Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, November 30, 2012

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာ သူတို့ မသိဘူးလား"

. "အခုလို အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်တာ မှားယွင်းတဲ့လုပ်ရပ်လို့ ပထမပြောချင်တယ်။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တောင် ငြိမ်းချမ်းရေးရဖို့ စကားပြော
နိုင်သေးတာ အခုဟာက လယ်သမားတွေက သူတို့နစ်နာချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆန္ဒပြတာကို ဘာလို့ သူတို့က စကားမပြောနိုင်ဘဲ စစ်လက်နက် ပစ္စည်းတွေနဲ့ အသုံးပြ
ုရတာလဲ။ အခုလို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မကျေနပ်မှုတွေနဲ့ တတိုင်းပြည်လုံး အုံကြွသွားနိုင်တာကြောင့် သူတို့ သွားနေတယ်ပြောတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာ သူတို့ မသိဘူးလား"

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက)
"အခုလို အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်တာ မှားယွင်းတဲ့လုပ်ရပ်လို့ ပထမပြောချင်တယ်။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တောင် ငြိမ်းချမ်းရေးရဖို့ စကားပြော နိုင်သေးတာ အခုဟာက လယ်သမားတွေက သူတို့နစ်နာချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆန္ဒပြတာကို ဘာလို့ သူတို့က စကားမပြောနိုင်ဘဲ စစ်လက်နက် ပစ္စည်းတွေနဲ့ အသုံးပြုရတာလဲ။ အခုလို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မကျေနပ်မှုတွေနဲ့ တတိုင်းပြည်လုံး အုံကြွသွားနိုင်တာကြောင့် သူတို့ သွားနေတယ်ပြောတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာ သူတို့ မသိဘူးလား"
ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက)
 
သက်သေပစ္စည်းတစ်ခု
.........................
ဒီဓာတုလက်နက်ဟာ စိုးစွပ်တဲ့နေရာတွေကို ပစ်ဖောက်လိုက်မယ်ဆိုရင် မီးလောင်စေပါတယ်။
အဲဒီရေနဲ့တွေ့ထိအခါမှာ အက်စ်အဖြစ်ပြောင်းလဲပြီး အဝတ်အထည်၊ အသားတွေကို သာမာန်မီးခဲလိုမဟုတ်ပဲ လောင်မြိုက်သွားပါတယ်။ အဓိကကတော့ ရေနဲ့တွေ့ရင်ပိုပြီး လောင်မြိုက်စေတယ်။ လောင်အားကောင်းတယ်ပေါ့ဗျာ။
အဲဒါကြောင့် ရဟန်းရှင်လူတွေကို ရေနဲ့ အရင်ဖြန်းလိုက်တယ်။ ပြီးတော့မှာ ယခုမြင်တွေ့ရတဲ့ လက်နက်ဆန်းတွေနဲ့ ပြည်သူတွေကို ပစ်ပေါက်ခဲ့တာ ဖြစ်နိုင်တယ်ဟု ဒေါက်တာကျော်စွာကပြောခဲ့ပါတယ်။
အာသောက
သက်သေပစ္စည်းတစ်ခု
.........................
ဒီဓာတုလက်နက်ဟာ စိုးစွပ်တဲ့နေရာတွေကို ပစ်ဖောက်လိုက်မယ်ဆိုရင် မီးလောင်စေပါတယ်။
အဲဒီရေနဲ့တွေ့ထိအခါမှာ အက်စ်အဖြစ်ပြောင်းလ...
ဲပြီး အဝတ်အထည်၊ အသားတွေကို သာမာန်မီးခဲလိုမဟုတ်ပဲ လောင်မြိုက်သွားပါတယ်။ အဓိကကတော့ ရေနဲ့တွေ့ရင်ပိုပြီး လောင်မြိုက်စေတယ်။ လောင်အားကောင်းတယ်ပေါ့ဗျာ။
အဲဒါကြောင့် ရဟန်းရှင်လူတွေကို ရေနဲ့ အရင်ဖြန်းလိုက်တယ်။ ပြီးတော့မှာ ယခုမြင်တွေ့ရတဲ့ လက်နက်ဆန်းတွေနဲ့ ပြည်သူတွေကို ပစ်ပေါက်ခဲ့တာ ဖြစ်နိုင်တယ်ဟု ဒေါက်တာကျော်စွာကပြောခဲ့ပါတယ်။
အာသောက
 
ဒီဓာတ်ပုံများကို ကိုင်ဆောင်၍ တနိုင်ငံလုံး ဆန္ဒဖော်ထုတ်ကြပါစို့....
xxxxxxxxxxxxxxxxxxxxxxxx
အစကောင်းမှ အနှောင်းသေချာသည်
အခုတော့ ဇာတိရုပ်တွေ ပေါ်လာပြီမဟုတ်လား
လွတ်တော်ထဲမှာ ဒီဓာတ်ပုံနှင့်တကွ အဆိုတင်သွင်းပြီး အရေးယူခိုင်းကြပါ။
(ထူးထူး)
ဒီဓာတ်ပုံများကို ကိုင်ဆောင်၍ တနိုင်ငံလုံး ဆန္ဒဖော်ထုတ်ကြပါစို့....
xxxxxxxxxxxxxxxxxxxxxxxx
အစကောင်းမှ အနှောင်းသေချာသည်
အခုတော့ ဇာတိရုပ်တွေ ပေါ်လာပြီမဟုတ်လား
လွတ်တော်ထဲမှာ ဒီဓာတ်ပုံနှင့်တကွ အဆိုတင်သွင်းပြီး အရေးယူခိုင်းကြပါ။
(ထူးထူး)
ကိုယ့်နိုင်ငံ ကိုယ့်ပြည်တွင်းမှာ ...ဒီပုံတွေကို မြင်နေရသရွေ့ ...

ဒီလို ဖြစ်ရပ်တွေ ရှိနေသရွေ့ ...

အစိုးရကို အယုံအကြည်ရှိဖို့နဲ့ တပ်မတော်ကို နားလည်လက်ခံဖို့ကို ဘယ်ပြည်သူမှ ...
စဉ်းစားကြမှာမဟုတ်ပါဘူး ..။

သပိတ်စခန်းက ရဟန်းရှင်လူတွေ ဒီလောက်မရိုင်းပါဘူး...။

လွှတ်တော်နဲ့ အဖွဲ့အစည်းတွေအားလုံးပေါင်းပြီး ညှိနှိုင်းဖြေရှင်းလို့ရတဲ့အခြေအနေ ပေးနေပါလျက်နဲ့

အခုလို စီမံလိုက်တာဟာ ပြည်သူချစ်တဲ့ အစိုးရ ပြည်သူချစ်တဲ့တပ်မတော် ဖြစ်ဖို့ ..... လုံးဝ မဖြစ်နိုင်သေးပါ။ (ငရဲ သား)
ကိုယ့်နိုင်ငံ ကိုယ့်ပြည်တွင်းမှာ ...ဒီပုံတွေကို မြင်နေရသရွေ့ ...
 ဒီလို ဖြစ်ရပ်တွေ ရှိနေသရွေ့ ...
 အစိုးရကို အယုံအကြည်ရှိဖို့နဲ့ တပ်မတော်ကို နားလည်လက်ခံဖို့ကို ...
ဘယ်ပြည်သူမှ ...
စဉ်းစားကြမှာမဟုတ်ပါဘူး ..။
 သပိတ်စခန်းက ရဟန်းရှင်လူတွေ ဒီလောက်မရိုင်းပါဘူး...။
 လွှတ်တော်နဲ့ အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး ညှိနှိုင်းဖြေရှင်းလို့ရတဲ့ အခြေအနေ ပေးနေပါလျက်နဲ့
 အခုလို စီမံလိုက်တာဟာ အခုလို ပြည်သူချစ်တဲ့ အစိုးရ ပြည်သူချစ်တဲ့တပ်မတော် ဖြစ်ဖို့ .....

ဘာကြောင့် အရေပြားတွေအထိ မီးစွဲလောင်ရသလဲ

ဘာကြောင့် အရေပြားတွေအထိ မီးစွဲလောင်ရသလဲ
ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲမှုတွင် အာဏာပိုင်များက သပိတ်စခန်းများကို ကနဦးအနေဖြင့် မီးသတ်ပိုက်များနှင့် ထိုးခွဲခြင်း၊ လူထုချီတက်လာနိုင်မည့် လမ်းကြောင်းများနှင့် သပိတ်စခန်းများအတွင်း မျက်ရည်ယိုဗုံးများနှင့် ပစ်ခွဲခြင်း၊ မီးဗုံးများဖြင့် သပိတ်စခန်းများအတွင်း ပစ်ခွဲခြင်းများပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ အာဏာပိုင်အဖွဲ့များက သပိတ်စခန်းများအတွင်း “တွေ့တဲ့လူ အကုန်ရိုက် အကုန်ဖမ်း” ဟု ညာသံပေးကာ အုပ်စုလိုက် ဝင်ရောက်ရိုက်နက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဧရာဝတီသို့ပြောသည်။
 
ယင်းသို့ပစ်ခတ်ဖြိုခွဲရာတွင် အသုံးပြုသော မီးဗုံးများမှာ ရေစိုနေသော အရာဝတ္ထုများနှင့် အသားအရေကို စွဲလောင်ခြင်းကို သပိတ်အဖွဲ့ဝင်များက နားမလည်နိုင်ဖြစ်ရကြောင်း မူလပက်ဖြန်းခဲ့သည့် ရေ သို့မဟုတ်၊ မီးဗုံးများတွင် ဓာတုပစ္စည်းများ ပါဝင်နိုင်ဟု သပိတ်အဖွဲ့ဝင်များက သံသယ ရှိနေကြသည်။

ယခု အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုသော မီးလောင်ဗုံးမှာ ဖော့စ်ဖောရပ်စ် ပါဝင်သည့် မီးလောင်ဗုံး ဖြစ်နိုင်သည်ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောကြောင်း မုံရွာ အခြေစိုက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဧရာဝတီကို ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူများရဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ဒီမနက် ၀င်ရောက် စီးနင်းပါတယ်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူများရဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ဒီမနက် ၀င်ရောက် စီးနင်းပါတယ်။ အကြမ်းဖက်နှိမ်နင်းမှုကြောင့် နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီက ဒေသခံ နိုင်ငံရေးသမား တဦးဖြစ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို ဆက်သွယ် မေးမြန်းတော့ ဆန္ဒပြသူ ၇၀ ၀န်းကျင် ဒဏ်ရာ ရသွားတယ်၊ တချို့ ဒဏ်ရာ ပြင်းထန်တယ် လို့ ပြောပြပါတယ်။
 
သတင်းရင်းမြစ် - ဧရာဝတီ

Saturday, November 24, 2012

နေပြည်တော် ချီတက်နေတဲ့ ရွေလုပ်သားတွေ ရဲရိုက်ဖမ်း


နေပြည်တော် ချီတက်နေတဲ့ ရွေလုပ်သားတွေ ရဲရိုက်ဖမ်း
Friday, 23 November 2012 

ထိမိုးမိ ရွေလုပ်သားများ နေပြည်တော်ဆီ ချီတက်လမ်းလျှောက်နေတာကို အာဏာပိုင်တွေက တားဆီး ရိုက်နှက်ပြီး ရွေလုပ်သား ခေါင်းဆောင် ၅ ဦး
ကို ဖမ်းဆီးသွားကြောင်းရွေလုပ်သားတွေနဲ့ ကျနော်တို့ ရဲ့ ဒီဗွီဘီ သတင်းထောက်က ပြောကြပါတယ်။

နိုဝင်္ဘာလ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ မြို လှကနေ ထွက်လာတဲ့ ရွေလုပ်သားတွေကို နာရီဝက်ခရီးအကွာ ရေနီစက္ကူစက်
နားမှာ ရဲတွေ ၀င်ရောက်ရိုက်နှက်ခဲ့တယ်လို့ ရွေလုပ်သား ကိုလှိုင်မျိုးအောင်
က ပြောပါတယ်။

ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်၊ ကိုစောနောင်နဲ့ ကိုရဲဝင်းတို့ 
၅ ဦးကို ဖမ်းဆီးပြီး ရေနီ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ကိုယ်တိုင်
မြင်တွေ့ ခဲ့ရသူ ဒီဗွီဘီ သတင်းထောက်ကလဲ ပြောပါတယ်။

ရွေလုပ်သားတွေဟာ နိုဝင်္ဘာ ၈ ရက်နေ့ က ရန်ကုန်ကနေ စတင်ထွက်ခွာ
လာပြီး နေပြည်တော်အရောက် ချီတက်ပြီး သူတို့ ရဲ့ နစ်နာချက်တွေကို
 တောင်းဆိုတင်ပြသွားကြမှာပါ။

DVB

Friday, 23 November 2012

ထိမိုးမိ ရွေလုပ်သားများ နေပြည်တော်ဆီ ချီတက်လမ်းလျှောက်နေတာကို အာဏာပိုင်တွေက တားဆီး ရိုက်နှက်ပြီး ရွေလုပ်သား ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး သွားကြောင်း ရွေလုပ်သားတွေနဲ့ ကျနော်တို့ ရဲ့ ဒီဗွီဘီ သတင်းထောက်က ပြောကြပါတယ်။

နိုဝင်္ဘာလ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ မြို လှကနေ ထွက်လာတဲ့ ရွေလုပ်သားတွေကို နာရီဝက် ခရီးအကွာ ရေနီစက္ကူစက်နားမှာ ရဲတွေ ၀င်ရောက် ရိုက်နှက်ခဲ့တယ်လို့ ရွေလုပ်သား ကိုလှိုင်မျိုးအောင်က ပြောပါတယ်။

ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်၊ ကိုစောနောင်နဲ့ ကိုရဲဝင်းတို့ ၅ ဦးကို ဖမ်းဆီးပြီး ရေနီ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ကိုယ်တိုင် မြင်တွေ့ ခဲ့ရသူ ဒီဗွီဘီ သတင်းထောက်ကလဲ ပြောပါတယ်။

ရွေလုပ်သားတွေဟာ နိုဝင်္ဘာ ၈ ရက်နေ့ က ရန်ကုန်ကနေ စတင်ထွက်ခွာလာပြီး နေပြည်တော်အရောက် ချီတက်ပြီး သူတို့ရဲ့ နစ်နာချက်တွေကို တောင်းဆို တင်ပြသွားကြမှာပါ။
Copy from - DVB

Thursday, November 22, 2012

ကေအဲန်ယူ ထုတ်ပြန်ကြေငြာချက်

အဖွဲ့အစည်းကွဲမည် မဟုတ်ဟု ကေအဲန်ယူ ပြော

အဖွဲ့အစည်းကွဲမည် မဟုတ်ဟု ကေအဲန်ယူ ပြော
နိုဝင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

စက်တင်ဘာလက ဖွင်းလှစ်ခဲ့သည့် ဖားအံဆက် ဆံရေးရုံးဖွင့်ခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်းတွင် အကွဲအပြဲရှိ နိုင်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မမှန်ကြောင်း ကရင်အမျိုးသား အစည်း အရုံး-ကေအဲန်ယူ က ယနေ့ထုတ်ဖော်ပြောကြားလိုက်သည်။

ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “တလောက ကျနော်တို့ရဲ့ အဖွဲ့အစည်းထဲမှာ သဘောထားကွဲလွဲနေတဲ့အပေါ် ကွဲကြမယ် ဆိုတဲ့သတင်း ထွက်လာခဲ့တယ်။ ဒါပေမယ့်  ကျနော်တို့ သဘော ထားကွဲ မှုကြောင့် အဖွဲ့အစည်းကွဲမှုတော့ မဖြစ်စေရဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ယင်းသဘောထားကွဲလွဲနေမှုများကို (၁၄)ကြိမ်မြောက် ကွန်ဂရတ်အပြီး အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၀ရက်နေ့ အထိ ကေအဲန်ယူ ဖားအံခရိုင်တွင် ကျင်းပသော စတုတ္တအကြိ မ်မြောက် ဗဟိုအမြဲ တမ်းကော်မတီအစည်းအဝေးတွင် အချင်း ချင်း ကျေကျေ လည်လည် ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း ယနေ့ရက် စွဲ ဖြင့် ကေ အဲန်ယူ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ကြေညာချက်နှင့်ပတ်သက်၍ ဗိုလ်မှူးစောလှငွေက “သဘော ထားကွဲလွဲ မှုတွေ ပြန်ညှိလို့ရတာပဲဆိုပြီး ကျနော်တို့ အရေးပေါ် အစည်းအဝေးလုပ်ပြီး ညှိကြတယ်။ အဲဒီအရေးပေါ်မှာ ကျနော်တို့ ရည်မှန်းချက် ထားထား တဲ့အတိုင်း ဗဟိုပုံမှန်အစည်းအဝေးကို လုပ်သွားနိုင်တဲ့အကြောင်းကို ကရင်ပြည်သူတွေကို သိစေချင်လို့ပါ”ဟု ပြောသည်။

စတုတ္တအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးတွင် ပထမ သဘာပတိအဖြစ် ဒုဥက္ကဌ ပဒိုဒေးဗစ် သာကပေါ၊ ဒုသဘာပတိအဖြစ် ဗိုလ်ချုပ်မှူးကြီး မူးတူးစေးဖိုးတို့ ဦးဆောင်ခဲ့ပြီး ဗဟိုအမြဲ တမ်းကော် မတီဝင်နှင့် ဗဟိုအရံကော်မတီဝင် (၄၀) ဦးတက်ရောက် ခဲ့ဟု ကေ အဲန်ယူ ကြေညာချက်တွင် ပါရှိသည်။

ထို့အပြင် အစည်းအဝေးတွင် ပြီးခဲ့သည့် ၄နှစ်တာ ကာလအတွင်း အဖွဲ့အစည်း၏ အခြေအနေ၊ နိုင်ငံရေးအခြေ အနေများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နည်းဥပဒေများ၊ အခြေခံလမ်း စဉ်လုပ်ငန်းစဉ် များကို ပြန် လည်သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း ကေအဲန်ယူက ပြောသည်။

စစ်မှန်သော ငြိမ်းချမ်းရေးပေါ်ပေါက်ရေး အတွက် နိုင်ငံရေးပြဿနာ များကို ဖြေရှင်းရန်၊ စစ်မှန်သည့် ပြည်ထောင် စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီအင်အားစုများဆန္ဒနှင့်အညီ ပူးပေါင်းဆောင် ရွက်သွားရန်၊ ကရင်အမျိုးသားများ၏ အကျိုးကျေးဇူး ခံစားခွင့်ရရှိရေးနှင့် တန်းတူညီတူအခွင့်အရေး ရရှိရန် ပြည် တွင်း ပြည်ပ ကရင်များနှင့်အတူ ပူးပေါင်းသွားမည်ဟု လည်း ကေအဲန်ယူ ၏ ကြေညာ ချက်က ဆိုသည်။

ကေအဲန်ယူသည် နောက်သက်တမ်း ခေါင်းဆောင်များကို ရွေးချယ်ရန်အတွက် လာမည့် နိုဝင်ဘာလ ၂၆ရက်မှ ဒီဇင်ဘာလ ၇ရက်နေ့ အထိ ၁၅ ကြိမ်မြောက် ညီလာခံကျင်းပရန်ရှိသည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

လာမည့် ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ကရင်လူမှု အခြေပြုအဖွဲ့ အစည်း များအား ဖိတ်ကြားထားသည့် အတွက် ဆွေးနွေးစရာ၊ ဖြေရှင်းစရာများကို တက်ရောက်လာသည့် ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်း ပြီး သက်ဆိုင်ရာ ကေအဲန်ယူတာဝန်ရှိသူများဘက်မှလည်း ဖြေကြားရမည့် အစီအစဉ်ရမည့် အစီအစဉ်ရှိသဖြင့် ညီလာခံမှာ သတ်ထားရက်ထက် ကြာနိုင်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး အပါအ၀င် ကေအဲန်ယူခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့ ၃၁ဦးပါဝင်သည့် အဖွဲ့သည် ဖားအံမြို့သို့ စက်တင်ဘာ ၂၇ရက်နေ့က KNLA တပ်မဟာများ ဆက်ဆံရေးဖွင့်ရန် ထွက်ခွာခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ KNU ဗဟိုဌာ နချုပ်မှ ၎င်းတို့၏ အစီအစဉ် မဟုတ်ကြောင်း ကြေညာချက်ပြန်ခဲ့သည်။ 

ထိုနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်ခဲ့သလို KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ဦးအနက် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုစောရောဂျာခင်နှင့် ပဒိုစောဒေးဗစ်ထောတို့ကို တာဝန်မှ ထုတ်ပယ်လိုက်ကြောင်း ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ထုတ်ပယ်လိုက်သည့် စစ်ဦးစီးချုပ်နှင့် ကေအဲန်ယူ ထိပ် ပိုင်း ခေါင်းဆောင်တစ်ဦးကို ကေအဲန်ယူဗဟို က အောက်တိုဘာလ ၂၅ရက်နေ့တွင် ကရင်တမျိုးသားလုံး၏ ဂုဏ်သိက္ခာနှင့် စည်းလုံး ညီညွတ် မှုအတွက်  မူလတာဝန်များ အတိုင်း ပြန်လည်ပေး အပ်ခဲ့သည်။

နိုဝင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။

စက်တင်ဘာလက ဖွင်းလှစ်ခဲ့သည့် ဖားအံဆက် ဆံရေးရုံးဖွင့်ခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်းတွင် အကွဲအပြဲရှိ နိုင်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မမှန်ကြောင်း ကရင်အမျိုးသား အစည်း အရုံး-ကေအဲန်ယူ က ယနေ့ထုတ်ဖော်ပြောကြားလိုက်သည်။
 
ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “တလောက ကျနော်တို့ရဲ့ အဖွဲ့အစည်းထဲမှာ သဘောထားကွဲလွဲနေတဲ့အပေါ် ကွဲကြမယ် ဆိုတဲ့သတင်း ထွက်လာခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ သဘော ထားကွဲ မှုကြောင့် အဖွဲ့အစည်းကွဲမှုတော့ မဖြစ်စေရဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ယင်းသဘောထား ကွဲလွဲနေမှုများကို (၁၄)ကြိမ်မြောက် ကွန်ဂရတ်အပြီး အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၀ရက်နေ့ အထိ ကေအဲန်ယူ ဖားအံခရိုင်တွင် ကျင်းပသော စတုတ္တအကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးတွင် အချင်းချင်း ကျေကျေ လည်လည် ဆွေးနွေး ခဲ့ကြပြီး
ဖြစ်ကြောင်း ယနေ့ရက် စွဲ ဖြင့် ကေ အဲန်ယူ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ကြေညာချက်နှင့်ပတ်သက်၍ ဗိုလ်မှူးစောလှငွေက “သဘော ထားကွဲလွဲ မှုတွေ ပြန်ညှိလို့ရတာပဲဆိုပြီး ကျနော်တို့ အရေးပေါ် အစည်းအဝေးလုပ်ပြီး ညှိကြတယ်။ အဲဒီအရေးပေါ်မှာ ကျနော်တို့ ရည်မှန်းချက် ထားထား တဲ့အတိုင်း ဗဟိုပုံမှန်အစည်းအဝေးကို လုပ်သွားနိုင်တဲ့အကြောင်းကို ကရင်ပြည်သူတွေကို သိစေချင်လို့ပါ”ဟု ပြောသည်။

Tuesday, November 20, 2012

အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတဦးသိန်းစိန်တွေ့ဆုံ

 
အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန်လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
သမ္မတ အိုဘားမား ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စုစုပေါင်း ခြောက်နာရီခန့်သာ ကြာမြင့်မှာဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ပထမဆုံး သမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့ရာ မှာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို သမ္မတအိုဘားမားက ချီးကျူးပြောဆိုခဲ့ပါတယ်။

ရှေ့ဆက်လုပ်ငန်းစဉ်တွေ အများကြီရှိသေးတယ်ဆိုတာကိုတော့ သူက သတိပေးပြောကြားပါတယ်။ အထူးခြားဆုံးအချက်ကတော့ မြန်မာနိုင်ငံရဲ့ အမည်ကို ဘားမား လို့မသုံးနှုံးဘဲ မြန်မာ လို့ သတင်းထောက်များကိုပြောကြားစဉ်မှာ ပထမဆုံးသုံးစွဲသွားခဲ့ပါတယ်။ 
copy rights_http://burmese.voanews.com

Sunday, November 18, 2012

 ဒေါက်တာ စင်သီယာမောင် နှင့် ဂျပန်ရောက်မြန်မာ မိသားစုတွေ့ ဆုံပွဲ အခမ်းအနား (တိုကျို)



၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဂျပန် နိုင်ငံရောက်မြန်မာမိသားစု များနှင့် ညနေ ၃း၀၀ နာရီမှ ၅း၀၀ နာရီအထိ Shinjuku Bunka Center တွင် ထပ်မံတွေ့ ဆုံ ကျင်းပခဲ့ပြီး ဖြတ်သန်းလာခဲ့ရသည့် အခက်အခဲ့ အတွှေအကြုံများ၊ လက်ရှိ ရွှေ့ပြောင်းအခြေချ မြန်မာ ဒုက္ခသည်များတို့၏ အခြေအနေ ကလေးများ၏ ကျမ္မာရေး ပညာရေး ၊ လက်ရှိ နိုင်ငံရေး အခြေအနေ ပြောင်းလဲမှုများ ရှိသော်လည်း ပြည်တွင်းပ ဆေးလာရောက်ကုသမှုမှာ ဆက်လက် တိုးပွါးလျက် ရှိနေကြောင်း နိုင်ငံတကာမှ အကူုအညီထောက်ပံ့မှုအချို့မှာ လျော့နဲလာသည့်အတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဆက်လက် အကူအညီများ လိုအပ်လျက်ရှိကြောင်း နှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူ များမှ မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားသွားပြီးနောက် မြန်မာနိုင်ငံ လက်ရှိအခြေအနေများတို့ကိုပါ အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။ ဆက်လက်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် ဂျပန်နိုင်ငံရောက် ကရင်မိသားစု များနှင့် ထပ်မံတွေ့ ဆုံမည်ဖြစ်ကြောင်းကို သတင်းရရှိပါသည်။

ဒေါက်တာ စင်သီယာမောင် နှင့် တွေ့ဆုံပွဲ အခမ်းအနား (တိုကျို)

 
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဂျပန် NGO အဖွဲ့များ မြန်မာနိုင်ငံသားများတို့ပါ တွေ့ဆုံသည့် အခမ်းအနားကို တိုကျိုရှိ နိပွန်းဖေါင်းဒေးရှင်း အဆောက်အဦး၌ ညနေ ၂း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပခဲ့ပြီး မယ်တော် ဆေးခန်း စတင်ပေါ်ပေါက်လာခဲ့ခြင်းနှင့် အနှစ် ၂၀ အတွင်း ဖြတ်သန်းလာခဲ့ရသည့် အခက်အခဲ့ အတွှေအကြုံများ၊ လက်ရှိ ရွှေ့ပြောင်းအခြေချ မြန်မာ ဒုက္ခသည်များတို့၏ အခြေအနေ ကလေးများ၏ ကျမ္မာရေး ပညာရေး ၊ လက်ရှိ နိုင်ငံရေး အခြေအနေ ပြောင်းလဲမှုများ ရှိသော်လည်း ပြည်တွင်းပ ဆေးလာရောက်ကုသမှုမှာ ဆက်လက် တိုးပွါးလျက် ရှိနေကြောင်း နိုင်ငံတကာမှ အကူုအညီထောက်ပံ့မှုအချို့မှာ လျော့နဲလာသည့်အတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဆက်လက် အကူအညီများ လိုအပ်လျက်ရှိကြောင်း လက်ရှိအခြေအနေများတို့ကိုပါ အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။
 
မိုင်းကျော်ဦး

မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေးမဆက်ဆံဖို့ အိုဘားမားပြောမည်

အမေရိကန် သမ္မတ ဘရက်အိုဘားမား။ (နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၂)။
 
ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာ ဖြတ်တောက်ပစ်ဖို့ တနင်္လာနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ အမေရိကန်သမ္မတ ဘရက်အိုဘားမား က မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းသွားဖို့ ရှိတယ်လို့ အိမ်ဖြူတော် အရာရှိတွေ ပြောတဲ့ အကြောင်း စနေနေ့က ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ထိတွေ့ ဆက်ဆံနေတာတွေ လျှော့ချဖို့ သမ္မတ အိုဘားမားက မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုသွားမယ့် အကြောင်း လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး အရာရှိ ဘန်ရုဒ်စ် (Ben Rhodes) က သမ္မတ အိုဘားမား စီးနှင်း လိုက်ပါလာတဲ့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ဘက်ကလည်း အပြုသဘောဆောင်တဲ့ ဘက်ကို ဦးတည် လုပ်ဆောင်နေတာကို တွေ့ရပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာတွေ ဖြတ်တောက် ပစ်ဖို့ သူတို့အနေနဲ့ ထပ်လောင်း ဖိအားပေးသွားမှာ ဖြစ်တတယ်လို့ ဘန်ရုဒ်စ် က ပြောပါတယ်။

သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံ အပါအ၀င် ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို တရားဝင် သွားရောက် လည်ပတ်ဖို့ အာရှတိုက်ကို သွားနေပြီ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး စည်းဝေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းအတွင်း တိုင်းပြည်စီးပွား ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်မယ်လို့ ရွေးကောက်ပွဲကာလက ပေးထားတဲ့ ကတိတွေ အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်နေတဲ့ အချိန်မှာ အာရှတိုက်ကို အာရုံစိုက် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ အာရှတိုက်ဟာ အနာဂတ် အမေရိကန်နိုင်ငံခြားရေးမူဝါဒတွေမှာ အရေးပါတဲ့ ဆုံချက် ဒေသဖြစ်တယ် ဆိုတာ သမ္မတ အိုဘားမား အစိုးရက ပြောထားပြီးသား ဖြစ်ပါတယ်။ 
copy rights_ http://burmese.voanews.com/content/obama-burma-11-17-12/1548220.html

Wednesday, November 14, 2012

ရှမ်းတပ်မတော်ကို မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်

ရှမ်းတပ်မတော်ကို မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်
===================================

သျှမ်းပြည်တိုးတက်ရေးပါတီအား ယခုလဆန်းပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းသုံး၍ ၄ ကြိမ်ထက် မနည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပစ်ရပ်ရေးဆွေးနွေးပြီးနောက် တိုက်ပွဲအကြိမ်ရေ ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း SSPP/SSA သတင်းရပ်ကွက် ကပြောသည်။


“ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွါးပြီးပြီ။ ဒါကျနော်တို့ရဲ့ တပ်စခန်းတခုကို မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဘဲ။ အဲဒီဒေသထဲက ရှိရင်းစွဲတပ်ရင်း ၄ ရင်းအပြင် ပြည်မက တပ်ရင်း ၂ ရင်းကိုပါ ထပ်ခေါ်ပြီးတိုက်ခိုက်နေတာလေ။ ကျနော်တို့ SSPP/SSA ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ အေးအေးဆေးဆေး ဆွေးနွေးတဲ့မူဝါဒကိုကျင့်သုံးပါတယ်။ စတင်တိုက်ခိုက်တာလုံးဝ မရှိပါဘူး။ ကျနော် လုံးဝ အာမခံ ပြောနိုင်ပါတယ်” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါ သည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၆၁၂ စခန်းရှိရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၌ မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုရှိကြောင်း ပြောပါ သည်။

“ ၃၁ ရက်မှာတကြိမ်၊ ၂ ရက်မှာတကြိမ်၊ ၄ ရက်မှာတကြိမ်၊ ၉ ရက်နေ့မှာတကြိမ်။ သေကြေကျဆုံးတာကတော့ ဗမာ့ တပ် မတော် ဘက်ကပေါ့ဗျာ။ ဗိုလ်မှူးတယောက်အပါအဝင် စုစုပေါင်း ၇ ယောက်ကျတယ်။ သျှမ်းပြည် တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုအနည်းအကျဉ်းရှိတယ်။ ကျဆုံးတာတော့မရှိဘူး။ ကျနော်တို့က ခံစစ်လေ။ ကျနော်တို့ရဲ့နယ်မြေဘဲလေ ” ဟု ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါသည်။

SSPP/SSA ၏မိုင်းငေါ့မြို့နယ်ခွဲရှိ တပ်မဟာ ၆၁၂ တပ်စခန်းအား ယခု တိုက်ခိုက်နေသည့် အစိုးရတပ်မတော် တပ်ရင်း ၅ ရင်းရှိရာ ကျောက်မဲအခြေစိုက် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခလရ ၂၃ အပြင် အောင်လံမှ ခလရ ၇၁၊ မန္တလေးမှ ခလရ ၉၅ တို့ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

ဗိုလ်မှူးကြီးစိုင်းထူးက - “ကျနော်တို့ဟာ သူတို့ပြောသလို သောင်းကျန်းသူ - မဟုတ်ပါဘူး။ ကျနော်တို့က အစိုးရတပ်ကို အရင် စ ပစ် တာမရှိဘူး။ ကျနော်တို့ တိုက်ခိုက်မှုဆိုတာကို အထူးရှောင်ကြဉ်ပါတယ်။ ဗမာတပ်မတော်က စပစ်လာရင်တော့ ခုခံရပါတယ်” ဟု ဖြေရှင်းပြောဆိုသွားပါသည်။

အောက်တိုဘာလလယ်ကလည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ တပ်သား ၄၀ ကျော်အား သောင်းကျန်းသူများဟုဆိုကာ မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးခဲ့သေးသည်။ SSPP/SSA နှင့်မြန်မာအစိုးရ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း တနှစ်တာကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
-(သျှမ်းသံတော်ဆင့်)https://www.facebook.com/photo.php?fbid=410181889050259&set=a.113611365373981.12303.100001753555387&type=1&relevant_count=1&ref=nf

သျှမ်းပြည်တိုးတက်ရေးပါတီအား ယခုလဆန်းပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းသုံး၍ ၄ ကြိမ်ထက် မနည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပစ်ရပ်ရေးဆွေးနွေးပြီးနောက် တိုက်ပွဲအကြိမ်ရေ ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း SSPP/SSA သတင်းရပ်ကွက် ကပြောသည်။
“ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွါးပြီးပြီ။ ဒါကျနော်တို့ရဲ့ တပ်စခန်းတခုကို မြန်မာအစိုးရ စစ်တပ်က တပ်ရင်း ၆ ရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဘဲ။ အဲဒီဒေသထဲက ရှိရင်းစွဲတပ်ရင်း ၄ ရင်းအပြင် ပြည်မက တပ်ရင်း ၂ ရင်းကိုပါ ထပ်ခေါ်ပြီး တိုက်ခိုက်နေတာလေ။ ကျနော်တို့ SSPP/SSA ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ အေးအေးဆေးဆေး ဆွေးနွေးတဲ့ မူဝါဒကိုကျင့်သုံးပါတယ်။ စတင် တိုက်ခိုက်တာလုံးဝ မရှိပါဘူး။ ကျနော် လုံးဝ အာမခံ ပြောနိုင်ပါတယ်” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါ သည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၆၁၂ စခန်းရှိရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၌ မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုရှိကြောင်း ပြောပါ သည်။

Tuesday, November 13, 2012

ခြိမ်းခြောက်ခံရတဲ့ မြို့တော် ခွတ်ဒေါင်းကွမ်းယာဆိုင်လေး.....

ခြိမ်းခြောက်ခံရတဲ့ မြို့တော် ခွတ်ဒေါင်းကွမ်းယာဆိုင်လေး...... ရဲ့ တိုင်စာ...

ကျွန်တော်မောင်စည်သူသည် မြိတ်မြို့၊ကလွင်ရပ် 17 အခွန်လွတ်ဈေး
ကျွဲကူးလမ်းမကြီးဘေးတွင် '' မြို့တော်ခွတ်ဒေါင်း " ဟုသော ဆိုင်အမည်ဖြင့်
ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်ကြ
ီးများအား မှတ်တမ်းဓာတ်ပုံများ ချိတ်ဆွဲ
ဂုဏ်ပြု၍ အေးချမ်းစွာ ကွမ်းယာဆိုင်လုပ်ငန်းကို လုပ်ကိုင်၍ ဘ၀ရပ်တည်
ကာနေပါသည်။
ဆိုင်ဖွင့်၍ (၁)လနှင့်(၇)ရက်အကြာ(4.1.2012)ရက်နေ့ည(6:35)အချိန် တွင် မြိတ်(မလခ)မှ မောင်ကျော်ဆန်းဦး(အဘ. ဦးကျော်နိုင်)မှာ ကျွန်တော့်
ဆိုင်အတွင်းဈေးဝယ်နေသော ပြည်သူ(4)ဦးအား အကြောင်းမဲ့ ငှက်ကြီးတောင် ဓါးဖြင့်ခုတ်ရန်ကြိုးစားခြင်း၊ ဆိုင်အတွင်းဈေးရောင်းနေသော
ကျွန်တော့်အားလည်း ထိုသို့ပြုလုပ်ခဲ့ပါကြောင်းကို သက်သေတွေနဲ့အတူ
မြိတ်မြို့၊မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လဲ စခန်းမှုး၏ ဖြန်ဖြေမှု နှင့် ခွင့်လွှတ်ကျေအေးပေးခဲ့ရပါတယ်....

ယခုအခါ (2.11.2012 )ရက်နေ့ ည 7:38 အချိန် ဆေးတပ်မှ ကားမောင်းတပ်သား ကြပ်ကြီးခေါ် အောင်ကျော်မင်းနှင့် (မလခ) စစ်ဌာနချုပ်မှ တပ်ကြပ်ကြီး မြင့်ဇော်ဦးမှ ကျွန်တော့်အား ခြိမ်းခြောက်ခြင်း၊ ၄င်း၏ ဆိုင်အား ဘယ်နှစ်ရက်ဖွင့်ချင်သေးလဲဟု ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပါသည်။..

ထိုသို့ဖြစ်ပွားပုံမှာ မောင်စည်သူ၏ ဆိုင်၌ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြု သီချင်းများ ဖွင့်ထားခြင်း၊နှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု သီချင်း များဖွင့်ထားမှုအပေါ် မကျေနပ်သဖြင့် အခုလိုခြိမ်းခြောက်ခဲ့သည် ဟု သိရပါသည်။...

ခြုံငုံကြည့်ရမည်ဆိုရင် တပ်မတော်သားတွေ ကိုယ်တိုင်က သူတို့ တပ်မတော်
ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတီးစိတ်မျိုး ဘယ်လိုရောက်သွားလဲ၊
ကာကွယ်ရေးဦးစီးချုပ်က ဒီလိုမျိုး သွန်သင်ဆုံးမခဲ့သလား ဆိုတာကို တော့ သူတို့ ကိုယ်တိုင်ပဲ သိပါလိမ့်မည်.........


သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ပြည်သူ့တပ်မတော် မှာ တာဝန်ရှိသူများ အနေဖြင့်
သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းပေါ် ကူးပြောင်းနေချိန် ကာလ
တွင် ဒီလိုခြိမ်းခြောက်မှုမျိုး နောက်နှောင် မဖြစ်ရအောင် ထိန်းသိမ်း ပေးစေချင် လို့ တင်ပြလိုက်ရပါသည်
..............................................................................
Reference and Credit to ^..^

News Of Myeik...
NOM
ကျွန်တော်မောင်စည်သူသည် မြိတ်မြို့၊ကလွင်ရပ် 17 အခွန်လွတ်ဈေး ကျွဲကူးလမ်းမကြီးဘေးတွင် '' မြို့တော်ခွတ်ဒေါင်း " ဟုသော ဆိုင်အမည်ဖြင့် ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး များအား မှတ်တမ်း ဓာတ်ပုံများ ချိတ်ဆွဲ ဂုဏ်ပြု၍ အေးချမ်းစွာ ကွမ်းယာဆိုင်လုပ်ငန်းကို လုပ်ကိုင်၍ ဘ၀ရပ်တည်ကာ နေပါသည်။

 ဆိုင်ဖွင့်၍ (၁)လနှင့်(၇)ရက် အကြာ(4.1.2012)ရက် နေ့ည(6:35)အချိန် တွင် မြိတ်(မလခ)မှ မောင်ကျော်ဆန်းဦး (အဘ. ဦးကျော်နိုင်)မှာ ကျွန်တော့် ဆိုင်အတွင်း ဈေးဝယ်နေသော ပြည်သူ(4)ဦးအား အကြောင်းမဲ့ ငှက်ကြီးတောင် ဓါးဖြင့် ခုတ်ရန်ကြိုးစားခြင်း၊ ဆိုင်အတွင်း ဈေးရောင်းနေသော ကျွန်တော့်အားလည်း ထိုသို့ပြုလုပ် ခဲ့ပါကြောင်းကို သက်သေတွေနဲ့အတူ မြိတ်မြို့၊ မြို့မရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သော်လဲ စခန်းမှုး၏ ဖြန်ဖြေမှုနှင့် ခွင့်လွှတ် ကျေအေးပေးခဲ့ရပါတယ်....

ယခုအခါ (2.11.2012 ) ရက်နေ့ ည 7:38 အချိန် ဆေးတပ်မှ ကားမောင်းတပ်သား ကြပ်ကြီးခေါ် အောင်ကျော်မင်းနှင့် (မလခ) စစ်ဌာနချုပ်မှ တပ်ကြပ်ကြီး မြင့်ဇော်ဦးမှ ကျွန်တော့်အား ခြိမ်းခြောက်ခြင်း၊ ၄င်း၏ ဆိုင်အား ဘယ်နှစ်ရက် ဖွင့်ချင်သေးလဲဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပါသည်။..

ထိုသို့ ဖြစ်ပွားပုံမှာ မောင်စည်သူ၏ ဆိုင်၌ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြု သီချင်းများ ဖွင့်ထားခြင်း၊နှင့်
ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု သီချင်း များဖွင့်ထားမှုအပေါ် မကျေနပ်သဖြင့် အခုလို ခြိမ်းခြောက်ခဲ့သည် ဟု သိရပါသည်။...

ခြုံငုံကြည့်ရမည်ဆိုရင် တပ်မတော်သားတွေ ကိုယ်တိုင်က သူတို့ တပ်မတော် ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတီးစိတ်မျိုး ဘယ်လိုရောက်သွားလဲ၊ ကာကွယ်ရေးဦးစီးချုပ်က ဒီလိုမျိုး သွန်သင် ဆုံးမခဲ့သလား ဆိုတာကို တော့ သူတို့ ကိုယ်တိုင်ပဲ သိပါလိမ့်မည်.........

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ပြည်သူ့တပ်မတော် မှာ တာဝန်ရှိသူများ အနေဖြင့် သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီ လမ်းကြောင်းပေါ် ကူးပြောင်းနေချိန် ကာလတွင် ဒီလိုခြိမ်းခြောက်မှုမျိုး နောက်နှောင် မဖြစ်ရအောင် ထိန်းသိမ်း ပေးစေချင် လို့ တင်ပြလိုက်ရပါသည်။
သတင်းရင်းမြစ် - News of Myanmar

Sunday, November 11, 2012

ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး

Photo From :Eleven Media Group
မန္တလေးစွယ်တော်မြတ်စေတီ စိန်ဖူးတော်မြေခ 

ယနေ့လှုပ်ခတ်ခဲ့သော မြေငလျှင်ဒဏ်ကြောင့် မန္တလေးမြို့ရှိစွယ်တော်မြတ်စေတီတော်၏စိန်ဖူးတော်မြေခခဲ့ကြောင်းသတင်းရရှိပါသည်။ —

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တစ်ခု ယနေ့နံနက် ၇နာရီ ၄၂မိနစ် ၃၇စက္ကန့် လှုပ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၆ဦး ရှိခဲ့သည်။
ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ဦး တွင်းထဲတွင် ပိတ်မိလျှက်ရှိနေသည်။
သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့ ကျည်တောက်ပေါက် စားသောက်ဆိုင်တွင် သေဆုံးသူ ၂ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံ ကျေးရွာတွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့်သေဆုံးသူ ၁ဦး စုစုပေါင်း ၆ဦး သေဆုံး ခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
မြေငလျှင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။
 
Copy from - The Irrawaddy (Burmese Version)

ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ် သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုများရှိပြီး ပျက်စီးဆုံးရှုးံမှုများနိုင်

 ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲမှ ငလျင်ဒဏ်သင့်ဖြစ်စဉ်နှင့် ဆက်စပ်သည့်ဓါတ်ပုံများ
ရတနာသိင်္ဃ တံတား(ဧရာဝတီမြစ်ကူးတံတား) ပြိုကျ
Sunday, 11 November 2012

ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ ။
ရွှေဘိုမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး(၆ .၈)ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့(၁၁-၁၁-၂၀၁၂)နံနက် (၇း၄၂)မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီး တစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသအချို့တွင် ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်မြောက်ပိုင်း ပလောင်တပ်စခန်းကို အစိုးရတပ်များ ဝင်ရောက်တိုက်ခိုက်

2012-11-10
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဒေသရှိ ပလောင်တပ်ဖွဲ့စခန်းချထား တဲ့ တောင်ကုန်းကို အစိုရတပ်က တိုက်ခိုက်တာကြောင့် ဆုတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အခုလို ပလောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်တာဟာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးတာနဲ့ သက်ဆိုင်နေပါတယ်။
Photo: RFA/Moe Thu Aung
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ကရင်ပြည်နယ် မြဝတီခရိုင်တွင် ကင်းလှည့်နေသည့် မြန်မာစစ်သားများ
မနေ့က မနက် ၉နာရီလောက်မှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ မိုင်းဝီးမြို့နယ်အစပ်ရှိ TNLA တပ်က စခန်းထိုင်ထားတဲ့ ထပ်ချပ် ဆိုတဲ့တောင်ကုန်းကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တဲ့အကြောင်း အဲဒီလမ်းမှာသွားလာနေတဲ့ ကုန်သည်တစ်ယောက်က ပြောပါတယ်။

"အဲဒီ ထပ်ချပ် မုံးဝါးတစ်လျှောက်မှာဖြစ်တာ ဗမာတပ်တွေက တအာင်းတပ်စခန်းချနေတဲ့နေရာကို ၀င်တိုက်တယ်။မနက် ၉ နာရီ ကနေစဖြစ်တယ် ဖြစ်လိုက်နားလိုက်နဲ့ ၂နာရီက အသံတိတ်သွားတယ်ဗျ။ ပလောင်တပ်က ဆုတ်သွားတယ်လို့ပြောတယ်။ အရင်တုံးက ပလောင်တွေ တပ်စွဲထားတဲ့နေရာမှာ လက်နက်ကြီးနဲ့တအားပစ်လို့ ပလောင်အဖွဲ့တွေက ဆုတ်ပေးထားတာ အခုအဲဒီနေရာမှာ အစိုးရတပ်က ပြန်ပြီးတော့ နေရာယူထားတယ်ဗျ။ အခု လောလောဆယ် အခြေအနေကတော့ သွားရေးလာရေးကတော့ တန့်တုံးပဲရှိသေးတယ်"

အစိုးရတပ်က ခလရ ၁၃၀၊ ၁၄၄ ၊ ခမရ ၅၀၁ စတဲ့တပ်တွေပူးပေါင်းပြီးတော့ အဲဒီတောင်ကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး အခု အဲဒီနေရာကို ခလရ ၁၃၀ တပ်က နေရာယူထားတယ်လို့ သိရပါတယ်။

Friday, November 9, 2012

သေဒဏ်အပြစ်ပေးခံရသူ စိုင်းနော်ခမ်း အယူခံဝင်မည်

Published on November 8, 2012 by ဒီဗွီဘီ
လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တရားရုံးက သေဒဏ်စီရင်ချက် ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံသား စိုင်းနော်ခမ်းကို ပြစ်ဒဏ်တွေ လျှော့ချပေးဖို့ အယူခံဝင်မယ်လို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဓိကတရားခံအနေနဲ့ စိုင်းနော်ခမ်းကို သူ့နောက်လိုက် ၃ ဦးနဲ့အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တရားရုံးက စစ်ဆေးပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တာပါ။

ပြစ်ဒဏ်ကျူးလွန်ကြောင်း စိုင်းနော်ခမ်းက ၀န်ခံဖြောင့်ချက်ပေးပြီးတဲ့နောက် တရားရုံးက စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ မိသားစုတွေ ငှားရမ်းထားတဲ့ ရှေ့နေကတဆင့် တရားရုံးမှာ အယူခံဝင်မယ်လို့ စိုင်းနော်ခမ်းရဲ့ဆရာ အမ်တီအေတပ်မှူးဟောင်း ဗိုလ်မှူးကြီး စ၀်ဆုလိုင်းက ပြောပါတယ်။

စိုင်းနော်ခမ်းမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအ၀င် သားသမီး စုစုပေါင်း ၇ ဦးရှိပြီး မကျန်းမမာဖြစ်နေတဲ့ မိခင်အိုလည်း ရှိနေသေးတာကြောင့် သူ့ကို မသေစေလိုကြောင်း ညီမဖြစ်သူ နန်းဟွမ်က ပြောပါတယ်။

ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာ ရေပိုင်နက်သို့ ပြန်ပို့

photo by - thithtoolwin
နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး ၁၅၀ခန့် တင်ဆောင်လာသော ကွန်တိန်နာ သင်္ဘောတစ်စီး ၀င်ရောက်လာခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
 
ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာစကားပြောတတ်သူ သုံးဦးခန့်သာပါဝင်ကြောင်းသိရသည်။ ၄င်းတို့သင်္ဘော အနေဖြင့် မလေးရှားနိုင်ငံသို့ သွားစဉ် မြန်မာ ရေပိုင်နက် အတွင်းလမ်းမှား ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ပြောခဲ့သည်ဟုသိရသည်။
 
တပ်မတော်(ရေ) မှ အဆိုပါသင်္ဘောကိုရိက္ခာများဖြည့်တင်းပေး၍ မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ထပ်မံဝင်ရောက်ခြင်းမပြုရန် သတိပေးကာ နိုင်ငံတကာရေပိုင်နက်အတွင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရအဖွဲ့မှာတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ရက်နေ့တွင်ပြောသည်။
 
ထို့ပြင် နိုဝင်ဘာလ ၄ရက်နေ့ကလည်း ဘင်္ဂလီလူမျိုး ၇၉ ဦးလိုက်ပါလာသော စက်လှေတစ်စီးသည် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့သည့်အတွက် တပ်မတော်(ရေ) မှ နိုင်ငံတကာရေပိုင်နက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
Copy from - Popular Myanmar News Journal

ချင်းမိုင်းတွင် UNFC နှင့် ၈၈ ကျောင်းသားအဖွဲ့ အလွတ်သဘောတွေ့ဆုံ

နိုဝင်ဘာလ ၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)   

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် ကိုမြအေး ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့သည် နိုဝင်ဘာလ ၇ရက်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံမှု၌လက်ရှိ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင်၎င်းတို့ နှစ်ဦးနှစ်ဘက် မည်သို့ပူး ပေါင်း ပါဝင်လုပ်ဆောင်နိုင်ရန် အလွတ်သဘောအနေဖြင့် ယင်းသို့ ပြောဆိုဖြစ်ခဲ့ကြခြင်းဖြစ်သည်။ UNFC ၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက “လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်တွင်းရှိအဖွဲ့အစည်းများနဲ့ ပြည်ပအခြေစိုက် အဖွဲ့အစည်းများ အပြန်အလှန် ပူးပေါင်းပါဝင်ဖို့နဲ့ ကျရာ တာဝန်အခန်းကဏ္ဍတွေ လုပ်ဆောင်နိုင်ဖို့ကို အလွတ် သဘောပဲ ဆွေးနွေးခဲ့ပါတယ်။ ဘာမှ ဆုံးဖြတ်ချက်ခဲ့တာ မရှိဘူး”ဟု ပြောသည်။

Thursday, November 8, 2012

မွတ်ဆလင် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ၀င်ရောက် တိုက်ခိုက်သဖြင့် စစ်ဗိုလ် တစ်ဦးကျဆုံး... 


မြန်မာ နိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းကို မွတ်ဆလင် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ၀င်ရောက် တိုက်ခိုက်သဖြင့် စစ်ဗိုလ် တစ်ဦးကျဆုံးပြီး တပ်သား ၃ ဦးခန့် ဖမ်းဆီးခံသွားရသည်ဟု သတင်း ရရှိသည်။
--------------------------------

နစက နယ်မြေ(၁)တွင် ဘင်္ဂလာ-မြန်မာ ချစ်ကြည်ရေး လမ်းကို တည်ဆောက်နေသော ဆောက်လုပ်ရေး GE အဖွဲ့အား ယမန်နေ့ ညနေ (၆) နာရီက ၀င်ရောက် ပစ်ခတ်စဉ် စစ်ဗိုလ် တစ်ဦးကျပြီး ၃ ဦးဖမ်းဆီး ခံသွားရသည်ဟု စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ယခု တိုက်ခိုက်မူကို RSO ခေါ် Rohingya Solidarity Organization အဖွဲ့မှ ပြုလုပ်သည်ဟု မြန်မာဘက်က စွပ်စွဲထားပြီး နိရဉ္စရာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

နစက နယ်မြေ (၁) အောင်သပြေ ဒေသခံ တစ်ဦးအား နိရဉ္စရာမှ မေးမြန်းရာ သူက ယခုလို ပြောသည်။

“မနေ့က လုပ်ငန်းခွင် ရုတ်သိမ်းချိန် ညနေ ၆နာရီမှာ ၀င်ရောက် ပစ်ခတ်တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး တပ်ဖွဲ့က ဗိုလ်တဦး သေတယ်။ ဗိုလ်တဦးကျတော့ လူ ၁၃ဦး ခန့်ရှိတဲ့ ဆောက်လုပ်ရေး တပ်ဖွဲ့ က လူတွေက ကိုယ်လွှတ် ထွက်ပြေး ကြတယ်။ အဲဒီ အထဲက ၃ဦး ဖမ်းဆီး သွားပါတယ်။ ဒီနေ့အထိလွတ်လာတာ မရှိသေးဘူး။ သတ်ပစ်ခံရလိမ့် မယ်လို့ လူတိုင်းက ထင်နေကြတာဘဲ” ဟု ဒေသခံက ပြောသည်။

ယခု ၀င်ရောက်ပစ်ခတ် ခံရသည့်  နေရာမှာ မောင်တောမြို့နှင့် မိုင် ၄၀ခန့်ဝေးပြီး ဘင်္ဂလား-မြန်မာနယ်စပ်အနီး တွင်ဖြစ်သည်။ သူပုန်အဖွဲ့မှ ရှောင်သခင် ၀င်ရောက်စီးနှင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သေနတ်ပစ်ခတ်သံ ကြားရပုံကိုလည်း ဒေသအတွင်းက ဆရာတော် တစ်ပါးက ယခုလို မိန့်ကြားသည်။

“အောင်သပြေ အထက်ပိုင်း ဗန္ဓူလ အရှေ့ဘက် မှတ်တိုင် (၁) (၂) (၃) နယ်မြေမှာ ဖြစ်တာပါ။ သေနတ်သံတွေကို ကြားရပါတယ်။ ပစ်ခတ်သံကိုကြားတော့ တောင်ပြိုက စစ်တပ်တွေ လိုက်သွားတယ်။ စစ်တပ်နဲ့ ညဥ့် ၉နာရီလောက်မှာ အာရ်အက်စ်အို အဖွဲနဲ့ ၅မိနစ်ခန့်တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာ နှစ်ဘက် အသေအဆုံးတော့ မသိသေးဘူး” ဟုပြောသည်။

၎င်းပြင် ဆရာတော်က ယခုလို ဆက်လက် မိန့်ကြားသည်။

“ ၀င်ရောက် ပစ်ခတ်တဲ့ အချိန်မှာ မောင် တော နယ်မြေ(၃) မီးတိုက်ဘက်မှာ စစ်တပ်က ဦးစီးပြီး ရွာက လူတွေကို ရှင်ပြု၊ ကထိန်ပွဲတွေပြုလုပ်တဲ့ နေတဲ့ အချိန် ဖြစ်တော့ စစ်သားတွေက  အဲဒီမှာ စုနေကြတယ်။ ဒါကို အခွင့်ကောင်းယူပြီး အာရ်အက်စ်အို ၀င်ရောက် တိုက်ခိုက်သွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဒေသဆိုင်ရာ အာဏာပိုင်များမှ အခင်း ဖြစ်ပွားရာနေရာကို သွားရောက် ကြည့်ရှု့ စစ်ဆေးနေသည်ဟု သိရသည်။

ယနေ့  မနက်ပိုင်းက ဘူးသီးတောင်အခြေစိုက် တပ်ရင်း ခမရ (၃၅၃)က အဆိုပါဒေသသို့  စစ်ကူ လိုက်သွားကြောင်း သိရသည်။

ထွန်းထွန်း
Source & Photo: Narinjara
Photo: Narinjara
မြန်မာ နိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းကို မွတ်ဆလင် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ၀င်ရောက် တိုက်ခိုက်သဖြင့် စစ်ဗိုလ် တစ်ဦးကျဆုံးပြီး တပ်သား ၃ ဦးခန့် ဖမ်းဆီး ခံသွားရသည်ဟု သတင်း ရရှိသည်။

နစက နယ်မြေ(၁)တွင် ဘင်္ဂလာ-မြန်မာ ချစ်ကြည်ရေး လမ်းကို တည်ဆောက်နေသော ဆောက်လုပ်ရေး GE အဖွဲ့အား ယမန်နေ့ ညနေ (၆) နာရီက ၀င်ရောက် ပစ်ခတ်စဉ် စစ်ဗိုလ် တစ်ဦးကျပြီး ၃ ဦးဖမ်းဆီး ခံသွားရသည်ဟု စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
 
ယခု တိုက်ခိုက်မူကို RSO ခေါ် Rohingya Solidarity Organization အဖွဲ့မှ ပြုလုပ်သည်ဟု မြန်မာဘက်က စွပ်စွဲထားပြီး နိရဉ္စရာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

နစက နယ်မြေ (၁) အောင်သပြေ ဒေသခံ တစ်ဦးအား နိရဉ္စရာမှ မေးမြန်းရာ သူက ယခုလို ပြောသည်။

“မနေ့က လုပ်ငန်းခွင် ရုတ်သိမ်းချိန် ညနေ ၆နာရီမှာ ၀င်ရောက် ပစ်ခတ်တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး တပ်ဖွဲ့က ဗိုလ်တဦး သေတယ်။ ဗိုလ်တဦးကျတော့ လူ ၁၃ဦး ခန့်ရှိတဲ့ ဆောက်လုပ်ရေး တပ်ဖွဲ့ က လူတွေက ကိုယ်လွှတ် ထွက်ပြေး ကြတယ်။ အဲဒီ အထဲက ၃ဦး ဖမ်းဆီး သွားပါတယ်။ ဒီနေ့အထိ လွတ်လာတာ မရှိသေးဘူး။ သတ်ပစ်ခံရလိမ့် မယ်လို့ လူတိုင်းက ထင်နေကြတာဘဲ” ဟု ဒေသခံက ပြောသည်။

အိုဘားမား နိုင်ပြီ

November 07, 2012

(ဓာတ်ပုံ - Reuters)

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမား အနိုင်ရရှိသွားပါပြီ။ ဒီအကြောင်း နိုင်ငံတကာ ရုပ်သံများမှာ တိုက်ရိုက် ကြေညာ ထုတ်လွှင့်နေပါတယ်။
အမေရိကန်မှာ သူနဲ့ ပြိုင်ဘက် မန်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရော်နီတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေပုံကို တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။
ရုပ်သံနဲ့ လူမှုကွန်ရက် အွန်လိုင်းတွေမှာ အိုဘားမား အနိုင်ရတဲ့အကြောင်းတွေပဲ ရေးသား ထုတ်လွှင့် နေတာ တွေ့ရပါတယ်။
အနိုင်ရသွားတဲ့ အိုဘားမား နောက်ထပ် ၄ နှစ် သမ္မတ တာဝန် ဆက်လက် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

အိုဘားမားရဲ့ ဒုတိယအကြိမ် အောင်ပွဲ သတင်းကို နိုင်ငံတကာ ရုပ်သံများမှာ တိုက်ရိုက် လွှင့်နေပါတယ်



သတင်းရင်မြစ် - ဧရာဝတီ

Wednesday, November 7, 2012

ခိုင်မာသည့် ငြိမ်းချမ်းရေးမရှိသရွေ့ စီမံကိန်းလုပ်ငန်း မလုပ်ရန် ကရင်လူထုဆုံရပ် တောင်းဆို

နိုဝင်ဘာလ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ(ကေအိုင်စီ)
မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား ခိုင်မာသည့် ငြိမ်းချမ်းရေး စာချုပ်စာတန်းများ မချုပ်ဆိုနိုင်သေး သရွေ့ ကရင်ပြည်နယ်ရှိ စီမံကိန်းလုပ်ငန်းကြီးများ လုပ်ဆောင်နေခြင်းကို ပြန်လည်သုံးသပ်ကြရန်နှင့် ရပ်တန့်ရန်အတွက် ကရင် လူထုဆုံရပ်က ယနေ့ တိုက်တွန်းတောင်းဆိုလိုက်သည်။

အစိုးရသည် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်မည်ဟုဆိုကာ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကိုသာ အလောတကြီး လုပ်ဆောင်နေသည့်အပြင် ဒေသခံလူထု သဘောတူညီမှုကို အလေးမထားဘဲ လုပ်ဆောင်နေသဖြင့် ထိုသို့ တိုက်တွန်းလိုက် ခြင်းဖြစ်ကြောင်း ကရင်လူထုဆုံရပ်၏ ပြောခွင့်ရပုဂ္ဂိုလ် စောဖိုးချိုက ပြောသည်။