Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, May 11, 2012

ဗိုလ်နှုတ်ခမ်းမွှေးမှ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ...

 
ထိုင်းအစိုးရမှ မူးယစ်ရာဇာအဖြစ် စွပ်စွဲဝရမ်းထုတ်ခဲ့ခြင်းမှာ မြန်မာအစိုးရနှင့် ကလို့ထူးဘော တပ်ဖွဲ့(ယခင် ဒီကေဘီအေ) တို့ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ကြိုးပမ်းနေမှုအပေါ် ဖျက်လို ဖျက်ဆီး လုပ်သည့် သဘောဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှ ဗိုလ်ချုပ် စောလားပွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေးက ယင်း၏ ဌာနချုပ်တွင် ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက် သည်။
 
''ကျနော် ဘာမှမလုပ်ဘူး။ မူးယစ်နဲ့ ပတ်သက်ပြီး ကျနော့်မှာ အပြစ်မရှိဘူး။ ကျွန်တော့် လူမျိုးကို မူးယစ်ဆေး ရောင်းပါလို့ မတိုက်တွန်းဘူး။ ကျွန်တော့် တပ်သားတွေကိုလဲ ဒီအလုပ် မလုပ်ခိုင်းဘူး။ သူတို့မှာ အကြောင်းရှိရမယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့ အေးအေးချမ်းချမ်း နေဖို့ ကြိုးပမ်း နေတဲ့ဟာကို ဖျက်လို ဖျက်ဆီး လုပ်ချင်လို့လားလို့ မေးချင်ပါတယ်" ဟု ဗိုလ်ချုပ် စောလားပွယ်က ပြောသည်။

ဗိုလ်နှုတ်ခမ်းမွှေးကမေလ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည့် ကလို့ထူးဘော တပ်ဖွဲ့ ဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းမှ သတင်းသမား ၄၀ ကျော်နှင့် ထိုင်းမီဒီယာများမှ သတင်းသမား ၁၅ ဦးခန့် တက်ရောက်သတင်းယူနေကြဆဲဖြစ်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို
by: ‎7Day News Journal

No comments:

Post a Comment