Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, September 14, 2011

မြစ်ဆုံေ ရကာတာကိစ္စ ပြည်သူ့ သဘောထား လက်ခံ စဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဧရာဝတီမြစ် အရှေ့နဲ့ အနောက်ကို ကူးလူးသွားလာ ကုန်ကူးသန်း ရောင်းဝယ်နေသူတွေကို တွေ့ရစဉ်။
RFA -
2011-09-12
အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံ ရေကာတာကို ဆက်လက် တည်ဆောက်သွားမယ်လို့ ပြောဆို လိုက်တာနဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ သဘောထားကို အစိုးရ အနေနဲ့ လက်ခံစဉ်းစား ညှိုနှိုင်း ဆောင်ရွက် သင့်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါတယ်။
ဧရာဝတီမြစ် အရှေ့နဲ့ အနောက်ကို ကူးလူးသွားလာ ကုန်ကူးသန်း ရောင်းဝယ်နေသူတွေကို တွေ့ရစဉ်။
မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။
ဧရာဝတီ မြစ်ဆုံရေကာတာ ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အစိုးရထံကို ပန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ အဲဒီ ပန်ကြားချက်မှာ သတင်းစာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တွေ အပါအ၀င် အများပြည်သူတွေကလည်း ၀ိုင်းဝန်း လက်မှတ် ရေးထိုးနေကြကြောင်း၊ ဒီလက်မှတ်တွေကို စုစည်းပြီး ဖြန့်ဝေဖို့ အစီအစဉ် ရှိကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။

စက်တင်ဘာလ (၁၀) ရက်နေ့က နေပြည်တော် မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ် ကာကွယ်ရေး လှုပ်ရှားသူတွေကို ဧရာဝတီ ရောဂါသည်များ၊ ဧရာဝတီ ရောဂါနဲ့ အမီလိုက်နေသူများလို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့အလင်း သတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦး၊ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နံမည်ဝှက်တွေနဲ့ မြစ်ဆုံဆည် တည်ဆောက်ရေးရဲ့ ကောင်းကျိုးတွေ အကြောင်း ဆောင်းပါးရေးသူဟာ သူကိုယ်တိုင်ပါပဲလို့လည်း ၀န်ကြီး ဦးဇော်မင်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Copy from - rfa.org/

No comments:

Post a Comment