Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, September 17, 2011

ပျောက်နေသည့် မန်းငြိမ်းမောင်အတွက် မိသားစု စိုးရိမ်


နှစ်လကျော် ပျောက်ဆုံးနေသော ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင်အတွက် မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်နေကြသည်။ ယခုအခါ ပဒိုမန်းငြိမ်းမောင်သည် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။  
အင်းစိန်ထောင်ဝန်ထမ်းတို့နှင့်နီးစပ်သူတဦးအပါအ၀င် KNU ထောက်လှမ်းရေး၊ သတင်းရပ်ကွက်များ၏ ပြောပြချက်အရ မန်းငြိမ်းမောင်သည် အင်းစိန်ထောင် သီးသန့်အခန်းတခုတွင် ရှိနေပြီး ထောင်ဝင်စာ တွေ့ဆုံခွင့် မရကြောင်း သိရသည်။

မန်းငြိမ်းမောင်အတွက် ပြည်ပတွင် နေထိုင်သည့် သမီးဖြစ်သူက စိတ်ပူနေကြောင်း မန်းငြိမ်းမောင်၏ မိတ်ဆွေတဦးဖြစ်သူ မောင်ကျော်မန်းက ပြောသည်။

“သူ့သမီးကလည်း အမေရိကန်ကနေ ကျနော့်ကို ဖုန်းဆက်လာတယ်။ သူ့အဖေ အဖမ်းခံရတဲ့အကြောင်း ရေးထားတဲ့ အင်တာနက်သတင်းတွေ မှန်လား၊ သေချာလား သူသိချင်တယ် တဲ့။ သူ့အဖေက လက်နက်ကိုင်သမား မဟုတ်ဘူး။ နိုင်ငံရေးသမား ဖြစ်တယ်။ သူ့ကို တကယ်လို့ ဖမ်းမိရင်တောင်မှ မသတ်ဖို့ ပြောချင်တယ်” ဟု မောင်ကျော်မန်းက ပြောသည်။

အမေရိကန်ရှိ လူ့အခွင့်အရေး အဖွဲ့များ နှင့် အမေရိကန်အစိုးရထံသို့လည်း သူ့ဖခင် လွတ်မြောက်ရေးအတွက် ကူညီကြရန် စာရေးသား ပေးပို့ထားကြောင်း မောင်ကျော်မန်းက ပြောသည်။

တချိန်က ကိုကိုးကျွန်းအကျဉ်းစခန်းမှ မိုင်ရာချီ ဝေးကွာသည့် မြန်မာ့ကမ်းရိုးတမ်းသို့  ပင်လယ်ကို ဖြတ်ပြီး  ထွက်ပြင်းလွတ်မြောက်မှုကြောင့် နာမည်ကြီးခဲ့သော မန်းငြိမ်းမောင်သည် တရုတ်ပြည် ကူမင်းလေဆိပ်တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ပျောက်ဆုံးခဲ့သည်။ 

ကချင်လွပ်လပ်ရေးတပ်မတော် သတင်းရပ်ကွက်များ နှင့် တရုတ်မြန်မာနယ်စပ်မှလာသော သတင်းအရ  ယူနန်ပြည်နယ်မြို့တော် ကူမင်းရှိ အာဏာပိုင်များက မန်းငြိမ်းမောင်ကို မြန်မာပြည်သို့သွားသည့် လေယာဉ်တစီးဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

သို့သော်လည်း တရုတ်ထောက်လှမ်းရေးနှင့် နီးစပ်သူတဦးကမူ မန်းငြိမ်းမောင်သည် လုံခြုံသည့် တရုတ်မြန်မာနယ်စပ် တနေရာတွင် နေထိုင်နေကြောင်း၊၀ ပြည် သွေးစည်းညီညွှတ်ရေးပါတီ၏ ထိန်းချုပ်နယ်မြေတနေရာတွင် ခုံလှုံနေကြောင်း ပြောသည်။

ဝ ပြည် သွေးစည်းညီညွှတ်ရေးပါတီမှ ဦးအောင်မြင့်က မန်းငြိမ်းမောင်သည် ၎င်းတို့၏ နယ်မြေတွင် ရှိမရှိ မသိရကြောင်း ဧရာဝတီကို ပြောသည်။

မန်းငြိမ်းမောင်ကို ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သတင်းထွက်ပေါ်နေသည်မှာ ရက်အတာကြာပြီ ဖြစ်သော်လည်း မြန်မာအစိုးရက တစုံတရာ တုံ့ပြန်ခြင်း မရှိပေ။

မန်းငြိမ်းမောင်သည် ဇူလိုင်လနှောင်းပိုင်းက တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့် မပြုဘဲ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်းငြိမ်းမောင်သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်း ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင်လည်း ဗဟိုကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

ပြီးခဲ့သည့် ဇွန်လက အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ မန်းငြိမ်းမောင် သွားရောက် လေ့လာခဲ့ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။ သို့သော် တရုတ်ပြည်ခရီးစဉ်နှင့်ပတ်သက်၍ KNU နှင့် UNFC ကို အသိပေး ပြောဆိုမှု မရှိကြောင်း သိရသည်။   

မန်းငြိမ်းမောင်သည်  ၁၉၆၀ ၀န်းကျင်က မြေအောက် လှုပ်ရှားမှုကြောင့် အဖမ်းခံရပြီး မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရကာ ပြင်းထန်စွာ နှိပ်စက်ခံရဖူးသည်။ ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကျွန်းပေါ်ရှိ နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့သည်။

ကိုကိုးကျွန်းမှနေ၍ မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ အောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သည်။ သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံအာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ကိုကိုးကျွန်းမှ နှိပ်စက်ညင်းပန်းမှုများနှင့် သူ၏ ထွက်ပြေး လွတ်မြောက်ရေး ကြိုးပမ်းမှု အတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ရေးသား ထုတ်ဝေသည့် “မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ” အမည်ရှိ စာအုပ်တွင် ရေးသားထားသည်။
 
copy rights_http://www.irrawaddy.org/bur/index.php/news/7351-2011-09-16-11-13-33

No comments:

Post a Comment