ကလေးမြို့ ကျောက်တစ်လုံးအနီး ဘင်္ဂါလီ (၁၉) ဦး ဖမ်းမိ......
၅.၁၁.၂၀၁၂ တနင်္လာနေ့ နံနက်(၈း၃၀) အချိန်တွင် ကလေးတစ်မြို့နယ်လုံးဆိုင်ရာ
၎င်း ဘင်္ဂါလီများရှိကြောင်း သတင်းပေးသူမှာ တောတောင် ချောင်းများတွင် ငါးဖမ်းရင်း တွေ့ရှိရာမှ သတင်း ပေးနိုင်ခဲ့ ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသော ဘင်္ဂါလီများကို သက်ဆိုင်ရာလက်သို့ မအပ်နှံမှီ ကာလအတွင်း ကလေးမြို့ မင်္ဂလာဥယျာဉ် ပရိယတ္တိစာသင်တိုက်နှိုက် ခေတ္တ ထားရှိခဲ့ပြီး ကလေးမြို့ ပြည်သူ (၁၀၀၀)ခန့်အား မြင်သာစွာ ပြသခဲ့ပါသည်။ ထိုကျောင်းတွင်ပင် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ နေသာ ဆရာတော်မှ အွန်လိုင်းများတွင် မြန်မာများက
သူတိုဘင်္ဂါလီများကို မတရားနှိပ်စက် နေကြောင်း သတင်းတွေ တင်ထားပါတယ်။ အခု
ပြုလုပ်တဲ့ ပွဲကတော့ မြန်မာတွေ သူတို့အပေါ် နှိပ်စက်နေတာ မဟုတ်ဘူးဆိုတာ
အားလုံးသိစေချင်လို့ပါ လို့ မိန့်ကြားသွားခဲ့ပြီး အသင်းကြီးအနေဖြင့် ရိုဟင်ဂျာ (၅၀) ဦးကို ယခုလပိုင်း အတွင်းဋ္ဌာနဆိုင်ရာများ ပြည်သူများနှင့်တကွ အသင်းကြီးရဲ့ လှုပ်ရှားမှုများဖြင့် ဖမ်းဆီး ပေးနိုင်ခဲ့ကြောင်းကိုလည်း အသင်းကြီး၏ ဒုဥက္ကဋ္ဌ မင်္ဂလာဥယျာဉ် စာသင်တိုက် ဆရာတော်မှ ပြောကြားခဲ့ပါသည်။
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်းကြီးအနေဖြင့်လည်း ကလေးမြို့နယ်နှင့် နီးစပ်ရာမြို့/ မြို့နယ်များသို့ လှည့်လည် ပြီး အမျိုးဘာသာ သာသနာ ကာကွယ် စောက်ရှောက်နိုင်ရေး အသိပေး အမြင်ဖွင့် ဟောပြောပွဲများ ပြုလုပ်နေကြောင်းကိုပါ သိရပါသည်။
၎င်း ဘင်္ဂါလီများနှင့် ပတ်သက်၍ ဥပဒေရေးရာအရ အရေးယူနိုင်ရန် ပြည်သူရဲတပ်ဖွဲ့ ကလေးမြို့နှင့် လူဝင်မှု ကြီြး ကပ်ရေးနှင့် အမျိုးသားရေးရာဦးစီးဌာန (ကလေးမြို့ လ၀က) တို့မှ စစ်ဆေးနေကြောင်း သတင်းရရှိပါသည်
Copy from - The Hot News
No comments:
Post a Comment