ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ
Photo From :Burma-Newselite
တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်။ နိုဝင်ဘာလ ၁၉
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကို ကျနော် ကျိုးစားပမ်းစား
သုံးနေရပါတယ်။ အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ်
ဖြစ်ရပ်တွေအများကြီး ပါဝင် နေပါတယ်။ တကယ်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ
ကျနော် ရောက်နေတာပါ။
ဒီနိုင်ငံက မတရားမှုတွေ ဖိနှိပ်မှုတွေကို သတင်းရေးခဲ့တဲ့အတွက် ကျနော့်ကို
နှစ်ကြိမ်တိုင်တိုင် ပြည်နှင်ဒဏ် ပေးခဲ့ ပါတယ်။ ဟော အခုကျတော့လည်း အမေရိကန်
သမ္မတ အိမ်ဖြူတော်က သတင်းစာအဖွဲ့ အနေနဲ့ ကျနော် ဖိတ်ကြားခြင်းခံရပြီး
ပြန်ရောက်လိုက်ပါပြီ။ ဒါကျနော် ရဲ့ မလိမ်မိုး မလိမ္မာတာတွေကို မေ့သွားကြပြီ
ဆိုတော့ သဘောပေါ့။
ဒီလို ကမ္ဘာမှာ အကျော်ကြားဆုံး ခြံဝင်းထဲ မှာ ကျနော်ရောက်နေတာဟာ အံမခန်းစရာ အပြောင်းအလဲပါ။.
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်းက အဖြစ်အပျက်တွေကို ကျနော် ပြန်လည်
မြင်ယောင်မိ ပါတယ်။ အဲဒီတုန်းကဆိုရင် ထောက်လှမ်းရေးတွေက ဒီခြံပေါက်ဝကို
စောင့်ကြည့် နေပြီး အနောက်နိုင်ငံသားတွေအပြည့် ပါတဲ့ကားတစီးစီးများ
ဒီခြံနား ကပ်လာတယ်ဆိုရင် စကားပြောစက်တွေနဲ့ တိုးတိုးတိုးတိုး သတင်းပို
့ကြတော့တာဘဲ။
အဲဒိအချိန်တွေကများ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမပြောနဲ့ ဟောဒီ တက္ကသိုလ်ရိပ်သာလမ်းကြီးရဲ့ ဘယ်နားကို မှကားရပ်လို့  မရဘူး။
အခုတော့လည်း ဒီခြံထဲမှာဘဲ ဒေါ်စုဆီလာတဲ့ ဧည့်သည်တွေထဲမှာ နာမည် အကြီးဆုံးဖြစ်တဲ့ အမေရိကန်
သမ္မတအိုဘားမား လာရောက် တွေ့ ဆုံမှာကို ကျနော်စောင့်မျှော်နေရပါပြီ။
ဒါဟာ သုံးနှစ်ကြာ ခက်ခဲနက်နဲတဲ့ သံတမန်ရေးရာ ဆောင်ရွက်မှုတွေရဲ့ ရာဇ၀င်တင်တဲ့ ဖြစ်ရပ်ပါ။
အမေရိကန်အစိုးရ စီးပွားရေးပိတ်ဆို့ မှုဟာမြန်မာ ပြည်သူပြည်သားတွေကိုသာ
ထိခိုက်စေခဲ့ပြီး အုပ်ချုပ်သူ လူတန်းစားတွေကို တိုင်းပြည်ရဲ့ ကြွယ်ဝတဲ
့သယံဇာတ အရင်းအမြစ်တွေကို လုပ်ချင်သလို လုပ်ခွင့် သလို ပေးလိုက်သလို
ဖြစ်စေခဲ့ တာကြောင့် မအောင်မြင်ခဲ့ ပါဘူး။
၂၀၀၉ခုနှစ် မှာတော့ အမေရိကန် အစိုးရဟာ ဘာမားလို့ ခေါ်တွင် နေဆဲဖြစ်တဲ့ 
မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ မူဝါဒကို ပြန်လည် သုံးသပ်ခဲ့ပါတယ်။ ရရှိလာတဲ
့အဖြေကတော့ မြန်မာအပေါ်ထားတဲ့ သဘောထားကို သိသိသာသာ ပြောင်းလဲဖို့ပါပဲ။
ဒါပေမဲ့  ဒီစေ့စပ် ညှိနှိုင်းမှုကို အားလုံးက စောင့်ကြည့်နေကြပြီး ဘယ်လို
မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်သွားမလဲဆိုတာ အသေအချာ မခန့်မှန်းနိုင်ခဲ့ ပါဘူး။
အခု ဒီခြံထဲမှာရှိတဲ့  အရာရှိကြီးတွေကတော့ ဒီလိုပြောင်းလဲမှုတွေ အတွက်သူတို
့အံသြ ၀မ်းသာရတာကို ပွင့်ပွင်းလင်းလင်းကို ထုတ်ပြောကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်တာ နှစ်နှစ်လောက်ပဲ ရှိသေးတာနဲ
့ဒီမိုကရေစီကို သွားရာ လမ်းကြောင်းကလည်း တလွဲကြီး ဖြစ်နေတာကို မမေ
့သင့်ဘူးဆိုတာကိုပါ။
အခုတော့ ဒေါ်စုဟာ လွတ်မြောက်ရုံသာမက ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေနဲ့ ပါတွေ့ ဆုံနေပါပြီ။
သူဟာ လွှတ်တော် အမတ်တယောက် ဖြစ်နေပြီး သမ္မတ ဦးသိန်းစိန်ကတောင် ဒေါ်စုဟာ
တနေ့မှာ ခေါင်းဆောင် တယောက် ဖြစ်လာနိုင်တယ်လို့ ပြောကြားနေပါတယ်။ ဒါပေမဲ
့ဒီရလဒ်တွေ ပျောက်ပျက်မသွားဖို့ အရေးကြီးပါတယ်။ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု
ကလည်း အခြေအနေ အတော် ဆိုးနေပါတယ်။
နိုင်ငံရဲ့ ၂၅ရာခိုင်နှုန်းလောက် မီးမရသလို ကျန်းမာရေး စောင့်ရှောက်မှုကလည်း
အတော်နိမ့် ကျနေပါတယ်။ လူမျိုးစုပြဿနာတွေကလည်း ရှိနေပြီး
နိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်နဲ့ အနောက်ပိုင်းက ရိုဟင်ဂျာတွေရဲ
့ပြဿနာတွေ ဆက်လက် ဖြစ်ပွားနေဆဲပါ။
စစ်တပ်က နိုင်ငံရေးနဲ့ လူမှုရေးတွေကို ထိန်းချုပ်ထားဆဲ ဖြစ်သလို
ရာပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေလည်း သံတိုင်တွေနောက်မှာ
ရှိနေဆဲပါ။။
ဒါပေမဲ့ အရင်တုန်းက ဘယ်တုန်းကမှမရှိခဲ့တဲ့ မျှော်လင့်ချက်တရားတွေတော့ ဒီနိုင်ငံမှာရှိလာပါပြီ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥယျာဉ်ထဲက နှင်းဆီပန်းရနံ့တွေလည်း လေထဲမှာ
သင်းပျံလာပါတယ်။ နှင်းဆီနံ့ တွေနဲ့ အတူဒီလေထုထဲမှာ ရနေတဲ့ အရာတခုလည်း
ရှိပါသေးတယ်။
ဒါကတော့ အင်တာနက်ပါ။
မြန်မာနိုင်ငံလို အင်တာနက်သုံးရတာ နှေးကွေးဈေးကြီးရုံတင်မက ကန်
့သတ်ချက်တွေများတဲ့ တိုင်းပြည် တခုမှာ အခုလို ပန်းခြံထဲကနေ ကြိုးမဲ
့အင်တာနက် သုံးပြီး အီးမေးလ်တွေ စာတွေ ပို့ နေရတာ တကယ့် ကို
မယုံနိုင်စရာကြီးပါ။
မယုံရင်လည်း ပုံပြင်လို့သာ မှတ်လိုက်ပါတော့။ ထပ်ပြောရ အုန်းမယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည် ခြံထဲက နေ အင်တာနက် သုံးနေပါတယ်။
CNN သတင်းထောက် Dan Rivers, CNN ၏ Miracles in Suu Kyi's secret garden ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။
ဓာတ်ပုံ မြတ်မွန်မှ ကျေးဇူးပြုပါတယ်။
အေးချမ်းမွန် အင်တာနက်စာမျက်နှာသတင်းမှ
No comments:
Post a Comment