Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, September 10, 2011

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၁ ခုနှစ် စက်တင်ဘာလ (၉)ရက်။

ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (AUN-Japan)မှ ဦးစီး၍ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များတို့ကို နှစ်ရှည်ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီး ထားခဲ့သည်မှာ ယနေ့ဆိုလျှင် ( ၆ နှစ် ၇ လ)ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ စစ်အာဏာရှင်မှ အသွင်ပြောင်းလာသည့် ဟန်ပြ အစိုးရတရပ် ကြံ့ဖွတ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင်လဲ ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီးခံနေကြရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လည် လွတ်ပေးခြင်း မရှိဘဲ ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ပါသည်။

ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်စေရန် နှင့် တိုင်းရင်းသားဒေသ ထိုးစစ်ဆင် တိုက်ခိုက်နေမှု ချက်ခြင်းရပ်ဆိုင်းပြီး စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပြုလုပ်ရန်အတွက် က ဖေါ်ဆောင်ရန် အတွက် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးတို့မှ တိုက်တွန်း တောင်းဆို သွားခဲ့ကြပါသည်။ ယနေ့ ဆန္ဒပြ အခမ်းအနားသို့ ဒီမိုကရေစီအင်အားစု ၁၀၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ ။ Mai kyaw Oo

No comments:

Post a Comment