မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
ဆောင်းပါး
ဆက်သွယ်ရန်
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Monday, September 12, 2011
ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် (၇၂)နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့ အခန်းအနားကျင်းပ
၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၁)ရက်။
ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင်
(၇၂)နှစ်မြောက်ဆရာတော် ဦးဥတ္တမနေ့
အခန်းအနားကို
၁၁.၉.၂၀၁၁
(တနင်္ဂင်္နွေနေ့)
ညနေ(၅)နာရီခွဲမှ(၉)နာရီခွဲထိ
Ikebukuro
Kumi
Center
4F
၌
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
(ပြည်ပ-ဂျပန်)မှ
ဦးဆောင်ကျင်းပခဲ့သည်။
အခန်းအနားတွင် သဘာပတိအဖြစ်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)
ဥက္ကဌ
ဦးလှအေးမောင်၊
နှင့်
ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင်မှ
ဆောင်ရွက်ပြီး၊
အခန်းအနားမှူးအဖြစ်
အထွေထွေ အတွင်းရေးမှူး
ကိုကျော်သန်း
လှိုင်နှင့်
တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)
ကိုမောင်မောင်မျိုးလှိုင်မှ
ဆောင်ရွက်ခဲ့သည်။
အခန်းအနားကို
ဆရာတော်ဦးဥတ္တမအား
မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက်
(၁)မိနှစ်ခန့်ငြိမ်သက်
ဆုတောင်း မိတ္တာပို့ကာဖွင်လှစ်ခဲ့ပြီး၊
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)အဖွဲ့ဝင်များက
လွမ်းသူပန်းခွေချခဲ့သည်။
ထို့နောက်သဘာပတိ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)
ဥက္ကဌ
ဦးလှအေးမောင်က
အခန်းအနား အဖွင့်အမှာစ
ကားပြောကြားခဲ့ပြီး၊
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)
နာယက
ဦးဇော်မင်းခိုင်မှ
ဆရာတော်၏ နိုင်ငံရေးအမြင်
ကြီးမားပုံကို
ဂုဏ်ပြု ပြောကြားခဲ့သည်။
ကိုမင်းထက်ဇော်မှ
ဆရာတော်သည် ကိုလိုခောတ်တွင်
သာမန်ပုလိတ်ကို မြန်မာများက
ဆရာလို့
ခေါ်ဆို နေရစဉ်မှာ
အင်္ဂလိပ် ဘုရင်ခံဂရက်ဒေါက်ကို
ဂရက်ဒေါက် မင်းမြန်မာနိုင်ငံမှ ထွက်သွားဟု
စာရေးသားကာ ပေးပို့
လိုက်ခြင်းသည်
မီးခဲပြာဖုံးဖြစ်နေသော မြန်မာလူမျိုးတို့ အမျိုးသားရေး စိတ်ဓါတ်ကို
ထွန်းလင်းစေခဲ့သည်။
အန္ဒိယနိုင်ငံ
ထက်
နိုင်ငံရေး နိုးကြားမှု နှစ်များစွာ နောက်ကျနေသော
မြန်မာနိုင်ငံသည် လွတ်လတ်ရေး ရသောအခါ
အန္ဒိယထက်
(၁)နှစ်ခန့်သာနောက်ကျပြီး
လွတ်လပ်ရေး ရရှိခြင်းမှာ
ဆရာတော်ဦးဥတ္တမ၏
အမျိုးသားရေး ဦးဆောင် လှုပ်ရှားမှုအ
တွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)
ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင်မှ
မိမိကိုယ်
တိုင်
ဆရာတော်အား ရေးသား ဂုဏ်ပြုထားသော
အာရှနေဝန်းကဗျာကို
ရွတ်ဖတ် ပူဇော်ခဲ့သည်။
ထိုနောက် ဂျပန်သတင်းစာဆရာကြီး
Mr.
Tanabe (ခ) ဆရာဦးရွှေဘ၊ မြန်မာအရေး ပူးပေါင်းဆောင်
ရွက်သူများအဖွဲ့(Burma
Partmer
Ship)တာဝန်ခံ
ဒေါ်ခင်ဥမ္မာနှင့်
ဂျပန်နိုင်ငံတွင်
မြန်မာဒီမိုကရေစီအရေး လှုပ်ရှားနေ
သော
အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများက
ဆရာတော်၏ မြန်မာလွတ်လပ်ရေးအတွက်
ကြိုးပမ်း ဆောင်ရွက်ပုံများ
ကို
ဂုဏ်ပြု ပြောကြားကာ
အခန်းအနားကို ညနေ(၉)နာရီခွဲတွင်
ရှုပ်သိမ်းလိုက်သည်။
အခန်းအနားသို့
လူ(၈၀)
ကျော်ခန့်တက်ရောက်ကြောင်း သတင်းရရှိပါသည်။
သတင်းမှတ်တမ်း ။ Kyaw Than Hlaing
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
No comments:
Post a Comment