Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, May 9, 2012

ဦးတင်အောင်မြင့်ဦး သတင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင်...




ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်တဲ့ သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရေးသားဖော်ပြခွင့် ပိတ်ပင် လိုက်တယ်လို့ သိရပါတယ်။

အခု တစ်ပတ်ထုတ်ဝေမယ့် Venus ဂျာနယ်မှာ ရေးသားထားတဲ့ ဒီသတင်းကို ပုံနှိပ် ထုတ်ဝေရင် အရေးယူခံရ မယ်ဆိုပြီး စာပေ စိစစ်ရေးဌာနက ပိတ်ပင် ဟန့်တားလိုက်တာ ဖြစ်တယ်လို့ Venus ဂျာနယ်ရဲ့တာဝန်ခံ အယ်ဒီတာ ကိုသာလွန်ဇောင်းထက်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တဲ့ သတင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် Myanmar Post ဂျာနယ်က စာပေစိစစ်ရေးကို မတင်ပြဘဲ ထုတ်ဝေ ခဲ့တဲ့အတွက် အရေးယူမယ်လို့ စာပေစိစစ်ရေး အာဏာပိုင်တွေက အယ်ဒီတာ အဖွဲ့ကို ခေါ်ယူ သတိပေးထားကြောင်း သိရပါတယ်။

ဒီအတောအတွင်း သမ္မတဦးသိန်းစိန် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အနားယူမယ်ဆိုတဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Venus ဂျာနယ်က ဒီကနေ့ ဖော်ပြခဲ့တဲ့အတွက် စာပေ စိစစ်ရေးရုံးက ခံဝန်လက်မှတ်ထိုးဖို့ ဆင့်ခေါ်ထားတယ်လို့ Venus ဂျာနယ် တာဝန်ခံအ ယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

ဦးတင်အောင်မြင့်ဦး သတင်းတွေ ရေးသားခွင့် ပိတ်ပင်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ RFA က စာပေ စိစစ်ရေးဌာန တာဝန်ရှိသူတွေ ဆက်သွယ် ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

RFA-Burmese

No comments:

Post a Comment