NDB-Japan ၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်။ 
မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)Network for Democracy in Burma 
(NDB)-Japan၏ ဂျပန်နိုင်ငံတွင် မြန်မာ့ ဒီမိုကရေစီရေး အတွက်လှုပ်ရှား 
ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba
 အရပ်ရှိ AUN-Japan ရုံးခန်း မှာ စက်တင်ဘာလ (၁၁)ရက် နံနက်မှာ ကျင်းပ 
ပြုလုပ်ခဲ့ကြပြီး 
လာမည့် စက်တင်ဘာလ (၁၈)ရက်နေ့ စစ်အာဏာသိမ်းသည့်နေ့၌ တိုကျိုမြို့ရှိ 
မြန်မာစစ်အခွန်ရုံးရှေ့ ဆန္ဒပြပွဲ အစီအစဉ်များ ၊ စက်တင်ဘာ (၁၉)ရက်နေ့ 
ဧရာဝတီကိုကာကွယ်ကြ ဆိုင်းကောက်ခံပွဲနုင့် ဟောပြောပွဲ အစီအစဉ်များ၊ 
 စက်တင်ဘာလ (၂၆) MOFAရှေ့ ဆန္ဒပြပွဲနှင့်  စက်တင်ဘာ(၂၇ ) ရက်နေ့ ၄ 
နှစ်မြောက် ရွှေဝေါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား 
အခွန်ရုံးရှေ့ ကျင်းပ ပြုလုပ် သွားကြမည့် အသေးစိတ် အစီအစဉ်များ 
တာဝန်ခွဲဝေမှုများတို့ကို  ဆွေးနွေးညှိနှိုင်း ခဲ့ကြပါသည်။ 
သတင်းမှတ်တမ်း ။ Mai Kyaw Oo










No comments:
Post a Comment