ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ် သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုများရှိပြီး ပျက်စီးဆုံးရှုးံမှုများနိုင်
Sunday, 11 November 2012
ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ ။
ရွှေဘိုမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး(၆ .၈)ရှိ
အင်အားပြင်းငလျင်တစ်ခု ယနေ့(၁၁-၁၁-၂၀၁၂)နံနက် (၇း၄၂)မိနစ်ခန့်တွင်
လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ
ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊
ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီး တစ်ဝိုက်တွင်
ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသအချို့တွင် ထိခိုက်ပျက်စီးမှု
အချို့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ
Photo by -7Day News Journal
'ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် မိုင်(၃၀)၀န်းကျင်လောက်ကို ဗဟိုပြုတယ်လို့
သိရပါတယ်။ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့အကြား ပတ်ဝန်းကျင်ကို
လေ့လာကြည့်တဲ့အခါ ၁၉၅၆မှာ စစ်ကိုင်း ငလျင်က အင်အား(၇)ရှိတယ်။ ၁၉၉၁
တကောင်းမှာလည်း အင်အား(၇)ငလျင် ထပ်လှုပ်တယ်။ အဲဒီ ငလျင်တွေ နောက်ပိုင်း
ဒီငလျင်က အင်အား အပြင်းဆုံးလို့ ပြောလိ
Photo by -7Day News Journal
လတ်တလောရရှိသောသတင်းများအရ ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပွားမှုသည်
ရွှေဘိုဝန်းကျင်တွင် ပိုမိုများပြားကြောင်း သိရှိရပါသည်။ ငလျင်ကြောင့်
ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့နယ်ခွဲရှယခုလှုပ်ခတ်ခဲ့သော ငလျင်ကြောင
စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့် အိမ်နံရံကွဲအက်မှု၊ အုတ်အချပ်လိုက် ကွာကျမှုအချို့ဖြစ်ပေါ်ခဲ့ပြီ
မိတ္ထီလာမြို့တွင် စက္ကန့်အနည်းငယ်ကြာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခြဲ့
ထပ်မံသိရှိရသော သတင်းများအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များသော စဥ့်ကူးမြို့သို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့် မန္တလေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ သွားရောက်ကူညီမည်ဖြစ်ကြောင်
ယနေ့လှုပ်ခတ်ခဲ့သော ငလျင်သည် ၂၀၁၂ခုနှစ်အတွင်း (၁၄)ကြိမ်မြောက် လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အင်အား(၅ အထက်) ငလျင်(၃)ကြိမ် လှုပ်ခတ်ထားကာ ၂၀၁၂ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့က ဟားခါးမြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်
အသေးစိတ်အချက်အလက်များ သိရှိရပါက ဆက်လက်ဖော်ပြပေး သွားပါမည်။
Copy from - eleven media group
No comments:
Post a Comment