မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
ဆောင်းပါး
ဆက်သွယ်ရန်
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Tuesday, September 27, 2011
တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်။
ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီး၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့သို့ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သည် စစ်မှန်သည့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ မရှိသေးသည့်အပေါ် ဂျပန်အစိုးရအနေဖြစ် သတိပြုမိဖို့၊ ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီးခံနေကြရသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ဆက်ဖြစ်ပွါး နေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် လက်ရှိ မြန်မာအစိုးရသစ်အား ODA နှင့်ပါတ်သည့် အကူအညီ ပေးအပ်မှုအပေါ် ပြန်လည် သုံးသပ်ပေးရန် နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်းစစ် ရပ်ဆဲပြီး အားလုံးပါဝင်နိုင်သည့် တွေဆုံဆွေးရေး ဖြစ်ပေါ်လာဖို့အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲ စေချင်တယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသံ ဆန္ဒကို လေးစား နားထောင်ပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသွား ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်း ဓါတ်ပုံ။ Moe Min Thu
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
No comments:
Post a Comment