြီ ဆိုတော့ သဘောပေါ့။
 
ဒီလို ကမ္ဘာမှာ အကျော်ကြားဆုံး ခြံဝင်းထဲမှာ ကျနော်ရောက်နေတာဟာ အံမခန်းစရာ အပြောင်းအလဲပါ။.
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်းက အဖြစ်အပျက်တွေကို ကျနော် ပြန်လည် မြင်ယောင်မိ ပါတယ်။ အဲဒီတုန်းကဆိုရင် ထောက်လှမ်းရေးတွေက ဒီခြံပေါက်ဝကို စောင့်ကြည့် နေပြီး အနောက်နိုင်ငံသားတွေအပြည့် ပါတဲ့ကားတစီးစီးများ ဒီခြံနား ကပ်လာတယ်ဆိုရင် စကားပြောစက်တွေနဲ့ တိုးတိုးတိုးတိုး သတင်းပို့ ကြတော့တာဘဲ။
အဲဒိအချိန်တွေကများ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမပြောနဲ့ ဟောဒီ တက္ကသိုလ်ရိပ်သာလမ်းကြီးရဲ့ ဘယ်နားကို မှကားရပ်လို့  မရဘူး။
အခုတော့လည်း ဒီခြံထဲမှာဘဲ ဒေါ်စုဆီလာတဲ့ ဧည့်သည်တွေထဲမှာ နာမည် အကြီးဆုံးဖြစ်တဲ့ အမေရိကန်
သမ္မတအိုဘားမား လာရောက် တွေ့ ဆုံမှာကို ကျနော်စောင့်မျှော်နေရပါပြီ။
ဒါဟာ သုံးနှစ်ကြာ ခက်ခဲနက်နဲတဲ့ သံတမန်ရေးရာ ဆောင်ရွက်မှုတွေရဲ့ ရာဇ၀င်တင်တဲ့ ဖြစ်ရပ်ပါ။
အမေရိကန်အစိုးရ စီးပွားရေးပိတ်ဆို့ မှုဟာမြန်မာ ပြည်သူပြည်သားတွေကိုသာ ထိခိုက်စေခဲ့ပြီး အုပ်ချုပ်သူ လူတန်းစားတွေကို တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ သယံဇာတ အရင်းအမြစ်တွေကို လုပ်ချင်သလို လုပ်ခွင့် သလို ပေးလိုက်သလို ဖြစ်စေခဲ့ တာကြောင့် မအောင်မြင်ခဲ့ ပါဘူး။

Saturday, August 18, 2012

“အဖေကိုတရားစွဲတဲ့ ကရင့်ခေါင်းဆောင်”

အဲဒီ တရားသူကြီးကို ငါကျွေးသလို မင်းကျွေးမထား နိုင်ခဲ့ဘူးလေ”
-MK ;-EU
၁၄.၈.၂၀၁၂

နေစရာ အိမ်တွေများပါရဲ့နဲ့ အိမ်တစ်ခြမ်း ထပ်လိုချင်လို့ ….ဒေါ်စုကို အောင်ဆန်းဦးက တရားစွဲတယ် ကြားတော့.. ဗိုလ်ချုပ်နဲ့ ပတ်သက်ရင် အမြှီးပါလဲ လေးစားမယ် ဆိုတဲ့ စိတ်ဓါတ် ပျောက်သွားတယ်။ လူတွေဟာ လူတွေဘဲလေ ဘုရား နဲ့ပတ်သက်တဲ့ အထဲမှာတောင် ဒေ၀ဒတ် ပါနေသေးတာဘဲ ။
ကရင့်ခေါင်းဆောင် စောဘဦးကြီးက သူ့အဖေကို တရားစွဲဖူးတယ် ဆိုတာကြားဖူးတော့ .. သူ့ကို ဘာကြောင့်လေး စားထိုက်တယ် ဆိုတာသိသွားတယ်။
ကရင့်တော်လှမ်းရေးထဲ ရောက်ခါစ… သူများတွေ စောဘဦးကြီး ဆိုလို့သာ လိုက် “ဦး” နေတာ၊ ဘာကြောင့် လေးစားဖို့ ကောင်းတယ်ဆိုတာ မသိဘူး။
ပိုဆိုးတာက…ပြည်တွင်းမှာ နေတုန်း၊ အစိုးရကထုတ်တဲ့ စာအုပ်တစ်ခုမှာ “နယ်ချဲ့ အင်္ဂလိပ် လက်ကိုင်ဒုတ်” ဆိုပြီးဓါတ်ပုံ တစ်ပုံ တွေ့ဖူးတယ်။ ဓါတ်ပုံထဲမှာ စောဘဦးကြီးက မုတ်ဆိပ်မွှေး..ပါးသိုင်းမွှေးနဲ့။ ဝတ်ထားတာကလဲ.. ရွှေဘ သရုပ်ဆောင်တဲ့ “ ဗိုလ်စံဖဲ” ဇာတ်ကားထဲက နောက်ဆုံး အခန်းမှာ….ဗိုလ်စံဖဲကို ကြိုးစင်တင်ဖို့ ဖမ်းခေါ်သွားတဲ့ အင်္ဂလိပ် အလိုတော်ရိ ပန်ချာပီစစ်ပုလိပ် တွေယူနီဖေါင်း အတိုင်းဘဲ..... ဆိုတော့... အစိုးရသုံးတဲ့ စကားလုံးကို ယုံသွားတယ်။
နယ်စပ်ရောက်မှ နဲနဲကြားဖူးလာတာက.... မော်လမြိုင်ကို ကရင်တပ်တွေ သိမ်းတော့ တချို့ ကရင်တပ်ဖွဲ့တွေက ဘဏ်တိုက်တွေ ဖေါက်ပြီး ငွေတွေယုကြလို့ ၊ စောဘဦးကြီးက သူ့မှာ တာဝန်ရှိပါတယ် ဆိုပြီး…..သူပိုင်တဲ့ လယ်မြေတွေရောင်း…. ငွေတွေ ပြန်စိုက် လျှော်တာ ကြားဖူးတော့ နဲနဲ လေးစားလာတယ်။
သူ့အဖေကို ဘာကြောင့် ဘယ်လို တရားစွဲတယ် ဆိုတာကြားဖူးတော့မှ စပြီး..အသေအခြာလေး စားထိုက်တယ် ဆိုတာ သိသွားတယ်။

Sunday, May 27, 2012

ဒီမိုကရေစီအရင်လား၊ လျှပ်စစ်မီးအရင်လား 

Published on Saturday, 26 May 2012 10:1,Written by နေသွင်

ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ငြင်းချက်ထုတ်သူကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ၊ “ဒီမိုကရေစီနောက်မှ လုပ်ပါ လျှပ်စစ်မီးချက်ချင်းပေး” ဆိုတဲ့ မန္တလေးက ပိုစတာကို သဘောမတူတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ အချိန်တော်တော်ယူပြီး ရှင်းပြသွားပါတယ်။
ပြည်သူတွေ လျှပ်စစ်မီးလိုတယ်၊ ရေလိုတယ်၊ အလုပ်အကိုင်တွေလိုတယ်၊ ဒါတွေဟာ စနစ်က မှားနေလို့ ဖြစ်ရတာ၊ ဒါကြောင့် စနစ်ကို ပြင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်၊ ဒါကြောင့် လျှပ်စစ်မီးလို ကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီအတွက် တပြိုင်တည်း လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  အခိုင်အမာ ဆိုပါတယ်။
ဆိုလိုတာက စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ ဘယ်ဟာက အရင်ဖြစ်သင့်သလဲဆိုတဲ့ အငြင်းပွားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ခုစလုံး တပြိုင်တည်း လုပ်ရမယ်ဆိုတဲ့ဘက်က ရပ်ခံပါတယ်။  
ဒီနေရာမှာ စနစ်ကို ပြောင်းရမယ်ဆိုတဲ့အပေါ်မှာ ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပြောင်း မလဲဆိုတဲ့အပေါ်မှာပဲ အငြင်းပွားကြမယ် ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နာမည်ကျော် သမိုင်းပညာရှင် ဖရန်းစစ် ဖူကူယားမားရဲ့ ဖွံ့ဖြိုးရေး ပုံစံတွေကို လေ့လာကြည့်ရင် မြန်မာပြည်အတွက် စဉ်းစားစရာတချို့ ရနိုင်မယ်လို့ ယူဆပါတယ်။
ပုံ (၁)
 

Monday, February 13, 2012

ကျောင်းသားတွေ သဘောတူတဲ့ ပင်လုံစာချုပ်သစ်

Written by မောင်ရမ္မာ

ပင်လုံစာချုပ်ဆိုတာ အင်္ဂလိပ် လက်အောက်ကနေ တောင်တန်းနှင့်ပြည်မ တပေါင်းတစည်းတည်း လွတ်လပ်ရေး ရယူနိုင်ရေးအလို့ငှာ "တိုင်းရင်းသားများနှင့် အတူလက်တွဲကာ ငြိမ်းချမ်းစွာ နေထိုင်ပါမည်" ဟူသော ကတိက၀တ်ကြောင့် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၁၁) နာရီမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပူးတွဲ လက်မှတ်ရေးထိုးခဲ့ကြတယ်။

ပင်လုံစာချုပ်အကြောင်းကို ကျနော်သင်တဲ့ လူမှုသိပ္ပံဘာသာတွဲ Grade 11 (A) မှာသင်ပါတယ်။ ပင်လုံစာချုပ် ဖြစ်ပေါ်လာရတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို မိတ္တူဆွဲပေးပြီး ကျောင်းသားတွေကို လေ့လာခိုင်းပါတယ်။ သူတို့တွေမှာရှိတဲ့ ပင်လုံနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို လေ့လာထားဖို့ လိုအပ်ကြောင်းကို ကျောင်းသားတွေကို ပြောဖြစ်ပါတယ်။

ကျောင်းသားတွေကို အုပ်စုနှစ်ခုခွဲပြီး တစုက ဗမာကိုယ်စားပြုအဖွဲ့နဲ့ နောက်တစုက တိုင်းရင်းသား ကိုယ်စားပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးမှုလေး ဖြစ်လာဖို့ ၄၅ မိနစ် စာသင်ချိန် ၄ ချိန်လောက်ကို သုံးခဲ့ရပါတယ်။ ဆွေးနွေးပွဲဖြစ်တော့ ထင်ထားတာထက် အချိန် ပိုကြာတာကို တွေ့ရပါတယ်။ ဆွေးနွေးပွဲကြာချိန် တနာရီ ခွဲ ထိကြာခဲ့ပါတယ်။ အခုတလော ကြားနေရတဲ့ ခေတ်သစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲထက် အချိန် ပိုကြာတယ်လို့ ပြောနိုင်ပါတယ်။

ဗမာတိုင်းရင်းသား ခေါင်းဆောင်အဖြစ် ဆောင်ရွက်တဲ့ ကျောင်းသားပြောဆိုသွားတာ တော်တော်ကောင်းတယ်လို့ ပြောရပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဒို့တိုင်းရင်းသား ညီအကို မောင်နှမတွေ ဥမကွဲ သိုက်မပျက် နေထိုင်ဖို့ ဆွေနွေးဖို့လာတဲ့ အကြောင်းကို စကားဦးချီ ပြောသွားတာ ဒီနေ့ငြိမ်းချမ်းရေးဆွေးနွေးနေ တဲ့ မြန်မာပြည် က ခေါင်းဆောင်တွေလေ့ လာသင်တယ်လို့ထင်မိပါတယ်။

ကချင်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးစကား သွားပြောတဲ့ မြန်မာစစ်တပ်က ဗိုလ်မှူးကြီးထက် ကျနော့် အထက်တန်း ကျောင်းသားတွေက ပိုတော်မယ် ထင်ပါတယ်။

Tuesday, October 25, 2011

လူ့အခွင့်အရေးနှင့် ကိုယ်ကျိုးစီးပွား

 
ဘရပ်ဆဲလ် အီးယူတွင်ကျင်းပသော Organization of International Islamic Cooperation (OIC) နှင့် ဟန်ရောင်ဝေ ၏ ယူရိုဘားမားတို့ ရိုဟင်ဂျာအရေးကိုထောက်ခံဆွေးနွေးနေကြစဉ်ပုံ။
ကျနော် ယခု ရေးသား တင်ပြမည့် အကြောင်းအရာမှာ မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်း နိုင်ငံများမှ ဝင်ရောက် အခြေချ လာသော လူမျိုးခြား တရုပ်၊ ကုလားများ အရေးကိစ္စကို မိမိဥာဏ်မီသမျှနှင့် အတွေ့အကြုံတို့ကို ပေါင်းစပ်ပြီး တင်ပြထား ခြင်း ဖြစ်ပါသည်။ ထိုသို့ ရေးသားရာ၌ လူမျိုးစွဲ၊ ဘာသာစွဲ အစွန်းနှစ်ဖက်ကို တတ်နိုင်သမျှ ရှောင်ကျဉ်ပြီး ကြိုးစားရေးသား ရာတွင် မိမိနိုင်ငံ၏ အမျိုးဘာသာ၊ သာသနာ အဓွန့်ရှည်ရေးနှင့် အခြားသော လူမျိုးများ၏ ဘာသာ၊ သာသနာကိုလည်း မထိခိုက်၊ မစော်ကား မိစေရန် အထူးဂရုစိုက်ခဲ့ပါသည်။
အဓိက ရေးလိုသည်မှာ လူ့ခွင့်အရေးကို ခုတုံးလုပ်၍ မိမိတို့လူမျိုး၏ မျိုးရိုး ဗီဇကိုဖုံးကွယ်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု ဖြစ်ပါသည်ဟု ယခုတလောတွင် ဆူညံလာသော ရိုဟင်ဂျာ ကိစ္စကို အဓိကထား ရေးသားခြင်း ဖြစ်ပါသည်။ ကိုယ်ကျိုး စီးပွားရှာရန်အတွက် ဆန်ရေ စပါးပေါများသော ကျွန်ုပ်တို့ နိုင်ငံသို့ သာမန် ခိုးဝင်နေထိုင် နေလာလျှင် လက်ခံနိုင်သေး သော်လည်း၊ လိမ်ညာပြီး လူမျိုးရေးအရ တောင်းဆိုလာမှု၊ ဘာသာရေးအရ လွှမ်းမိုး လာမှုများနှင့် မရိုးသားမှုတို့မှာ လက်ခံနိုင်စရာ မရှိချေ။

Friday, June 24, 2011

ကတိမတည်သောအစိုးရ၊ KIA နှင့်ငြိမ်းချမ်းရေး

ဆောင်းပါး - အောင်လင်းထွဋ်

မြန်မာနိုင်ငံမြောက်ဘက် ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခမြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံသည့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းနေမှုကို မကြာသောကာလက တိုက်ပွဲများက နင်းခြေဖျက်ဆီး ခဲ့လေပြီ။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ယခင် စစ်အစိုးရ၏ ခက်ခက်ခဲခဲ ရယူခဲ့သော ငြိမ်းချမ်းရေး ခရီးစဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့ရသည့် အတွေ့အကြုံကို တင်ပြလိုပါသည်။ ဦးစွာပထမ ၀န်ခံလိုသည်မှာ စာရေးသူတို့ကိုယ်တိုင် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လှည့်ဖျားမှု လိမ်လည်မှု ခံလိုက်ရကြောင်း အချိန်နှောင်းမှ သိရသည့် အချက်ဖြစ်သည်။

စစ်အစိုးရခေတ် ငြိမ်းချမ်းရေး ရည်ရွယ်ချက်များနှင့် ပတ်သက်၍ နှစ်ပိုင်းခွဲကြည့်ရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာလတို့ ဖြစ်ပါသည်။ KIA ခေါင်းဆောင်ပိုင်းနှင့် စစ်ထောက်လှမ်းရေး ခေါင်းဆောင်ပိုင်းတို့သည် ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်တနေရာ၌ လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ငြိမ်းချမ်းရေး မူဝါဒသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး တဦးနှင့်တဦး ယုံကြည်မှုတည်ဆောက်ကြမည်၊ နိုင်ငံရေးကိစ္စကို နောင်ပြည်သူ့အစိုးရ အသစ်တက်လာသည့်အခါ ဆွေးနွေးမည်၊ တပ်မတော်သည် ပြည်သူက ခန့်အပ်ထားသော အစိုးရ မဟုတ်သောကြောင့် တိုင်းရင်းသားအရေးကို မဆုံးဖြတ်နိုင်ဟု မူချမှတ်ခဲ့သည်။

ပထမဦးဆုံး လျှို့ဝှက်ဆွေးနွေးပွဲတွင် န၀တ ဘက်မှ ဒုဗိုလ်မှူးကြီး တင်ဝင်း (အလုပ်သမားဝန်ကြီးနှင့် အမေရိကန် သံအမတ်ကြီးဟောင်း)၊ ဗိုလ်မှူး သန်းအေး (ဗိုလ်မှူးကြီးဟောင်း - ကွယ်လွန်) တို့ဖြစ်ပြီး KIA ဘက်မှ ဦးဘရန်ဆိုင်းနှင့် အဖွဲ့ အကျိုးဆောင် ဒေါက်တာ စဘွဲဂျွန်၊ ဦးခွန်မြတ်တို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် န၀တဘက်မှ အထက်ပါ မူဝါဒအသစ်နှင့် ပတ်သက်၍ ရှင်းလင်းခဲ့ရာတွင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ အစိုးရများသည် လက်နက်ချရေးမူကိုသာ အသေစွဲကိုင်ခဲ့မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မမြင် ဖြစ်ခဲ့ကြရကြောင်း၊ ထို့ကြောင့် မိမိတို့လက်ထက်တွင် မူသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ယုံကြည်မှုတည်ဆောက်ကြမည်ဖြစ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်စဉ်ကာလအတွင်း အပစ်အခတ်ရပ်စဲထားပြီး တဘက်နှင့် တဘက် နားလည်မှု ရရှိရေး၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းတို့ ပါဝင်သည်။ သို့သော် KIA အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို သဘောတူမှ တရားဝင် ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဟု ကမ်းလှမ်းခဲ့သည်။

KIA ဘက်မှလည်း စစ်မှန်ပြီး အရှည်သဖြင့် တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်၊ ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးသည့် နည်းများဖြင့်သာ ဖြေရှင်းသွားလိုကြောင်း န၀တ၏ သဘောထားများကို ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဗဟိုကော်မတီသို့ တင်ပြပြီး သဘောထားကို ရယူသွားမည်ဖြစ်ကြောင်း ပဏာမတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချအာဏာရယူခဲ့ပြီးနောက် KIA ခေါင်းဆောင် ဦးဇော်မိုင် လက်ထက်တွင် အကျိုးဆောင်များမှတဆင့် ယခင်ပဏာမ တွေ့ဆုံခဲ့စဉ် ရှင်းလင်းချက်များကို အခြေခံ၍ န၀တနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

Wednesday, March 2, 2011

 Just Do it against Military Dictatorship 
အာဏာရှင်ကိုဆန့်ကျင်ဖို့ အခုပဲစကြစို့
Tuesday, 01 March 2011
အာဏာရှင်ကိုဆန့်ကျင်ဖို့ အခုပဲစကြစို့
Just Do it against Military Dictatorship
မောင်မောင်ဝမ်း
မတ် ၂၊ ၂၀၁၁
          Facebookစာမျက်နှာမှာလူငယ်တဖွဲ့ကနေ တော်လှန်ရေးတပ်လှန့်သံတခုနဲ့ ပေါ်ထွက်လာတော့ အဲဒီလူငယ်တွေကို ချီးကျူးမိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များဟာ နိုင်ငံရေးကို ဇက်ကြိုးပြတ်အောင်လုပ်နေတဲ့ အချိန်ကာလများမှာ တိုင်းပြည် ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲအတွက် တတပ်တအားပါဝင်လာတာကို တွေ့ရလို့ပါ။
           အခုဆိုရင် သူတို့ရဲ့စည်းရုံးလှုံ့ဆော် ဆောင်ရွက်ချက်တွေဟာ တော်တော်တောင်ခရီးပေါက်နေပြီ၊ တော်တော်များများ ရင်ထဲမှာ JD (just-Do-it အတိုကောက်) ဆိုတာ သန္ဓေတည်နေပြီ။ တချို့အမြင်လေးတွေကိုလည်း တွေ့ရတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုတောင် သူတို့က အယုံကြည်မရှိတော့ဘူး။
ဒီနေရာမှာ ကျနော်လည်း ဒီသဘောထားဝင်နေတာ ကာလတခု ရှိသွားပြီဗျ။ မူလအစက တွေ့ဆုံဆွေးနွေးရေးဆိုတာ ကျနော့်နိုင်ငံရေးယုံကြည်ချက်ထဲမှာ သံမှိုစွဲထားသလို ရှိနေတဲ့အရာတွေပါ။ ဒါ့အတွက် ကိုယ့်ဘ၀ကို ကာလတခုမှာ ပေးဆပ်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ အခု သိပ်မယုံကြည်တော့ဘူး။ (စွန့်ပယ်ဆုံးဖြတ်တယ် လို့တော့ မဆိုလိုပါဘူး)။ အလုပ်သိပ်မဖြစ်တော့ဘူးလို့ ထင်လို့ပါ။ တကယ်လည်း အခုထိ အလုပ်မဖြစ်ပါဘူး။ အားမလိုအားမရစိတ်နဲ့ ပြောတာပါလို့ စွပ်စွဲမယ်ဆိုလည်း ခံဖို့ အသင့်ပါပဲ။
တိုင်းပြည်လူထုက တဖြည်းဖြည်းနဲ့ ဆင်းရဲတွင်းနက်လာလိုက်တာ ၁၉၈၈ မတိုင်မီကထက်တောင် ပိုဆိုးလာတယ်။ စစ်အာဏာရှင်များဖက်က သိသာတဲ့နိုင်ငံရေးပြုပြင်ပြောင်းလည်းမှု မပြောနဲ့ နောက်ဆုံးထွက်သက်တွေအထိ အာဏာကို ဆုပ်ကိုင်သွားကြဖို့ကိုတောင် အတည်ပြု ဆုံးဖြတ်ပြီးနေကြပြီ။ ဒီတော့ ကျနော်တို့မှာ ရွေးချယ်စရာလမ်းက သိပ်များ များစားစား မကျန်တော့ဘူး။
တခုတည်းသောနည်းလမ်းပဲ ကျန်တော့တယ်။ ဒါကတော့ လူထုတိုက်ပွဲ … … ။ နိုင်ငံတကာက  လွတ်မြောက်လာတဲ့ တိုင်းပြည်တော်တော်များများကို လေ့လာကြည့်တဲ့အခါ အာဏာရှင်ကို လူထုတိုက်ပွဲနဲ့ အောင်ပွဲဆင်လာတာပဲ များတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာကစလို့ ဒီကနေ့လွတ်မြောက်ရေး တိုက်ပွဲဆင်နွဲနေတဲ့ နိုင်ငံတွေအဆုံး … လူထုတိုက်ပွဲနဲ့ပဲ အဆုံးသတ်သွားကြတယ်။

Friday, February 25, 2011

ဒီမိုကရေစီနိုင်ငံ အာရှကျားကြီးရဲ့ တုန့် ပြန်ချက်


၂၀၁၁ ဖေဖေါ်ဝါရီလ (၂၄)ရက်။

              ဒီနေ့ ၂၄ ရက်နေ့  ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအချိန်မှာ ဂျပန် နိုင် ငံအိန္ဒိယ သံရုံး အရှေ့ မှာ  အိန္ဒိယနိုင်ငံ ကလာကတား မြို့ မှာ လွတ်ရက်စေ့တာ တောင် လွတ်လပ်ခွင့် မပေးသေးဘဲ ထိန်းသိမ်းထားတဲ ကရင် နှင့် ရခိုင် လူမျိုး တော်လှန်ရေး ရဲဘော် ၃၄ ဦးကို လွတ်ပေးရန်၊ မြန်မာပြည်စစ်အစိုးရထံ ပြန်မပို့ ရန် နှင့် လွတ်လပ်တဲ့  တတိယ နိုင်ငံ တခုခု ကို သွားခွင့်ပေးရန် သွားရောက်တောင်းဆိုခဲ့ ကြ ပါတယ်။  စာကိုလက်ခံ ယူဘို့ ကို ကြိုတင် အကြောင်းကြားခဲ့ ပေးမဲ့  သံရုံးသို့ လာရောက်ပေးသည့် အချိန် မှာ လက်ခံ မယူ နိုင်ကြောင်း ငြင်းဆို ခဲ့ပါတယ်၊ ဒါပေမဲ့ သံရုံးရှေ့ မှာ ကြိုးစားပြီး လက်ခံယူဘို့ မေတ္တာရပ်ခံ လုပ်ခဲ့ကြတယ်၊ လက်ခံ မယူနိုင်ဘူးလို့  ဂေါင်းခါခါ၊ လက်ခါခါ ပြီး ငြင်းနေတဲ့ အိန္ဒိယ အမျိုးသမီး တယောက် ကို သံတိုင် အနောက်မှာ မြင်နေရတယ်။ စာလက်ခံမယူတာကြောင့် ကြွေးကြော်သံတွေ ညံသွားအောင် အော်ပြီးတောင်းဆိုကြတယ်။ သံရုံးခေါင်မိုး ပေါ်ကရော၊ မှန်တွေ အနောက်ကပါ ဆန္ဒလာပြသူတွေကို ဓါတ်ပုံ ရိုက်တာ မြင်နေ ရတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ အာရှ မှာ ဒီမိုကရေစီ သက်တမ်းအကြာဆုံးဖြစ်တဲ့ အိန္ဒိယ နိုင်ငံက လွတ်လပ်မှု ကို လိုချင်လို့  မိဘ၊ မောင်နှမ၊ မိသားစုဆွေမျိုး ၊ မိမိအသက်အားလုံကိုစွန့် ပြီး တိုက်ပွဲ ၀င်နေခဲ့တဲ့ ဒီရဲဘော် ၃၄ ယောက်ကို စဖမ်းချိန်ကတည်းက လုံးဝ အပြစ်မရှိဘူးဆိုတာသိထားပြီး၊ ဒီတော်လှန်ရေး ရဲဘော်တွေကို သက်သက်ညာညာ စဉ်းစားပေးဘို့  မေတ္တာရပ်ခံ လာလုပ်တဲ့ လူတွေကို မတူမတန် တန်းတူမထားပဲ စာလက်ခံဘို့  မပြောနဲ့  ကောင်းကောင်း မတ်တပ်ရပ်ပြီး တောင် စကားမပြောတာ ဟာ အာရှမှာ ဒီမိုကရေစီ သက်တမ်းအကြာဆုံး နှင့် စီပွားရေး အကောင်းဆုံ အာရှကျားကြီးရဲ့  တုန်ပြန်ချက်လား။ အာရှ နိုင်ငံသားခြင်း အတူတူ အမှန်တရားဘက်က မရပ်တည်ဘဲ ဘာကြောင့် အပြစ်တွေ ဖုံးကွယ်ခြင်နေ ရတာလဲ။  ဒီ လူ သက်သေ ၃၄ ဦး ကို လွတ်ပေးလိုက်ယင် မတရားလုပ်ထားတာတွေ ပေါ်ကုန်မှာ စိုးလို့ လား၊ ဒေါ်အောင်ဆန်းစုကြည် ကိုပြောတော့ အမြဲတမ်း ပံ့ပိုးနေမယ်ဆို ဘယ်ဟာ အမှန်ယူရမလဲ။ မှန်ကန်တဲ့ ဘက်က ရပ်တည် ရဲအောင် အာရှကျားကြီး ကို ၀ိုင်းတိုက်တွန်း ကြရအောင်ဟေ့ .... လို့  ဒီမိုကရေစီ အင်အားစု များအားလုံးကို ပြောပါရစေ။        ။

အားလုံး ကို လေးစားလျှက်
    

Sunday, February 20, 2011

မေ့မရသေါ မမေ့သင့်သော အမျိုးသားခေါင်းဆောင်တယောက်အကြောင်း

ကရင်အမျိုးသား ခေါင်းဆောင် ကေအဲန်ယူ အထွေထွေအတွင်းရေမှူးဟောင်း ပဒိုမန်းရှားလာဖန်း ဆုံး သွားတာ ဖေဖေါ်ဝါရီလ ၁၄ ရက် ၊၂၀၁၁ ခုနှစ်ဆိုရင် (၃)နှစ်ပြည့်ခဲ့ပါပြီး။ ပြည်တွင်း၊ နယ်စပ်ဒေသ အပါအ၀င် ကမ္ဘာအ ရပ်ရပ်မှာ ရောက်ရောက်ရှိနေကြတဲ့ အတီးပဒိုမန်းရှားလာဖေါင်ကို ချစ်မြတ်နိုးတဲ့၊လေးစားတဲ့ ကရင်လူထုတွေက သူ့ အတွက် အမှတ်တရပ် ဆုတောင်းပွဲတွေ၊ အလှူဒါနပွဲတွေ ပြုလုပ်ကျင်းပ ကြပါတယ်။

သေသေါသူ ကြာရင်မေ့ ဆိုတဲ့စကားပုံ ရှိခဲ့ပေမဲ့ မျိုးချစ်တော်လှန်သူ များအတွက်၊ အမှန်တရားကို ချစ်မြတ် နိုးသူ များအတွက် အတီးပဒိုမန်းရှာလို ခေါင်းဆောင် တယောက်ကိုတော့ မမေ့နိုင်ရုံမက သူ့ရဲ့အတွေး အခေါ်ခံယူချက် တွေဟာ ဒို့တတွေရဲ ရင်ထဲမှာ ဆက်လက် ကိန်းအောင်း ရှင်သန်နေမှာပါ။ အတီးမန်းရှာကို ကျနော်တို့ မမေ့သင့် မမေ့အပ်တဲ့ မမေ့နိုင်တဲ့ လူပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။