မြဝတီ ကော့ကရိတ် ကားလမ်းပေါ်က နေရာသုံးခုမှာ တိုက်ပွဲဖြစ်ပွား
ကရင်ပြည်နယ် မြဝတီမြို့နဲ့ ကော့ကရိတ် အဝေးပြေး ကားလမ်းပေါ်က ကြံ့ဖွံ့အစိုးရ 
စစ်တပ် စစ်ကြောင်း တွေရှိတဲ့ အောက်ဗိုလ်တဲ သစ်ခြောက်ပင် နဲ့ ရန်ကုတ် 
နေရာသုံးခုမှာ စက်တင်ဘာ ၇ ရက်နေ့ နေ့လည် တနာရီ လောက်က DKBA ဗိုလ်မှူး 
ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့နဲ့ ဗိုလ်ချမူကြေး ဦးဆောင်တဲ့ တပ်ဖွဲ့တွေ 
ပူးပေါင်းပြီး ၎င်းနေရာ သုံးခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ထိခိုက် ကျဆုံးမှု တွေကိုတော့ မသိရှိရသေးပါ။ DKBA ဗိုလ်မှူးကျော်သက် နဲ့ 
ပူးပေါင်း တိုက်ပွဲဝင်တဲ့ ဗိုလ်ချမူကြေး ဟာ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း
 ၁၀၂၂ မှ ကြံ့ဖွံ့ အစိုးရကို တော်လှန် တိုက်ပွဲ ဝင်နေတဲ့ DKBA တပ်ဖွဲ့ 
တွေဆီကို မကြာ သေးခင်က လာရောက် ပူးပေါင်း တိုက်ပွဲဝင်သူ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ကလည်း ဘားအံမြို့က ကရင်ပြည်နယ် ဒီမိုကရေစီနှင့် 
ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) က DKBA ဆိုတာ မရှိတော့ဘူး ဆိုတဲ့  
ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။
Copy from - naytthit.net











No comments:
Post a Comment