ဘာကြောင့် အရေပြားတွေအထိ မီးစွဲလောင်ရသလဲ
ဘာကြောင့် အရေပြားတွေအထိ မီးစွဲလောင်ရသလဲ
ကြေးနီစီမံကိန်း
အကြမ်းဖက်ဖြိုခွဲမှုတွင် အာဏာပိုင်များက သပိတ်စခန်းများကို ကနဦးအနေဖြင့်
မီးသတ်ပိုက်များနှင့် ထိုးခွဲခြင်း၊ လူထုချီတက်လာနိုင်မည့်
လမ်းကြောင်းများနှင့် သပိတ်စခန်းများအတွင်း မျက်ရည်ယိုဗုံးများနှင့်
ပစ်ခွဲခြင်း၊ မီးဗုံးများဖြင့် သပိတ်စခန်းများအတွင်း
ပစ်ခွဲခြင်းများပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ
အာဏာပိုင်အဖွဲ့များက သပိတ်စခန်းများအတွင်း “တွေ့တဲ့လူ အကုန်ရိုက်
အကုန်ဖမ်း” ဟု ညာသံပေးကာ အုပ်စုလိုက် ဝင်ရောက်ရိုက်နက်ခြင်းများ
ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဧရာဝတီသို့ပြောသည်။
ယင်းသို့ပစ်ခတ်ဖြိုခွဲရာတွင်
အသုံးပြုသော မီးဗုံးများမှာ ရေစိုနေသော အရာဝတ္ထုများနှင့် အသားအရေကို
စွဲလောင်ခြင်းကို သပိတ်အဖွဲ့ဝင်များက နားမလည်နိုင်ဖြစ်ရကြောင်း
မူလပက်ဖြန်းခဲ့သည့် ရေ သို့မဟုတ်၊ မီးဗုံးများတွင် ဓာတုပစ္စည်းများ
ပါဝင်နိုင်ဟု သပိတ်အဖွဲ့ဝင်များက သံသယ ရှိနေကြသည်။
ယခု အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုသော မီးလောင်ဗုံးမှာ ဖော့စ်ဖောရပ်စ် ပါဝင်သည့် မီးလောင်ဗုံး ဖြစ်နိုင်သည်ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောကြောင်း မုံရွာ အခြေစိုက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဧရာဝတီကို ပြောသည်။
ယခု အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုသော မီးလောင်ဗုံးမှာ ဖော့စ်ဖောရပ်စ် ပါဝင်သည့် မီးလောင်ဗုံး ဖြစ်နိုင်သည်ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောကြောင်း မုံရွာ အခြေစိုက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဧရာဝတီကို ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
ရပ်ဆိုင်းရေး ဆန္ဒပြသူများရဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တို့က
ဒီမနက် ၀င်ရောက် စီးနင်းပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူများရဲ့
သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ဒီမနက် ၀င်ရောက် စီးနင်းပါတယ်။
အကြမ်းဖက်နှိမ်နင်းမှုကြောင့် နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီက ဒေသခံ နိုင်ငံရေးသမား တဦးဖြစ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို ဆက်သွယ် မေးမြန်းတော့ ဆန္ဒပြသူ ၇၀ ၀န်းကျင် ဒဏ်ရာ ရသွားတယ်၊ တချို့ ဒဏ်ရာ ပြင်းထန်တယ် လို့ ပြောပြပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ
No comments:
Post a Comment