မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
ဆောင်းပါး
ဆက်သွယ်ရန်
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Monday, September 5, 2011
ကရင်အမျိုးသား အစည်းအရုံး (ဂျပန်) လပတ်အစည်းအဝေး
၂၀၁၁- စက်တင်္ဘာ-လ ၄ ရက်
ကရင်အမျိုးသား အစည်းအရုံး (ဂျပန်) လပတ်အစည်းအ၀း ကို တခါဒါနိုဘာဘာ AUN (Japan) Office တွင် နေ့  လည် ၂ နာရီ မှ ညနေ ၅း၀၀ နာရီ အထိ အဖွဲ့ သူ၊ အဖွဲ့ သား စုံညီစွာ ဖြင့် ကျင်ပပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် အဖွဲ့ တာဝန်ရှိသူများ မှ တဦးချင်း ရှေဆက်လုပ်ဆောင် မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီးနောက် ၊ ဧည့်သည်တော်များမှ မိမိတို့ ရဲ့ အမြင်များကို ပူးပေါင်းပါဝင် ဆွေးနွေးတင်ပြ ခဲ့ကြပါသည်။
ယခု အချိန်ကာလသည် တင်းမာ သည့် ကာလဖြစ်သည့် အလျောက် နယ်စပ်တွင် တိုက်ပွဲ ဖြစ်လာ နိုင်မည့် အရိပ်လက္ခဏာ ကြိုတင်ပြသနေပြီ ဖြစ်တာကြောင့် စည်လုံးညီညွတ်မှုသည် ကရင်တမျိုးသားလုံ ၏ ရန်သူဖြစ်သော ဗမာ စစ်အာဏာရှင် အစိုးရ ကို နိုင်ငံ တကာရောက် ကရင်လူမျိုး များနှင့် အဖွဲ့ အစည်းများ လက်တွဲ ပူးပေါင်းဆန့် ကျင်သွားရေး တိုကို အကျယ် တပွင့် ဆွေးနွေး တင်ပြသွားကြသည်။
ထို့ နောက် ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို သေဆုံး ပျောက်ကွယ် မသွားဖို့ ရန် အတွက်
ဧရာဝတီ
မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်း
ကြီးကို ရပ်တန့်ဖို့ လက်မှတ်ထိုး တောင်းဆိုမှုကိုပါ တက်ရောက် လာသော အဖွဲ့ သူ ၊အဖွဲ့ သားများမှ လက်မှတ်ထိုးတောင်းဆို ခဲ့ကြသည်။
သတင်းမှတ်တမ်း ဓါတ်ပုံ ။ ။ Moe Min Thu
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
No comments:
Post a Comment