Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, February 25, 2011


နယူးဒေလီမြို့  တွင် ချင်း ဒုက္ခသည် နှစ်ဦး ယာဉ်တိုက်ခံ ရပြီး သေဆုံး  Click
ကရင်ပြည်နယ် တွင် စစ်ပြေး ဒုက္ခသည် စားဝတ်နေရေး ကြပ်တည်းနေ Click

copy_DVB News

KNU တပ်ဖွဲ့ မြို့ပြတိုက်ပွဲ စပြီ


ပြည်သူတွေရဲ့ စားဝတ်နေရေးကိုလျစ်လျူရှုထားပြီး လက်တစ်ဆုပ်စာ မိမိတို့အဖွဲ့ ကောင်းစားဖို့သာ ကြည့်တဲ့ နအဖစစ်အာဏာရှင်တွေကို မြို့ပြတိုက်ပွဲနဲ့တစ်မျိုး၊  ကားလမ်းမထက်တိုက်ပွဲနဲ့တစ်ဖုံ တရားသော နည်းလမ်းဖြင့် ဒီကေဘီအေတပ်ဖွဲ့တွေ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေချိန်မှာ KNU တပ်ဖွဲ့ တွေကလည်း မြို့ပြတိုက်ပွဲကို ဆင်နွှဲလို့နေပါပြီ။
ဒီမိုကရေစီနိုင်ငံ အာရှကျားကြီးရဲ့ တုန့် ပြန်ချက်


၂၀၁၁ ဖေဖေါ်ဝါရီလ (၂၄)ရက်။

              ဒီနေ့ ၂၄ ရက်နေ့  ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအချိန်မှာ ဂျပန် နိုင် ငံအိန္ဒိယ သံရုံး အရှေ့ မှာ  အိန္ဒိယနိုင်ငံ ကလာကတား မြို့ မှာ လွတ်ရက်စေ့တာ တောင် လွတ်လပ်ခွင့် မပေးသေးဘဲ ထိန်းသိမ်းထားတဲ ကရင် နှင့် ရခိုင် လူမျိုး တော်လှန်ရေး ရဲဘော် ၃၄ ဦးကို လွတ်ပေးရန်၊ မြန်မာပြည်စစ်အစိုးရထံ ပြန်မပို့ ရန် နှင့် လွတ်လပ်တဲ့  တတိယ နိုင်ငံ တခုခု ကို သွားခွင့်ပေးရန် သွားရောက်တောင်းဆိုခဲ့ ကြ ပါတယ်။  စာကိုလက်ခံ ယူဘို့ ကို ကြိုတင် အကြောင်းကြားခဲ့ ပေးမဲ့  သံရုံးသို့ လာရောက်ပေးသည့် အချိန် မှာ လက်ခံ မယူ နိုင်ကြောင်း ငြင်းဆို ခဲ့ပါတယ်၊ ဒါပေမဲ့ သံရုံးရှေ့ မှာ ကြိုးစားပြီး လက်ခံယူဘို့ မေတ္တာရပ်ခံ လုပ်ခဲ့ကြတယ်၊ လက်ခံ မယူနိုင်ဘူးလို့  ဂေါင်းခါခါ၊ လက်ခါခါ ပြီး ငြင်းနေတဲ့ အိန္ဒိယ အမျိုးသမီး တယောက် ကို သံတိုင် အနောက်မှာ မြင်နေရတယ်။ စာလက်ခံမယူတာကြောင့် ကြွေးကြော်သံတွေ ညံသွားအောင် အော်ပြီးတောင်းဆိုကြတယ်။ သံရုံးခေါင်မိုး ပေါ်ကရော၊ မှန်တွေ အနောက်ကပါ ဆန္ဒလာပြသူတွေကို ဓါတ်ပုံ ရိုက်တာ မြင်နေ ရတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ အာရှ မှာ ဒီမိုကရေစီ သက်တမ်းအကြာဆုံးဖြစ်တဲ့ အိန္ဒိယ နိုင်ငံက လွတ်လပ်မှု ကို လိုချင်လို့  မိဘ၊ မောင်နှမ၊ မိသားစုဆွေမျိုး ၊ မိမိအသက်အားလုံကိုစွန့် ပြီး တိုက်ပွဲ ၀င်နေခဲ့တဲ့ ဒီရဲဘော် ၃၄ ယောက်ကို စဖမ်းချိန်ကတည်းက လုံးဝ အပြစ်မရှိဘူးဆိုတာသိထားပြီး၊ ဒီတော်လှန်ရေး ရဲဘော်တွေကို သက်သက်ညာညာ စဉ်းစားပေးဘို့  မေတ္တာရပ်ခံ လာလုပ်တဲ့ လူတွေကို မတူမတန် တန်းတူမထားပဲ စာလက်ခံဘို့  မပြောနဲ့  ကောင်းကောင်း မတ်တပ်ရပ်ပြီး တောင် စကားမပြောတာ ဟာ အာရှမှာ ဒီမိုကရေစီ သက်တမ်းအကြာဆုံး နှင့် စီပွားရေး အကောင်းဆုံ အာရှကျားကြီးရဲ့  တုန်ပြန်ချက်လား။ အာရှ နိုင်ငံသားခြင်း အတူတူ အမှန်တရားဘက်က မရပ်တည်ဘဲ ဘာကြောင့် အပြစ်တွေ ဖုံးကွယ်ခြင်နေ ရတာလဲ။  ဒီ လူ သက်သေ ၃၄ ဦး ကို လွတ်ပေးလိုက်ယင် မတရားလုပ်ထားတာတွေ ပေါ်ကုန်မှာ စိုးလို့ လား၊ ဒေါ်အောင်ဆန်းစုကြည် ကိုပြောတော့ အမြဲတမ်း ပံ့ပိုးနေမယ်ဆို ဘယ်ဟာ အမှန်ယူရမလဲ။ မှန်ကန်တဲ့ ဘက်က ရပ်တည် ရဲအောင် အာရှကျားကြီး ကို ၀ိုင်းတိုက်တွန်း ကြရအောင်ဟေ့ .... လို့  ဒီမိုကရေစီ အင်အားစု များအားလုံးကို ပြောပါရစေ။        ။

အားလုံး ကို လေးစားလျှက်
    

ရခိုင်၊ ကရင် တော်လှန်ရေး ရဲဘော် ၃၄ ဦး ပြန်လွှတ်ရန် တိုကျိုရှိ အိန္ဒိယ သံရုံးရှေ့ ဆန္ဒပြ

လှုပ်ရှားမှု မှတ်တမ်းကို  ဓါတ်ပုံပေါ်နှိပ်ပြီးကြည့် နိုင်ပါသည်။



၂၀၁၁ ဖေဖေါ်ဝါရီလ (၂၄)ရက်။


ရခိုင်၊ ကရင် တော်လှန်ရေး ရဲဘော်(၃၄)ဦး လွတ်မြောက်ရေးအတွက် အိန္ဒိယအစိုးရမှ အမြန်ဆုံး လွတ်ပေးရန် တောင်းဆို ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်)နှင့် ဂျပန်နိုင်ငံရောက် ကရင် လူမျိုးများတို့မှ ဦးစီး၍ တိုကျို အိန္ဒိယ သံရုံးရှေ့ တွင် ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အိန္ဒိယ အစိုးရအနေဖြစ် တော်လှန်ရေးသမား ၃၄ ဦး တို့ရဲ့ ဘဝလုံခြုံရေးအတွက် မြန်မာပြည် ကို ပြန်မပို့ဖို့နဲ့ အပြီးအပိုင် အမြန်ဆုံး လွှတ်ပေးရန်နှင့် တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ပေးပြီး လုံခြုံတဲ့ နိုင်ငံ တခုခုမှာ ခိုလုံခွင့်ပေးရေး စသည်တို့အတွက် တောင်းဆို ဆန္ဒပြရတာဖြစ်ပြီး တိုက်တွန်း တောင်းဆိုသည့် စာကို တိုကျိုမြို့ရှိ အိန္ဒိယ သံရုံးမှတဆင့် အိန္ဒိယ အစိုးရထံတို့ ပေးပို့ခဲ့ပါသည်။

ရခိုင်နှင့် ကရင် တော်လှန်ရေး ရဲဘော် ၃၄ ဦးကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ စစ်တပ်က အိန္ဒိယ ရေပိုင်နက် အန်ဒမန်-နီကိုးဘားကျွန်းစု လန်းဖောကျွန်း၌ ဖမ်းဆီးခဲ့ရာ ၁၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပြီးသည်။ စွဲချက် တင်ထားသည့် အမှုများ အားလုံးမှာလည်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ နေ့ မှာ ကတည်းက ပယ်ဖျက်ပြီး ဖြစ်သော်လည်း အခုထိ ကိုးလ်ကတ္တား အကျဉ်းထောင်မှာ ဖမ်းဆီး ထိမ်းသိမ်း ခံနေကြရဆဲဖြစ်သည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Moe Min Thu

နှစ်ရက်တာတိုက်ပွဲအတွင်း နအဖ ၁၀ဦးကျော် ထိခိုက်သေဆုံး

တိုက်ပွဲဝင် DKBA နှင့် KNUပူးပေါင်းအဖွဲ့၏ လက်ဖြောင့် တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
ဖေဖော်ဝါရီလ ၂၄ရက်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကနဲလေးဂွင်ရှိ ဖို့ခဲတဒို့နှင့် ခီးကုဒေါ့်ခီးဂွင်ဖောမု ဘောထာ့နေရာတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား နှစ်ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ၁၀ဦးကျော် ထိခိုက်သေဆုံးခဲ့သည်ဟု သိရှိရသည်။

DKBA-KNLA ပူးပေါင်းတပ်နှင့် နအဖ စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)၊ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်း တို့ ယမန်နေ့နှင့် ယနေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုများ မရှိသော်လည်း နအဖဘက်မှ ၇ဦး ကျဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီကို ယခုလို အတည်ပြု ပြောဆိုသည်။

Thursday, February 24, 2011

ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်သားသစ် စုဆောင်း


ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ဟာ ပြည်သူ့စစ် ဖွဲ့စည်းရေးမှာ ကချင်လူထုတရပ်လုံး ပါဝင်ပြီး တာဝန်ထမ်းဆောင်သွားဖို့အတွက် ပြောဆိုခဲ့ရာမှာ ကချင်လူထု အများစုက လက်ခံနေကြပါတယ်။ မြန်မာစစ်အစိုးရ ချမှတ်ထားတဲ့ အသက်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်တပ်မှာ အမှုထမ်းဆောင်နေရမယ့် အတူတူ မိမိရဲ့ လူမျိုးအတွက် ထမ်းဆောင်ဖို့ကိုပဲ ပိုပြီး စိတ်ဆန္ဒ ပြင်းပြနေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
တိုင်းပြည်ကို စည်းလုံးညီညွတ်စွာ ကာကွယ်နိုင်ဖို့ ဆိုရာမှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) နဲ့အတူ လူထုတရပ်လုံး ပါဝင်နိုင်အောင် ပြည်သူ့စစ် ဖွဲ့စည်းရေးဆိုတဲ့ KIA တိုက်တွန်းချက်ကို ကချင်လူထုက လက်ခံလာကြတာပါ။
ကချင်လွတ်မြောက်ရေးတပ် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်နဲ့ နယ်ဘက် အထွေထွေ အုပ်ချုပ်ရေးဌာန တာဝန်ခံ လဂျောင်ခေါင်လွဏ်းတို့က တနင်္လာနေ့ကမှ တရားဝင် ပြောဆိုခဲ့တဲ့ အပေါ်မှာ အများစုက လက်ခံခဲ့တာလို့ လိုင်ဇာဒေသခံ တယောက်က အခုလို ပြောပါတယ်။

ဒုတိယပင်လုံအရေးလှုပ်ရှားသူ ချင်းလူငယ် ၄ ဦးကို အာဏာပိုင်များ ဝန်ခံကတိထိုးခိုင်း

2011-02-22
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လှုပ်ရှားနေတဲ့ ဒုတိယ ပင်လုံညီလာခံ ထောက်ခံရေး လှုပ်ရှားခဲ့သူ လူငယ် ၄ ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထပ်မံခေါ်ယူပြီး နောင်အလားတူ မလုပ်ဆောင်ဖို့ ဝန်ခံကတိ တောင်းခဲ့တယ်လို့ သိရပါတယ်။ 

(RFA)
မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)

အဲဒီ ဇိုမီးချင်း လူငယ် ၄-ဦးကတော့ နှုံရှံသွမ် ၊ ကျင်ရှံသွမ်း ၊ ထန်လျှံဆွမ်နဲ့ ဆွမ်မန်းတို့ ဖြစ်ကြပြီး သူတို့ဟာ ဒီလ ၂၀ ရက် ချင်းအမျိုးသားနေ့ ကျင်းပခဲ့တဲ့ တီးတိန်မြို့ ကမ်ဟောင်း အားကစားကွင်းအတွင်းမှာ ‘ဒုတိယ ပင်လုံညီလာခံကို ကြိုဆိုပါ၏’ ဆိုတဲ့ ပိုစတာတွေ ၊ စာတမ်းတွေ ကပ်ခဲ့တဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရပါတယ်။

ILO အဆင့်မြင့်အရာရှိအဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိ

2011-02-22
Photo: AFP)
မြန်မာနိုင်ငံက အလုပ်သမားအရေးနဲ့ ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့ အတွက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ရန်ကုန် ILO ရုံးက ပြောပါတယ်။

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ အရွယ်နှင့်မမျှ အလုပ်လုပ်နေကြသော ကလေးသူငယ်များ ဖြစ်ပါသည်။

မိမိဆန္ဒ အလျောက် UWSA သို့ဝင်လျင် ဘတ်ငွေသောင်းချီ ပေးမည်ဟုဆို

ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် စစ်အင်အား ပြနေပုံ (ဓာတ်ပုံ- S.H.A.N.)

ဖေဖေါ်ဝါရီလ 23 ရက် 2011 ခုနှစ်။

သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း .အသက် ၁၇- ၁၈ နှစ်အထက် ဒေသခံ အမျိုးသားများ မိမိဆန္ဒအလျောက် ဝ စစ်တပ်သို့ဝင်ရောက် စစ်ရေး လေ့ကျင့်၊ စစ်မှုထမ်းပါက ၎င်း၏မိသားစုအား ဘတ်ငွေ သောင်းချီ ပေးမည်ဟု ကျိုင်းတုံမြို့နယ် အချို့အုပ်စု များ၌ တိတ်တဆိတ် စည်းရုံး နေကြောင်း ကျိုင်းတုံ သတင်းရပ်ကွက်က ဆို၏။

“စည်းရုံးနေတာ ဒေသခံသျှမ်းတွေဘဲ။ ဝ တပ်ထဲ ၆ လ စစ်ရေးလေ့ကျင့်ဖို့ သဘောတူရင် သူ့မိသားစုကို ဘတ် ငွေ ၅ သောင်း ပေးမယ်တဲ့။ ကျပ်ငွေ ဆိုရင် ၁၅ သိန်းလောက် ရှိမှာပေါ့။ စစ်သင်တန်းပြီးရင် အိမ်ပြန်ပို့မယ်။ လိုအပ်တဲ့ အချိန် ပြန်ခေါ်ရင် ချက်ချင်းသွား ရမယ်ဆိုဘဲ။ စစ်သင်တန်း ပြီးလို့ အိမ်မပြန်ဘူး တပ်ထဲမှာဘဲ နေဖို့ သဘောတူရင် မိသားစုကို ဘတ် ၇ သောင်း ၅ ထောင် ပေးမယ်လို့ ပြောတယ်” ဟု ကျိုင်းတုံမြို့ မိုင်းယန်း အုပ်စုနေ ဒေသခံတဦးက ပြောသည်။

လူငယ် ၁ဝဝ ခန့် KIO ထံ ဝင်ရောက်လာဟု အရာရှိ ပြော

ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ်။

စစ်အစိုးရက တပ်သားသစ် စုဆောင်းနေသဖြင့် ဒေသခံလူငယ် ၁ဝဝ ခန့်သည် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ထံ လွန်ခဲ့သည့် ၇ ရက်အတွင်း ထွက်ပြေး ဝင်ရောက်လာကြောင်း KIO အရာရှိတဦးက ပြောသည်။

ယခုလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က လက်အောက်ခံ တပ်ရင်း များကို တပ်သားသစ် စုဆောင်းရန် ညွှန်ကြားခဲ့သဖြင့် KIO လက်အောက်ခံ တပ် ကချင် လွတ်မြောက်ရေးတပ် KIA တပ်ရင်း ၁၁ သို့ ဝင်ရောက် လာကြောင်း ပြောဆိုခြင်း ဖြစ်သည်။

Tuesday, February 22, 2011

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို



၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၁)ရက်။

မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့၌ ကျင်းပ ခဲ့ကြပါသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ နီးပါး ရှိနေခြင်းဟာ၊ မြန်မာပြည်သူ ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ပူးပေါင်း ကျင်းပ ပြုလုပ်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဒုတိယ အကြိမ်မြောက် ကိုမင်းကိုနိုင် နှင့် ကျောင်းသား ခေါင်းဆောင်များ မတရား အဖမ်းဆီးခံ ကြရသည့် လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆက်လက်ပြီး ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ဆောင် သွားကြမည် ဖြစ်ပါသည်။

ယနေ့ ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပခဲ့ကြပြီ အင်အား ၁၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်းဓါတ်ပုံ။ ။Moe Min Thu
copy_DVB News

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်RENGO(JTUC) တယ်လီဖုန်းဖြစ် ဆွေးနွေးခြင်း။

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၁)ရက်။

ယနေ့ ဂျပန် စံတော်ချိန် နေ့လည် ၂း၀၀နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံရှိ အကြီးဆုံး ဂျပန်အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် RENGO(JTUC) အထွေထွေအတွင်းရေးမှူး Mr.Hiroyuki Nagumo တို့ က တယ်လီဖုန်းဖြစ် ဆွေးနွေး ခဲ့ကြသည်။

RENGO အထွေထွေ အတွင်းရေးမှူးမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအား ၀မ်းမြောက်စွာဖြင့် ကြိုဆိုပါကြောင်း သို့သော်လည်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော် ဆက်လက် ဖမ်းဆီး ထားသဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာရန် နိုင်ငံတကာနှင့် လက်တွဲ၍ ဆက်လက် လှုပ်ရှားသွာမည်ဟု ပြောကြားသွားသည်။ မြန်မာနိုင်ငံရှိ စစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ နိုင်ငံတကာ စာချုပ်များဖြစ်သည့် အဓမ္မလုပ်အားပေး စေခိုင်းရာ ပြဋ္ဌန်းချက်( Convention 29)နှင့် လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်းခွင့် ( Convention 87 ) များကို ဆက်လက် ချိုးဖေါက် နေသောကြောင့် ILO တွင် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သဖြင့် ကျူးလွန်မှုများ ရှိပါက ပေးပို့စေလိုကြောင်း ပန်ကြားသည်။

ထိုမေးခွန်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတွင် အားလုံးသော အဖွဲ့အစည်းများ ပါဝင်နိုင်ရေးသည် အရေးကြီးသည်။ ထိုမှသာလျှင် တည်ငြိမ်မှု ရှိနိုင်မည် ဖြစ်သဖြင့် အားလုံးပါဝင်နိုင်သည့် ပေါ်လစီအား ဂျပန်အစိုးရမှ ဆက်လက် ကြိုးပမ်း စေလိုကြောင်း၊
ရွေးကောက်ပွဲ ပြီးသော်လည်း ပြည်သူများ မျှော်လင့်တောင်းတနေတဲ့ ဆန္ဒ မပြည့်စုံသေးသဖြင့် ILO တွင် ဆက်လက်ကြိုးပမ်းသွားစေလိုကြောင်း ၊ မြန်မာနိုင်ငံတွင်းရှိ ချိုးဖေါက်မှုနှင် ပတ်သက်၍ စုဆောင်းပို့ဆောင်ပေးသွားမည် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

တက်ရောက်သူများ
နိုင်ငံတကာ ရေးရာဌာနမှ ညွန်ကြားရေးမှူးချုပ် Ms.Chihiro Ikusawa ၊ နိုင်ငံတကာ ရေးရာဌာနမှ ညွန်ကြားရေးမှူး Mr.Masayuki Shiota ၊ မြန်မာရေးရာရုံး(ဂျပန်)မှ အထွေထွေအတွင်းရေးမှူး Dr.Min Nyo။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

စံပယ်တော်လှန်ရေး လှုပ်ရှားမှု တရုတ်အစိုးရ နှိမ်နင်း

အရှေ့အလယ်ပိုင်းတခွင်မှာ ဖြစ်ပေါ်နေတဲ့ လူထုဆန္ဒပြပွဲတွေလို တရုတ်နိုင်ငံမှာလည်း ဒီမိုကရေစီရေးအတွက် စံပယ်တော်လှန်ရေး လုပ်ကြရအောင်ဆိုပြီး အင်တာနက်ကနေ နှိုးဆော်တာတွေကို အစိုးရက ခပ်မြန်မြန်ပဲ နှိမ်နင်းလိုက်ပါတယ်။

အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး၊ လမ်းတွေပေါ်မှာလည်း ရဲတွေ ပိုဖြန့်ချထားသလို ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြားမြို့ကြီး ၁၁ မြို့မှာ ဆန္ဒပြပွဲတွေ လုပ်ကြဖို့ အင်တာနက်ကနေ နှိုးဆော်တာတွေကို ပိတ်ထားလိုက်တာပါ။

ဒီ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်အောင် နောက်ကွယ်ကနေ ဘယ်သူတွေက နှိုးဆော်နေကြလဲဆိုတာ ဘယ်သူမှ သိပုံမရပေမဲ့ အင်တာနက်မှာ နှိုးဆော်တဲ့စာ အများစုကတော့ အစိုးရနဲ့ သဘောထား ကွဲလွဲပြီး ပြည်ပမှာ အခြေချ နေထိုင်ကြသူတွေရဲ့ ဝက်ဘ်ဆိုက်တွေက လာတဲ့ပုံ ရှိပါတယ်။

တရုတ်အစိုးရကလည်း တူနီးရှားကနေ စံပယ်တော်လှန်ရေးအဖြစ် အစပြုပြီး အဲဒီကနေ အီဂျစ်၊ ပြီးတော့ အရှေ့အလယ်ပိုင်း တခွင်ကို ပျံ့နှံ့သွားတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြတာတွေကို အစိုးရက ထိန်းချုပ်ထားပါတယ်။ အင်တာနက်မှာလည်း အဲဒီအကြောင်း ရှာဖတ်လို့ မရအောင် ပိတ်ထားပါတယ်။

copy VOA News


Monday, February 21, 2011

ဂျပန်နိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများနှင့် ဆရာ ဦးခင်မောင်ကြည် (အဝေးရောက် သံတမန်တဦး) တွေ့ဆုံ ဆွေးနွေးပွဲ


၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀)ရက်။


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)၏ နာယက တဦးဖြစ်သူ ဦးခင်မောင်ကြည် (အဝေးရောက် သံတမန်တဦး) နှင့် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများ တွေ့ဆုံ ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ Minami Otsuka,Hall Dai IChi ခမ်းမတွင် ယနေ့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁း၃၀ နာရီ မှ စတင်၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ Lian Kham Sum

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၃) နှစ်မြောက် ချင်းအမျိုးသားနေ့

 


၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၀)ရက်။


ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Chin National Community –Japan မှ ဦးစီး၍(၆၃)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ ၂၀၁၁ခုနှစ်ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ဂျပန်နိုင်ငံ၊တိုကျိုမြို့ နိရှိရှီနာဂါဝ အရပ်ရှိ ရှီနာဂါဝချူးရှော ခိဂယော စင်တာ ၃ထပ်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဂျပန်သတင်း မီဒီယာများ၊ မြန်မာ့အရေးကို စိတ်ဝင်စားသော ဂျပန်လူမျိုးဧည့်သည်တော်များ၊ နိုင်ငံခြားသား ဧည့်သည်တော်များ ၊တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ ၊ဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ဧည့်ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

Sunday, February 20, 2011

မေ့မရသေါ မမေ့သင့်သော အမျိုးသားခေါင်းဆောင်တယောက်အကြောင်း

ကရင်အမျိုးသား ခေါင်းဆောင် ကေအဲန်ယူ အထွေထွေအတွင်းရေမှူးဟောင်း ပဒိုမန်းရှားလာဖန်း ဆုံး သွားတာ ဖေဖေါ်ဝါရီလ ၁၄ ရက် ၊၂၀၁၁ ခုနှစ်ဆိုရင် (၃)နှစ်ပြည့်ခဲ့ပါပြီး။ ပြည်တွင်း၊ နယ်စပ်ဒေသ အပါအ၀င် ကမ္ဘာအ ရပ်ရပ်မှာ ရောက်ရောက်ရှိနေကြတဲ့ အတီးပဒိုမန်းရှားလာဖေါင်ကို ချစ်မြတ်နိုးတဲ့၊လေးစားတဲ့ ကရင်လူထုတွေက သူ့ အတွက် အမှတ်တရပ် ဆုတောင်းပွဲတွေ၊ အလှူဒါနပွဲတွေ ပြုလုပ်ကျင်းပ ကြပါတယ်။

သေသေါသူ ကြာရင်မေ့ ဆိုတဲ့စကားပုံ ရှိခဲ့ပေမဲ့ မျိုးချစ်တော်လှန်သူ များအတွက်၊ အမှန်တရားကို ချစ်မြတ် နိုးသူ များအတွက် အတီးပဒိုမန်းရှာလို ခေါင်းဆောင် တယောက်ကိုတော့ မမေ့နိုင်ရုံမက သူ့ရဲ့အတွေး အခေါ်ခံယူချက် တွေဟာ ဒို့တတွေရဲ ရင်ထဲမှာ ဆက်လက် ကိန်းအောင်း ရှင်သန်နေမှာပါ။ အတီးမန်းရှာကို ကျနော်တို့ မမေ့သင့် မမေ့အပ်တဲ့ မမေ့နိုင်တဲ့ လူပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။

တိုင်းရင်း အမျိုးသားနေ့များ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်စေလို


မြန်မာနိုင်ငံတွင်း လွတ်လွတ်လပ်လပ်ကျင်းပခွင့်မရတဲ့ မွန်အမျိုးသားနေ့နဲ့ ချင်းအမျိုးသားနေ့တွေကို ပြည်ပရောက် တိုင်းရင်းသားတွေက သူတို့ရောက်ရှိရာဒေသတွေမှာ စုစည်းကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားတန်ဖိုးထားနိုင်ဖို့ ဒီလိုအမျိုးသားနေ့တွေကို တရားဝင် ရုံးပိတ်ရက်မျိုး ဥပဒေပြဌာန်းသင့်တယ်လို့ တိုင်းရင်းသားတွေက ယူဆပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြထားပါတယ်။
ဖေဖ၀ါရီလ ၁၉ ရက်နေ့ဟာ (၆၄) နှစ်မြောက် မွန်အမျိုးသားနေ့ဖြစ်ပြီးတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတော့ (၆၃) ကြိမ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ ဒီအမျိုးသားနေ့ နှစ်ရက်စလုံး ကျင်းပဖို့ ကန့်သတ်မှုတွေအမျိုးမျိုးနဲ့ ကြုံနေရပါတယ်။ မြန်မာနိုင်ငံ မွန်ပြည်နယ်အတွင်းမှာ မွန်အမျိုးသားနေ့ကို မနေ့က လုပ်ခဲ့ကြပေမဲ့ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုနဲ့ တင်းကျပ်မှုတွေ အတော်များများ ကြုံခဲ့ရတယ်လို့ မွန်အမျိုးသားတဦးဖြစ်တဲ့ နိုင်ယက္ခက ပြောပါတယ်။

စီးပွားရေးပိတ်ဆို့မှုထောက်ခံတဲ့အတွက် ဒေါ်စုကိုတောင်းပန်ခိုင်း

 စနေ, 19 ဖေဖော်ဝါရီ 2011


အခုရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရသတင်းစာတွေမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အရင်တုန်းကလိုပဲ ထိုးနှက်တိုက်ခိုက် ရေးသားတဲ့ ဆောင်းပါးတွေ ဆက်တိုက် ဖော်ပြနေခဲ့ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စစ်အစိုးရသတင်းစာက ဆောင်းပါးတပုဒ်မှာတော့ မြန်မာနိုင်ငံမှာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်မှုတွေဖြစ်ပေါ်စေတဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေကို အားပေး ထောက်ခံနေသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုကို ၀န်ချတောင်းပန်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒီဆောင်းပါးအကြောင်းရေးသားထားတဲ့ ရိုက်တာသတင်းထဲမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်က စစ်အစိုးရ သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သမိုင်းနိဂုံး အဆုံးသတ် သွားတာကို ရင်ဆိုင်ရမှာဖြစ်တဲ့အကြောင်းနဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရအနေနဲ့ ပျော့ပျော့ပြောင်းပြောင်း မရပ်တည်ဖို့ တိုက်တွန်းပါကြောင်းတွေကို ဖော်ပြထားတဲ့ ဆောင်းပါးတွေကိုလည်း သတင်းစာတွေမှာ တွေ့ခဲ့ရပါတယ်။

ဂီရိ ဒုက္ခသည်တွေအတွက် ဆော်ဒီမင်းသား ဒေါ်လာ ၅ သောင်း လှူဒါန်း

2011-02-19
ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်း ဒုက္ခသည်တွေအတွက် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Al Waleed Bin Talal က အမေရိကန် ဒေါ်လာ ငါးသောင်း လှူဒါန်းလိုက်တယ်လို့ ရန်ကုန်မြို့ ဆော်ဒီအာရေဗျ သံရုံးက ကြေညာလိုက်ပါတယ်။
RFA Listener)
ရခိုင်ကမ်းရိုးတန်းတွင် အောက်တိုဘာ ၂၂ ရက်က တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်း ဒုက္ခသည်များကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဆန်နှင့် အကူအညီများ ပေးဝေနေပုံ ဖြစ်ပါသည်။ (RFA Listener)
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းသင့် ဒေသတွေဟာ အကူအညီငွေ ရရှိမှု နည်းပါးပြီး ဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေ များစွာရှိနေတယ်လို့ ရန်ကုန်မြို့က ကုလသမဂ္ဂရုံးက မကြာသေးခင်က ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးစစ်တမ်းတွေအရ  အဲဒီ ရခိုင်ဒေသတွေရဲ့ အိမ်ခြေ ခြောက်ဆယ် ရာခိုင်နှုန်းလောက်ကို ခုချိန်အထိ ပြန်လည် မတည်ဆောက် နိုင်သေးသလို လူဦးရေ ၂ဝ ရာခိုင်နှုန်းလောက်ဟာလည်း အစားအစာ ရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဆော်ဒီ အိမ်ရှေ့မင်းသားက အခုလို ဂီရိဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသလို မင်းသားရဲ့ ကြင်ယာတော် မင်းသမီး Ameerah Al Taweel ကလည်း မြန်မာ မိခင်နဲ့ကလေးတွေအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းကို သီးခြား လှူဒါန်းခဲ့တယ်လို့ ဆော်ဒီအာရေဗျ သံရုံးက ဖော်ပြခဲ့ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံဟာ ၂ဝဝ၅ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး စတင်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
 
copy_RFA News

copy_DVB News

Saturday, February 19, 2011

အဖမ်းဆီးခံ ရခိုင်၊ ကရင် တော်လှန်ရေး ရဲဘော် ၃၄ ဦး ပြန်လွှတ်ရန် တိုကျိုတွင် ဆန္ဒပြ

၂၀၁၁ ဖေဖေါ်ဝါရီလ (၁၈)ရက်။



ရခိုင်၊ ကရင် တော်လှန်ရေး ရဲဘော်(၃၄)ဦး လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်)နှင့် ဂျပန်နိုင်ငံရောက် ကရင်လူမျိုးများတို့မှ ဦးစီး၍ တိုကျို Shibuya, UN ရုံးရှေ့တွင် ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်အစိုးရ၏ ခိုင်းစေချက်ဖြင့် အိန္ဒိယ ထောက်လှမ်းရေး အရာရှိတဦး၏ လှည့်ဖြား အပြောကို ယုံကြည်ခဲ့သည့် ရခိုင်အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ NUPA နှင့် ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ခိုင်ရာဇာ၊ ဗိုလ်စောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းဇံခိုင် ၊ ပဒိုမူးလွယ် နှင့် ဗိုလ်စောမြင့် တိုကတော့ သွေးအေးအေးနှင့်လုပ်ကြံ အသက်ခံခဲရပြီး ကျန်ရစ်သော ရခိုင် နှင့် ကရင်တော်လှန်ရေး ရဲဘော် ၃၄ ဦးကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယစစ်တပ်က အိန္ဒိယရေပိုင်နက် အန်ဒမန်-နီကိုးဘားကျွန်းစု လန်းဖောကျွန်း၌ ဖမ်းဆီးခဲ့ရာ ၁၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။

ရခိုင်နှင့် ကရင်တော်လှန်ရေး ရဲဘော် ၃၄ ဦးအပေါ် စွဲချက် တင်ထားသည့် အမှုများအားလုံးမှာလည်း၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ နေ့ မှာ ကတည်းက ပယ်ဖျက်ပြီး ဖြစ်သော်လည်း အခုထိ ကိုးလ်ကတ္တား အကျဉ်းထောင်မှာ ဖမ်းဆီး ထိမ်းသိမ်း ခံနေကြရဆဲဖြစ်ကြောင်း တော်လှန်ရေးသမား ၃၄ ဦးကို အမြန်ဆုံး လွှတ်ပေးရန်နှင့် တာဝန်အရှိဆုံး အိန္ဒိယ အစိုးရအနေဖြစ် အိန္ဒိယတွင် နေထိုင်ခွင့်ပေးရန်နှင့် UNHCR အနေဖြင့် တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ပေးရန် စသည့် တိုက်တွန်း တောင်းဆိုသည့် စာကို တိုကျိုမြို့ရှိ UN ရုံးတာဝန်ခံ မှတဆင့် UNHCR တာဝန်ရှိသူများထံတို့ ပေးပို့ခဲ့ပါသည်။

တောင်းဆို ဆန္ဒပြသည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှစုစုပေါင်း (၁၀၀)ခန့် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်မှတ်တမ်း။ ။မိုးမင်းသူ
သတင်ဓါတ်ပုံ။ ။စောနေအောင်

နအဖ တပ်ဖွဲ့ဝင် ၇ဦး DKBA ရှေ့ထွက်မိုင်းကြောင့် ထိခိုက်ကျဆုံး

18 February 2011,


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျောက်ခက်နှင့် ဘလယ့်ဒို့ အကြားတွင် လှုပ်ရှားနေသော နအဖ စကခ(၁၂)လက်အောက်ခံ (၂၃၁) တပ်ရင်းကို DKBA က ယနေ့မနက် ၈နာရီအချိန်၌ ရှေ့ထွက်မိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် DKBA တပ်မဟာ(၅)၊ (၉၀၇) တပ်ရင်းက ပြုလုပ်ခဲ့ပြီး ယခုလို ရှေ့ထွက်မိုင်း တိုက်ခိုက်မှုအပေါ် နအဖဘက်က အထိ နာစေသေည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီ ကို ပြောသည်။

Friday, February 18, 2011

စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့

ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ်။


စစ်အစိုးရ ဖိအားများကို စုပေါင်း ကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ” ကို ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်း လိုက်သည်။

ယခုလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တောတွင်း တနေရာ၌ ကျင်းပခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၅၁ ဦး တက်ရောက်ခဲ့သော ညီလာခံကြီးတွင် စစ်အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအား ပေးလာလျှင် စုပေါင်း၍ ခုခံ ကာကွယ်နိုင်ရန်အတွက် အင်္ဂလိပ် ဘာသာဖြင့် United Nationalities Federal Council (Union of Burma) အမည်ရ ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“စစ်အုပ်စုကနေ လွှတ်တော်တွေဖွဲ့၊ နိုင်ငံရေးအရ တိုင်းရင်းသားတွေကို ချေမှုန်းဖို့၊ အင်အားဆုတ်ယုတ်အောင် လုပ်တာ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ် လုပ်ဖို့ ဖိအားပေးရင် တဖွဲ့ထဲ ခုခံနိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် စစ်ရေးအရ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ခုခံပြောဆို ကာကွယ်မှ ရပ်တည်နိုင်မယ်ဆိုပြီးတော့ မဖြစ်မနေ ဖွဲ့စည်းလိုက်တဲ့ အခြေအနေမျိုးပါ” ဟု ထိုကောင်စီ၏ တွဲဘက်အတွင်းရေးမှူး ဖြစ်သူ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

Thursday, February 17, 2011

ဒေါ်စု လုံခြုံရေးအတွက် မြန်မာအစိုးရမှာ တာဝန်ရှိ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ မြန်မာအစိုးရရဲ့ တာဝန် ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ထပ်မံ သတိပေးလိုက်ပါတယ်။ မြန်မာအစိုးရ သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန် ရေးသားလာမှုတွေကြောင့် သူ့ရဲ့ လုံခြုံရေးအတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်ပူပန်ကြောင်း အမေရိကန် အစိုးရပိုင်းရော၊ လွှတ်တော်ဘက်ကပါ ပြောဆိုလာကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖေဖော်ဝါရီ ၁၈ မှာ နေအိမ်သစ်ပြောင်းမည်

2011-02-14
မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမဲ့သီတင်းပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကစလို့ ကာကွယ်ရေး ဝန်ကြီးဌာနဝင်း အပြင်ဖက်က နေအိမ်သစ်မှာ ပြောင်းရွှေ့ နေထိုင်တော့မှာ ဖြစ်တယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
(RFA image)
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေအိမ်သစ်ဟု ယူဆရသော အမိုးနီ အဆောက်အအုံကို ဂြိုဟ်တုဓာတ်ပုံမှ တွေ့မြင်ရပုံ ဖြစ်ပါသည်။ (RFA image)
ဗိုလ်ချုပ်မှူးကြီးနဲ့ မိသားစုဟာ လက်ရှိနေထိုင်တဲ့ နေပြည်တော် စစ်ရုံးချုပ်ဝင်းအတွင်းနေအိမ်ကနေ နေပြည်တော် မြို့လယ် ပုဗ္ဗာသီရိမြို့ ဟိုတယ်ဇုံအနီး တည်ဆောက်ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ စစ်ရုံးချုပ် နေအိမ်က ပစ္စည်းတွေ အားလုံးနီးပါးကို ပြောင်းရွှေ့ထားပြီး ဖြစ်ပေမဲ့ လူပြောင်းရွှေ့ဖို့ အတွက် နေ့ကောင်းရက်သာ ရွေးချယ်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Wednesday, February 16, 2011

အီဂျစ်တပ်မတော်ကို နမူနာယူသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဆန္ဒပြပွဲများ ဖြစ်ပေါ်ရာ အီဂျစ်ပြည် ကိုင်ရိုမြို့လယ်ရှိ တဟီရာ ရင်ပြင်အနီး၌ အီဂျစ်တပ်သား တဦးက ကလေးငယ်တဦးကို ပွေ့ချီထားစဉ် (ဓာတ်ပုံ - AP)
14 February 2011 ,

အီဂျစ်နိုင်ငံတွင် နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့သော အာဏာရှင် သမ္မတ ဟော်စနီ မူဘာရက် နုတ်ထွက်သွားသည့် ဖြစ်ရပ်ကို ကြည့်ကာ မြန်မာ့တပ်မတော် သည်လည်း အီဂျစ် တပ်မတော်ကို နမူနာ ယူသင့်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့သော ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအပြီး ပြည်တွင်း ဂျာနယ် သတင်းထောက် တဦး၏ မေးမြန်းမှုကို ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Tuesday, February 15, 2011

ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ 

၃ နှစ်ပြည့်ပြီ

ကရင် တိုင်းရင်းသား ခေါင်းဆောင် ယခင် KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၃ နှစ်ပြည့်ပြီ ဖြစ်သည်။


၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် သေနတ်သမား နှစ်ဦး၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။ လုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူမည်ဝါ ရှိသည်ကို ယနေ့တိုင် ဖော်ထုတ် နိုင်ခြင်း မရှိသေးပေ။  

လာမည် ၂၀-၂-၂၀၁၁ ရက်နေ့ တွင် ပဒိုမန်းရှာလားဖန်း၏ (၃)နှစ်ပြည့် အမျှဝေ ကောင်းမှုကုသိုလ်ပြုပွဲကို ဂျပန်နိုင်ငံ တိုကျို Naka-Itabashi (ဘုန်းကြီးကျောင်း) တွင်း ညနေ ၃း၀၀ ရီမှ ၆း၀၀ နာရီ ထိ ကျင်းပမည် ဖြစ်ပါသောကြောင့် ဂျပန်ရောက် ကရင်လူမျိုးများ နှင့် ရင်းနှီသူမိတ်ဆွေ အပေါင်းတိုကို နွေးထွေးစွာဖြင့် ဖိတ်ကြားနှိးဆော်အပ်ပါသည်။

ဧရာဝတီ သတင်းကို ထပ်ဖြည့်ရေးသားဖော်ပြအပ်ပါသည်။

Monday, February 14, 2011

တိုကျိုတွင် ကျင်ပြုလုပ်သည့် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁၃)ရက်။




(၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ Minami Otsuka,Hall တွင် ယနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မှ စတင်၍ ဂျပန်နိုင်ငံရှိ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan မှ ဦးစီး ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါ အခမ်းအနားတွင် အပိုင်း ၂ပိုင်းခွဲကာ ကျင်းပပြုလုပ်ပြီး ပထမပိုင်းအစီအစဉ်တွင် ပင်လုံစိတ်ဓါတ် ပြည်ထောင်စုစိတ်ဓါတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံပေါ်ပေါက်ရေး စသည့် အကြောင်းအရာတို့ကို တက်ရောက် လာကြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)၏ နာယက တဦးဖြစ်သူ အထူး ဧည်သည်တော် ဦးခင်မောင်ကြည်(အဝေးရောက် သံတမန်တဦး)နှင့် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများ၏ ကိုယ်စားလှယ် ခေါင်းဆောင်များ ၊ ဧည့်သည်တော်များတို့မှ နိုင်ငံရေး အနှစ်သာရရှိရှိ အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ကြပါသည်။

မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးနေသော ဂျပန်အမတ် သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ) Mr.Azuma KONNO မှ ဒီမိုကရေစီ စနစ်နဲ့ ပြည်ထောင်စနစ် ဆိုတာလည်း မရသေးသကဲ့သို့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေး များလဲ ဆုံရှုံး နေရဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကမ္ဘာ့ အသိုင်း အ ၀ိုင်း များနှင့်အတူ လက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်းသည့် သ၀ဏ်လွှာ တစောင် ပေးပို့ခဲ့ပါသည်။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပေးပို့သည့် ရုပ်သံ အမှာစကားထဲမှ ကောက်နုတ်ချက် တချို့
" ကျမတို့အားလုံး ဒုတိယပင်လုံ(ခ) ၂၁ ရာစုပင်လုံကို ဦးတည်တယ်ဆိုတာဟာ အခုခေတ်အခါနဲ့ ကိုက်ညီတဲ့ စိတ်ဓါတ်တွေ လုပ်ရည်ကိုင်ရည်တွေ အရည်အချင်းတွေနဲ့ ကျမတို့ရဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ခိုင်မာအောင်လို့ လုပ်ဖို့ ကြိုးစားခြင်းဘဲ ဖြစ်တယ်။ ဒါကို ဘယ်သူကမှ အထင်မလွဲစေချင်ဘူး ကျမတို့ကို တခါတလေ ကျလို့ရှိရင် တချို့အဖွဲ့အစည်းတွေ တချို့လူပုဂ္ဂိုလ်တွေ ဒုတိယပင်လုံ(ခ) ၂၁ ရာစုပင်လုံကို ဦးတည်တယ် ဆိုတာဟာတမင် ပြဿနာရှာတယ်လို့ ထင်တဲ့လူတွေ လည်းရှိတယ် ဒါ အန္တရာယ်ရှိတယ်လို့ ထင်တဲ့ သူတွေလည်းရှိတယ် ကျမတို့ဟာ ပြဿနာရှာတာ မဟုတ်ဘူး ကျမတို့ ညီညွတ်မှုကို ရှာတာပါ ကျမတို့ ပြည်ထောင်စုအတွင်း ညီညွတ်မှုကို ရှာတာပါ ဘာအန္တရာယ်မှလည်း မရှိပါဘူး မှန်မှန်ကန်ကန် စဉ်းစားပြီးတော့ လုပ်သွားမယ်ဆိုလို့ရှိရင် အန္တရာယ်မရှိတဲ့အပြင် ကျမတို့အတွက် အင်မတန်မှ ကောင်းတဲ့ရလဒ်တွေ ပေါ်နိုင်စရာရှိပါတယ် ဒါကြောင့်မို့လို့ ကျမအနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံးကို သတ္တိရှိရှိ စိတ်ထားမှန်မှန် ဇွဲကောင်းကောင်းနဲ့ ကျမတို့ရဲ့ ပြည်ထောင်စု စိတ်ဓါတ်ကြီး မပျိုမလဲနိုင်တဲ့အထိ ခိုင်မာအောင်လို့ ၀ိုင်းဝန်း ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံ ပြောကြားသွားပါတယ် "

ဒုတိယပိုင်း အခမ်းအနား အစီအစဉ်မှာ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် သွားခဲ့ကြပါသည်။ (၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှ ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ ။ Mai Kyaw Oo
သတင်းဓါတ်ပုံ။ ။ Moe Min Thu

Sunday, February 13, 2011

နအဖ ၈ယောက် ထိခိုက်သေဆုံးတဲ့ ဘိတ်ထားဝယ်ဘက်က တိုက်ပွဲ

ဘိတ်ထားဝယ် အခြေစိုက် တပ်မဟာ ၄တပ်ဖွဲ့ဝင်များ။
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်။

ကေအဲန်အယ်အေ တပ်မဟာ ၄လက်အောက်ခံ တပ်ရင်း ၁၀မှ တပ်ခွဲ ၁၊ တပ်ခွဲ၂ ပူးပေါင်းတပ်ဖွဲ့နှင့် နအဖခြေလျင်တပ်ရင်း ၅၈၅စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားကြ ခြင်း ဖြစ်သည်။ အဆိုပါ သေဆုံးသွားသည့် နအဖတပ်ဖွဲ့တွင် ဆက်သွယ်ရေး စက်ကိုင် တဦးနှင့် အရာရှိငယ်တဦးတို့ ပါဝင် သည်ဟုလည်း သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာကတော့ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်၊ လူးဒိုစိုးမြို့နယ်၊ ထားဝယ်ခီး နယ်မြေမှာ ဖြစ်ပြီး ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရပါသည်။ ကွယ်ကလူမှ ကိုးကား ဘာသာပြန်ဆိုထားသည်။
အဲခေါင်သောင့်
သတင်းရင်းမြစ် - မင်ရန်နိုင်
ဗိုလ်ချုပ်အောင်းဆန်းမွေးနေ့  ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်၏အတိတ်အကြောင်းကို ပြန်လည်ဖော်ပြ ချီးမွှမ်းဖော်ညွှန်း တင်ပြအပ်ပါသည်။

2011-February-13



မှတ်တမ်းတင် ဗီဒီယို ဖော်ပြသူကို အထူးကျေးဇူးတင်ရှိကြောင်းကို ဖော်ပြအပ်ပါသည်။

Saturday, February 12, 2011

အစိုးရသစ် ခေါင်းဆောင်များ မြန်မာ့သမိုင်းမှာ အများဆုံးလစာများ ရမည်

(Photo: AFP)
မန္တ္တလေးမြို့၊ မဟာ ဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတပါးက ဆွမ်းခံ၍ ရရှိလာသော စားစရာများကို စားရမဲ့ သောက်ရမဲ့ ကလေးများနှင့် မိသားစုများကို ၂၀၀၉ စက်တင်ဘာ ၂၉ ရက်နေ့က ပေးဝေနေပုံ ဖြစ်ပါသည်။

စစ်အစိုးရလွှတ်တော်သစ်က ခန့်အပ်မဲ့ အစိုးရအဖွဲ့သစ်အတွက် သမတအပါအဝင် လွှတ်တော်အမတ်တွေအထိ ခေါင်းဆောင်တွေရဲ့ လစာတွေဟာ မြန်မာ့သမိုင်းမှာ မကြုံစဖူး အများဆုံးရမဲ့ လစာပမာဏတွေ ဖြစ်တယ်လို့ သိရပါတယ်။
သမတ ဦးသိန်းစိန်ရဲ့ လစာဟာ ကျပ်သိန်း ၅၀ ဖြစ်ပြီး၊ ဒုတိယသမတတွေ ဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ဒေါက်တာ စိုင်းမောက်ခမ်းတို့ဟာ လစာဝင်ငွေ သိန်း ၄၀ စီ ရရှိကြမယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ထုတ်ပြန်တဲ့ ဥပဒေတွေကို ကိုးကားပြီး ရန်ကုန်မြို့မှာ အခုသီတင်းပတ် အတွက် ထုတ်ဝေတဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။
လက်ရှိ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် စစ်အစိုးရ အဆက်ဆက် ဝန်ကြီးတွေ လစာဘယ်လောက် ရရှိနေကြသလဲဆိုတာ အရင်က ထုတ်ပြန်ကြေညာခဲ့တာ မရှိပါဘူး။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ တယ်လီဖုန်းဖြင့် သြဝါဒ ခံယူဆွေးနွေးပွဲ မှတ်တမ်း (တိုကျို)

ယနေ့ ၂၀၁၁ ခုနှစ်၊ဖေဖေါ်ဝါရီလ၊ ၁၁ရက်



ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်း ဖွဲ့စည်းထားသော မြန်မာ့ဒီမိုကရေစီကွန်ရက် Network for Democray in Burma(NDB)မှ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် တွေ့ဆုံ၍ သြဝါဒခံယူပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ (MINAMI OTSUKA)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဂျပန်စံတော်ချိန် နေ့လည်(၁)နာရီ မြန်မာစံတော်ချိန်အားဖြင့် နံနက်(၁၀)နာရီခွဲတွင် စတင်၍ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက် တယ်လီဖုန်းခေါ်ဆိုပြီး ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ထံက ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအား နှုတ်ခွန်းဆက် စကားနှင့်အတူ ဒီမိုကရေစီရေးနှင့် သက်ဆိုင်သော သြဝါဒစကားကို ပြောကြားခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် The National League For Democracy Liberated Area Japan(NLD LA JB)မှလည်းကောင်း၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်(ဂျပန်ဋ္ဌာနခွဲ)မှ တာဝန်ခံဆရာတော် ဦးဓမ္မဇောတိမှလည်းကောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူတိုင်းရင်းသား ခေါင်းဆောင် အသီးသီးတို့မှလည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့နှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် မေးခွန်းများမေးမြန်းခြင်းနှင့် အမှာစကားများကို ခံယူ ဆွေးနွေးခဲ့ကြပါသည်။ အပြန်အလှန်တယ်လီဖုန်း စကားပြောချိန် ၄၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စုစုပေါင်း လူဦးရေ(၁၀၀)နီးပါးခန့် ဒေါ်အောင်ဆန်းစုကြည်၏ သြဝါဒစကားကို လာရောက် နားထောင်ခဲ့ကြပါသည်။
အခမ်းအနား အပြီးသတ်တွင် အားလုံးသော ပရိတ်သတ်မှ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုတောင်း မေတ္တာပို့သခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ ။ အေးနန္ဒာအောင်
သတင်းဓါတ်ပုံ ။ ။မိုးမင်းသူ
သတင်းဗီဒီယို။ ။ဦးသန်းဝင်း
၁၃ နှစ် အကျဉ်းချခံ မြန်မာ ၃၄ ဦးကို လွှတ်ပေးရေး အိန္ဒိယ အစိုးရထံ တောင်းဆို

34 Freedom fighter


အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်တွင် မြန်မာ တော်လှန်ရေးသမား ၃၄ ဦးကို ထိန်းသိမ်း ထားသည်မှာ ယနေ့ဆိုလျှင် ၁၃ နှစ် ပြည့်မြောက်ပြီဖြစ်၍ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးအတွက် အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက နယူးဒေလီမြို့ ဂျန်တားမန်တား ပန်းခြံတွင် ဆန္ဒပြ တောင်းဆိုကြသည်။

သံဃာများကို ပစ်ခတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ပေး

burma-monks-soldiers

သံဃာများ ဦးဆောင် ဆန္ဒပြသည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ပစ်ခတ်နှိမ်နှင်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေး ခဲ့ကြောင်းနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီးတွင် ပြည်သူလူထုကို အကူအညီ မပေးခဲ့ကြောင်း ဝီကီလိစ်ခ်တွင် ပေါက်ကြားလာသည့် အမေရိကန် သံတမန်ပေးစာများတွင် ဖော်ပြထားသည်။

နော်ဝေနိုင်ငံမှ ထိပ်တန်းသတင်းစာကြီး တစောင်ဖြစ်သော Aftenposten ၏ ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် သတင်းစာတွင် ရန်ကုန် အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော လျှို့ဝှက်ပေးစာကို ဖော်ပြထားရာ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှစ်ဦးစလုံးသည် သံဃာများကို နှိမ်နှင်းရန်နှင့် လိုအပ်ပါက ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်” ဟု ရေးသားထားသည်။

တိုက်ပွဲပေါင်း ၁၀၈၃ ဟု KNU ပြော

ဖေဖေါ်ဝါရီလ 11 ရက် 2011 ခုနှစ်။

ကရင် အမျိုးသား အစည်းအရုံး KNU နှင့် စစ်အစိုးရ တပ်အကြား ပြီးခဲ့သည့် တနှစ်တာအတွင်း တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ကြောင်း KNU နှစ်ချုပ် အစီရင်ခံစာအရ သိရသည်။

၎င်းတိုက်ပွဲများသည် KNU ပိုင် တပ်မဟာ ၇ ခု အတွင်း ဖြစ်ပွားခဲ့ပြီး၊ နအဖ တပ်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦး ရှိကြောင်းနှင့် KNU ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှစ်ချုပ် အစီရင်ခံစာက ဆိုသည်။ အစီရင်ခံစာကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြုစုထားခြင်း ဖြစ်သည်။

KNU ဘက်မှ အကျအဆုံး နည်းရခြင်းမှာ နယ်မြေ ကျွမ်းကျင်မှုနှင့် ပြောက်ကျား တိုက်စစ် စနစ်ကြောင့်ဟု KNU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။

“ကမ်းတက် တိုက်ပွဲတွေနဲ့ ထိပ်တိုက် စစ်ကြောင်း တိုက်ပွဲတွေ ကျနော်တို့က မလုပ်သလောက်ပဲ။ နိုင်ခြေ ပိုင်ခြေရှိမယ့် ပြောက်ကျား တိုက်ပွဲတွေကိုပဲ လုပ်တာပေါ့။ နယ်မြေကို ပိုင်တာရယ်၊ နေရာကောင်းကနေ စောင့်ပြီးတော့ ပိုင်ချက်ရှိမှ လုပ်တာရယ်ကြောင့် ကျနော်တို့ဘက်က အကျအဆုံး ဒဏ်ရာရ နည်းတာ ဖြစ်တယ်” ဟု သူက ဆိုသည်။

နအဖ တပ်မှ အသက်ရှင်လျက် ဖမ်းဆီးရမိခဲ့သူများအနက် အချို့ကို မြန်မာနိုင်ငံအတွင်း ဘေးကင်းရာသို့ လွှတ်ပေးခဲ့ပြီး၊ စစ်တပ်က ဒဏ်ပေးမည်ကို ကြောက်ရွံ့၍ မပြန်ရဲသူအချို့ကိုမူ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားအဖြစ်နှင့် အလုပ်လုပ်ကိုင်ရန် KNU က လမ်းညွှန် စီစဉ်ပေးခဲ့သည်ဟု သူက ဆက်ပြောသည်။

အစိုးရသစ်မှာ တိုင်းရင်းသားနဲ့ အမျိုးသမီး မပါ


ပြည်ထောင်စု အစိုးရသစ် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော် သမ္မတက ၀န်ကြီးခန့်အပ်မယ့် အမည်စာရင်း တင်သွင်းရာမှာ မကြာမီက စစ်တပ်ကနေ အရပ်ဘက် ပြောင်းထားသူတွေနဲ့ စစ်တပ်က အရာရှိတွေ အများစုဖြစ်ပြီး တိုင်းရင်းသားတွေနဲ့ အမျိုးသမီးတွေ ပါဝင်တာ မတွေ့ရပါဘူး။ ဒီလို မပါဝင်တာကြောင့် ပြည်ထောင်စုဆိုတဲ့ အနှစ်သာရနဲ့ အမျိုးသမီးတွေ အပေါ်မှာ ခွဲခြားဆက်ဆံမှု မရှိဘူးဆိုတဲ့ အဓိပ္ပာယ်တွေဟာ အားနည်းချက်တွေ ရှိနေတယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

Thursday, February 10, 2011

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။



၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်။


ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ဦးစီး၍ မတရား ဖမ်းဆီးခံရသည့်နေ့ လစဉ် (၉)ရက်နေ့  ကျရောက်တိုင်း ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင် များတို့ကို နှစ်ရှည် ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီးထားသည်မှာ ယနေ့ဆိုလျှင် ( ၆ နှစ်)ပြည့်မြောက်သည့် နေ့ဖြစ်သည်။ ဦးခွန်ထွန်းဦးသည် ကချင်ပြည်နယ် ပူတာအိုထောင်တွင် ဆိုးရွားလှသည့် ရာသီဥတု ဒဏ်တွေကြောင့် လေးဘက်နာ ရောဂါအပြင် ဆီးကျိတ်ရောဂါပါ ခံစားနေရသည့်အပြင် ကျန်းမာရေး အခြေအနေ ဆိုးရွား နေကြောင်း ကြားသိ ရသည့်အတွက် ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ကုလသမဂ္ဂ ရုံးရှေ့၌ ယခုလို တောင်းဆို ဆန္ဒပြပွဲ များ ကျင်းပ ပြုလုပ် ရခြင်းဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

စစ်ဆင်ရေးမှာ ရှေ့တန်းက တိုက်ခိုက်ဖို့ ကရင် နယ်ခြားစောင့်တပ်များ ငြင်းဆန်

2011-02-08
မြန်မာစစ်အစိုးရတပ်တွေဟာ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ (၇) ဌာနချုပ် နယ်မြေကို အလုံးအရင်းနဲ့ စစ်ဆင်နိုင်ဖို့အတွက် နယ်ခြားစောင့်တပ် ပြောင်းလဲထားတဲ့ DKBA ခွဲထွက် ကရင်တပ်တွေကို ရှေ့တန်းက ထိုးဖောက်ဖို့ ညွှန်ကြားထားပေမဲ့ နယ်ခြားစောင့် တပ်ရင်းတွေက အမိန့် မနာခံပဲ ရပ်တံ့နေကြတယ်လို့ သတင်းရရှိပါတယ်။
RFA
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ဖိအားပေးမှုကို လက်မခံပဲ ပြန်လည် တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သည့် ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (RFA)
အခုလို ရှေ့တိုးဖို့ ငြင်းဆန်နေတဲ့ တပ်တွေကတော့ ဗိုလ်မှူး စောမောင်ဝင်း ခေါင်းဆောင်တဲ့ BGF နယ်ခြားစောင့်တပ်အမှတ် ၁၀၁၉ နဲ့ ဗိုလ်မှူး စောလှိုင်စိမ့် ခေါင်းဆောင်တဲ့ နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ တို့ ဖြစ်ပါတယ်။ ဒီတပ်တွေဟာ မြေမြှုပ်မိုင်း အန္တရာယ်ကို အကြောင်းပြပြီး ရှေ့တိုးဖို့ ငြင်းဆန်နေတာ ဖြစ်တယ်လို့ ကေအန်ယူ ဖားအံခရိုင် ဥက္ကဋ္ဌ ဖဒိုစောအောင်မော်ဧက ပြောပါတယ်။

Monday, February 7, 2011

လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးချခံရသော အကျဉ်းသားများ၏ ဘ၀နေ့စွဲများ (ရုပ်သံ)


ဒီမိုကရေစီရေး မြှင့်တင် လုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီး တိုက်တွန်း

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Seiji Maehara

2011-02-05
အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့သတင်း ထွက်လာချိန် မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Seiji Maehara က မြန်မာ့ဒီမိုကရေစီရေး မြှင့်တင် ဆောင်ရွက်ပါလို့ တိုက်တွန်း လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်မှုအောက်က မြန်မာအစိုးရသစ်ဟာ မြန်မာနိုင်ငံကို ပိုမို ပွင့်လင်းပြီး ဒီမိုကရေစီ နည်းကျအောင် လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြလိုက်တာပါ။

တချိန်တည်းမှာပဲ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး အခုထက် ပိုမို အားကောင်းလာမယ်လို့ မျှော်လင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ယေဘုယျအားဖြင့် ပိုအားကောင်းမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ တချို့ အင်အားကြီး အနောက်နိုင်ငံတွေလို မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဆက်လက် ကုန်သွယ်နေပြီး ဆက်လက်ပြောဆို ဆွေးနွေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ အာဏာရ စစ်အစိုးရအပေါ် သဘောထား တင်းမာရင် နိုင်ငံရေးအရ အဓိက ထောက်ခံပြီး အဓိက ကုန်သွယ်ဘက် ဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပိုနီးစပ်အောင် တွန်းပို့နိုင်ဖွယ်ရှိတယ်လို့ ဂျပန်က သတိပေးပါတယ်။

ဒါပေမယ့် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို လူမှုရေးနဲ့ အရေးပေါ် အကူအညီ ကလွဲလို့ စီးပွားရေး အကူအညီပေးတာကို ၂ဝဝ၃ ခုနှစ် ကတည်းက ဆိုင်းငံ့ထားပါတယ်။

တိုက်တွန်းနှိုးဆော်ချက်

ကိုလှအေားမောင်၏ နေအိမ်ပုံ
 သောကြာနေ့ (၅.၂.၂၀၁၁) မနေ့ည သန်းခေါင်းယံ အချိန်က Arakawa ku- Nisshi Nippori ရှိ ရပ်ကွက်တခုတွင် ၃-ထပ်အိမ် (တိုက်) တခုလုံး ပြာကျခဲ့သော အပြင်းစား မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ရာ လူ (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုတွင် ရခိုင်အမျိုးသားရေးနှင့် မြန်မာ့ ဒီမိုကရေစီအရေး ကြိုးပမ်း ဆောင်ရွက်နေသူ တစ်ဦးဖြစ်သော ကိုလှအေးမောင်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဌ -ပြည်ပဂျပန်)၏ အိမ်လည်း မီးလောင်ခံ ခဲ့ရကြောင်း သိရှိရပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)အဖွဲဝင် မမေသင်္ကြန်၏ အိမ်လည်း မီးလောင်ခံရသည့် ကိုလှအေးမောင်အိမ်အနီး ၀န်းကျင်တွင် ရှိသည်အတွက် ပျက်စီးဆုံရှုံးမှု တချို့တွင် ပါဝင်ခဲ့ကြာင်း သိရှိရပါသည်။ အနီးအနားရှိ မြန်မာမိတ်ဆွေများအိမ်တွင် ယာယီခိုလှုံနေ ရပြီး ကျနော်တို့ရဲ့ လုပ်ဖေါ် ကိုင်ဘက်တွေကို မြန်မာနိုင်ငံသားအခြင်း  တတ်နိုင်သည့် အကူအညီများ ကူညီပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

PNS-Japan
ဆက်သွယ်ရန် ကိုလှအေးမောင် (ဖုန်း) 090-2525-1966

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ တပ် အထိနာ



DKBA
February 6, 2011,

ဝေါ်လေနဲ့ ဖလူး နေရာတွေမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ ပူးပေါင်း တပ်ဖွဲ့အင်းအား တွေဟာ ပြောက်ကျားနည်းကိုသုံးပြီး တိုက် ခိုက်နေတဲ့အတွက် နေ့စဉ်ဆိုသလို့ နအဖတပ် တွေနဲ့ ပြောက်ကျား တိုက်ပွဲ ထိတွေမှုတွေ ရှိနေ ပါတယ်။ ယမန်နေ့က ဝေါ်လေနဲ့ ပလောတပို့ ကြားနေ ရာမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ အဖွဲ့ က နအဖ စစ်တပ်ကို အလစ် အငိုက် ဖမ်းတိုက် ခိုက်ခဲ့လို့ နအဖ ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကလည်း သေ့ဘောပိုး ရွာနားမှာ စ ခန်းချထားတဲ့ နအဖ စစ်တပ်ကို ဒီကေဘီအေ ဘက်က ပြောက်ကျား တိုက်ခဲ့တဲ့အတွက် နအဖ ဘက်က ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်သတင်းစဉ် သတင်းများအရ ဒီနေ့မှာ လည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေ သ ကနဲလေး စခန်းရှိ စကခ (၈) လက်အောက် ခံ ခမရ (၄၀၄) တပ်ရင်းကို KNLA တပ်ရင်း (၁၀၃) မှ ဒီနေ့ နံနက်နဲ့ မွန်းလွဲပိုင်းမှာ နှစ်ကြိမ် ပြောက်ကျားနည်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ တယ်လို့ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် နေ့နဲ့ ၄ ရက်နေ့တွေမှာလည်း ဒီအေဘီအေ ဗိုလ်မှူး ကျော်သက်အဖွဲ့က ဖလူးမှာရှိတဲ့ နအဖ လက်နက်ကြီး နေရာတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။

ဝေါ်လေနဲ့ ဖလူး ဒေသတွေမှာ နအဖနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ၂၀၁၀ နိုဝင်ဘာ ရ ရက်နေ့ ကစလို့ ၂၀၁၁ ခုနှစ် ဇန်နဝါရီ လကုန်အထိ ထိတွေမှုတိုက်ပွဲပေါင်း အကြိမ်ရေ ၈၅ ကြိမ်ကျော်ခန့်ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း နအဖ ဘက်က အသေ၊ ဒဏ်ရာပေါင်းက ၆၃၃ ဦးဖြစ်ပြီးတော့။ အဲဒီထဲက အသေ ၂၄၄ ဦး နဲ့ ထိခိုက်ဒဏ်ရာ ၃၈၉ ဦး ဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင်က ရရှိထားတဲ့ စာရင်းတွေထဲက ခန့်မှန်းပြောပြသွားပါတယ်။

Copy from _ naytthit.net

Saturday, February 5, 2011

နအဖ အတုအယောင် ပါလီမန် လွှတ်တော်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနားကို UN ရုံးရှေ့ တွင် ကျင်းပပြုလုပ်သည့် သတင်းဓါတ်ပုံ။



၂၀၁၁ ဖေဖေါ်ဝါရီလ (၄)ရက်။



နအဖ စစ်အုပ်စုမှ ကျင်းပပြုလုပ်နေသည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် ဟန်ပြ အရပ်သား အစိုးရသစ်အပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားကို တိုကျို Shibuya, UN ရုံးရှေ့တွင် ဖေဖေါ်ဝါရီလ (၁ ရက် မှ ၄ ရက် )နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အတုအယောင် ပါလီမန် လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရသစ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ကြုံတွေနေရတဲ့ အခက်အခဲ့ အကြပ်အတည်း နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်း ပေးနိုင်မည် မဟုတ်ကြောင်း စစ်အာဏာရှင် စနစ်အောက် ဆင်းရဲ ကြပ်တည်းစွာ ဒုက္ခရောက် နေကြရတဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့လိုကြောင်း နှင့် မတရား ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းမှုများ လုပ်ဆောင်သွားရန် ကုလသမဂ္ဂမှ အထွေထွေ အတွင်းရေးမှူးချုပ်မှ မြန်မာစစ်အုပ်စုကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက် (ဂျပန်)၏ တိုက်တွန်း တောင်းဆိုသည့် စာကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် UN ရုံး ဂျပန်တာဝန်ခံ Ms.SENO O san မှတဆင့် ပေးပို့ခဲ့ပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။          ။မိုးမင်းသူ KNU(Japan)
တိုင်းရင်းသားကို လွှတ်တော် ကိုယ်စားမပြုဟု ဝေဖန်

တွေ့ဆုံဆွေးနွေးရေးနှင့် တိုင်းရင်းသား အခွင့်အရေးအတွက် လွှတ်တော်ထဲတွင် ဝိုင်းဝန်းကြိုးစားရန် လိုအပ်ကြောင်း ဗညားအောင် ရေးသားသည့် ဆောင်းပါးတပုဒ် ယမန်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာထဲ၌ ဖော်ပြပါရှိခဲ့သည်။

‘နိုင်ငံ့အရေး အလွယ်မတွေးစေချင်ပါ’ ဟူသည့် ပြည်ထောင်စုနေ့ ဂုဏ်ပြုဆောင်းပါးတွင် “ယနေ့ ပြောနေသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တပ်မတော်တို့ တွေ့ဆုံရေးဆိုသည့် လုပ်ငန်းကို ထိုလွှတ်တော် အဆင့်ဆင့်တွင် လက်တွေ့ဆောင်ရွက်နိုင်ပြီ” ဟု ဗညားအောင်က ဆိုသည်။

စစ်အစိုးရတပ်နှင့် ကေအင်ယူ တိုက်ပွဲ ထပ်မံ ဖြစ်ပွား

နအဖလက်နက်ကြီးတပ်ဖွဲ့
ဖေဖေါ်ဝါရီလ 03 ရက် 2011 ခုနှစ် ။

ဂျူရီချိုင်း-ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာ မြိုင်သာကျေးရွာတွင် ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီခွဲခန့်က စစ်အစိုးရတပ်နှင့် ကေအင်ယူတို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ထိုဒေသအတွင်း လှုပ်ရှားနေသော ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) ၈ အောက်ရှိ ခမရ ၄၀၂ တပ်ရင်း စစ်ကြောင်း၊ ခမရ ၄၀၆ တပ်ရင်း စစ်ကြောင်းများနှင့် ကေအင်ယူ၏ လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆၊ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ တို့ နာရီဝက်ကျော် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အလုပ်သမား သမဂ္ဂ မြန်မာ့အရေး ဆွေးနွေး



သတင်းရင်းမြစ် - ဒီဗီဘီ

Friday, February 4, 2011

ပူတာအိုထောင်ရောက် နိုင်ငံရေးအကျဉ်းသူ ထောင်ဝင်စာအပိတ်ခံနေရ

2011-02-03

ကချင်ပြည်နယ် ပူတာအိုထောင်မှာ အပို့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ထားတဲ့အတွက် မိသားစုဝင်တွေ မတွေ့ခဲ့ရဘူး လို့ RFA က စုံစမ်း သိရှိရပါတယ်။

(Photo: AFP)

မြန်မာနိုင်ငံမှ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ၂၀ဝ၉ စက်တင်ဘာ ၂၅ ရက်နေ့က ဖိလိပိုင် လူမျိုးများ စုရုံးဆန္ဒပြကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်ထက်ထက်ဦးဝေရဲ့ သမီးဖြစ်တဲ့ မအေးချမ်းပြည့် က RFA ကို အခုလို ပြောပါတယ်။

“မတွေ့ရဘူးရှင့်၊ တိုက်ပိတ်ထားပါတယ်ရှင်။ ၁၉ ရက်နေ့ကနေ ပိတ်တာရှင့်။ ၁၄ ရက် ပိတ်ထားတာ။ သမီးတို့ စုံစမ်းသလောက်တော့ ထောင်ထဲမှာတဲ့ နည်းနည်း ဆူညံပူညံ လုပ်လို့ လို့ ပြောတယ်ရှင့်။ အခုတခေါက် တော်တော် ဆိုးတာပါ။ အဲဒီမှာ တပွင့်နဲ့လူကလည်း တော်တော် ခြယ်လှယ်နေတာ အဲဒီ ဝန်ထမ်းတွေပဲ။”

ဒေါ်ထက်ထက်ဦးဝေဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦး ဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ထောင်ဝင်စာတွေ့ခွင့် မိနစ် ၂၀ ပဲ ပေးတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတချို့နဲ့ ထောင်အာဏာပိုင်တွေကြားမှာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

ပူတာအိုထောင်ထဲမှာ ဒေါ်ထက်ထက်ဦးဝေအပြင်၊ ကျောင်းသား ကိုမျိုးမင်းဇော်၊ NLD က ဒေါ်ဝင်းမြမြ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုအောင်သူ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လည်း ရှိနေပြီး၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေတယ်လို့ သိရပါတယ်။

ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့်မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သမီးဖြစ်သူ မအေးချမ်းပြည့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

copy_rights RFA News


Tuesday, February 1, 2011

နအဖ စစ်အုပ်စုမှ ကျင်းပပြုလုပ်သည့် အတုအယောင် ပါလီမန် လွှတ်တော်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနား(တိုကျို)





၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၁)ရက်။
ယနေ့ နေပြည်တော် တွင် ကျင်းပပြုလုပ်နေသည့် အတုအယောင် ပါလီမန် လွှတ်တော်အား ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြ အခမ်းအနားကို တိုကျိုရှိ နအဖ စစ်အခွန်ရုံ (သံရုံး)ရှေ့တွင် ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆန္ဒပြပွဲကို မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက် (ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ပြီး အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို လုံးဝ အသိအမှတ် မပြုကြောင်းနှင့် မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ လုပ်ဆောင်ရန် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ တိုက်တွန်းတောင်းဆိုသည့် စာတစောင်ကို စစ်အခွန်ရုံ(သံရုံး)ကနေတဆင့် ပေးပို့ခဲ့ပါသည်။
ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ကုလသမဂ္ဂ အပါဝင် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်မပြုရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလ ( ၁ရက် မှ ၄ ရက်နေ့ )အထိ Shibuya UN ရုံးရှေ့၌ ဆက်လက် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို နိုးဆော်ကြေညာသွားပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ ။မိုးမင်းသူ KNU (Japan)


၆၂ ကြိမ်မြောက် ကရင်အမျိုးသားတော်လှန်းရေးနေ့  ဂုဏ်ပြုသီချင်း