၎ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနား ကျင်းပပြုလုပ်... (တိုကျို)
ရွှေဝါရောင် တော်လှန်ရေး (၄) နှစ်မြောက် နှစ်ပတ်လည် ဘာသာပေါင်းစုံ ဝတ်ပြု 
ဆုတောင်းပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for 
Democracy in Burma (NDB)မှ ဦးစီးကျင်းပ၍ တိုကျို  Shinagawa အရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ် ခဲ့ကြပါသည်။ 
ဆုတောင်း မေတ္တာပို့သသည့် အခမ်းအနားတွင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၌ 
ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများတို့ကို ဘာသာ ပေါင်းစုံဖြစ် 
ဆုတောင်းမေတ္တာ ပို့သခြင်း ပြုလုပ် ပြီးသည့်နောက် IBMO(Japan-Branch) 
တာဝန်ခံ ဆရာတော် ဦးဓမ္မဇောတိမှ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ 
အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် (၄)နှစ်မြောက် ရွှေဝါရောင် ကြေငြာချက်အား 
ဖတ်ကြားသွား ပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် 
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ၂၀၀ 
ကျော်ခန့် တက်ရောက် ခဲ့ကြပြီး ရွှေဝါရောင် တော်လှန်ရေးတွင် မတရား ဖမ်းဆီး 
ခံထားရသော သံဃာတော်များနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရန်နှင့် 
တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ချက်ခြင်း 
ရပ်ဆိုင်းပေးရန် တိုက်တွန်း တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။ 
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu










No comments:
Post a Comment