Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, November 11, 2010

ပုစွန်ဆိတ်ကလေး ..... ပင်လယ်ကူးပြီး



ပုစွန်ဆိတ်ကလေးရေ… မင်းဟာ ရေမှာပျော်တဲ့ သက်ရှိအနွယ်ပါ။
ဆူနာမီ လှိုင်းလုံးကြီးတောင် မင်းက သနားတယ်လို့ ပြောပြီး လှိုင်းလုံးကြီးကို စီးသေးဒါပဲ
ခုလှိုင်းထန်ချိန်မှာ ပင်လယ်အောက်ခင်းပြင်ငုံဆင်းပြီး အစာရှာစားလိုက်ပေါ့
ထုံးစံအတိုင်း လေဟုန်ကို စီးရင်း
ပျော်ပျော်ကြီး ပင်လယ်ပြင်ကြီးကို ဆက်ကူးပါတော့

လမ်းခရီးက ရှည်မယ်၊ ကြမ်းတမ်းမယ်၊ မင်းသိပြီးသားပါကွာ
ဒါပေမယ့် မင်းရေနဲ့ ဘယ်တော့မှ မသေဘူး ဆိုဒါ မင်းရဲ့ ဗီဇသွေးမှာ ပါပြီးသား
တစ်ခုပဲသတိထားပါ။ လမ်းခုလတ်မှာ ငါးမန်းကြီးတွေကို ရှောင်နိုင်ရင်
မင်းလိုရာခရီး မကြာမီ ရောက်မှာပါ။

သင့်ရဲ့ဖခင် မှာထားတဲ့ ဒသာန လေးရပ်ကို ကိုင်စွဲလျက် သင့်ရဲမိခင် ဖေးမတဲ့ နွေးထွေးမှုကို ခံယူရင်း
ဆက်လက်ချီတက်ပါ… ပုစွန်ဆိတ်ကလေးရေ…..
အောင်မြင်မှုဆိုဒါ တိုက်ရဲတဲ့သူတွေရဲ့ လက်ထဲမှာသာရှိပါသည်။

သောသီခို မှ တဆင့် ကူးယူဖော်ပြသည်။

Friday, October 29, 2010

ရင်ဆိုင်လိုက်ကြစို့

ကျန်ရစ်ခဲ့တဲ့ အတိတ်တွေကို
ဥပေက္ခာ အမှိုက်ပုံးထဲမှာ
စွန့်ပစ်ထားလိုက်ကြစို့....မိတ်ဆွေ။

ကံကြမ္မာရဲ့ အိပ်ကပ်ထဲက
မျှော်လင့်ချက်မျိုးစေ့တွေကို
နှိုက်ယူကြဲချ စိုက်ပျိုးကြစို့။

အယူအဆတွေ ကွဲလွဲနေတဲ့
ငှက်ဆိုးရဲ့လှောင်ရယ်သံကြား
ပျော်ရွှင်စွာမြူးထူး ကခုန်ကြစို့။

ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ်
လှောင်အိမ်ထဲကရုန်းထွက်ပြီး
စိတ်ကူးယဉ်အိပ်မက်သစ်တွေနဲ့
နှစ်သစ်မှာနိုးထကြစို့။

ဆုံးရှုံးခဲ့သမျှတွေကို သင်ခန်းစာယူပြီး
အောင်မြင်မှုအတွက်
အမှန်တရားများကို
ရှာဖွေလုပ်ဆောင်ကြစို့။

မြစ်နဒီ ကိုးသွယ် မှ ကူးယူဖော်ပြသည်။

Tuesday, September 21, 2010

သူ ဆုတောင်းလိုက်ပုံက

*"သူ ဆုတောင်းလိုက်ပုံက"*

ဘဝဆက်တိုင်း ..... အင်္ဂလန်မှာ ဘောလုံး သမား ... ကိုရီးယားမှာ မင်းသား ...
ဂျပန်မှာ ယာကူဇာ ... ယူအက်စ်မှာ မာဖီးယား ... မြန်မာနိုင်ငံမှာ လူကြီးသား
ဖြစ်ပါရစေ အရှင်ဘုရား ...။


*"ကာရန်မဲ့ ကဗျာ"*

"မြန်မာပြည်သည် အလွန် ပျော်စရာကောင်းသော နိုင်ငံဖြစ်သည် .... မီး လာလျှင်လည်း
ပျော်ရသည် .... ရေ လာလျှင်လည်း ပျော်ရသည်"

* *

*"အကြံပေးလိုက်ပုံက"*

သူက "ကတုံး တုံးပြီး တောထွက်မယ် ဆိုတော့လဲ တောက ပြုန်းနေပြီ ... အင်းလေးကန်ထဲ
ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေမယ် ဆိုတော့လဲ .... ရေက မရှိ .... shock
ရိုက်ပြီး suicide လုပ်မယ် ဆိုတော့လဲ မီးက မလာ ... ဆေးဝယ်သောက်ပြီး ကိစ္စတုံးမယ်
ဆိုတော့ အတုဖြစ်နေ...."တယ်တဲ့။

ဒါနဲ့ အကြံပေးလိုက်ပါတယ် .... "လမ်းကြောင်းလာတဲ့ အချိန်မှာ လမ်းပိတ် ရပ်နေလိုက်
အသေ တိုက်သတ်လိမ့်မယ် .. မသေသေး ဘူးလား မပူနဲ့ သေနတ်နဲ့ ဆင်းပစ်လိမ့်မယ်" လို့။