Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, February 12, 2011

၁၃ နှစ် အကျဉ်းချခံ မြန်မာ ၃၄ ဦးကို လွှတ်ပေးရေး အိန္ဒိယ အစိုးရထံ တောင်းဆို

34 Freedom fighter


အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်တွင် မြန်မာ တော်လှန်ရေးသမား ၃၄ ဦးကို ထိန်းသိမ်း ထားသည်မှာ ယနေ့ဆိုလျှင် ၁၃ နှစ် ပြည့်မြောက်ပြီဖြစ်၍ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးအတွက် အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက နယူးဒေလီမြို့ ဂျန်တားမန်တား ပန်းခြံတွင် ဆန္ဒပြ တောင်းဆိုကြသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရခိုင်နှင့် ကရင် တိုင်းရင်းသားများ ပါဝင်သော အဆိုပါ တော်လှန်ရေးသမား အဖွဲ့ကို ကာလကတ္တား တရားရုံးမှ အဆုံးသတ် စီရင်ချက် ချမှတ်ခဲ့ရာ ချုပ်ရက် ခံစားခွင့်ဖြင့် ပြန်လည် လွတ်မြောက်ရမည် ဖြစ်သော်လည်း ဆက်လက် ထိန်းသိမ်းထားခြင်းကြောင့် ၎င်းတို့ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

“တရားစီရင်ချက် ချတုန်းကတည်းက ချုပ်ရက်ခံစားခွင့်တွေနဲ့ သူတို့ လွတ်မြောက်ရမှာပါ။ ဒါပေမယ့် သူတို့ကို ဆက်ပြီး အကြောင်းပြချက်မရှိဘဲ ဖမ်းထားတယ်။ သူတို့ဟာ ရာဇ၀တ်ကောင်တွေ မဟုတ်တဲ့အတွက် အိန္ဒိယ အစိုးရအနေနဲ့ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ UNHCR အနေနဲ့ကလည်း သူတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သည့် ကိုကင်မ်က ပြောသည်။

ထို့အတူ ၎င်းတို့ လွတ်မြောက်ရေးအတွက် တောင်းဆိုစာများကို အိန္ဒိယ ၀န်ကြီးချုပ်နှင့် နယူးဒေလီအခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံသို့ ပေးပို့သောစာတွင် ထိန်းသိမ်းထားသည့် မြန်မာ ၃၄ ဦးတို့ကို အမြန်ဆုံး ပြန်လွှတ် ပေးရန် တောင်းဆိုထားပြီး UNHCR သို့ ပေးပို့သော စာတွင် ထိုသူတို့ကို ဒုက္ခသည်အဖြစ် အမြန်ဆုံး အသိအမှတ်ပြုပေးရန်၊ လွတ်လပ် လုံခြုံသော နိုင်ငံတခုခုတွင် ခိုလှုံခွင့်ပေးရန်တို့ကို တောင်းဆိုထားသည်။

ထိုသူတို့ လွတ်မြောက်ရေးအတွက် နယူးဒေလီရှိ မြန်မာများနည်းတူ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့တွင်လည်း ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ နိုင်ငံများရှိ အိန္ဒိယသံရုံးများသို့ တောင်းဆိုစာများ ပေးပို့ကြသည်ဟု သိရသည်။

ဆက်လက်၍ ကိုကင်မ်က “သူတို့လည်း ဒီနေ့ မနက် ၈ နာရီမှာ ထောင်ထဲမှာ အားလုံးစုဝေးပြီးတော့ အသတ်ခံခဲ့ရတဲ့ ခေါင်းဆောင် ၆ ဦးအတွက် အလေးပြုတာ၊ နိုင်ငံတော် သီချင်းဆိုတာ၊ အစာမစားပဲ တနေ့လုံး ထိုင်နေပြီးတော့ တော်လှန်ရေးအတွက် ပြောဆို ဆွေးနွေးတာတွေကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ လုပ်မယ်လို့ ကျနော့်ကိုပြောထားတယ်” ဟု ဆိုသည်။

အဆိုပါ မြန်မာ ၃၄ ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရေး အတွက် လူတွေ့ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့ရှိ UNHCR ရုံးချုပ်မှ ဥပဒေပညာရှင်များနှင့် နယူးဒေလီ UNHCR ရုံးမှာ တာဝန်ရှိသူ တဦးတို့ ပြီးခဲ့သည့် ဇန်န၀ါရီ လဆန်းပိုင်းက ကာလကတ္တားထောင်သို့ သွားရောက်ခဲ့သည်။

အဆိုပါ ၃၄ ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေးအတွက် အချိန် ၃ လခန့် ကြာမြင့်ဦးမည်ဖြစ်ပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရသော်လည်း အိန္ဒိယအစိုးရက ဆက်လက် ထိန်းသိမ်းထားမည်ကို စိုးရိမ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယအစိုးရကို တိုက်တွန်း ပြောဆိုမှုများလိုအပ်နေသေးကြောင်း ၎င်းတို့ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူတဦးဖြစ်သည့် အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး ဒေါက်တာတင့်ဆွေက ဧရာဝတီသို့ပြောသည်။

သူက “UNHCR အနေနဲ့က သူတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ပဲ တာဝန်ရှိပြီးတော့ ဒီရဲဘော် ၃၄ ယောက်လုံး လွတ်မြောက်ဖို့က အိန္ဒိယ အစိုးရရဲ့လက်ထဲမှာပဲ ရှိသေးတယ်။ ဒါဟာ ကျနော်တို့ အစိုးရိမ်ဆုံးပါ။ ဒါကြောင့် အိန္ဒိယအစိုးရကို ဖိအားပေးနိုင်ဖို့ ဒီလို ဆန္ဒပြရတာပါ” ဟုပြောသည်။

အိန္ဒိယ လူ့အခွင့်အရေး ကောင်စီသို့ ချဉ်းကပ်ဆောင်ရွက်မှုများလည်း ပြုထားပြီး ထိုသူတို့ ကွင်းလုံးကျွတ် လွတ်မြောက်ရေး အတွက် ဖိအားပေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု သူကဆိုသည်။

ဆက်လက်၍ ဒေါက်တာတင့်ဆွေက “မြန်မာ-အိန္ဒိယ အစိုးရခြင်း ဆက်ဆံရေးကများ ကျနော်တို့ ရဲဘော်တွေ လွတ်မြောက်ရေး အတွက် ဖိအားတခု ဖြစ်နေလား ဆိုတာကိုလည်း စိုးရိမ်ပါတယ်။ အိန္ဒိယအစိုးရ တရားစီရင်ရေးက ဒီနေရာမှာတော့ လိုနေ သေးတယ်လို့ ကျနော်ထင်တယ်ဗျ” ဟု ပြောသည်။

အိန္ဒိယရေပိုင်နက်အတွင်းရှိ လန်းဖောလ်ကျွန်းသို့ ရောက်လာသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) မှ ရခိုင် တိုင်းရင်းသားများနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကရင်တိုင်းရင်းသားများ ပါဝင်သည့် အဆိုပါ အဖွဲ့ကို ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ ရေတပ်က ဖမ်းဆီးခဲ့သည်။

ထို့နောက် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် အက်ဒမန်ကျွန်းစု ပေါ့ပ်ဘလဲမြို့တွင် ၈ နှစ်ကျော်ကြာ အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ထိုအတောအတွင်း သူတို့အဖွဲ့မှ ခေါင်းဆောင် ၆ ဦးတို့မှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီး ကျန် ၃၄ ကို ကာလကတ္တား အကျဉ်းထောင်သို့ ပို့ဆောင်၍ လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်မှု၊ နိုင်ငံပိုင်နက်အတွင်း တရားမ၀င် ခိုးဝင်မှုတို့ဖြင့် အိန္ဒိယဗဟို ထောက်လှမ်းရေးအဖွဲ့ (CBI) က ၂၀၀၆ အောက်တိုဘာလတွင် တရားလိုပြု တရားစွဲဆိုခဲ့သည်။

မြန်မာ သူပုန်များဟု အစွပ်စွဲ ခံခဲ့ရသူများသည် အိန္ဒိယထောက်လှမ်းရေး အဖွဲ့မှ ဒုဗိုလ်မှူးကြီး V.S. Grewal နှင့် လျှို့ဝှက် သဘောတူညီ ထားချက်အရ လာရောက်ခဲ့ခြင်းဖြစ်သော်လည်း လက်တွေ့တွင်မူ အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့နှင့် မြန်မာ စစ်အစိုးရတို့ ပူးပေါင်းအကွက်ချ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဆိုသည့်အကြောင်း၊ အိန္ဒိယ အစိုးရက စွပ်စွဲသည့် အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို လက်နက်များ ထောက်ပံ့မည့် လက်နက်ကိုင် သူပုန်များ မဟုတ်ကြောင်းတို့ကို အစဉ်တစိုက် ထွက်ဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့တွင် အိန္ဒိယ အစိုးရက အဆိုပါ ရခိုင်နှင့်ကရင် တိုင်းရင်းသား ၃၄ ဦးတို့ကို လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှု၊ ဖောက်ခွဲမှု အက်ဥပဒေ၊ တရားမ၀င် နိုင်ငံခြားသား အက်ဥပဒေတို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်နှင့် ၃ လ စီနှင့် ငွေဒဏ် ရူပီး ၆၀၀၀ စီ အသီးသီး ချမှတ်ခဲ့သည်။
 
သတင်းရင်းမြစ် ဧရာဝတီ

No comments:

Post a Comment