ယမန်နေ့ (၁၉-၉-၂၀၁၁) မနက်ပိုင်းက ရန်ကုန်မြို့၊
 ပြည်ထောင်စုရိပ်သာလမ်း (ယခင် ဟယ်ပင်လမ်း) အတွင်း တရုတ် သံရုံးရှေ့မှာ 
“ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်း” ကို ကန့်ကွက် ဆန္ဒပြမယ်လို့  သတင်းရရှိလို့ 
သွားခဲ့ပါတယ်။
ပြည်ထောင်စုရိပ်သာလမ်းအတွင်းမှာ လုံထိန်းတွေ ကြိုတင်နေရာယူထားတာကို 
တွေ့ရှိပါတယ်။ လုံထိန်းအင်အား (၁၀၀) ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ 
ပြည်လမ်းဘက်မှ ပြည်ထောင်စုရိပ်သာလမ်း အတွင်းချိုး အ၀င်စပ်မှာ လုံထိန်းကား 
(၂) စီး ချထားပါတယ်။ သံရုံးရှေ့မှာ လုံထိန်းကား (၁) စီး နေရာယူတာပြီး 
ဗဟိုလမ်းဆီ အထွက်နားမှာ လုံထိန်းကား (၁) စီး ချထားပါတယ်။
သံရုံးရှေ့နဲ့ မျက်နှာဆိုင်ရှိ ကလေးဆေးရုံဝန်းရှေ့မှာလဲ လုံထိန်းတွေ 
နေရာယူထားပါတယ်။ ဒီသတင်းကို တရုတ်သံရုံးက လဲ ရရှိထားတာမို့ ၀န်ထမ်းတွေကို 
အပြင်ထွက်ခွင့်မပေးပါဘူး။ သတင်းထောက်တချို့ ရောက်ရှိလာတဲ့အပြင် အခြားစိတ် 
ဝင်စားသူ အားပေးသူ အချို့လဲ ရောက်လာပါတယ်။
ဒါပေမယ့် မွန်းလည်တိုင်အောင် ဆန္ဒပြမှု မဖြစ်လာတဲ့အတွက် 
ပြန်သွားခဲ့ကြပါတယ်။ ဒီလမ်းဟာ သံရုံးဗီဇာဝင်သူနဲ့ က လေးဆေးရုံလာသူတွေသာ 
ရှိတာမို့  သာမန်အားဖြင့် လူရှင်းတဲ့ လမ်းပါ။ သို့သော် သံရုံးနဲ့ 
လုံထိန်းတော့ ထိတ်ထိတ် ပြာ ပြာ ဖြစ်သွားတာမို့ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ် 
ပြောရပါမယ်။
copy rights_http://www.naytthit.net/?p=19784














No comments:
Post a Comment