Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Showing posts with label ဗီဒီယို. Show all posts
Showing posts with label ဗီဒီယို. Show all posts

Friday, July 20, 2012


၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲခြင်း အခမ်းအနား 
Burma VJ မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ကျဆုံးသွားပြီဖြစ်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ သတိရတဲ့အနေနဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁ မိနစ်တိတိ ဥသြဆွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်မှာ ပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ပြည်သူလူထုတွေနဲ့ ဒီမိုကရေစီရေး စိတ်ဝင်စားတဲ့ လူငယ်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားသည့် နံနက် ၁၀း၃၇ မိနစ် တိတိ အချိန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၁ မိနစ် ဥသြဆွဲတဲ့ အခမ်းအနား ပြုလုပ်နေစဉ်အတွင်း အများပြည်သူလူထုနှင့် ယာဉ်သွားယာဉ်လာများမှ မိမိတို့ ရောက်ရှိရာ နေရာများတွင် ရပ်တန့်၍ ဂါရဝပြု အလေးပြုခဲ့ကြပြီး မော်တော်ယာဉ်များမှ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကားဟွန်းများကို ပြိုင်တူတီးမှုတ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။