Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, November 20, 2012

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောကြားသွားတဲ့ အမေရိကန် သမ္မတ ဘားရတ် အိုဘားမားရဲ့ သမိုင်းဝင် မိန့်ခွန်း (အစအဆုံး)

 

Video by - DVB Burmese
ဒီတက္ကသိုလ်ကို လေးစားလို့
----------------------------
ဒီကိုရောက်လာခြင်းတခုကတော့ ဒီတက္ကသိုလ်ကို လေးစားလို့ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးမှာ ကိုလိုနီဆန့်ကျင်ရေးကို စ...
တင်ခဲ့ပါတယ်။ ဒီကျောင်းတော်ကြီးမှာပဲ ကိုအောင်ဆန်းက လွတ်လပ်ရေးလှုပ်ရှားမှုကို မစတင်ခင်မှာ မဂ္ဂဇင်းအယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးပါတယ်။ ဒီနေရာမှာပဲ ဦးသန့်က ကုလသမဂ္ဂကို မဦးဆောင်ခင်မှာ ဒီကျောင်းတော်ကြီးမှာပဲ ကမ္ဘာကြီးအကြောင်းကို ဆည်းပူးခဲ့ပါတယ်

ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်မိန့်ခွန်းပြောရခြင်း
အပေါ် အိုဘားမား၏ ရှင်းလင်းချက်။
----------------------------------------------------------------

ဒီနေ့ သမ္မတ အိုဘားမားရဲ့ အကြိုက်ဆုံး စကားပြောပါဆိုရင်..

- အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။

- ကျနော်တို့ ကိုယ်တိုင်ဟာ သမ္မတ နိုင်ငံတော် စစ်သေနာပတိချုပ် ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက်လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်းလို့ မရပါဘူး။

- နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာ ဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင် ပါလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ
ဆင်းရဲတဲ့ ကလေးငယ်လေး ကနေ၊ သမ္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ
တညီတညာတည်း ဖြစ်နေလို့ပါ။

(အမေရိကန် သမ္မတ အိုဘားမား)
(19-11-2012)

No comments:

Post a Comment