Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Thursday, May 17, 2012

သေမင်းတမန် ရထားလမ်း ပြုပြင်ရေး အစီစဉ် စတော့မည်ဟု ဦးအောင်မင်းပြော

Written by ရွှေဟင်္သာသတင်းဌာန


ဒုတိယကမ္ဘာစစ်အတွင်းမှ သေမင်းတမန် ရထားလမ်း
ဖောက်လုပ်နေမှု မြင်ကွင်း (ဓါတ်ပုံ - အင်တာနက်)

မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်းနိုင်ငံ စံခလဘူရီမြို့ ကို ဆက်သွယ်ထားသော သေမင်းတမန် ရထား လမ်းဟောင်းအား အသစ် ပြန်လည် ဖောက်လုပ် သွားမည်ဟု ရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ယမာန်နေ့ နံနက် (၉) နာရီ၌ ကျင်းပသော KNU ၏ ဘုရားသုံးဆူမြို့ ဆက်ဆံရေး ဖွင့်ပွဲ၌ ပြောကြား သွားပါသည်။

“အခုသုံးနေတဲ့ ကားလမ်းက ရထားလမ်းဟောင်းပါ၊ ရထားလမ်း ပျက်သွားတော့ ဘောင်တွေ ကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီ လမ်းအဟောင်းကိုပဲ သုံးပြီး ပြည်လည် ဖောက်လုပ်ပါမယ်။ ကားလမ်းကိုတော့ ရထားလမ်းနဲ့ ယှဉ်ပြီး ပြန်ဖောက် ပေးပါမယ်၊ အစီအစဉ် တွေဆွဲပြီးပါပြီ”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောကြား သွားပါသည်။

ဤကိစ္စကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့၏ ညစာစားပွဲ၌ ပထမအကြိမ် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

ယိုးဒယား - မြန်မာ သေမင်းတမန် မီးရထားလမ်းအား ဖောက်လုပ် ခဲ့စဉ်က အဓိက ရည်ရွယ်ချက် (၄) ရပ် ဖြင့် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ ဒုတိယ ကမ္ဘာစစ်ကို ဂျပန်တို့ အောင်နိုင်ရေး အတွက် အထူး အရေးကြီးသော လက်နက် ခဲယမ်း မီးကျောက် များကို အမြန်ဆုံး သယ်ယူ ပို့ဆောင်နိုင်ရေး၊ မြန်မာ့ထွက်ကုန် ဝင်ကုန်များကို အမြန်ဆုံး သယ်ယူ ပို့ဆောင်ရောင်းဝယ် နိုင်ရေး၊ မြန်မာနိုင် ငံနှင့် အခြားနိုင်ငံများ လွယ်ကူစွာ မဟာမိတ် ချစ်ကြည်မှု ပြုလုပ်နိုင်ရေး၊ စစ်ဒဏ်ကြောင့် မြန်မာ လူမျိုးများ ဆင်းရဲ ကျပ်တည်း လျက် ရှိရာ မီးရထားလမ်း ဖောက် လုပ်ပြီးစီးပါက မြန်မာပြည် ချမ်းသာ လာစေရေး တို့ဖြင့် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် အတွင်းဝန် ဦးဘ စောမှ ဥက္ကဋ္ဌအဖြစ် သီးဆောင်ပြီး ဖောက်လုပ်ခဲ့ပါသည်။

“လျာထားချက် အရကတော့ သုံးလေးနှစ်ခန့် ကြာနိုင်ပါတယ်၊ နိုင်ငံတကာနဲ့လည်း တိုင်ပင်ထားပါတယ်။ ယိုးဒယားနဲ့လည်း ကျွန်တော်တို့ ညှိထားပြီးပါပြီ။ ယိုးဒယားဘက်က ဆည်ကြီးတွေ ဆောက်လိုက်တဲ့အတွက် ရထားလမ်း အပိုင်းတွေ ရေမြုပ်သွားတယ်၊ အခုရထား လမ်း အသစ်တွေ ဖောက်ပေးပါဆိုပြီး သူတို့ကို ကျွန်တော်တို့က ပြောထားတယ်၊ နောင်သုံးလေးနှစ်ဆိုရင် ခင်ဗျားတို့ ရထားစီးပြီး ဗန်ကောက် ကို သွားနိုင်ပါပြီ” ဟု ဦးအောင်မင်းမှ ဘုရားသုံးဆူရှိ နယ်မြေခံ လူထုအား ကတိပေး ပြောကြား သွားခဲ့ပါသည်။

သေမင်းတမန် ရထားလမ်းသည် ဒုတိယ ကမ္ဘာစစ် အတွင်း ၁၉၄၂ ခုနှစ်မှ စတင် ဖောက်လုပ်ခဲ့သည့် ရထားလမ်းဟောင်း တစ်ခု ဖြစ်သည်။ စုစုပေါင်း ရထားလမ်း အရှည်မှာ ၄၁၅ ကီလိုမီတာ ရှိပါသည်။ ရထားလမ်း ဖောက်လုပ်ပြီးစီးသည့် အထိမ်းအမှတ် ပွဲအား ၁၉၄၃ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့တွင် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။ လူ့အသက် ပေါင်း များစွာတို့ စတေးကာ သေဆုံးခဲ့ကြရသည့်အတွက် “သေမင်းတမန် ရထားလမ်း”ဟု အမည်တွင်ခဲ့ခြင်းလည်း ဖြစ်သည်။

“ရထားလမ်း ဇလီဖာတုံး တစ်ခု စီမှာ အသက်တွေ ရှိနေတယ်လို့ တင်စားပြီး သေမင်းတမန် ရထားလမ်းလို့ နာမည်ကြီး ပါတယ်'' ဟု မြန်မာ့မီးရထားမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

ရထားလမ်း ဖောက်လုပ် ခဲ့စဉ်က မြန်မာလူမျိုးများ အပါအဝင် မဟာမိတ် စစ်သုံ့ပန်း ဦးရေးပေါင်း ၇၈၀, ၀၀၀ ဦးတို့ အသက် ဆုံးရှူံး ခဲ့ပါသည်။ အဓိကမှာ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါနှင့် နှိပ်စက် ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်ပါသည်။ သေမင်းတမန် ရထားလမ်းသည် သံဖြူဇရပ်မြို့မှ စတင်ကာ ယိုးဒယား (ထိုင်း) နိုင်ငံ ဘန်းဘွန် (Ban Pong) ဘူတာ၌ ဆုံးပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1598-2012-05-16-08-44-51.html

No comments:

Post a Comment