Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Monday, September 12, 2011

(၆၈)နှစ်ပြည့်မြောက် ဦးခွန်ထွန်းဦး၏ မွေးနေ့အလှူ တိုကျိုတွင် ကျင်းပပြုလုပ်။



၂၀၁၁ ခုနှစ် စက်တင်ဘာလ(၁၁)ရက်။

ယနေ့ ကျရောက်သည့် တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ (၆၈)နှစ်ပြည့်မြောက် မွေးနေ့အတွက် သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SSND-Japan နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SND-Japan တို့မှဦးစီး၍ှ SUGAMO အရပ်ရှိ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (ဂျပန်-ဌာနခွဲ)ဘုန်းကြီးကျောင်း၌ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲမှာ ကျမ္မာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်ရန်အတွက် သံဃာတော်များ ဆွမ်းကပ် လှူဒန်းခြင်း ကောင်းမှုကုသိုလ် အလှူဒါနပြခြင်း အစီအစဉ်ကိုပါ နံနက်(၁၀)နာရီမှ နေ့လည် (၁၄း၀၀)နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ ရရှိရေးအတွက် ဦးခွန်ထွန်းဦး၏ တိုင်းပြည်အပေါ် စွန့်လွတ် အနစ်နာမှုတွေကို လေးစားသေားအားဖြစ် ဦးခွန်ထွန်းဦး၏ မွေးနေ့၌ ကျမ္မာစေကြောင်းနှင့် အမြန်ဆုံး လွတ်မြောက်ရန်အတွက် ကောင်းမှု ကုသိုလ်ပြုပေးခဲ့ကြပြီး တက်ရောက်ခဲ့ကြသည့် ဧည့်ပရိတ်သတ်များတို့ကို သျှမ်းခေါက်ဆွဲဖြစ် ပြန်လည် ဧည့်ခံ ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo

No comments:

Post a Comment