SSA မြောက်ပိုင်း နယ်မြေထဲ အစိုးရစစ်ကြောင်း အလုံးအရင်းနဲ့ ၀င်ရောက်လှုပ်ရှား
2012-05-04
အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်း တပ်မတော် အခြေစိုက် နယ်မြေထဲကို အစိုးရ စစ်ကြောင်းတွေ အလုံးအရင်းနဲ့ ၀င်ရောက် လှုပ်ရှားလာတဲ့အတွက် ထိပ်တိုက် ရင်ဆိုင် တွေ့လာရင် ပြန်လည် ခုခံသွားမယ်လို့ SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။
အစိုးရတပ်တွေ ထပ်မံ ၀င်ရောက်လာတဲ့ နေရာတွေဟာ အရင်က ပိုက်လိုင်းဖြတ်မယ့် အစီအစဉ်ကြောင့် SSA မြောက်ပိုင်း တပ်တွေကို ရုပ်သိမ်းပေးခဲ့တဲ့ နယ်မြေတွေဖြစ်ကြောင်း၊ ဒါပေမယ့် ၂၀၁၀ နှစ်လယ်ပိုင်းမှာ ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့
SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ဗဟိုဌာနခ
အစိုးရဘက်က တပ်အင်အားဖြည့်ဆည်းမှုနဲ့ လှုပ်ရှားစစ်ကြောင်းတွေ SSA မြောက်ပိုင်းနယ်မြေအတွင်း ထပ်မံ ၀င်ရောက်လာတာတွေကို အသိပေး အကြောင်းမကြားတဲ့အတွက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာရင် ခုခံသွားမယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
"အကြောင်းကြားတာ မရှိပါဘူးခင်ဗျ။ သူတို့ လေသံကတော့ အဲဒီ လူထုတွေဆီ ပြောထားတာတော့ အဲဒီဘက်တွေမှာ ငြိမ်းချမ်းရေးတပ်ဆိုတာ မရှိဘူးလို့တော့ ပြောတာပဲ။ သူတို့ သဘောက အသိအမှတ်မပြုတဲ့ သဘောမျိုးပေါ့။ တိုက်ပွဲတော့ မဖြစ်သေးဘူးခင်ဗျ။ သူတို့လာရင်လည်း ကျွန်တော်တို့က ရှောင်လို့ မရရင်လည်း ကျွန်တော်တို့တော့ ကာကွယ်ရမယ်လေ"
SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့ဟာ ဇန်န၀ါရီလ ၂၈ ရက်နေ့က တောင်ကြီးမြို့မှာ အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၅ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
No comments:
Post a Comment