နအဖ စစ်အုပ်စုမှ ကျင်းပပြုလုပ်သည့် အတုအယောင် ပါလီမန် လွှတ်တော်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနား(တိုကျို)
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၁)ရက်။
ယနေ့ နေပြည်တော် တွင် ကျင်းပပြုလုပ်နေသည့် အတုအယောင် ပါလီမန် လွှတ်တော်အား  ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ်  မပြုကြောင်း ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြ အခမ်းအနားကို တိုကျိုရှိ နအဖ  စစ်အခွန်ရုံ (သံရုံး)ရှေ့တွင် ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီအထိ  ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆန္ဒပြပွဲကို မြန်မာနိုင်ငံ  ဒီမိုကရစီကွန်ယက် (ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ပြီး အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့်  ဟန်ပြ အရပ်သား အစိုးရအပေါ်ကို လုံးဝ အသိအမှတ် မပြုကြောင်းနှင့် မတရား  ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး  အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက်  မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ လုပ်ဆောင်ရန် နအဖ  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ တိုက်တွန်းတောင်းဆိုသည့်  စာတစောင်ကို စစ်အခွန်ရုံ(သံရုံး)ကနေတဆင့်  ပေးပို့ခဲ့ပါသည်။
 ဟန်ပြ  အရပ်သား အစိုးရအပေါ်ကို ကုလသမဂ္ဂ အပါဝင် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက  လက်ခံ အသိအမှတ်မပြုရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုကို  ဖေဖေါ်ဝါရီလ ( ၁ရက် မှ ၄ ရက်နေ့  )အထိ Shibuya UN ရုံးရှေ့၌ ဆက်လက် ကျင်းပ  ပြုလုပ်သွားမည် ဖြစ်ကြောင်းကို နိုးဆော်ကြေညာသွားပါသည်။
သတင်းမှတ်တမ်းဓါတ်ပုံ။         ။မိုးမင်းသူ KNU (Japan)










No comments:
Post a Comment