Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Sunday, November 11, 2012

ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး

Photo From :Eleven Media Group
မန္တလေးစွယ်တော်မြတ်စေတီ စိန်ဖူးတော်မြေခ 

ယနေ့လှုပ်ခတ်ခဲ့သော မြေငလျှင်ဒဏ်ကြောင့် မန္တလေးမြို့ရှိစွယ်တော်မြတ်စေတီတော်၏စိန်ဖူးတော်မြေခခဲ့ကြောင်းသတင်းရရှိပါသည်။ —

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တစ်ခု ယနေ့နံနက် ၇နာရီ ၄၂မိနစ် ၃၇စက္ကန့် လှုပ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၆ဦး ရှိခဲ့သည်။
ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ဦး တွင်းထဲတွင် ပိတ်မိလျှက်ရှိနေသည်။
သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့ ကျည်တောက်ပေါက် စားသောက်ဆိုင်တွင် သေဆုံးသူ ၂ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံ ကျေးရွာတွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့်သေဆုံးသူ ၁ဦး စုစုပေါင်း ၆ဦး သေဆုံး ခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
မြေငလျှင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။
 
Copy from - The Irrawaddy (Burmese Version)

No comments:

Post a Comment