Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Sunday, September 11, 2011


Burma Partnership တာဝန်ခံ ဒေါ်ခင်ဥမ္မာနှင့် AUN-Japan တွေ့ဆုံခြင်း



ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့ (Burma Partnership)တာဝန်ခံ  ဒေါ်ခင်ဥမ္မာနှင့် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN-Japan နှင့် တွေ့ဆုံသည့် အစီအစဉ်ကို Takadanobaba ရှိ AUN ရုံးခန်း၌ ယနေ့ နေ့လည်တွင် ပြုလုပ်ခဲ့ကြပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအလွန် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံရေး အခြေအနေများကို အပြန်အလှန် သုံးသပ် ဆွေးနွေးကြပြီး ဂျပန်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ သွားရောက်တိုက်တွန်း ပြောကြားချက်ကိုလည်း ရှင်းလင်း ပြောကြားသွာပါသည်။ မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိသည့်အထိ ဟန်ချက်ညီညီ လှုပ်ရှားသွားရန် ဆွေးနွေးခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်း ဓါတ်ပုံ။ Moe Min Thu

No comments:

Post a Comment