ရခိုင်၊ ကရင် တော်လှန်ရေး ရဲဘော် ၃၄ ဦး ပြန်လွှတ်ရန် တိုကျိုရှိ အိန္ဒိယ သံရုံးရှေ့ ဆန္ဒပြ
လှုပ်ရှားမှု မှတ်တမ်းကို  ဓါတ်ပုံပေါ်နှိပ်ပြီးကြည့် နိုင်ပါသည်။ 
၂၀၁၁ ဖေဖေါ်ဝါရီလ (၂၄)ရက်။
ရခိုင်၊ ကရင် တော်လှန်ရေး  ရဲဘော်(၃၄)ဦး လွတ်မြောက်ရေးအတွက် အိန္ဒိယအစိုးရမှ အမြန်ဆုံး လွတ်ပေးရန်  တောင်းဆို ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်)နှင့်  ဂျပန်နိုင်ငံရောက် ကရင် လူမျိုးများတို့မှ ဦးစီး၍ တိုကျို အိန္ဒိယ  သံရုံးရှေ့ တွင် ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။  
အိန္ဒိယ အစိုးရအနေဖြစ်  တော်လှန်ရေးသမား ၃၄ ဦး တို့ရဲ့ ဘဝလုံခြုံရေးအတွက် မြန်မာပြည် ကို  ပြန်မပို့ဖို့နဲ့ အပြီးအပိုင် အမြန်ဆုံး လွှတ်ပေးရန်နှင့် တရားဝင်  ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ပေးပြီး လုံခြုံတဲ့ နိုင်ငံ တခုခုမှာ  ခိုလုံခွင့်ပေးရေး စသည်တို့အတွက် တောင်းဆို ဆန္ဒပြရတာဖြစ်ပြီး တိုက်တွန်း  တောင်းဆိုသည့် စာကို တိုကျိုမြို့ရှိ အိန္ဒိယ သံရုံးမှတဆင့် အိန္ဒိယ  အစိုးရထံတို့ ပေးပို့ခဲ့ပါသည်။
ရခိုင်နှင့် ကရင် တော်လှန်ရေး  ရဲဘော် ၃၄ ဦးကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ စစ်တပ်က  အိန္ဒိယ ရေပိုင်နက် အန်ဒမန်-နီကိုးဘားကျွန်းစု လန်းဖောကျွန်း၌ ဖမ်းဆီးခဲ့ရာ  ၁၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပြီးသည်။ စွဲချက် တင်ထားသည့် အမှုများ  အားလုံးမှာလည်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ နေ့ မှာ ကတည်းက ပယ်ဖျက်ပြီး  ဖြစ်သော်လည်း အခုထိ ကိုးလ်ကတ္တား အကျဉ်းထောင်မှာ ဖမ်းဆီး ထိမ်းသိမ်း  ခံနေကြရဆဲဖြစ်သည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Moe Min Thu










No comments:
Post a Comment