Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, May 11, 2012

ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက်


 
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီနဲ့ မြေယာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရွေနံ့သာ ကျေးရွာက လယ်သမားတွေဟာ အငြင်းပွားနေတဲ့ မြေကွက်ကို ဒီကနေ့ စုဝေး သွားရောက်ခဲ့ပြီး အခုနှစ် စိုက်ပျိုး ရာသီအတွက် စတင် ထွန်ယက် ခဲ့ကြပါတယ်။
ရွှေနံ့သာ ကျေးရွာက လယ်ဧက ၈ ရာကျော်ကို စက်မှု တည်ဆောက်ရေး အကြောင်းပြချက်နဲ့ ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူခဲ့တာပါ။ အဲဒီနောက် ကုမ္ပဏီက မြေတူးစက်တွေနဲ့ လယ်ကန်သင်း ဖြိုဖျက်တာ၊ ကွန်ကရစ်လမ်း ဖောက်လုပ်တာ၊ သံဆူးကြိုး ကာရံတာတွေ လုပ်ဆောင် လာတာကြောင့် လယ်သမားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။
ဒီပဋိပက္ခကို ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်နဲ့ အိုးအိမ် ဦးစီးဌာနအထိ တင်ပြ တိုင်တန်း ခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာ အိုးအိမ် ဦးစီးဌာနက… ဒီလယ်မြေတွေဟာ စက်မှုဇုံ အဖြစ် သတ်မှတ် ထားတဲ့မြေ မဟုတ်ဘဲ လယ်ယာမြေ အဖြစ်သာ စာရင်းပေါက်နေတယ် ဆိုပြီး လယ်သမားတွေကို အကြောင်း ပြန်ခဲ့တယ်လို့ ဒီကိစ္စကို ကူညီဆောင်ရွက် ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေက ပြောပါတယ်။
သိမ်းယူထားတဲ့ မြေပေါ်မှာ ဇေကမ္ဘာ ကုမ္ပဏီက လုံခြုံရေး ဝန်ထမ်းတွေ စောင့်ကြပ်ပြီး မြေထိုးစက်တွေနဲ့ မြေညှိ၊ မြေပြင်တာတွေ လုပ်နေတဲ့အပေါ် မြေအသိမ်းခံ လယ်သမားတွေက မခံမရပ်နိုင် ဖြစ်ပြီး သူတို့ပိုင် လယ်မြေတွေမှာ အခုလို စုပေါင်း ထွန်ယက် ခဲ့ကြတာ ဖြစ်ပါတယ်။
Copy from - RFA Burmese

No comments:

Post a Comment