Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, May 30, 2012

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ်
မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)

ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များအား မှတ်ပုံတင် ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာ ဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့ တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

ရိုဟင်ဂျာ ဆိုသည်မှာ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံ အနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက် လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာ သွားသည့်အခါ လက်နက်ကိုင် တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်း ဖြစ်ကြောင်း ပြန်ထောင်စု ၀န်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့် ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာ လူမျိုးစု ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး William Hague မြန်မာပြည် လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။ ။

Copy from - Yangon Press International

No comments:

Post a Comment