Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Sunday, May 27, 2012

ဒီမိုကရေစီအရင်လား၊ လျှပ်စစ်မီးအရင်လား 

Published on Saturday, 26 May 2012 10:1,Written by နေသွင်

ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ငြင်းချက်ထုတ်သူကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ၊ “ဒီမိုကရေစီနောက်မှ လုပ်ပါ လျှပ်စစ်မီးချက်ချင်းပေး” ဆိုတဲ့ မန္တလေးက ပိုစတာကို သဘောမတူတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ အချိန်တော်တော်ယူပြီး ရှင်းပြသွားပါတယ်။
ပြည်သူတွေ လျှပ်စစ်မီးလိုတယ်၊ ရေလိုတယ်၊ အလုပ်အကိုင်တွေလိုတယ်၊ ဒါတွေဟာ စနစ်က မှားနေလို့ ဖြစ်ရတာ၊ ဒါကြောင့် စနစ်ကို ပြင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်၊ ဒါကြောင့် လျှပ်စစ်မီးလို ကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီအတွက် တပြိုင်တည်း လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  အခိုင်အမာ ဆိုပါတယ်။
ဆိုလိုတာက စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ ဘယ်ဟာက အရင်ဖြစ်သင့်သလဲဆိုတဲ့ အငြင်းပွားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ခုစလုံး တပြိုင်တည်း လုပ်ရမယ်ဆိုတဲ့ဘက်က ရပ်ခံပါတယ်။  
ဒီနေရာမှာ စနစ်ကို ပြောင်းရမယ်ဆိုတဲ့အပေါ်မှာ ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပြောင်း မလဲဆိုတဲ့အပေါ်မှာပဲ အငြင်းပွားကြမယ် ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နာမည်ကျော် သမိုင်းပညာရှင် ဖရန်းစစ် ဖူကူယားမားရဲ့ ဖွံ့ဖြိုးရေး ပုံစံတွေကို လေ့လာကြည့်ရင် မြန်မာပြည်အတွက် စဉ်းစားစရာတချို့ ရနိုင်မယ်လို့ ယူဆပါတယ်။
ပုံ (၁)
 

ပုံ (၁) အရ ဆက်နွယ်မှုတွေကို ကြည့်ရင် စီးပွားရေးတိုးတက်မှု (economic growth)၊ လူထုရဲ့ နိုးကြားမှု (social mobiiization) နဲ့ နိုင်ငံတော်တို့ အကြားမှာ (State) ကြားမှာ အပြန်အလှန် ဆက်နွယ်မှုတွေကို တွေ့နိုင်ပါတယ်။ တနည်းအားဖြင့် နိုင်ငံရေး (အောက်ဆုံးက State Capacity နိုင်ငံတော်ရဲ့ စွမ်းရည်၊ Rule of Law (တရားဥပဒေ စိုးမိုးမှု) Democracy (ဒီမိုကရေစီ တို့ကို ဆိုလိုတာပါ) ၊ စီးပွားရေး၊ လူမှုရေး စတဲ့ မျက်နှာစာ သုံးရပ်မှာ အပြန်အလှန် ဆက်စပ်မှုတွေ ရှိနေတဲ့ သဘောဖြစ်ပါတယ်။ ဒီအကြောင်း နောက်ပိုင်းမှာ ဆက်ဆွေးနွေးပါမယ်၊
အခုတော့ ဖူကူယားမားရဲ့ ဖွံ့ဖြိုးရေးမော်ဒယ် သုံးမျိုးကို ကြည့်ကြရအောင်ပါ။
ပုံ (၂)  
ပုံ (၂) အရ နိုင်ငံတော် (State) ကနေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Economic Growth) ကို တွန်းတင်ပြီး၊ စီးပွားရေးတက်လာတဲ့နောက်မှာ လူထုလည်း နိုးကြားလာ၊ လူထုနိုးကြားမှုကနေ ဒီမိုကရေစီကို မွေးဖွား၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကနေ တရားဥပဒေစိုးမိုးမှု ( Rule of Law) ကို ဖန်းတီး ဆိုတဲ့ ဖြစ်စဉ်မျိုးပါ၊ ဒါပေမယ့် ဒီနေရာမှာ နိုင်ငံတော် (State) ကနေ အစစအရာရာ ဆင်းသက်လာတာဖြစ်လို့ ဒီနည်းက ဖြစ်တောင့် ဖြစ်ခဲလို့ စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။
မြန်မာပြည်အတွက် ဒီနည်းက မလုပ်မဖြစ်နိုင်ဘူးလို့ သေချာပေါက်ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် လွတ်လပ်ရေးရပြီးချိန်ကနေ အခုချိန်အထိ နိုင်ငံတော်က တခြားမျက်နှာစာတွေထက် အားကောင်းခဲ့ပေမယ့် တိုင်းပြည် ဖွံ့ဖြိုးရေးကို မတွန်းတင်နိုင်ခဲ့တာကြောင့်ပါ။
ဒီပုံက လက်ရှိ တရုတ်ပုံစံလို့ ယူဆနိုင်ပါတယ်။ ထိရောက်တဲ့ အာဏာပိုင်အစိုးရစနစ် (Effective Authoritarianism) က သွက်သွက်လက်လက် အလုပ်တွင်တာကြောင့် အားကောင်းတာတွေ ရှိနေပေမယ့် bad emperor problem မင်းဆိုးမင်းညစ်အန္တရာယ်ကြောင့် ရာနှုန်းပြည့် စိတ်မချရပါဘူး။ ဒီလို စနစ်မျိုးမှာ ခေါင်းဆောင်တွေ ညံ့ဖျင်းတဲ့အခါမျိုးမှာ ငါးပါးမှောက်တာမျိုး ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
အမေရိကားရဲ့ အပြန်အလှန်ထိန်းကြောင်းတဲ့စနစ် (checks and balances) စနစ်ကတော့ တခါတရံမှာ အကျိုးစီးပွားအုပ်စုတွေ ၀င်နှောင့်နေတဲ့အခါမျိုးမှာ ဆုံးဖြတ်ချက်ချတဲ့အခါ ကြန့်ကြာနေတာမျိုး၊ ရှေ့တိုးမရ အလုပ်မတွင်တာမျိုး ဖြစ်တတ်ပါတယ်၊ အမေရိကားမှာ တကယ်လည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ရေရှည်မှာ အမေရိကားရဲ့ စနစ်က တရုတ်စနစ်ထက်တော့ အကျိုးများဖို့ရှိပါတယ်လို့ ဖူကူယားမားက သုံးသပ်ပါတယ်။
ပုံ (၃)
 
ပုံ (၃) ကို ကြည့်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက တခြားမျက်နှာစာတွေထက် ပိုအရေးပါတဲ့ ဖွံ့ဖြိုးရေး ပုံစံဖြစ်ပါတယ်။ စီးပွားရေးတိုးတက်မှုက လူမှုနိုးကြားမှု (social mobilization၊ နိုင်ငံတော်၊ တရားဥပဒေ စိုးမှုမှု၊ ဒီမိုကရေစီတို့ကို မွေးဖွားပေးတဲ့ သဘောဖြစ်ပါတယ်။ ဒီနည်းကလည်း မြန်မာပြည်အတွက် မလုပ်ဖြစ်မယ့် ပုံမရှိပါဘူးဆိုတာ ရှင်းပါတယ်။ လောလောဆယ်အခြေအနေမှာ မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အားကောင်းမောင်းသန် ရှိမနေတာကြောင့်ပါပဲ။  
ပုံ (၄)
ဒီနည်းကတော့ လူမှုနိုးကြားမှု (Social Mobilization) က တခြားမျက်နှာစာတွေထက် ပိုပြီး အားကောင်းတဲ့ ပုံစံဖြစ်ပါတယ်။ လူမှုနိုးကြားမှုက နိုင်ငံတော် (State) ကို ဖိအားပေးပြီးနောက် လူမှုနိုးကြားမှုကပဲ ဒီမိုကရေစီ (Democracy) နဲ့ တရားဥပဒေ စိုးမိုးမှုကို တွန်းတင်၊ အဲဒီနောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Economic Growth) ကို တွန်းတင်သွားတာမျိုးဖြစ်ပါတယ်။
ဒီနည်းကလည်း မြန်မာပြည်အတွက် လက်တွေ့ မဖြစ်နိုင်လို့ ယူဆရပါတယ်။ သမိုင်း တလျှောက်လုံးမှာ နိုင်ငံတော် (State) နဲ့ လူမှုနိုးကြားမှု (Social Mobilization) တို့ရဲ့ အားပြိုင်ပွဲတိုင်းမှာ နိုင်ငံတော်က အမြဲတမ်း အသာစီးယူသွားတာကြောင့်ဖြစ်ပါတယ်။ ဒီအခြေအနေက အခုအချိန်ထိ မပြောင်းသေးလို့ ယူဆရပါတယ်။
ပြန်ချုပ်ရင် မြန်မာပြည်အတွက် ပုံ (၂)၊ (၃) (၄) ပုံစံက လက်တွေ့ အလုပ်ဖြစ်မယ့်ပုံမရပါဘူး၊ ဒါကြောင့် ပုံစံ (၁) ကနေပဲ မြန်မာပြည်နဲ့ လိုက်လျှောညီထွေဖြစ်မယ့် ဖွံ့ဖြိုးရေးပုံစံကို ဖော်ထုတ် ယူရမယ့် သဘောရှိပါတယ်။  
ဒီနေရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မျက်နှာစာ သုံးရပ်စလုံးကို တပြိုင်တည်းဖွံ့ဖြိုးလာအောင် လုပ်ဖို့ မဖြစ်နိုင်တာကြောင့် တခုခုနဲ့ အရင်စဖို့ ပညာရှင်တွေက အကြံပြုတာရှိပါတယ်။
စဉ်းစားကြည့်လို့ ရသလောက် လူထုနိုးကြားမှု (Social Mobilization) နဲ့ နိုင်ငံတော် ( State) တို့ကြားမှာ အင်အားကို ချိန်းညှိယူရင်း စီးပွားရေးတိုးတက်မှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီ တို့ကို တိုးချဲ့ယူသွားတဲ့ နည်းနဲ့ ဆိုရင် ဖြစ်နိုင်ပါတယ်။
နောက်တနည်းနဲ့ပြောရရင် မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးမော်ဒယ်မှာ Social Mobilization (လူမှုနိုးကြားမှု) နဲ့  State (နိုင်ငံတော်) တို့ ကြားမှာ အပြန်အလှန် တွဲခေါ်ရင်းသွားရမယ့် သဘောရှိပါတယ်။ ပိုပြီး တိတိကျကျ ဆိုရရင် Social Mobilization (လူမှုနိုးကြားမှု) နဲ့  State (နိုင်ငံတော်) တို့ကြားမှာ ဟန်ချီညီညီ ခရီးဆက်နိုင်ဖို့ ချိတ်ဆက်ပေးမယ့် အရာဟာ တာဝန်ယူမှု တာဝန်ခံမှု (Accountability) နဲ့ ပွင့်လင်းမြင်သာမှု (Transparency) ဖြစ်သင့်တယ်လို့ အဆိုပြုချင်ပါတယ်။ ဒီကနေမှ အဆင့် Economic Growth (စီးပွားရေး)၊ Rule of Law (တရားဥပဒေ စိုးမိုးမှု)။ Democracy (ဒီမိုကရေစီ) တို့ကို  တဖြည်းဖြည်း အားကောင်းလာအောင် ပြုစုပျိုးထောင်ယူရမယ်လို့ သဘောရပါတယ်။  
ဒီနေရာမှာ ဆင်ခြင်စရာ ဆင်မြူရယ် ဟန်တင်တန်ရဲ့ သတိပေးစကားတရပ်တော့ ရှိပါတယ်။ နိုင်ငံရေးတိုးတက်မှု (Political Development) မပါဘဲ စီးပွားရေးတိုးတက်လာမှု (Economic Growth) နဲ့ လူမှုနိုးကြားလာမှု (Social Mobilization) တွေချည်းပဲဆိုရင်လည်း ရေရှည်မှာ တည်ငြိမ်မှု မရနိုင်ဘဲ ပျက်စီးခြင်းဆီကို ဦးတည်သွားမယ်ဆိုတဲ့ အချက်ပါ။
ဟန်တင်တန်ရဲ့ ဒီအဆိုကို ဖူကူယားမားကလည်း လတ်တလော အီဂျစ်နဲ့ တူနီးရှားက လူထုအုံကြွမှုတွေနဲ့ ဥပမာပေးရင်း ထောက်ခံပါတယ်။ ဒီနိုင်ငံတွေမှာ လူလတ်တန်းစား ပညာတတ်တွေဟာ လက်ရှိ စနစ်ထဲမှာသူတို့အတွက် နေရာမရတာကြောင့် နောက်ဆုံး သည်းမခံနိုင်တဲ့အဆုံး အစိုးရဖြုတ်ချဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာရတာလို့ ဖူကူယားမားက သတိပေးပါတယ်။  
နေသွင်
မေလ ၂၆၊ ၂၀၁၂

 copy rights_http://www.maukkha.org

No comments:

Post a Comment