Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Sunday, May 20, 2012


အစိုးရ စစ်တပ်မှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရိုက်နှက် နှိပ်စက်မှုကြောင့် စိတ်ဝေဒနာ ခံစားသွားခဲ့ရတဲ့ ကချင်လူမျိုးစု လီဆူး အမျိုးသမီးတဦး..

ဒေါ်ဂွာမလေး
အစိုးရ စစ်တပ်မှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရိုက်နှက် နှိပ်စက်မှုကြောင့် စိတ်ဝေဒနာ ခံစားသွားခဲ့ရတဲ့ ကချင်လူမျိုးစု လီဆူး အမျိုးသမီးတဦး..
၂၀၁၂ခုနှစ် မေလ (၁)ရက်နေ့တွင် ချီဖွေမြို့နယ်၊ လုပီရွာမှ လီဆူအမျိုးသမီး ဒေါ်ဂွာမလေး၊ အသက်(၄၈)နှစ်၊ ကလေး(၁၂)ယောက်၏ မိခင်အား အစိုးရစစ်သားများမှ ဘုရားကျောင်း အနောက်ဘက်တွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိပြီး စုပေါင်း အဓမ္မပြုကျင့်ခဲ့ကြပါသည်။ သူမနှင့် အတူဖမ်းဆီးမိ၍ ပေါင်နှင့်ပါးပြင်တွင် ဓားမြောင်ဖြင့် ထိုးဖောက်ခံခဲ့ရသူ ဦးရိုးတဂွေးဆိုသူက ဒီလို ပြောပြရှာပါတယ်။“ကျနော်တွေ့ ခဲ့တာကတော့ ဒေါ်ဂွာမလေးကို စစ်သား(၁၀)ယောက် လောက်က ၀ိုင်း ထားပြီး သူမခန္ဓာကိုယ်မှာ နေရာမရွေး တယောက်ချင်းစီ၊ ကိုယ်ကြိုက်တဲ့နေရာမှာ ဒုတ်နဲ့ ရိုက်သူကရိုက်၊ သေနတ်နဲ့ ထုသူကထု၊ ဓားမြောင်နဲ့ ထိုးသူကထိုး၊ ခေါင်းမှာသေနတ်ဒင်နဲ့ ရိုက်သူကရိုက် လုပ်နေကြတာကို ကျနော့ကို ချည်ထားတဲ့ မလှမ်းမကမ်း နေရာကနေနေရတာပါ။ သူမ အော်ငိုတော့ ထပ်ရိုက်ကြတယ်။
သူမလဲကျသွားတော့ ဓားမြှောင်သေးသေးလဲနဲ့ ထပ်ထိုးကြတယ်။ နောက်တော့ အ၀တ်အစား အကုန်ချွတ်ပေး လိုက်တာတွေ့ တယ်။ စစ်သားတွေက သူမကိုဝိုင်းရံထား ပြီး တချို့ ကထိုင်လိုက် ထလိုက်နဲ့ ရှုပ်နေကြတယ်။ အဓမ္မပြုကျင့်ကြတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆက်ဆံနေတာ ကျနော် ကွင်းကွင်းကွက်ကွက် မမြင်ရပေမဲ့ ဒေါ်ဂွာမလေးက တအားအော် ဟစ်ငိုယိုရှာပါတယ်။ အ၀တ်အစား အကုန်ချွတ်ပေးပြီး ယောင်္ကျားသားတွေ ၀ိုင်းထား တယ်ဆိုတာ ၀ိုင်း ကြည့် ရုံတော့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး ကျနော် သိတယ်။
စစ်သားတွေက ဒေါ်ဂွာမလေးကို အဲသလို မတရားပြုကျင့် နေချိန်မှာ စစ်သားတွေက ကျနော့ကိုလည်း စပြီးနှိပ်စက်နေပါပြီ။ ဒါကြောင့်ကျနော်လဲ သတိလစ်တချက် မလစ်တချက် ဖြစ်လာနေရင်း ကမြင် နေရတာပါ။ သူမတအား အော်ငိုရှာတယ်။ အော်ငိုတော့ပါးရိုက်တယ်။ ပစ်သတ်မယ်လို့ ပြောသလား မသိဘူး။ သေနတ်နဲ့ ချိန်ရွယ် ထိုးနှက်ကြပြန်တယ်။ နောက်ဆုံးတော့ ဂွာမလေး မေ့လဲ သွားတာ ကျနော်တွေ့ခဲ့တယ်။ စစ်သားတွေက ကျနော့ကို သေနတ်နဲ့ချိန်ပြီး စစ်ဆေး မေးမြန်းကြပါတယ်။ သူတို့မေးတာ ကျနော်ဘာမှ နားမလည်ဘူး။ ကျနော်က ဗမာစကားတတ်ဘူး။ သူတို့ ပြောတာကို နားမလည် လို့  ကျနော် ဘာမှပြန်မပြော တတ်တော့လဲ ကျနော့ခေါင်းကို သေ နတ်ဒင်နဲ့ အားကုန် ထုကြပြန်တယ်။ ညာ ဘက်ပါးစောင်းနဲ့ နံရိုးတွေမှာဓားနဲ့ ထိုးကြတယ်။ ကျနော့ကို သစ်ပင်မှာ ချည်တုတ်ထားတယ်။ တဖွဲ့  ပြီးတဖွဲ့လာပြီး တုတ်နဲ့ ရိုက်လိုက်၊ ကန်ကြောက်လိုက်၊ ပါးရိုက်လိုက်၊ သေနတ်နဲ့ ချိန်ပြီး လှံစွပ်နဲ့
ထိုးလိုက်လုပ်ကြတယ်။
ပါးစောင်းကိုဓားမြှောင်ဖြင့်ထိုးခံခဲ့ရသည့်ယိုးတဂွေး
ကျနော့ကိုရော၊ ဒေါ်ဂွာမလေးကိုရော (၃)ရက်တိတိထမင်းလဲမကျွေး၊ ရေလဲ မတိုက်ကြပါဘူး။ ကျနော့ကိုတော့ နေရော၊ညရောချည်ထားကြတယ်။ ဒုတိယနေ့မှာ ကျနော့ကို ထပ်ပြီ်း နှိပ်စက် စစ်ဆေးကြတော့ တာပါပဲ စစ်သားတဖွဲ့ ရောက်လာပြန်ပြီး သတ်ပစ်မယ်လို့ ပြောတာထင်တယ်၊ ကျနော့ကို သေနတ်နဲ့ ချိန်ထားကြပြီး တယောက်ကတော့ ကျနော့ရဲ့ ဘယ်ဘက်ပေါင်လည်မှာ ဓားမြှောင်နဲ့ ထိုးထည့်လိုက်ပါတယ်။ မခံနိုင်လို့ကျနော် အော်ငိုပါတယ်။ အော်ငိုတော့ ထပ်ပြီးထိုးပြန်တယ်။ ဒီလိုအော်ငိုလေ ထပ်ခါထပ်ခါထိုးလေ လုပ်ပါတယ်။
ပေါင်မှာ ဓားမြှောင်ဖြင့် တဘက်ထိ ပေါက်အောင်ထိုးခံခဲ့ရသည့် ဒဏ်ရာနှင့်ယိုးတဂွေး.
နောက်ဆုံးတော့ ပေါင်တဖက် ပေါက်သွားအောင် ထိုးထည့် လိုက်ကြပါတော့တယ်။ သွေးတွေ အလိမ်းလိမ်းဖြစ်နေပါပြီ။ ခေါင်းကိုလည်း သေနတ်ဒင်နဲ့ ထုထည့်လိုက်တာနဲ့ တပြိုင်နက် ကျနော် သတိမေ့သွား ပါတော့တယ်။ ကျနော် သတိလည်လာချိန်မှာ ဗမာစစ်သားတွေ မရှိတော့ဘူး။ ကျနော်နဲ့ သိပ်မလှမ်းမကမ်းမှာတော့ အ၀တ်ဗလာပေါ် အ၀တ်နည်းနည်း ဖုံးထားပေးပြီး သွေးတွေ၊ မစင်တွေနဲ့ ပေကျံလျှက် သတိမေ့မျောနေတဲ့ ဒေါ်ဂွာမလေးကိုတွေ့ ပါတယ်။
ဒါပေမဲ့ကျနော် မထနိုင်ဘူး။ သတိလည် တချက်၊ မေ့တချက်ဖြစ်နေပါတယ်။ အဲဒီဘုရားကျောင်းနားမှာ ကျနော်တို့ နှစ်ယောက် သတိမေ့မျောနေချိန်မှာ NDA (K) – (နယ်ခြားစောင့်တပ်ဖွဲ)မှ စစ်သားမှာ တွေ့ ပြီး ပန်ဝါဆေးရုံကို ပို့ပေးကြပါတယ်။ ပန်ဝါဆေးရုံမှာလဲ ဆေးရုံဝန်ထမ်းတွေအားလုံးက ရှေ့ တန်းကဒဏ်ရာရ စစ်သားတွေကို ပြုစုစောင့်ရှောက်တာနဲ့ အလုပ်ရှုပ်နေကြတော့ ကျနော့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ကြ တော့ဘူး။ ဒါကြောင့် လီဆူဆွေမျိုးတွေက တရုတ်ပြည်နယ်စပ် ဆေးရုံမှာဆေးသွားကုဖို့ အတွက် ခေါ်ထုတ် သွားကြပါတယ်။ ကျနော်နဲ့ ဒေါ်ဂွာမလေး ၃ရက်လုံးလုံး လုပီးဘုရားကျောင်းနားမှာ မေ့မျှောနေခဲ့ကြတာပါ။
ကျနော့အမျိုးသမီးတော့ ကိုယ်တပိုင်း သေနေတဲ့လူနာပါ။ စစ်သားတွေ ၀င်လာချိန်ကျနော့ကို ဖမ်းသွားပြီး ကျနော့ရှေ့မှာတင် ကျတော့ဇနီးကို အိမ်အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။
ကျနော့ဇနီးတော့ သေသွားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်သက်သာလာရင် ကျနော့ဇနီးကို လိုက်ရှာ ချင်သေးတယ်။ ကျနော်တို့ ၂ယောက်မှာ ကလေးမရှိဘူး။ တယောက်ပဲရှိတာ ဆုံးသွားပါပြီ။” ဘာကြောင့် ကျနော်တို့ကိုဒီလိုလုပ်လဲဆိုတာ သူတို့ပြောတဲ့ စကားကလဲ နားမလည်တော့ခက်တယ်။ ကျနော့အထင်တော့ သူတို့ကျနော်တို့ကို ကေအိုင်အေနဲ့ မသင်္ကာလို့ ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ ရွာသားတွေက ရိုးရိုးသားသားပဲ လုပ်ကိုင် စားသောက်နေကြတာပါ။ ဘယ်သူနဲ့မှ ရှုပ်ရှုပ်ရှက်ရှက်တော့ မလုပ်ခဲ့ဘူး။ ဒါပေမဲ့သူတို့ ဘာကြောင့် ဒီလိုလုပ်လဲ မသိတော့ဘူး။”
ဒေါ်ဂွာမလေးကတော့ ယခုအချိန်တွင် စိတ်ဒဏ်ရာ ဆိုးဆိုးဝါးဝါး အနာတရဖြစ်သွားပြီး လူတွေ ကိုကြောက်လန့် ထိတ်လန့်ပြီး၊ စကားလဲ မပြောတော့ပါ။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စသည့် လက္ခဏာ များတွေ့ ရသဖြင့်မိသားစု၊ ဆွေမျိုးများက စိတ်အထူးကု ဆေးရုံသို့ပို့ရန် စီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရပါသည်။ ဒေါ်ဂွာမလေး၏ ခင်ပွန်း ငွါးဆာကတော့ “အစတုန်းကအကောင်းကြီးပါ။ ဒီလိုမဟုတ်ပါဘူး။ အခု တော့ဘာမှ မေးလို့မရ။ ဆွေးနွေးလို့လဲ မရတော့ဘူး။ အိမ်ပြန်ချင်တယ်။ တခုပဲပြောပါတယ်။ ကျနော် အရမ်းဝမ်းနည်းတယ်”လို့ မျက်ရည်ဝဲပြီး ပြောရှာပါတယ်။ ဒါတွေဟာ လက်ရှိကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း လွန်ခဲ့တဲ့ မေလ(၁)ရက်နေ့မှစပြီး အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ် (NDA (K)) တို့နဲ့ ကေအိုင်အေတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် ဒုက္ခသည် တိုင်းရင်းသား ပြည်သူတွေ လက်တွေ့ ခံစားနေကြရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေပါ။ နာကြည်းမှု၊ မုန်းတီးမှုတွေ သံသရာလည်ရင်း မြန်မာပြည်ငြိမ်းချမ်းရေး လမ်းစပျောက်သွားမှာ ကိုစိုးရိမ်စွာဖြင့် စုံစမ်း တင်ပြအပ်ပါသည်။
တင်ပြသူ-
အမျိုးသမီးရေးနှင့်ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတဦး
Copy from - demowaiyan

No comments:

Post a Comment