Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, September 30, 2011

လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ


လက်နက်မှောင်ခို ရောင်းဝယ်မှုကြောင့် ချမ်းသာလာခြင်း မဟုတ်ကြောင်း မြန်မာပြည်၏ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် FORBES ASIA မဂ္ဂဇင်းနှင့် တွေဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

tay-za_400
မြန်မာပြည်၏ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ (ဓာတ်ပုံ - FORBES ASIA မဂ္ဂဇင်း)
လက်ရှိ စင်ကာပူနိုင်ငံတွင် နေထိုင်နေသည့် ဦးတေဇက Forbes မဂ္ဂဇင်း သတင်းထောက် Simon Montlake ကို ကြယ်ငါးပွင့် အဆင့်ရှိ မရီနာဘေးလ် ဟိုတယ်တွင် လက်ခံတွေဆုံကာ အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံခန်းတွင် ဦးတေဇက အနောက်နိုင်ငံ အစိုးရများ ပြောဆိုနေသကဲ့သို့ လက်နက်ကုန်သည်တဦး မဟုတ်ကြောင်း၊ လူအများက ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်အဖြစ် ပြောဆိုနေမှုသည်လည်း ကောလာဟလများသာ ဖြစ်၍ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။

“လက်နက်ကုန်သည်မဟုတ်ဘူး။ ဟယ်လီကော့ပတာ တမျိုးပဲ စစ်တပ်ကို ရောင်းတာ။ ကျည်ဆန်တွေ သေနတ်တွေ ဘယ်တော့မှ အရောင်း အ၀ယ်မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက်လည်း မဟုတ်ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။

ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။

ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ခရီးသွား ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်း အနီး အသတ်ခံရ

စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ်။

မကွေးတိုင်း  ကျောက်ပန်းတောင်းမြို့နယ်အနီး ဂျပန်နိုင်ငံသူ အမျိုးသမီးတဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ် ခဲ့သည်ဆိုသော သံသယဖြင့် ဆိုင်ကယ် တက္ကစီသမား တဦးကို ဖမ်းဆီး ထားသည်ဟု ရဲက ပြောသည်။

“ဂျပန်အမျိုးသမီးက ညောင်ဦး သွားချင်လို့ ဆိုပြီးတော့ လိုက်ပို့ရင်းနဲ့ ဆိုင်ကယ် တက္ကစီသမား ကနေပြီးတော့ သန့်စင်ခန်းထဲမှာ မုဒိမ်းကျင့် တာပေါ့နော်။ ဖြစ်တဲ့နေရာက ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အစပ်ပေါ့” ဟု ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။

ဗုဒ္ဒဟူးနေ့ နေ့လယ် ၃ နာရီခွဲခန့်က  ဂျပန်နိုင်ငံသူမှာ ညောင်ဦးမြို့သို့ လှည့်လည် ကြည့်ရှုရန် အတွက် ဆိုင်ကယ် ငှားစီးလာစဉ် ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့ကြား အင်းမ ရွာအနီး၌ အခင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အင်းမရွာသားများမှ ယင်းသံသယရှိသူ ဆိုင်ကယ်တက္ကစီ မောင်းသမား ကိုမင်းသိုက်ကို ဝိုင်းဝန်း ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

“ရွာသားတွေက ဖမ်းပြီးတော့ ကြိုးနဲ့ တုတ်ထားတာ။ ကြိုးနဲ့ တုတ်ပြီးမှပဲ ရဲစခန်းကို လှမ်းအကြောင်း ကြားတာ။ ရဲစခန်းက လာပြီးတော့ နယ်ထိန်း တယောက်နဲ့ သူနဲ့ကို လက်ထိပ် တွဲချည်ပြီးတော့ ရဲစခန်းကို ပို့တာ။ ရဲတွေ အဲဒီ အခင်းဖြစ်တဲ့ နေရာကို ရောက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးက သေနေပြီ။ ဓါးနဲ့ ထိုးသတ်တာ” ဟု အင်းမရွာမှ ထမင်းဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ကိုမင်းသိုက်ကို ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃ဝ၂၊ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူ၏ နောက်ကြောင်းနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသွားသူ ဂျပန်အမျိုးသမီးနှင့် ပတ်သက်၍ မည်သူမည်ဝါ ဖြစ်ကြောင်းကို ရဲစခန်းမှ အတည် မပြုနိုင်သေး သော်လည်း AFP သတင်း တရပ်တွင်မူ မစ္စစ် Chiharu Shiramatsu ဖြစ်သည်ဟု ဖော်ပြ ထားပြီး အသက် ၃၁ နှစ်အရွယ် ရှိသည်။
သတင်းရင်းမြစ် - နယူးဒေလီ (မဇ္ဈိမ)

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံမည်

Wednesday, 28 September 2011,


အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ် အောင်ဆန်းစုကြည် တို့သည် စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ယခု တွေ့ဆုံမှုသည် ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ၁၂ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် တတိယ အကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လည်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က သမ္မတအိမ်တော် ရုံးခန်း၌ တွေ့ဆုံ ထားသည်။ ထို့ပြင် သြဂုတ်လ ၂၀ ရက်နေ့က  နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်း အစီအစဉ်သို့ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်
၁၀။  ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် (အစိုးရသစ် လက်ထက်)
၁၁။၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်
Copy from - news-eleven.com

စစ်မှန်တဲ့ အပြောင်းအလဲ မတွေ့ရသေးလို့ ကင်တားနားပြော

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မတ်လ ၂၁ ရက်က ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပနေပုံ ဖြစ်သည်။ (UN Photo/Jean-Marc Ferré)
2011-09-28,
သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရက ပြုပြင် ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ကတိ ပေးလိုက်တာကို ကြိုဆိုပေမယ့် မြန်မာနိုင်ငံမှာ အခုချိန်ထိ စစ်မှန်တဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားလိုက်ပါတယ်။
" မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင် ပြောင်းလဲတဲ့ အခြေခံ အဆင့်မျိုး ဆိုတာ ကျနော်တို့ မတွေ့ရသေးပါဘူး။ ရှေ့လာမယ့် အောက်တိုဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကျနော် တင်သွင်းမှာပါ။ အဲဒီအချိန်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန် လာဖို့ ထိရောက်တဲ့ အရေးယူမှု လုပ်ပေးရမယ့် အခွင့်အရေး တရပ်ပါပဲ" လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
 
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမှာလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထပ်ပြီးပေးဖို့ သမ္မတက စဉ်းစားနေတယ် ဆိုပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ် ဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။
 

Wednesday, September 28, 2011

၎ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနား ကျင်းပပြုလုပ်... (တိုကျို)


၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်။

ရွှေဝါရောင် တော်လှန်ရေး (၄) နှစ်မြောက် နှစ်ပတ်လည် ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီးကျင်းပ၍ တိုကျို  Shinagawa အရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ် ခဲ့ကြပါသည်။
ဆုတောင်း မေတ္တာပို့သသည့် အခမ်းအနားတွင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၌ ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများတို့ကို ဘာသာ ပေါင်းစုံဖြစ် ဆုတောင်းမေတ္တာ ပို့သခြင်း ပြုလုပ် ပြီးသည့်နောက် IBMO(Japan-Branch) တာဝန်ခံ ဆရာတော် ဦးဓမ္မဇောတိမှ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် (၄)နှစ်မြောက် ရွှေဝါရောင် ကြေငြာချက်အား ဖတ်ကြားသွား ပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ၂၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြပြီး ရွှေဝါရောင် တော်လှန်ရေးတွင် မတရား ဖမ်းဆီး ခံထားရသော သံဃာတော်များနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ချက်ခြင်း ရပ်ဆိုင်းပေးရန် တိုက်တွန်း တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

စစ်ပြေး ဒုက္ခသည်များကို တရုတ်လက်မခံ

ကချင် လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - KIA)


ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသွားကြသော စစ်ပြေး ဒုက္ခသည်များကို တရုတ် အာဏာပိုင်တို့က လက်ခံခြင်း မပြုကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။
 
စစ်ပြေး ဒုက္ခသည်များက တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်အတွင်း ရောက်ရှိနေကြောင်း၊ ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားသည့် အနေဖြင့်  ခိုလုံခွင့် ပြုရေး တောင်းဆိုရန် နယ်စပ်ရှိ တရုတ် အာဏာပိုင်များနှင့် ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း ဦးလနန်က ဧရာဝတီသို့ ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ကွတ်ခိုင်မြို့နယ် အတွင်း နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသားများ ထွက်ပြေးကြရသည်။

ကွတ်ခိုင်ဒေသတိုက်ပွဲများ ရက်အတန်ကြာလာပြီ ဖြစ်သော်လည်း မြန်မာအစိုးရက သတင်းထုတ်ခြင်း မပြုသကဲ့သို့ ရှမ်းပြည်နယ် နှင့် ယူနန်ပြည်နယ် နယ်စပ် မတည်မငြိမ်မှုနှင့် ပတ်သက်ပြီး တရုတ်အစိုးရလည်း တရားဝင် ပြောဆိုခြင်း မရှိသေးပေ။

KIO ၏ စစ်ရေးအဖွဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၏ တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ထိုဒေသမှ တပ်ရင်း ၈၊ ၂၊ ၉ စခန်းများကို အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု  ပြောသည်။

ယမန်နေ့က KIA တပ်ရင်း ၈ လှုပ်ရှားရာ လွိုင်ကန် ဒေသကို အစိုးရ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများက တနာရီခန့် ထိုးစစ်ဆင်ခဲ့ကြောင်း၊  KIA တပ်ရင်း ၂ ၏ ဗျူဟာတပ်စခန်းကို လက်နက်ကြီးအားသုံးပြီး သိမ်းပိုက်ရန်   ကြိုးစားနေကြောင်း ဗိုလ်မှူးကြီး ဇော်ရောက ရှင်းပြသည်။

“ကျနော်တို့ဘက်ကလည်း ဗျူဟာကျတဲ့ ကုန်းတွေကို နေရာယူထားတယ်” ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆက်ပြောသည်။

လတ်တလော တိုက်ပွဲတွင် အစိုးရဘက်က ကျဆုံး စာရင်းကို မသိရှိရသေးပေ။  ၅ ရက်ကြာတိုက်ပွဲအတွင်း KIA ဘက်မှ ၃ ဦးကျဆုံး၍ ၂ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။

တည်ဆောက်ဆဲ တရုတ်မြန်မာ ရေနံပိုက်လိုင်းသည် ယခု တိုက်ပွဲဖြစ်ပွားနေသည့် ဒေသကိုလည်း ဖြတ်သန်းသွားမည် ဖြစ်သည်။ ထိုပိုက်လိုင်းလုံခြုံရေးကြောင့် KIA တပ်များကို ထိုးစစ်ဆင်ရခြင်းဖြစ်သည်ဟု
အစိုးရက အကြောင်းပြဖွယ်ရှိသည်ဟု KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းကို မဆန့်ကျင်ပါဘူး၊ အစိုးရနဲ့ အတူ တွဲပြီးတော့ လုံခြုံရေး တာဝန်ယူဖို့လည်း ပြောပြီးပြီ။ ဒီအတိုင်း ဆိုရင်တော့ ပိုက်လိုင်း တည်ဆောက်မယ့် စီမံကိန်းက ပြီးသွားပြီလို့ ပြောလို့ရတယ်” ဟု ဦးလန်က ပြောဆိုသည်။

ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့က KIA ဘက်မှ ကူညီ တိုက်ခိုက်နေသည်ဟု သိရသည်။

copy rights_ http://www.irrawaddy.org/bur/index.php/news/7434-2011-09-27-11-02-06

ကလဲ့စား ချေလိုစိတ်နှင့် အနစ်နာခံ လုပ်ဆောင်ရန် မသင့်ဟု ဒေါ်စုပြော

nldbuildinf235
ကလဲ့စားချေလိုစိတ်ဖြင့် အနစ်နာခံ လုပ်ဆောင်နေသည့် စိတ်ဓာတ်မျိုးဖြင့် ပြည်သူ့အကျိုးကို မဆောင်ရွက်ဘဲ ယုံကြည်ချက် အတွက် ပေးဆပ်လိုစိတ်ဖြင့် ဆောင်ရွက်ကြရန် NLD ၂၃နှစ်ပြည့် အခမ်းအနားတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

Tuesday, September 27, 2011

တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ





၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်။


ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီး၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့သို့ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သည် စစ်မှန်သည့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ မရှိသေးသည့်အပေါ် ဂျပန်အစိုးရအနေဖြစ် သတိပြုမိဖို့၊ ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီးခံနေကြရသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ဆက်ဖြစ်ပွါး နေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် လက်ရှိ မြန်မာအစိုးရသစ်အား ODA နှင့်ပါတ်သည့် အကူအညီ ပေးအပ်မှုအပေါ် ပြန်လည် သုံးသပ်ပေးရန် နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်းစစ် ရပ်ဆဲပြီး အားလုံးပါဝင်နိုင်သည့် တွေဆုံဆွေးရေး ဖြစ်ပေါ်လာဖို့အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲ စေချင်တယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသံ ဆန္ဒကို လေးစား နားထောင်ပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသွား ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်း ဓါတ်ပုံ။  Moe Min Thu

ရွှေဝါရောင် တော်လှန်ရေး (၄) နှစ်ပြည့် လှုပ်ရှားမှု

2011-09-26
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် ကုသိုလ်ပြုပွဲနဲ့ ချီတက်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
Photo: RFA
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ချီတက်ပွဲမှာ အဝါရောင် အင်္ကျီ ဝတ်ဆင် ချီတက်လာသူ တချို့ကို ရန်ကုန်မြို့ ဆူးလေဘုရားဝန်းကျင်မှာ တွေ့မြင်ရစဉ်။
မနက်ပိုင်း ၉ နာရီဝန်းကျင်က မြောက်ဒဂုံမှာရှိတဲ့ မကွေး ပဋိယတ္တိ စာသင်တိုက်မှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့သလို ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ အတွက် ကုသိုလ်ပြု အမျှပေးဝေ ခဲ့ပါတယ်။ နေ့လည် ၁၂ နာရီခန့် မှာတော့ အထိမ်းအမှတ်ပွဲ တက်ရောက်လာသူ ၁၅၀ ဝန်းကျင်က ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပဖို့  ရန်ကုန်မြို့ထဲကို ဘတ်စကား ၃ စင်းနဲ့ ချီတက်ခဲ့ပေမယ့် ဘတ်စကားတွေကို ရဲက တားမြစ်ခဲ့သလို ကားသမားတွေကို ထိန်းသိမ်းခဲ့တယ်လို့ ချီတက်ပွဲ ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။
 
ဒီကနေ့ ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ဆုတောင်းပွဲနဲ့ ချီတက်ပွဲကို မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ စတဲ့ မြို့နယ်အသီးသီးမှာ ကျင်းပခဲ့ပါတယ်။ 
 
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ခြောက်ဝိုင်း ပစ္စိမာရုံကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ ရွှေဝါရောင် ၄ နှစ်ပြည့် အခမ်းအနားကို သံဃာတော်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦး၊ ဦးဝင်းတင် အပြင် တခြား ပါတီအသီးသီးက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
 
ရွှေ့ဝါရောင် တော်လှန်ရေး ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆိုလွှာတွေကို စတုတ္ထအကြိမ် အဖြစ် နိုင်ငံတော် သမ္မတထံ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ 
 
copy rights_http://www.rfa.org/burmese/news/saffron-09262011104943.html

ရွှေဝါရောင် လေးနှစ်ပြည့် ဆုတောင်းသူများ ရဲအင်အား ၄၀၀ ခန့်ကတား

ye20081
စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ်။

ဆူးလေရောက် ဆန္ဒပြသူများ

September 26, 2011,ဒီနေ့ နေ့လယ်ပိုင်းမှာ လုံထိန်းအရာရှိတွေက ဆူးလေဘုရား ရင်ပြင်ပေါ်က ဆန္ဒပြသူတွေကို လူစုခွဲဖို့ ပြောတယ်လို့ သိရပါတယ် (ဓာတ်ပုံများ-ဧရာဝတီ)


ဒီနေ့ နေ့လယ် ဆူးလေ စေတီမှာ တွေ့ရတဲ့ ဆန္ဒပြသူများ
သူတို့ရဲ့ တောင်းဆိုချက်တွေကို တီရှပ်ပေါ်မှာ ရိုက်နှိပ်ထားပါတယ်





ဒုတိယအကြိမ်မြောက်ဒီမိုကရေစီခွပ်ဒေါင်းအလံတင်ပွဲ ဘတ်ဖဲလိုး နယူးယောက်တွင်ကျင်းပ


ထက်ရာဇာ၊ စက်တင်ဘာ
 
ဒုတိယအကြိမ်မြောက် ဒီမိုကရေစီခွပ်ဒေါင်းအလံတင်ပွဲအခန်းအနားကို (စက်တင်ဘာ ၂၄) မနေ့နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရဲ့ မြို့တော် ခန်းမရှေ့မှာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။


ပြောက်ကျား စစ်ဝတ်စုံ ၀တ်ဆင်ထားကြတဲ့ (ABSDF) ကျောင်းသား တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က ဒီမိုကရေစီခွပ်ဒေါင်းအလံကို ဘတ်ဖဲလိုးမြို့ရဲ့ မြို့တော်ခန်းမရှေ့အလံတိုင်မှာ မြန်မာနိုင်ငံတော် သီချင်းနဲ့ လွင့်တင် ခဲ့ကြပါတယ်။
ဒီအခန်းအနားကို ပြည်နယ်အသီးသီးက ဒီမိုကရေစီ အင်အားစု စုစုပေါင်းအယောက် ၁၀၀ကျော် တက်ရောက်ခဲ့ကြပြီး ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ခန်းမအလံတိုင်မှာ အမေရိကန် အလံကို ဖြုတ်ပေးပြီး တရားဝင် ဒီမိုကရေစီ ခွပ်ဒေါင်းအလံကို လွင့်တင်နိုင်ခဲ့တာ ဒုတိယ အကြိမ်မြောက်လဲ ဖြစ်ကြောင်းပါခင်ဗျာ။
 
Copy from - moemaka.blogspot.com/

Monday, September 26, 2011

ရွှေဝါရောင် နှစ်ပတ်လည်အကြို စစ်တွေသံဃာများ သတိပေးခံနေရ

လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ ၄ နှစ်ပြည့်မှာဖြစ်တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနေ့ အထိမ်းအမှတ်အဖြစ် ရဟန်းသံဃာတွေ လမ်းပေါ်ထွက် စီတန်းလမ်းလျှောက်တာတွေ မလုပ်ဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေက လိုက်လံ သတိပေးနေပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေ အနီးတ၀ိုက်နဲ့အတူ ညပိုင်းတွေမှာ လုံခြုံရေး ချထားတာတွေလည်း ရှိပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အရေးတော်ပုံကြီး ၄ နှစ်ပြည့်တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ရဟန်းသံဃာတွေဟာ အဲဒီနေ့အတွက် အထိမ်းအမှတ် တခုခု ပြုလုပ်တာ၊ ဒါမှမဟုတ် အပြင်ထွက်ပြီး စီတန်းလမ်းလျှောက်တာတွေ မလုပ်ဖို့ စစ်တွေမြို့ အတွင်းက စာသင်ဘုန်းကြီးကျောင်းက ဆရာတော်တွေကို အာဏာပိုင်တွေက ဒီရက်ပိုင်းတွေမှာ လိုက်ပြီး သတိပေးတာတွေ လုပ်နေပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အတွက် ဆိုပြီး ရခိုင်ပြည်နယ်တွင်းက ရဟန်းသံဃာတွေ အခမ်းအနား လုပ်ခဲ့တာ၊ စစ်တွေမှာဆိုရင် ဆရာတော် ဦးဥတ္တမရဲ့ ရုပ်တုဆီကို ရဟန်းသံဃာ ရာနဲ့ချီပြီး စီတန်းလမ်းလျှောက်တာတွေ လုပ်ခဲ့တာကြောင့် အခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနေ့မှာလည်း အဲဒါမျိုးတွေ ဖြစ်လာမှာစိုးလို့ လိုက်လံ သတိပေးနေတာ ဖြစ်တယ်လို့ စစ်တွေအခြေစိုက် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ (RNDP) ရုံးက အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။

စစ်တွေတွင် ရဟန်းတော်များ ညဥ့်အချိန်တွင် ဖမ်းဆီး စစ်ဆေးခံနေရ

9/25/2011,

စစ်တွေတွင် ရဟန်းတော် တချို့ကို ညဥ့်အချိန်တွင် အာဏာပိုင်များက ကျောင်းတိုက် အတွင်း ၀င်ရောက် ဖမ်းဆီးကာ အမည်မသိသော နေရာသို့ ခေါ်ယူ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။
စက်တင်္ဘာလ ၂၃ ရက်နေ့ ညဥ့်သန်ခေါင်ကျော် (၂) နာရီ အချိန်တွင် အာဏာပိုင်များက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ စစ်တွေ ပုသိမ်ကျောင်းတိုက်သို့ ၀င်ရောက်လာပြီး ဦးဇင်း ကေသာရနှင့် အတူ တခြား ရဟန်းတော် နှစ်ပါးအား ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း အမည်မဖေါ်လိုသူ အခန်းဖေါ် ရဟန်းများက ပြောသည်။

ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့် သံဃာ့အဖွဲ့များ ကြေညာချက်ထုတ်ပြန်

2011-09-25
သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အရပ်သားအစိုးရ အဖြစ် လူထုက ယုံကြည် လက်ခံစေချင်တယ်ဆိုရင် ဖမ်းဆီးထားတဲ့ သံဃာတော်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဦးစွာ လွှတ်ပေးဖို့ လိုအပ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့် အခါသမယမှာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။
AFP
၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကာလတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းသော သံဃာများ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော်မှ ဆင်းလာပြီး မြို့တွင်းသို့ စီတန်းလှည့်လည် ကြွချီတော်မူနေကြပုံ ဖြစ်ပါသည်။
ရွှေဝါရောင်တော်လှန်ရေး ကတည်းက သံဃာတော်တွေ တောင်းဆိုထားတဲ့ အချက်တွေကို တစုံတရာ လိုက်လျော လုပ်ဆောင်ပေးခြင်း မရှိတဲ့အပြင် အကျဉ်းထောင်တွေထဲမှာ သံဃာတော် (၂၂၂) ပါး အကျဉ်းချခံထားရဆဲ ဖြစ်တယ်လို့ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော်တပါး ဖြစ်တဲ့ ဦးဓမ္မဝံသ က မိန့်ကြားပါတယ်။

“ဒီမိုကရေစီ စနစ်နဲ့ တကယ်သွားနေပါတယ်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တဲ့ အစိုးရတရပ်အဖြစ် ရပ်တည်နေပါတယ် ဆိုတာကို သက်သေပြချင်ရင် ချိတ်ပိတ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ပြန်ဖွင့်ပေးဖို့၊ ဖမ်းဆီးထားတဲ့ ရဟန်းသံဃာတွေကို ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုပါတယ်”

ဒါ့အပြင် တိုင်းပြည် စည်းလုံးညီညွတ်ရေး ရရှိဖို့အတွက် တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်ပြီး ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံသား အားလုံး စိတ်ထိခိုက် နာကျင်စေမယ့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်ဖို့လည်း သံဃာ့ တပ်ပေါင်းစုရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အလားတူ ရွှေဝါရောင်တော်လှန်ရေး ၄နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာပြည်တွင်းက “ရဟန်းပျိုများ သမဂ္ဂ” လည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ကြေညာချက်မှာ- ရွှေဝါရောင် အရေးအခင်းမှာ အသက်ပေးလှူ သွားသူတွေကို ဂုဏ်ပြုလိုက်သလို အာဏာရှင်အမွေကို ဆက်ခံတဲ့ အစိုးရကို ရာဇဝတ်ကောင် အနေနဲ့သာ အသိအမှတ်ပြုတယ်လို့ ဖော်ပြထားပါတယ်။
copy rights_http://www.rfa.org/burmese/news/saffron-4-year-09252011110603.html

Saturday, September 24, 2011

ဒုက္ခသည် ဒုတိယအဖွဲ့ ဂျပန်ခရီး စပြီ

မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဧရာဝတီ)

23 September 2011,

ဂျပန်နိုင်ငံသို့ ဒုတိယ အသုတ်အဖြစ် သွားရောက် အခြေချ နေထိုင်မည့် မြန်မာဒုက္ခသည် ၁၈ ဦးသည် ယနေ့ နံနက်က ထိုင်းမြန်မာ နယ်စပ်ရှိ မယ်လဒုက္ခသည် စခန်းအတွင်းမှ စတင် ထွက်ခွာသွားသည်။ မူလက ဂျပန် သွားမည့်သူပေါင်း ၂၆ ဦး ဖြစ်ပြီး မိသားစုဝင် ၄ ဦးစီ ပါရှိသည် အိပ်ထောင်စု ၂ ခုက အစီအစဉ် ပြောင်းကာ စခန်းအတွင်း နေရစ် ခဲ့ကြကြောင်း၊ တခြား နိုင်ငံများတွင် စားဝတ်နေရေး နှင့် အလုပ်ကိုင် ပိုမို အဆင်ပြေသည်ဟူသော ယူဆချက်ကြောင့် ဖြစ်ကြောင်း စခန်းကော်မတီ တွဲဘက် အတွင်းရေးမှူး ၁ စောအဲကလယ်က ဧရာဝတီကို ပြောသည်။
"မနှစ်က ဂျပန်ကို ရောက်သွားတဲ့ ကျနော့်တူ ဖုန်းဆက်တယ်၊ ဂျပန်ကနေ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ ဆွေမျိုးတွေဆီ အဆက်အသွယ် လုပ်ရတာ ခက်တယ်။ အလုပ်လည်း အချိန်ပြည့် လုပ်ရတယ်။ ဒီမှာရှိနေတဲ့ ဒုက္ခသည်တွေ နိုင်ငံခြား ထွက်မယ် ဆိုရင် အခြားနိုင်ငံတွေ မရမှ ဂျပန်နိုင်ငံကို ရွေးဖို့ ပြောတယ်" ဟု ဒုက္ခသည် တဦးဖြစ်သူ စောကညောက ဆိုသည်။

Friday, September 23, 2011

ဧရာဝတီ အစဉ်တည်ရှိဖို့ ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြု

2011-09-22
ပြည်ထောင်စု သားသမီးအားလုံး သွေးစည်း ညီညွတ်ရေး အတွက် ဧရာဝတီ အစဉ်တည်ရှိပါစေလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ဆန္ဒပြုလိုက်ပါတယ်။
NLD
ရန်ကုန်မြို့ ဒဂုံမြို့နယ်က Gallery 65 ပြခန်းမှာ စက်တင်ဘာလ ၂၂ ရက်ကနေ ၂၅ ရက်အထိကျင်းပတဲ့ မြစ်တစင်း၏ပုံရိပ် အနုပညာပြပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုနေစဉ်။ 

ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းမှာ ရှိတဲ့ Gallery 65 ပြခန်းမှာ ဒီနေ့ကစပြီး လာမယ့် တနင်္ဂနွေနေ့အထိ ကျင်းပမယ့် မြစ်တစင်း၏ပုံရိပ် The Sketch of a River အနုပညာပြပွဲ မှတ်တမ်းမှာ ရေးသားပြီး အခုလို ဆန္ဒပြုလိုက်တာလို့ ဒီပြပွဲကို တာဝန်ခံကျင်းပတဲ့ ပန်းချီနဲ့ ဒီဇိုင်းဆရာ စိုးဝင်းငြိမ်းက RFA ကို ပြောပါတယ်။ 
ပြပွဲမှာ ပန်းချီဆရာ၊ ဓာတ်ပုံဆရာ၊ ကာတွန်းဆရာ၊ ဂရပ်ဖစ် ပန်းချီဆရာနဲ့ ကဗျာဆရာ စုစုပေါင်း ၅၄ ဦးက ဖန်းတီးထားတဲ့ အနုပညာ ၁၄၀ ကျော်ကို ခင်းကျင်း ပြသထားပြီး ကဗျာဆရာတွေကတော့ ကဗျာပါ ရွတ်ဆို ကြတယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်လို့ နိုင်ငံရေး လူမှုရေးနယ်ပယ်နဲ့ အနုပညာရှင်တွေက အရှိန်အဟုန်နဲ့ ဆန့်ကျင် ဝေဖန်လာတဲ့အချိန် ဧရာဝတီနဲ့ပတ်သက်လို့ အခုလို ပန်းချီပြပွဲတခု ကျင်းပလိုက်တာ ဖြစ်ပါတယ်။ 
ပြသတဲ့ အနုပညာရပ် အားလုံးမှာ ဧရာဝတီမြစ်နဲ့ ဆက်စပ်တဲ့ ခံစားမှုတွေကို ဖော်ထုတ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပတာလို့ ဆိုပါတယ်။ ဒီနေ့ ဖွင့်ပွဲနေ့မှာ လမ်းမပေါ်အထိ လူတွေပြည့်နေပြီး သတင်းထောက်တွေလည်း တိုးဝှေ့ ဓာတ်ပုံရိုက်ရတယ်လို့ သိရပါတယ်။ Green Hearts Environment Network သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတဲ့ နှလုံးသားပိုင်ရှင်များ ကွန်ယက်အဖွဲ့က ကြီးမှူးပြီး ဒီပြပွဲကျင်းပတာပါ၊ ဒီပြပွဲက ရရှိမယ့် လှူဒါန်းငွေကို ဧရာဝတီမြစ်ရိုး တလျှောက် သစ်ပင်စိုက်ပျိုးရာမှာ အသုံးပြုမယ်လို့ သိရပါတယ်။ 
 
copy rights_http://www.rfa.org/burmese/news/assk-irrawaddy-09222011114209.html

မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒပြ

မြစ်စုံရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ မလေးရှား (ဓာတ်ပုံ-ဒီဗွီဘီ)
September 22, 2011 ,

ကချင်ပြည်နယ်တွင်းက မြစ်ဆုံရေကာတာ​ စီမံကိန်းကို ရပ်တန့်ဖို့ မလေးရှားနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီခန့်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာသံရုံးမှာ မြန်မာနိုင်ငံသား ၁၀၀ နီးပါး ပိုစတာတွေ အလံတွေ ကိုင်ဆောင်စုရုံးပြီး “မြစ်ဆုံစီမံကိန်း – ချက်ချင်းရပ်၊ နိုင်ငံရေး အကျဉ်းသား ချက်ချင်းလွှတ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး – ချက်ချင်းလုပ်၊ “ဒီမိုကရေစီ ရရှိရေး- ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ မလေးရှားရဲက သံရုံးရှေ့မှာ ခွင့်မပြုလို့ သံရုံးဘေးက ပလက်ဖောင်းမှာ ဆန္ဒပြခဲ့ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် KNU လက်နက်ကြီးဖြင့် အပစ်ခံရ

စက်တင်ဘာလ ၂၁ ရက်။ စောခါးစူး (ကေအိုင်စီ)

ယနေ့ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရှိရာ နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် တစ်ရက်တာ အပစ်အခတ် ရပ်စဲရန် KNU က စက်တင်ဘာလ ၁၅ရက်နေ့၌ ကြေ ညာချက် ထုတ်ပြန်ထားသော်လည်း မြ၀တီမြို့နယ်အတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် BGF ပူးပေါင်းတပ် တို့က ထီးဝါ့ဘလောကျေးနယ်အတွင်းရှိ KNLA တပ်ရင်း(၁၀၁)ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးကြီးစောအယ်ဆဲဆဲက “သူတို့(အစိုးရနဲ့ BGF တပ်ဖွဲ့)က ကျနော်တို့ကို လက်နက်ကြီးသက်သက်ပဲ ပစ်တာ။ ကျနော်တို့ ဘက်တော့ ပြန်ပစ်ခတ်တာ မလုပ်ဘူး။ ထိခိုက်မှုလည်း ဘာမှ မရှိ ပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံရောက်တဲ့ တရုတ်တွေကို မြန်မာစစ်စစ်တွေက အသနားခံ

မနေ့က (၂၀.၉.၂၀၁၁ရက်နေ့) ကြားလိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် စိတ်လည်း မကောင်း၊ ခံလည်း ခံပြင်း တာကြောင့်ဒီ ပို့စ်ကို တင်လိုက်ပါတယ်၊ ဖြစ်ပုံက ဒီလိုပါ၊ မနေ့က ဗန်းမော်က ထွက်လာတဲ့ ခရီးသည်တင် ရှပ်ပြေး ရေယာဉ်ဟာ ရွှေကူ၊ ကသာ၊ ထီးချိုင့်တွေ ကျော်လာပြီး မောင်းကုန်း ဆိုတဲ့ ရွာ ကို ရောက်ပါတယ်၊ အဲဒီမှာ ရှပ်ပြေး ရေယာဉ် ပန်ကာပြုတ်ပြီး ဧရာဝတီမြစ် ထဲက ရေစုတ်တင် နေတဲ့ ရေပိုက်ခေါင်းတစ်ခုကို ၀င်တိုက် မိပါတယ်၊ ရေပိုက်ခေါင်းကြီးဟာ ဘာမှ အပျက်အဆီး မရှိပေမယ် ရှပ်ပြေး ရေယာဉ်ရဲ့ နံရံတွေကတော့ ပိန့်ရှုံ့သွားပါတယ်၊ အဲဒီအချိန်မှာ မောင်းကုန်းရွာထဲမှာ ရှိနေတဲ့ တရုတ် လူမျိုးတွေ အများကြီး ထွက်လာပြီး ရှပ်ပြေး ရေယာဉ်ကို ပြသနာ ရှာပါတယ်၊ အံ့သြစရာက ပြသနာ လာရှာတဲ့ တရုတ်တွေထဲမှာ တရုတ်ရဲ ယူနီဖေါင်း ၀တ်ထားတဲ့ သူတွေလည်း ပါတယ်လို့ဆိုပါတယ်၊နောက်ဆုံး ရှပ်ပြေး ယာဉ်ပေါ် ခရီးသည်အဖြစ် ပါလာတဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာ အရာရှိတွေက တရုတ် ခေါင်းဆောင်တွေကို သွားတောင်းပန်မှ ရှပ်ပြေး ရေယာဉ်ကိုဆက်လက် ထွက်ခွာခွင့် ပြုပါသတဲ့၊ ဒါနဲ့ ဒီတရုတ်တွေ မြန်မာနိုင်ငံ အလယ်ပိုင်း လောက်အထိ ထုနဲ့ထည်နဲ့ ဘာကြောင့် ရောက်ရှိ နေတာလဲလို့စုံစမ်းတော့ ဒီလိုပါတဲ့၊ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ တရုတ်တွေက သတ္တု ရှာဖွေရေး အမည်ခံပြီး ကုမ္မဏီ လာဖွင့်ပါသတဲ့၊ တရုတ်ပေါင်းများစွာလည်း ပါလာပြီး စက်ရုံဝင်းကြီး တစ်ဝင်း တည်ဆောက် ပါတယ်တဲ့၊ စက်ရုံဝင်းကြီး ဘယ်လောက်ကျယ် သလဲဆိုတော့ ရွာခံတွေရဲ့လယ်မြေတွေကို အကုန်သိမ်းလိုက်တဲ့အထိ ကျယ်ပါသတဲ့၊ဒေသခံ မြန်မာလယ်သမားတွေကို လျှော်ကြေး တစ်ဧက ၅သောင်း ပဲပေးပြီး သိမ်းယူပါသတဲ့၊ လယ်သမားတွေက မကျေနပ်လို့ တရုတ်လူကြီးတွေကို သွား တောင်းပန်တော့(မြန်မာနိုင်ငံရောက်တဲ့ တရုတ်တွေကို မြန်မာစစ်စစ်တွေက အသနားခံတာနော်.ရင်နာစရာ ဘယ်လောက် ကောင်းသလဲ) ခင်ဗျားတိုက လယ်မြေတွေကို ၅သောင်း ပေးတာတောင် ကျေးဇူးတင်ပါ၊ အစိုးရက လယ်မြေတွေကို ပိုင်တာ ခင်ဗျားတို့ လယ်ကို ခင်ဗျားတို့ မပိုင်ဘူး၊ အလကား မသိမ်းတာတောင် ကျေးဇူးတင် လို့ပြန်ပြောတယ်လို့ ရှပ်ပြေးပေါ် ပါလာတဲ့ မောင်းကုန်းရွာက ဒေသခံ လယ်သမား တစ်ဦးကပြောပါတယ်၊ ပိုပြီး ရင်နာစရာ ကောင်းတာက အဲဒီ တရုတ် စက်ရုံဝင်းအတွင်းမှာ မြန်မာနိုင်ငံ အရပ်ရပ်က မြန်မာ မိန်းကလေး ငယ်ငယ်နုနု လှလှရွရွတွေ အများကြီး အလုပ်လုပ် နေကြတယ်တဲ့၊ဘာအလုပ်မှန်း မသိပေမယ့် တစ်လကို ၅သိန်းကနေ ၁၀သိန်းအထိ ပေးလို့.မန္တလေး ကာရာအိုကေက ကလေးမလေးတွေတောင် စက်ရုံဝင်းထဲ ရောက်ရှိ အလုပ် လုပ်ကိုင်နေကြတယ်တဲ့၊ ရွာခံတွေ အနေနဲ့ တရုတ်တွေရဲ့ အနိုင်ကျင့်မှုတွေလည်း ခံရတယ်တဲ့၊ ဒီတော့ နိုင်ငံနဲ့ လူမျိုးကို အသက်ပေး ချစ်တယ်ဆိုတဲ့ လူကြီးမင်းများကို အသနားခံ တောင်းပန်ပါရစေ၊ မြန်မာလူထုရဲ့ဒီဒုက္ခတွေကို  ကယ်တင် ပေးကြပါဦးလို့...
ဟာဂျူလီ(ကသာ)face book မှ... __._,_.___

Thursday, September 22, 2011

ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းနေချိန်တွင် အမေရိကန်နှင့် ဘင်္ဂလားဒေ့ခ်ျ စစ်ရေး လေ့ကျင့်မူ ပြုလုပ်

အဆိုပါ စစ်ရေး လေ့ကျင့်မူကို ယမန်နေ့က စတင်ခဲ့ပြီး အမေရိန်ကန် ရေတပ် သင်္ဘော (၄) စီးနှင့် အမေရိကန် တပ်သား ၅၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောများမှာ တိုက်ချင်းပစ် ဒုံးကျည်ဖျက် သင်္ဘော၊ ဖရီးဂိတ်၊ မိုင်းဖျက် သင်္ဘောနှင့်ကယ်ဆယ် ရေး သင်္ဘောများ ပါဝင်သည်ဟု သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မူကို Cooperation Afloat Readiness and Training (CARAT) Bangladesh 2011 အမည်ဖြင့် ပြုလုပ်နေပြီး ၈ ရက်ကြာမြင့်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကျေညာချက် တွင် ဖေါ်ပြသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မူတွင် ပင်လယ်ပြင် ဆိုင်ရာ လုံခြုံရေး စွမ်းဆောင်ရည် မြင့်မားရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေး၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်ရေး၊ လှည့်လည် စစ်ဆင်ရေးနှင် အမြောက် ပတ်ခတ်နည်း၊ ၎င်းပြင် ပင်လယ်ဓါးပြနှင့် မှောင်ခို နှိမ်နှင်းရေးများကို ပူးတွဲလေ့ကျင့်သွားကြ မည်ဟု သိရသည်။

မိုးထဲလေထဲတွင် ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို


၂၀၁၁ ခုနှစ် စက်တင်ဘာလ(၂၁)ရက်။

ယနေ့ညနေ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တိုင်ဖွန်း မုန်တိုင်းကျရောက်ပြီး မိုးသည်းထန် ရွာသွန်းသည့်ကြားမှ မတရား ဖမ်းဆီး ခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် တောင်းဆိုသည့်ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့၌ ကျင်းပခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် ဟန်ပြအရပ်သား အစိုးရပြောင်းလဲသွားသော်လည်း မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင် ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေခြင်းသည် မြန်မာပြည်သူ ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများအားလုံး ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါသည်။
သတင်းမှတ်တမ်းဓါတ်ပုံ ။ Mai Kyaw Oo
CGI ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်စကားပြော

Wednesday, September 21, 2011

ကိုယ်ကျိုးစီးပွား အချောင်သမား ကွန်မြူနစ် တရုပ်အစိုးရရဲ့  လုပ်ရပ်တွေကို ဆန့် ကျင်ဖို့  အမျိုးသားရေး တာဝန် တရပ် ထမ်းဆောင်ကြပါစို့  Save Irrawaddy & China Invitation
ယမန်နေ့ (၁၉-၉-၂၀၁၁) မနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်း (ယခင် ဟယ်ပင်လမ်း) အတွင်း တရုတ် သံရုံးရှေ့မှာ “ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်း” ကို ကန့်ကွက် ဆန္ဒပြမယ်လို့  သတင်းရရှိလို့ သွားခဲ့ပါတယ်။
ပြည်ထောင်စုရိပ်သာလမ်းအတွင်းမှာ လုံထိန်းတွေ ကြိုတင်နေရာယူထားတာကို တွေ့ရှိပါတယ်။ လုံထိန်းအင်အား (၁၀၀) ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ပြည်လမ်းဘက်မှ ပြည်ထောင်စုရိပ်သာလမ်း အတွင်းချိုး အ၀င်စပ်မှာ လုံထိန်းကား (၂) စီး ချထားပါတယ်။ သံရုံးရှေ့မှာ လုံထိန်းကား (၁) စီး နေရာယူတာပြီး ဗဟိုလမ်းဆီ အထွက်နားမှာ လုံထိန်းကား (၁) စီး ချထားပါတယ်။
သံရုံးရှေ့နဲ့ မျက်နှာဆိုင်ရှိ ကလေးဆေးရုံဝန်းရှေ့မှာလဲ လုံထိန်းတွေ နေရာယူထားပါတယ်။ ဒီသတင်းကို တရုတ်သံရုံးက လဲ ရရှိထားတာမို့ ၀န်ထမ်းတွေကို အပြင်ထွက်ခွင့်မပေးပါဘူး။ သတင်းထောက်တချို့ ရောက်ရှိလာတဲ့အပြင် အခြားစိတ် ၀င်စားသူ အားပေးသူ အချို့လဲ ရောက်လာပါတယ်။

ရန်ကုန် တရုတ်သံရုံးရှေ့ တစ်ကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးထား

2011-09-20
မြစ်ဆုံ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ တစ်ကိုယ် တော် ဆန္ဒပြမှု တစ်ခု ဖြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။ 

တစ်ကိုယ်တော် ဆန္ဒပြခဲ့သူရဲ့ အမည်က ကိုအောင်သိန်းခေါ် ကိုကျော်ဝင်း ဖြစ်ပြီး ဒီကနေ့ ကို မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ အာဏာပိုင်တွေက ဖမ်းဆီးသွားပြီး အခု ဒဂုံမြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ တရုတ်သံရုံးရှေ့ကို ရောက်ရှိခဲ့တဲ့ ရန်ကုန်မြို့ခံ သတင်းထောက် တစ်ဦးက RFA ကို ပြောပြပါတယ်။ “သူက ဧရာဝတီ စီမံကိန်းကို ချက်ချင်းရပ်ဆိုတဲ့ စားသားကို ကိုင်ထားတယ်လို့ ပြောတယ်။ 

နောက်ဆုံးသိရတာကတော့ ဒဂုံရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သတင်းကြားတယ်” အမေရိကန် နိုင်ငံသားဖြစ်ပြီး ရနောင်းကနေ ဝင်လာသူ တောင်ဥက္ကလာ ၇ ရပ်ကွက် ၁၁ လမ်းနေ အဘ ဦးနောင်တင်လှရဲ့သား လို့လည်း သိရပါတယ်။ အခုလို တစ်ကိုယ်တော် ဆန္ဒပြမှု ဖြစ်ခဲ့တဲ့အတွက် လူတစ်ဦး ဖမ်းဆီးခဲ့တဲ့အကြောင်း တရုတ်သံရုံးက ယဉ်ကျေးမှု ဌာနအနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ကိုးကားပြီး ရန်ကုန် AFP သတင်းက ရေးပါတယ်။ 
copy rights_http://www.rfa.org/burmese/news/arrest-activist-09202011112236.html

တရုတ်နယ်စပ်မှ ဘိလပ်မြေ တင်သွင်းခြင်း KIA ပိတ်ပင်

ကချင်ပြည်နယ် မြစ်ကြီးနား-ကန်ပိုင်တီလမ်းမှ တရုတ်ကုန်ပစ္စည်းများ ကချင်ပြည်နယ်သို့ တင်သွင်းနေပုံ။
စက်တင်ဘာလ 20 ရက် 2011 ခုနှစ်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် အရှေ့ ဘက်ရှိ တရုတ်နယ်စပ်မှ ဘိလပ်မြေ တင်သွင်းခြင်း ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကပိတ်ပင် ထားကြောင်း KIA ကပြောသည်။
ထိုသို့ပိတ်ပင်ရခြင်းမှာ “ဧရာဝတီမြစ်ဆုံတွင် ရေကာတာကြီး တည်ဆောက်နေခြင်း ရပ်တန့်ရန်ရည်ရွယ် ခြင်း ဖြစ်သည်” ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ နာမည် မဖော်လိုသူ အရာရှိတစ်ဦး ပြောသည်။
သူက “ဟုတ်ပါတယ် ကျွန်တော်တို့ ပိတ်ထားပါတယ။် မြစ်ဆုံ ရေကာတာ လုပ်ခြင်းဟာ ပြည်သူလူထုအတွက် အများကြီး စိုးရိမ်ရပါတယ်။ တရုတ်တွေက ဒီဆောက်လုပ်ရးပစ္စည်းတွေကို နယ်စပ်ကနေပြီး ပို့ဆောင်နေ တာပါ။ ကျွန်တော်တို့က ဘိလပ်ကို အဓိကထားပြီး ပိတ်ပင်တာပါ။”
 KIAမှ ပိတ်ပင်ထားသော အခြားတရုတ်ဆောက်လုပ်ရေးပစ္စည်းများတွင် သံ၊ ပိုက်နှင့် ထုံး တို့လည်း ပါဝင် သည် ဟု နယ်စပ်ကုန်သည်များ ပြောသည်။ သို့သော် လူနှင့် အခြားစားသုံးကုန်ပစ္စည်းများကို သက်ယူပို့ဆောင်ခွင့် ပြုထားသည်။
“လူတွေနဲ့ စားစရာပစ္စည်းတွေတော့ ရပါတယ်။ ဒါပယ်မဲ့ ဘိလပ်မြေ တင်ထားတဲ့ ကားတွေတော့ လုံးဝ သွားလို့ မရဘူး။” ဟု မြစ်ကြီးနား-ကန်ပိုင်တီလမ်းကြောင်းရှိ ၀ိုင်းမော် ဒေသခံတစ်ဦး ပြောပါသည်။
ပြီးခဲ့သည့် ဇွန်လ မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ် ပြန်စလာချိန်ကတည်းက ပိတ်ပင်ထားသော အဓိက တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း (၄)ခုမှာ မြစ်ကြီးနား-လိုင်ဇာ၊ မြစ်ကြီးနား-ကန်ပိုင်တီ၊ ဗန်းမော်-လွယ်ဂျယ်နှင့် ဗန်းမော်-နမ့်ခမ်း လမ်း တို့ဖြစ်သည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန

Tuesday, September 20, 2011

မြစ်ဆုံဆည်ကိစ္စ အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲနေ

IMG-1306

ဧရာဝတီမြစ်ဆုံ (ဓာတ်ပုံ - missgreenlady.com)
ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုရှိနေသောကြောင့် မြစ်ဆုံဆည် ဆက်လက် တည်ဆောက် ခြင်းပြု၊ မပြုကိစ္စ မတင်မကျ ဖြစ်နေကြောင်း သတင်း ရရှိသည်။ သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ၀န်ကြီးဌာန တချို့က မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ ဆန်းစစ်လေ့လာမှုများ ပြုလုပ်ပြီးမှ ပြန်လည် ဆောက်လုပ်ခွင့်ပြုသင့်၊ မပြုသင့် ဆုံးဖြတ်ရန် လိုလားနေကြသော်လည်း ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအ၀င် အစိုးရ၀န်ကြီး တချို့ကမူ မြစ်ဆုံစီမံကိန်း မူလရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်သွားရန် ဆန္ဒ ရှိနေကြကြောင်း သိရသည်။
နေပြည်တော်တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရ ၀န်ကြီးတချို့၏ သဘောထား ကွဲလွဲမှုများကို သိသိသာသာ တွေ့မြင်ခဲ့ရကြောင်း တက်ရောက်ခဲ့သည့် သတင်းထောက်များ ထံမှ သိရသည်။

အပစ်ရပ်ရေး ဖိအားပေးဖို့ ကရင် အဖွဲ့အစည်း တိုက်တွန်း

2011-09-19
မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ် ရပ်စဲရေး အတွက် နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်းဖို့ ပြည်ပရောက် ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေက ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
(Photo: AFP)
ထိုင်း-မြန်မာနယ်စပ်အနီး ထမ်ဟင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများ ဖြစ်ပါသည်။ (Photo: AFP)
စက်တင်ဘာ (၂၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာ အစိုးရ တပ်တွေနဲ့ တစ်ရက်တာ အပစ်အခတ် ရပ်စဲဖို့ ကရင် အမျိုးသား အစည်းအရုံး (KNU) အဖွဲ့က စက်တင်ဘာလ ၁၅ ရက်က ကမ်းလှမ်းချက် ထုတ်ပြန်အပြီး နိုင်ငံတကာရောက် ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေက ထောက်ခံ ကြိုဆိုတဲ့ အနေနဲ့ အခုလို တောင်းဆိုတာ ဖြစ်ပါတယ်။
 
ကရင် အမျိုးသား အစည်းအရုံး (KNU) အဖွဲ့က အခုလို ကမ်းလှမ်းတာဟာ မနှစ်က တကြိမ်နဲ့ အခု တကြိမ် ဖြစ်ကြောင်း၊ ဒါဟာ ကရင်လူမျိုးတွေရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ သဘောထားကို ပြသတာဖြစ်ပြီး တနေ့တာ အပစ်ရပ်ရေးကို အမှန်တကယ် အနှစ်သာရနဲ့ လိုက်နာ ဆောင်ရွက်မယ်ဆိုရင် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း သြစတေးလျ ကရင် တိုင်းရင်းသားများ အဖွဲ့ နာယက ဦးစောလွင်ဦးက ပြောပါတယ်။
 
KNU ရဲ့ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းမှုတွေ အပေါ် နိုင်ငံတကာ ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့ အပြည့်အ၀ ပံ့ပိုး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း တိုင်းရင်းသား ဒေသတွေမှာ ထာဝရ အပစ်အခတ် ရပ်စဲရေး အတွက် ဦးသိန်းစိန် အစိုးရကို ဖိအားပေး တိုက်တွန်းဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ဒီကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
 
copy rights_http://www.rfa.org/burmese/news/karen-knu-09192011121022.html

ဆန္ဒပြမယ့် သတင်းကြောင့် ရန်ကုန်ရှိ တရုတ်သံရုံး လုံခြုံရေး တင်းကျပ်

ဓာတ်ပုံ AP
တနင်္လာ, 19 စက်တင်ဘာ 2011,

 မြန်မာနိုင်ငံ မြောက်ဘက် ကချင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်မယ့် ရေအား လျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာတဲ့အတွက် ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးအနီး အာဏာပိုင်တွေက ဒီကနေ့ လုံခြုံရေးတွေ တိုးမြှင့် ချထား လိုက်ပါတယ်။
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ အစီအစဉ်ကို ရပ်တန့်ဖို့ ဆန္ဒပြ လှုပ်ရှားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြ ပေးထားပါတယ်။
ပြည်တွင်းပြည်ပက ကန့်ကွက် ဝေဖန်မှုတွေကြားကပဲ မြန်မာ လျှပ်စစ်စွမ်းအင် ၀န်ကြီးက စီမံကိန်းကို ဆက်လုပ်မယ့်အကြောင်း ပြောဆိုခဲ့တဲ့နောက် ကန့်ကွက် ဆန္ဒပြတဲ့အထိ လုပ်သွားမယ်လို့ သတင်းတွေ
ထွက်ပေါ်လာတာပါ။

တိုကျိုတွင် ကျင်းပပြုလုပ်သည့် “ ဧရာဝတီကို ကာကွယ်ကြစို့ ”ဆွေးနွေးပွဲ အခမ်းအနား


၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၉)ရက်။


SAVE THE IRRAWADDY  “ ဧရာဝတီကို ကာကွယ်ကြစို့ ”ဆွေးနွေးပွဲ အခမ်းအနားကို တိုကျို TOSHIMA-KU Otsuka DaIchi ခမ်းမ၌ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)-Japan မှ ဦးစီး၍ ယနေ့ နေလည် ၁း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ဧရာဝတီ မြစ်ဆုံဒေသနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် မြန်မာပြည်ရဲ့ သဘာဝ ဘေးအန္တရာယ်သာမက တမျိုးသားလုံးရဲ့ လူမှုဘ၀တွေ၊ အနာဂတ်တွေပါ ထိခိုက် ပျက်စီးသည့် မြစ်ဆုံ ရေကာတာ တည်ဆောက်နေမှု ဆိုးကျိုးများ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပြည်သူလူထု၏ သဘောထား အသံ လှုပ်ရှားမှု များတို့ကို တာဝန် ရှိသူများတို့မှ ဆွေးနွေး သွားခဲ့ကြပါသည်။ ဧရာဝတီ မြစ်ဆုံမှာ တည်ဆောက်သွားမည့် ဆည်ကြီးသည် ပြည်သူလူထု တရပ်လုံးအတွက် အကျိုး တစုံတရာမှ မရရှိကြပဲ အာဏာရှင် လူတစုနဲ့ တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီ တွေသာလျှင် အကျိုးအမြတ်တွေ ခံစားရတာ ဖြစ်သည့်အတွက်ကြေင့် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေကို ဆည်တည်ဆောက်မှုလုပ်ငန်း ရပ်တန့်ရန်အတွက် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် ဖိတ်ခေါ်ပြီး နိုင်ငံတကာရှိ တရုတ်သံရုံးများကို ဆန္ဒပြ ဆန့်ကျင်ကန့်ကွက် သွားကြမည့် လုပ်းငန်းစဉ်များနှင့် ဧရာဝတီကို ကာကွယ် လှုပ်ရှားနေကြသည့် ပြည်တွင်း လှုပ်းရှားမှုများတို့ကို ပံ့ပိုးကူညီ ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များပါ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
http://hdvideonewsjp.blogspot.com/ ရဲ့ LIVE NEW မှကြည့်နိုင်ပါပြီ

Sunday, September 18, 2011

(၂၃)နှစ်ပြည့်မြောက် အာဏာသိမ်းစစ်အုပ်စုအား ရှုတ်ချကန့် ကွက်ဆန္ဒပြပွဲ



၂၀၁၁ ခုနှစ် စက်တင်ဘာလ ( ၁၈ ) ရက်။


(၂၃)နှစ်ပြည့်မြောက် အာဏာသိမ်း စစ်အုပ်စုအား ရှုတ်ချကန့်ကွက် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျို ရှိနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)Network for Democracy in Burma (NDB)-Japan မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ဆန္ဒပြပွဲ အခမ်းအနားကို ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီ အထိ ကျင်းပပြု လုပ်ပြီး စစ်အာဏာ သိမ်းခဲ့သည့် ၂၃ နှစ် ပြည်ခဲ့ပြီ ဖြစ်သော်လည်း အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုများ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ ယနေ့ချိန်ထိ ရှိနေဆဲ ဖြစ်ကြောင်း စစ်ယူနီဖေါင်းချွတ်ပြီး အရပ်သား ဟန်ပြ အစိုးရတရပ် ပြောင်းလဲသွားသော်လည်း ယနေ့ချိန်ထိ စစ်ကျွန်ဘ၀မှ လွှတ်မြောက်ခြင်း မရှိသေးကြေင်း တိုင်းရင်းသားများဒေသ အသီးသီး၌ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများအားလည်း ဆက်လက် ဖမ်းဆီး ထိမ်းသိန်းထားဆဲ ဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ဦးဆောင်မှုနောက်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည့်အထိ ပြည်တွင်းပြည်ပမှ ဟန်ချက်ညီညီ ဆက်လက် ကြိုးပမ်းသွားကြရန် အဖွဲ့အစည်းအသီးသီးတို့မှ ပြောကြား သွားခဲ့ကြကြောင်း သိရှိရပါသည်။

ဆန္ဒပြပွဲ အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီ အင်အားစု ၂၀၀ ကျော် ခန့် တက်ရောက် ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

အစိုးရတပ်တွေ ကချင်ရွာတွေကို မီးရှို့

2011-09-17
KIA ကချင်လွတ်မြောက်ရေးတပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာမှာ အစိုးရတပ်တချို့ ဆုတ်ခွာရင်း ကချင် ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အခုလို ရွာတွေကို မီးရှို့တာဟာ အစိုးရတပ်တွေ အကျအဆုံး များတာကြောင့် ဖြစ်တယ်လို့ KIO ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က စပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မြန်မာအစိုးရတပ် ခလရ (၃၇)၊ (၂၉) နဲ့ (၄၃၈) တို့ ပူးပေါင်းတပ်ဖွဲ့ အင်အား ၃ ရာလောက်က KIO ဗဟိုဌာနချုပ်နဲ့ မလှမ်းမကမ်းက KIA တပ်တွေကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ KIA ဘက်က ပြောက်ကျားနည်းနဲ့ တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေမှာ အစိုးရဘက်က ကျဆုံး၊ ဒဏ်ရာရသူ စစ်သည် ၃ဝ လောက် ရှိနိုင်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။
သမ္မတ အကြံပေး ဦးမြင့် ဝေမျှတဲ့ ကချင်ခေါင်းဆောင်ရဲ့ မြစ်ဆုံ စီမံကိန်းပေါ် အမြင်

Howa-Duma-Zau-Gam
 
စက်တင်ဘာလ ၁၇ ရက် ၂၀၁၁ ခုနှစ် ။
 
သမ္မတ ဦးသိန်းစိန်ရုံး၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြင့်က ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ရေးသား ပေးပို့လာသော စာတစောင်ဖြစ်ပါသည်။

ဒေါက်တာမြင့်သည် ပင်လုံစာချုပ်အတွက် ဦးဆောင်ခဲ့သော ကချင်ခေါင်းဆောင် တဦး၏ သားဖြစ်သူ ဒူဝါဇော်ဂမ်နှင့် လွန်ခဲ့သော တနှစ်ကျော်ကျော်က မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့သည်။
 နေ့စွဲ - ၂၂ ရက် ဇူလိုင်လ ၂ဝ၁ဝ ပြည့်နှစ် ကြာသပတေးနေ့ ၊ နံနက်ပိုင်း (၉:၁၅)
Howa Duma Zau Gam နေအိမ်  မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

ပင်လုံ စာချုပ်အတွက် ဦးဆောင်ခဲ့သူ ကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ၏ သား၊ ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ် နှင့် ဆရာဦးမြင့်တို့ တွေ့ဆုံစဉ်က မြစ်ဆုံ ရေကာတာ စီမံကိန်း နှင့် ပတ်သက်၍ Duwa Zau Gam ၏ အမြင်နှင့် ပြောဆိုချက်။

၁၉၈၇ ခုနှစ်တုန်းက အလုပ်လုပ်နေတုန်း ညဖက်မှာ အသံတွေ ကြားတော့ ဘာမှန်းလဲ မသိ၊ ထွက်ပြေးမယ် လုပ်ပြီး အပြင်ကို ကြည့်လိုက်တော့မှ ရေတွေနဲ့ အတူတူ ညောင်ပင်ကြီးတွေ၊ သစ်ပင် ကြီးတွေ မျောပါ လာတာ တွေ့ရတယ်။ နားလုံလယ် တပြင်လုံးလည်း သဲကန္တာရ လို သဲတွေ ဖုံးကျန်ခဲ့ပြီးတော့၊
တော်တော်နဲ့ ပြန်ပြီး စိုက်ပျိုးစားလို့ မရတော့ဘူး။ ဗန်းမော်၊ စိန်လုံဖက်မှာ လည်း တောင်ကြီးတွေ၊ မြေပြို ကျပြီး သစ်ပင်တွေ၊ ရေထဲမျောပါတာ ကြုံတွေ့ဖူးတယ်။

မြန်မာပြည်စစ်ကျွန်ဘဝက လွတ်မြောက်ရေး ဒို့အရေး


Saturday, September 17, 2011

ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ တွင် တစ်နေ့ တာ အပစ်ခတ်ရပ်ဆိုင်းရန် ကေအဲန်ယူ ထုတ်ပြန်ကြေငြာ

KNU to observe one day cease fire on International day

ပျောက်နေသည့် မန်းငြိမ်းမောင်အတွက် မိသားစု စိုးရိမ်


နှစ်လကျော် ပျောက်ဆုံးနေသော ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင်အတွက် မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်နေကြသည်။ ယခုအခါ ပဒိုမန်းငြိမ်းမောင်သည် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။  
အင်းစိန်ထောင်ဝန်ထမ်းတို့နှင့်နီးစပ်သူတဦးအပါအ၀င် KNU ထောက်လှမ်းရေး၊ သတင်းရပ်ကွက်များ၏ ပြောပြချက်အရ မန်းငြိမ်းမောင်သည် အင်းစိန်ထောင် သီးသန့်အခန်းတခုတွင် ရှိနေပြီး ထောင်ဝင်စာ တွေ့ဆုံခွင့် မရကြောင်း သိရသည်။

မန်းငြိမ်းမောင်အတွက် ပြည်ပတွင် နေထိုင်သည့် သမီးဖြစ်သူက စိတ်ပူနေကြောင်း မန်းငြိမ်းမောင်၏ မိတ်ဆွေတဦးဖြစ်သူ မောင်ကျော်မန်းက ပြောသည်။

“သူ့သမီးကလည်း အမေရိကန်ကနေ ကျနော့်ကို ဖုန်းဆက်လာတယ်။ သူ့အဖေ အဖမ်းခံရတဲ့အကြောင်း ရေးထားတဲ့ အင်တာနက်သတင်းတွေ မှန်လား၊ သေချာလား သူသိချင်တယ် တဲ့။ သူ့အဖေက လက်နက်ကိုင်သမား မဟုတ်ဘူး။ နိုင်ငံရေးသမား ဖြစ်တယ်။ သူ့ကို တကယ်လို့ ဖမ်းမိရင်တောင်မှ မသတ်ဖို့ ပြောချင်တယ်” ဟု မောင်ကျော်မန်းက ပြောသည်။

အမေရိကန်ရှိ လူ့အခွင့်အရေး အဖွဲ့များ နှင့် အမေရိကန်အစိုးရထံသို့လည်း သူ့ဖခင် လွတ်မြောက်ရေးအတွက် ကူညီကြရန် စာရေးသား ပေးပို့ထားကြောင်း မောင်ကျော်မန်းက ပြောသည်။

ကင်ဆာဝေဒနာ ခံစားနေရသူ ဗကသအဖွဲ့ဝင်ကို လွှတ်ပေးရန် တိုက်တွန်း

  
ချင်းမိုင် (မဇ္ဈိမ) ။        ။ အစာအိမ်ကင်ဆာ ရောဂါ ခံစားနေရသူဖြစ်ပြီး အင်းစိန်ထောင်တွင် ထောင်ဒဏ် အနှစ် ၂ဝ ကျခံနေရသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဦးဆောင်အဖွဲ့ဝင် ကိုဇော်လင်းထွန်းကို လွှတ်ပေးပါရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ)က အစိုးရကို တိုက်တွန်းလိုက်သည်။

စက်တင်ဘာ ၂ဝဝ၃ ခုနှစ်ကတည်းက ထောင်ကျနေခဲ့သော ကိုဇော်လင်းထွန်းသည် အစာအိမ်ကင်ဆာရောဂါအပြင်၊ အသည်းရောင် အသားဝါ၊ ကျောက်ကပ် ကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါနှင့် နှလုံးရောဂါတို့ ခံစားနေရပြီး လမ်းပင် ကောင်းစွာ မလျှောက်နိုင်ကြောင်း ပြည်ပအခြေစိုက် (အေအေပီပီ -ဘီ) ၏ သောကြာနေ့ ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။

ပိတ်ဆို့ အရေးယူမှု သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော် ဆုံးဖြတ်

2011-09-16
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကို သက်တမ်း တစ်နှစ် ထပ်တိုးဖို့ အမေရိကန် အထက်လွှတ်တော်က စက်တင်ဘာလ (၁၃)ရက်နေ့က ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။
(Photo: AFP)
အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီက စက်တင်ဘာ ၃၀ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ၏ ရိုက်ခတ်မှုနှင့် ထိရောက်မှုအပေါ် ကြားနာပွဲတွင် အရှေ့အာရှနှင့် ပိစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် ထွက်ဆိုအစီရင်ခံနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ဥပဒေ ကို ၂၀၀၃ ခုနှစ်မှာ စတင် ပြဌာန်းခဲ့တာ ဖြစ်ပြီး နှစ်စဉ် သက်တမ်း တိုးလာတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေ စတင်နေပြီ ဆိုပေမယ့် နိုင်ငံတကာ လက်ခံနိုင်တဲ့ အခြေအနေကို မရောက်သေးတဲ့ အပေါ်မှာ အမေရိကန် အထက်လွှတ်တော်က နောက်တနှစ် သက်တမ်း တိုးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီး ဦးဘိုလှတင့်က အာအက်ဖ်အေကို ပြောပါတယ်။ “အမေရိကန် အထက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေဟာ အမေရိကန် ပြည်ထောင်စုအတွက် အထူးသဖြင့် အထက်လွှတ်တော်အတွက် ကျေနပ်အားရလောက်စရာ မရှိသေးဘူး ဆိုတာကို လုပ်ရပ်နဲ့ ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံက ကိုယ့်ရဲ့လုပ်စရာရှိတာကို ကိုယ့်ယုံကြည်ချက်နဲ့ ဆက်လုပ်သွားဖို့ လိုအပ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်” မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ဥပဒေ သက်တမ်း တစ်နှစ်တိုးဖို့ အမေရိကန် အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇွန်လက ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခု အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရပြီးရင် သမ္မတ အိုဘားမားက လက်မှတ်ရေးထိုး အတည်ပြုဖို့ အဆင့်ပဲ ကျန်ပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောက်ခံသူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဒီပဲယင်း အရေးအခင်း ဖြစ်ပေါ်ပြီးတဲ့နောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံကူညီဖို့ အမေရိကန် ပြည်ထောင်စုက ဒီဥပဒေကို သတ်မှတ် ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေအရ မြန်မာနိုင်ငံက ပို့ကုန်တွေကို အမေရိကန် နိုင်ငံတင်သွင်းခွင့် ပိတ်ပင် ထားပါတယ်။

အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်  မှ အတိတ်က ခရစ္စတီးကျွန်းအကြာင်းရင်ဖွင့်ချက်  

15 September 2011 ,

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ပင်လယ်ပြင် ထိုင်း-မြန်မာ ရေပိုင်နက်အနီး ခရစ္စတီးကျွန်းတွင် ၁၉၉၈ ခု မေလက မြန်မာ စစ်တပ်သည် အပြစ်မဲ့ အရပ်သား နို့စို့ကလေးနှင့် အမျိုးသမီးများပါ မကျန် စုစုပေါင်း ၈၁ ဦးကို သဲသောင်ပြင်ပေါ်တွင် သေနတ်နှင့် ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုတွင် စစ်ဗျူဟာမှူးအဖြစ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး အမိန့်ပေးခဲ့သူသည် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လုပ်မည်၊ ဘယ်တော့မှ နောက်မဆုတ်ဟု ပြောလိုက်သော ထိုစဉ်က ဗိုလ်မှူးကြီးဟောင်း၊ ယခု အမှတ် (၁) လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးဇော်မင်း ဖြစ်သည်။ဝန်ကြီး ဦးဇော်မင်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၅) ကျောင်းဆင်း အရာရှိတဦး ဖြစ်သည်။ စွမ်းဆောင်ရည် ထက်ထက်မြက်မြက် မရှိသောကြောင့် စစ်တက္ကသိုလ် အပတ်စဉ် (၁၅) ကျောင်းဆင်း များအနက် အတော်နောက်ကျမှ ဗိုလ်မှူးကြီး ရာထူးကို ရခဲ့သူဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီး မလုပ်လိုသောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဖြုတ်ခံရသူ၊ စစ်တက္ကသိုလ် အပတ်စဉ် (၁၈) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်၏ အမှတ် (၁၃) စစ်ဆင်ရေး ကွပ်ကဲမှု တပ်မမှူး လက်အောက်တွင် ခရစ္စတီးကျွန်း စစ်ဆင်ရေး၌ ဗျူဟာမှူးအဖြစ် လူသတ်သမား တာဝန်ကို ယူခဲ့သည်။ ထိုစဉ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် အပြစ်မဲ့အရပ်သား ၈၁ ဦးကို သတ်ခဲ့သည့်အတွက် ဗိုလ်မှူးကြီး ဇော်မင်းအား ချီးမြောက်သည့်အနေဖြင့် တပ်ချုပ်ကြီးမှ မကွေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရာထူး ခန့်အပ်ခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သမဝါယမ ဝန်ကြီးရာထူးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ရာထူးတို့ကို ရခဲ့သည်။ ထို့နောက် နအဖ စစ်အစိုးရ ခေတ်မှ ယနေ့အထိ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ရာထူးကို ဆက်ရထားသူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေးမျိုးနီးစပ် တော်သယောင်၊ နီးစပ်သယောင် ဝန်ကြီး အသိုင်းအဝန်းအတွင်း သတင်းလွှင့်ထားပါသည်။

Friday, September 16, 2011

မူးယစ်တရားခံများမှာ မြန်မာအစိုးရ၏ ပူးပေါင်းကြံစည်မှုဟု KNU ရှင်းလင်းချက်ထုတ်ပြန်



စက်တင်ဘာလ ၁၄ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

ထိုင်း ASTV နှင့် Manager online မဂ္ဂဇင်းပါ သတင်းအရ ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသူ မူးယစ်တရားခံနှစ်ဦးက မိမိတို့ သည် KNU များဖြစ်သည်ဟု ထွက်ဆိုချက်မှာ မြန်မာအစိုးရနှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ၏ ညစ်ညမ်း သည့် ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း KNU ဗဟိုဌာနချုပ်က ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ကာ ရှင်းလင်းပြောဆိုလိုက်သည်။

အသက် ၃၀ကျော်အရွယ်ရှိ အဆိုပါ မူးယစ်တရားခံနှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲ့ကုကျေးရွာအနီးတွင် ကျေးရွာလူကြီးများနှင့် နယ်စပ် ထိုင်းရဲအချို့က စက်တင်ဘာလ ၉ရက်နေ့တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး မိမိတို့သည် “မင်းကြီးမိန်း”တပ်ရင်းမှ KNU အဖွဲ့ဝင်များ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကို ထုတ်ဖော်ပြောဆိုချက်မှာ မမှန်ကန်ကြောင်းနှင့် KNU တွင် ၎င်းတပ်ရင်း အမည်မရှိ ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေး

2011-09-15
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတရပ်ကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းက သဘင်ခမ်းမဆောင်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဒီမိုကရေစီနိုင်ငံ အဖြစ် ဆက်လက် လျှောက်လှမ်းမယ့် အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
(Photo: AFP)
ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံမှာ ခေတ်ဆက်ဆက် စနစ်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့ရာမှာ စစ်အစိုးရများလည်း အမည်အမျိုးမျိုးတပ်ပြီး အုပ်ချုပ်ခဲ့ကြကြောင်း၊ တော်လှန်ရေး ကောင်စီ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ န၀တ၊ နအဖတို့ ရှိခဲ့ပေမဲ့ ဒီကနေ့မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေတဲ့ အကြောင်း ကမ္ဘာသိ တရားဝင် အခမ်းအနား ကျင်းပပြီး ထုတ်ဖော် ကြေညာတဲ့ပွဲလို့ သူ့အနေနဲ့ မြင်တဲ့အကြောင်း အခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခဲ့သူ NDF ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြဉာဏစိုးက ပြောပါတယ်။ 
 
အဲဒီအခမ်းအနားမှာ နိုင်ငံရေးပါတီ (၁၆) ခုနဲ့အတူ ကျောင်းသား ကိုယ်စားပြု ကိုယ်စားလှယ် တဦးနဲ့ လူထု လူတန်းစား ကိုယ်စားပြု ကိုယ်စားလှယ် တဦးတို့က သဘောထား သ၀ဏ်လွှာ စုစုပေါင်း (၁၉) စောင် ဖတ်ကြားခဲ့ကြတယ်လို့ သိရပါတယ်။ ကျောင်းသား ကိုယ်စားလှယ်ကို ပညာရေး ၀န်ကြီးက ရွေးချယ်ပေးခဲ့တာ ဖြစ်ပြီး၊ လူထုလူတန်းစား ကိုယ်စားလှယ်ကိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရွေးချယ်ပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ 
 
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ ဒို့တာဝန်အရေး (၃) ပါးကို အခြေခံပြီး ဒီမိုကရေစီ လမ်းကြောင်းကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ အဆိုတင်သွင်းပေမယ့်၊ ကျန်တဲ့ နိုင်ငံရေးပါတီတွေ ကတော့ တိုင်းရင်းသား အရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ရေးတွေကို ဆွေးနွေးတင်ပြတယ်လို့ သိရပါတယ်။ 
 
copy rights_ RFA News