မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
ဆောင်းပါး
ဆက်သွယ်ရန်
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Saturday, February 5, 2011
နအဖ အတုအယောင် ပါလီမန် လွှတ်တော်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနားကို UN ရုံးရှေ့ တွင် ကျင်းပပြုလုပ်သည့် သတင်းဓါတ်ပုံ။
၂၀၁၁ ဖေဖေါ်ဝါရီလ (၄)ရက်။
နအဖ စစ်အုပ်စုမှ ကျင်းပပြုလုပ်နေသည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် ဟန်ပြ အရပ်သား အစိုးရသစ်အပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားကို တိုကျို Shibuya, UN ရုံးရှေ့တွင် ဖေဖေါ်ဝါရီလ (၁ ရက် မှ ၄ ရက် )နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အတုအယောင် ပါလီမန် လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရသစ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ကြုံတွေနေရတဲ့ အခက်အခဲ့ အကြပ်အတည်း နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်း ပေးနိုင်မည် မဟုတ်ကြောင်း စစ်အာဏာရှင် စနစ်အောက် ဆင်းရဲ ကြပ်တည်းစွာ ဒုက္ခရောက် နေကြရတဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့လိုကြောင်း နှင့် မတရား ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းမှုများ လုပ်ဆောင်သွားရန် ကုလသမဂ္ဂမှ အထွေထွေ အတွင်းရေးမှူးချုပ်မှ မြန်မာစစ်အုပ်စုကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက် (ဂျပန်)၏ တိုက်တွန်း တောင်းဆိုသည့် စာကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် UN ရုံး ဂျပန်တာဝန်ခံ Ms.SENO O san မှတဆင့် ပေးပို့ခဲ့ပါသည်။
သတင်းမှတ်တမ်းဓါတ်ပုံ။ ။မိုးမင်းသူ KNU(Japan)
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
No comments:
Post a Comment