မြန်မာနိုင်ငံ သတင်းစာ လွတ်လပ်ခွင့်နဲ့ မတန်သေးကြောင်း ပြန်ကြားရေး ၀န်ကြီး ချေပ
2011-09-08
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးမယ်ဆိုရင် 
နိုင်ငံနဲ့ပြည်သူ အကျိုးထက် အပြစ်က ပိုများလာမှာ ဖြစ်တယ်လို့ မြန်မာ အစိုးရ
 ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက ပြောကြားလိုက် ပါတယ်။ 
     
ယခင် စစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်းကြီး 
တာဝန် ထမ်းဆောင်ခဲ့သလို လက်ရှိ ဦးသိန်းစိန် အစိုးရတွင်လည်း အစိုးရ 
ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် တာဝန်ကို ဆက်လက် 
ထမ်းဆောင် နေသည့် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း ဖြစ်ပါသည်။ 
    
    
    
မနေ့က နေပြည်တော် ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးတာတွေကို ဒီကနေ့ မြန်မာ 
အစိုးရ သတင်းစာတွေမှာ ဖော်ပြထားရာမှာ ဦးကျော်ဆန်းက အခုလို ပြောကြားလိုက်တာ
 ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သတင်း မီဒီယာ လွတ်လပ်ခွင့်ပေးဖို့ အဆိုကို ပြည်သူ့ 
လွှတ်တော်မှာ မနေ့က ကြားနာ ဆွေးနွေးရာမှာ သတင်းစာ လွတ်လပ်ခွင့် ပေးဖို့ 
အချိန်မတန်သေးတဲ့ အကြောင်း၊ သတင်း မီဒီယာသမား တွေဟာ ထင်မြင် ယူဆချက်တွေကို 
အထိန်းအကွပ် မရှိဘဲ စီးဆင်းနေတဲ့ ရေစီးကြောင်းတွေလို ခိုင်းနှိုင်းပြီး 
ဦးကျော်ဆန်းက ချေပထားပါတယ်။
ဒီအဆိုကို တင်သွင်းခဲ့တဲ့ ရန်ကုန်သင်္ကန်းကျွန်း မြို့တော် ပြည်သူ့ လွှတ်တော် 
ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီလို ဖြေကြားတာဟာ မြန်မာနိုင်ငံက လက်မှတ်ထိုး
 အတည်ပြုထားတဲ့ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာ စာတမ်းကို 
မသိရှိတာကို ပြသလိုက်တာ ဖြစ်ပြီး၊ အတိတ်က အယူအဆဟောင်းတွေ ကနေ 
မပြောင်းလဲနိုင်တာကို ပြသလိုက်တာလည်း ဖြစ်တယ်လို့ ဒီကနေ့ RFA ကို 
ပြောပါတယ်။
ပြန်ကြားရေး ၀န်ကြီးရဲ့ ချေပချက်မှာ မြန်မာနိုင်ငံမှာ စာပေ စိစစ်ရေး 
အဖွဲ့ရဲ့ ကဏ္ဍဟာ ဆက်ပြီး ရှိနေဆဲ ဖြစ်သလို စာပေ စိစစ်ရေးဟာ စာပေသမားတွေနဲ့ 
နိုင်ငံပြည်သူ့ အကျိုးကို ထမ်းဆောင်နေတယ် လို့လည်း ဆိုပါတယ်။ 
copy rights_http://www.rfa.org/burmese/news/media-09082011110652.html 










No comments:
Post a Comment