သော့ခလောက်ကြီး တန်းလန်းနဲ့ပဲလား ပြီးတော့ ရှေ့ဆက်စရာတွေ (၁)
သော့ခလောက်ကြီး တန်းလန်းနဲ့ပဲလား ပြီးတော့ ရှေ့ဆက်စရာတွေ (၁)
ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ မေ ၆၊ ၂၀၁၂
ဒီတပတ် ဆရာဦးဝင်းတင်နဲ့ 
တွေ့ဆုံတဲ့ အချိန်မှာတော့ဖြင့် အင်န်အယ်ဒီ ပါတီက ကြားဖြတ် ရွေးကောက်ပွဲ 
အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်တက်  
ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီ ဖြစ်ပါတယ်။ ပါတီက အခြေခံဥပဒေကို ထိန်းသိမ်း 
ကာကွယ်စောင့်ရှောက် ဆိုတာထက် လေးစား လိုက်နာဆိုတဲ့ စကားရပ်ကို 
ကိုင်စွဲထားသော်လည်း ရွေးချယ်ခံ ပါတီအမတ်တွေကတော့ လွှတ်တော်မှာ 
ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်ကို ရွတ်ဆိုပြီး 
ပြည်သူလွှတ်တော်ကိုယ်စားလှယ် အမတ်များအဖြစ် တရားဝင် ရပ်တည်ခဲ့ကြပြီ 
ဖြစ်ပါတယ်။ ဆရာရဲ့ ဒီလှိုင်းစာစောင်မှာ ပြောခဲ့သလို လွှတ်တော်ထဲကို 
သော့ခလောက်ကြီး တန်းလန်းနဲ့ ၀င်သွားလို့ကတော့ ပြည်သူတွေ ၀ိုင်းမေးကြမှာပဲ
 ဆိုတဲ့အတိုင်း ဆရာ့ကို မေးဖြစ်ပါတယ်။
မေး။     ။ ဆရာက 
ကျနော်တို့နဲ့ ပြောခဲ့စဉ်တုန်းက လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား 
ရှိလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ပြောခဲ့တယ်။ တကယ်တန်းမှာ 
လွှတ်တော်ထဲမှာ အမျိုးမျိုးအထွေထွေသော သဘောထားတွေ၊ တုန့်ပြန်ချက်တွေပဲ 
ပေါ်ထွက်လာတဲ့ အတွက်ကြောင့် ဆရာတို့ပါတီနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကပဲ 
ဆင်ခြင်တုံ တရားနဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ရတယ်လို့ ပြောရင် ရမလား။
 ဖြေ။
     ။ ကျနော်တို့တွေရဲ့ ၁၇/၄/၂၀၁၂ ဧပြီလ ၃၀ ကြေညာချက်မှာ ပြန်ကြည့်ပါ။ 
လွှတ်တော်တက်ဖို့ကို ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အများစု 
သဘောတူညီချက်နဲ့ ဆုံးဖြတ်တယ်။ ပါတီရဲ့ မူလ ရပ်တည်ချက်ဖြစ်တဲ့ 
အခြေခံဥပဒေကို လေးစား လိုက်နာပါမည်ဆိုတဲ့ သဘောထားက ပြောင်းလဲခြင်း 
မရှိဘူး။ ယခုဆုံးဖြတ်တာဟာ မဲဆန္ဒ̔ရှင် ပြည်သူတွေက 
သူတို့ကိုယ်စားလှယ်တွေကို လွှတ်တော်ကို တက်ရောက်စေချင်တဲ့ ဆန္ဒကို 
လိုက်လျောလိုတာကြောင့်နဲ့ လွှတ်တော်တွင်းကနေ မေတ္တာရပ်ခံစာပို့ပြီး 
လွှတ်တော်တက်ဖို့
 ဖိတ်ခေါ်တဲ့ တိုင်းရင်းသားညီအကိုတွေကို လေးစားတန်ဖိုးထား 
တုန့်ပြန်တာကြောင့် ယခုလို ဆုံးဖြတ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 
 မေး။     ။ 
ဒါဆိုရင် အဲသည်စာလုံးကို ဆရာတို့ လက်မခံလို့ပဲ ၂၀၁၀ ရွေးကောက်ပွဲ 
မ၀င်ခဲ့ဘူး၊ ပါတီကို ဖျက်သိမ်းခံခဲ့ပြီးဖြစ်တယ်။နောက်ကျတော့ 
အဲသည်စာလုံး ကိုရွေးကောက် ပွဲကော်မရှင်ဥပဒေမှာ ပြင်ဆင်ပေးလိုက်လို့ ၂၀၁၁
 မှာ ပါတီကို မှတ်ပုံပြန်တင်တယ်။ ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်ခဲ့တယ်။
 အခုကျပြန်တော့လည်း ဒီစကားလုံးက လွှတ်တော်ဝင် ကျမ်းကျိန်စာမှာ 
ပြန်ပါနေပြန်တာမို့ ရွေးကောက်ပွဲ အနိုင်ရသော်လည်းဘဲ လွှတ်တော်ထဲဝင်ဖို့ 
ပြန်လှန်စဉ်းစား ဆင်ခြင်ရတာတွေ ဖြစ်ခဲ့ရတော့ အဲသည်စကားရပ်က 
အဲသည်လိုပါဝင်နေတယ်ဆိုတာ အစကတည်းက မတွေ့လိုက်ဖူးလား။
 ဖြေ။     ။ ကျနော်တို့ဖက်က 
လွှတ်တော်ထဲဝင်ရင် ကျမ်းသစ္စာကျိန်ဆိုရမယ်ဆိုတာရှိတယ်။ ဘယ်လို 
ကျိန်ဆိုရတယ်ဆိုတာကို ကျနော်တို့ဖက်က သေချာမလေ့လာခဲ့မိဘူး။ ဒါက 
ကျနော်တို့ရဲ့ ပျက်ကွက်မှုပါ။ အရင်တုန်းက ရွေးကောက်ပွဲ မ၀င်ခင်တုန်းက 
စကားလုံးကိုပြင်ဆင်ပေးဖို့ ညှိနှိုင်းခဲ့စဉ်တုန်းက အခြေအနေကို ကျနော် 
ပြန်ပြောပြမယ်။ ၂၀၁၁ မှာတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ 
တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ အဆိုပါစကားရပ်ကို ပြင်ဆင်ပေးဖို့ 
ကျနော်တို့ဖက်က တောင်းဆိုခဲ့တယ်။ ဦးသိန်းစိန်ကိုယ်တိုင်က လွှတ်တော်ကို
 စာရေးသားပြီး မေတ္တာရပ်ခံခဲ့တယ်။ နောက်တော့ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို 
ပြင်ဆင်ပေးခဲ့တယ်။ အခုကျတော့ ကျမ်းကျိန်လွှာမှာ ဒီစကားရပ်ပါနေတာကို 
တွေ့ကြတော့ ကျနော်တို့ဖက်က သမ္မတကြီး ဦးသိန်းစိန်ကို စာရေးသားပြီး 
မေတ္တာရပ်ခံတယ်။ အဲဒီအချိန်မှာ အရင်တုန်းကလို လွှတ်တော်ကို သူကိုယ်တိုင်
 မေတ္တာရပ်ခံတဲ့အလုပ်ကို မလုပ်ဘဲနဲ့ သူက အင်န်အယ်ဒီရဲ့ 
မေတ္တာရပ်ခံချက်ကို အခြေခံဥပဒေခုံရုံးကို တိုက်ရိုက်လွှဲပေးလိုက်တယ်။ 
အဲသည်တုန်းက ကြားတာကတော့ သူကိုယ်တိုင် ဂျပန်နိုင်ငံကို ခရီးသွားဖို့ 
ပြင်ဆင်နေတဲ့ အချိန်လို့လဲ ပြောကြတယ်။ ပြီးတော့ ကျနော်တို့ရဲ့ 
မေတ္တာရပ်ခံတဲ့စာကို သမ္မတရဲ့ ၀န်ကြီးရုံးက ၀န်ကြီးတွေက ဦးသိန်းစိန်လက်ထဲ 
မထည့်ဘဲနဲ့ ခုံရုံးကို တန်းပြီး လွှဲလိုက်တယ်လို့လည်း ကြားတယ်။ 
အဲသည်မှာ အဲသည်ကိစ္စက လွှတ်တော်ကနေ အခြေခံဥပဒေပြင်ဆင်သလို 
ပြင်ဆင်ရမယ့်သဘောဖြစ်တယ် ဘာညာစသည်ဖြင့်တွေ ဖြစ်လာတယ်ပေါ့ကွာ။ 
မေး။     ။ အဲသည်မှာ 
ဆရာတို့ဖက်က ဧပြီလ ၂၃ မှာ ကျင်းပတဲ့ လွှတ်တော်ညီလာခံကို 
မတက်ရောက်နိုင်ဘူး ဆိုပြီး ထုတ်ပြန် လိုက်တယ်။ စကားရပ် ပြင်ဆင်ပေးရေးဟာ
 လွှတ်တော်ထဲမှာကော ပြည်သူလူထုကြားထဲမှာပါ အကျယ်တ၀င့် ဆွေးနွေးစရာ 
ဖြစ်လာတယ်။ နောက်တော့ ဧပြီလကုန်မှာ အဲသည်စကားရပ်ကို လက်ခံပြီး 
ကျမ်းကျိန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ်လိုက်တယ်။ 
ဆရာတို့ ပါတီတွင်းမှာ ဒါကို အကျိတ်အနယ် ဆွေးနွေးတာတွေ ရှိသလား။
 ဖြေ။     ။ ပြည်သူတွေအနေနဲ့က 
အင်န်အယ်ဒီပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်တော် 
တက်စေချင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟိုးတုန်းက ၁၉၉၀ 
ပါတီစုံရွေးကောက်ပွဲတုန်းကလိုမျိုး ရွေးကောက်ပွဲနိုင်ရက်နဲ့ 
လွှတ်တော်မခေါ်နိုင်ခဲ့ရတာမျိုး မဖြစ်စေချင်ကြဘူး။ ဟိုတုန်းကနဲ့ 
အခုမတူတာကတော့ အခု ၂၀၁၂ မှကျတော့ သူတို့တွေရဲ့ ရွေးကောက်ပွဲနဲ့ 
ခေါ်ထားတဲ့ လွှတ်တော်တွေ ဘာတွေက အဆင်သင့် ရှိနေပြီပေါ့ကွာ။ ပြီးတော့
 လက်ရှိ လွှတ်တော်ထဲက တိုင်းရင်းသား ညီအကိုပါတီတွေနဲ့ လွှတ်တော် 
ကိုယ်စားလှယ်တွေ ဖက်ကလည်း ဒေါက်တာအေးမောင်တို့ စသူတို့ကလည်း 
လွှတ်တော်ထဲကနေ တိုင်းပြည်အရေးကိစ္စတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းတာ 
မေတ္တာရပ်ခံတာတွေ လုပ်လာကြတယ်။
အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က 
သူ့သဘောထားကို ထုတ်ပြောတယ်။ ကျမ အဲသည်အတိုင်း 
ကျမ်းသစ္စာကျိန်ဆိုမယ်လို့ သဘောထားပြောတယ်။ ပထမအဆင့်က ကျနော်နဲ့ 
ဦးတင်ဦးတို့နဲ့ ဒီကိစ္စကို ဆွေးနွေးတယ်။ အဲသည်မှာ ကျနော့်အနေနဲ့ 
ပြောတာကတော့ မူတွေကို  စွန့်လွှတ်ပြီး လုပ်ရတယ်ဆိုတာကို 
သဘောမတူနိုင်ဘူးလို့ ပြောခဲ့တယ်။ နောက်တော့ စီအီးစီအစည်းအဝေးမှာ 
ဆွေးနွေးကြတယ်။ အဲသည်ကျတော့ စီးအီးစီထဲမှာရှိတဲ့ သူတော်တော်များများက 
ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်း ထောက်ခံကြတယ်။ ကောင်းတယ် ဘာညာပေါ့။ 
ကျနော်ကတော့ ပြောတယ်။ ကျနော်တို့တွေရဲ့ မူတွေကို စွန့်လွှတ်တယ်ဆိုတာ 
မကောင်းဘူးဆိုပြီး တင်ပြဆွေးနွေးတယ်။ 
 နောက်ဆုံးပိတ်မှာ ညှိကြတော့ 
ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ 
ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ထဲ ၀င်မယ်။ အဲသည်မှာ ပါတီအနေနဲ့ 
ကြေညာချက်ထုတ်မယ်။ ကြေညာချက်ဆိုတာမှာ ပါတီရဲ့ နိုင်ငံရေးသဘောထားကို 
ဆက်လက် ကိုင်စွဲထားတယ် ဆိုတဲ့အကြောင်းကို ဖော်ပြမယ်။ ပြီးတော့ 
လွှတ်တော်ထဲကို ၀င်ရောက်ရတဲ့အကြောင်းအရင်းခံတွေက ပြည်သူလူထုနဲ့ 
လွှတ်တော်တွင်းက တိုင်းရင်းသားညီအကိုပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ 
သဘောထားတွေ ဆန္ဒတွေကြောင့် ဖြစ်တယ်ဆိုတာကို ပြောမယ်ဆိုတာမျိုး 
သဘောတူကြတယ်။ ညှိနှိုင်းလို့ရသွားတယ်လို့ ပြောနိုင်တယ်။ အဲသည်တော့ 
လွှတ်တော်ကလည်း လွှတ်တော်အလုပ် လုပ်ပေါ့။ ကျမ်းသစ္စာမကျိန်ရင် 
လွှတ်တော်မတက်ရဘူးဆိုတာက သူတို့အလုပ် သူတို့ လုပ်တာပဲ။ 
ကျနော်တို့ဖက်ကလည်း ကျနော်တို့ ပါတီရဲ့အလုပ်၊ 
ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အလုပ် လုပ်ကြရတာပဲ။
မေး။     ။ 
အဲဒီအခြေအနေမှာ ဒီစကားရပ်ကို ပြင်ဆင်ပေးဖို့အရေး 
အခြေခံဥပဒေပြင်ဆင်မှတို့၊ လွှတ်တော်ကနေပြီး အများသဘောနဲ့ ပြင်ဆင်မှတို့ 
ဒါမျိုးတွေ ဖြစ်လာတော့ နိုင်ငံရေးလမ်းကြောင်းမှာ လမ်းပိတ်နဲ့ 
တိုးနေပြီပေါ့ ဆရာရယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေရှင်းတဲ့အနေနဲ့ 
အခုလိုမျိုး မူလစာသားအတိုင်း ကျမ်းသစ္စာကျိန်ဆိုမယ်လို့ 
ဆုံးဖြတ်လိုက်တာဟာ ပိတ်ဆို့မှုတွေ အတားအဆီးတွေကို 
ကျော်လွှားလိုက်တာပဲဖြစ်တယ်။ ၂ ဖက်စလုံးကလည်း ၀မ်းသာ ကျေနပ်မှုတွေ 
ဖြစ်ကြတယ်လို့ ပြောရင်ရမလား။
 ဖြေ။     ။ ကျနော် ဒီတပတ် 
ဒီလှိုင်းမှာ အဲသည်အတိုင်းပဲ စာရေးထားတယ်။ ပါတီတွင်းမှသာမက၊ ပြည်သူတွေ 
မျှော်လင့်တောင့်တတဲ့အတိုင်း၊ လွှတ်တော်တွင်းက
တိုင်းရင်းသားညီအကိုတွေ စောင့်စားကြိုဆိုနေတဲ့အတိုင်း ဆုံးဖြတ်လိုက်တာဖြစ်တယ်။ အားလုံးက ၀မ်းသာကြလိမ့်မယ်လို့ ယူဆတယ်ဆိုပြီး ရေးထားပါတယ်။ ပြည်သူတွေကလည်း ဒေါ်စုနဲ့တကွ အင်န်အယ်ဒီအမတ်တွေကို လွှတ်တော်ထဲ ရောက်စေချင်လို့ မဲပေးခဲ့ကြတယ်။ အင်န်အယ်ဒီပါတီကလည်း
ရွေးကောက်ပွဲဝင်ပြီ ဆိုကတည်းက ရွေးကောက်တင်မြှောက်ခံချင်လို့၊ ပြီးတော့ လွှတ်တော်ထဲကို ရောက်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ကြရတာပဲဖြစ်တယ်။ နိုင်ငံရေးပါတီတရပ်အနေနဲ့ကလည်း တရားဝင်ပါတီအဖြစ် ရပ်တည်နေပြီးဖြစ်တဲ့အတွက် သူရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကိုလည်း
ဆက်လက် ထုတ်ဖော်ပြီး ရပ်တည်နေရမှာပဲ ဖြစ်ပါတယ်။
တိုင်းရင်းသားညီအကိုတွေ စောင့်စားကြိုဆိုနေတဲ့အတိုင်း ဆုံးဖြတ်လိုက်တာဖြစ်တယ်။ အားလုံးက ၀မ်းသာကြလိမ့်မယ်လို့ ယူဆတယ်ဆိုပြီး ရေးထားပါတယ်။ ပြည်သူတွေကလည်း ဒေါ်စုနဲ့တကွ အင်န်အယ်ဒီအမတ်တွေကို လွှတ်တော်ထဲ ရောက်စေချင်လို့ မဲပေးခဲ့ကြတယ်။ အင်န်အယ်ဒီပါတီကလည်း
ရွေးကောက်ပွဲဝင်ပြီ ဆိုကတည်းက ရွေးကောက်တင်မြှောက်ခံချင်လို့၊ ပြီးတော့ လွှတ်တော်ထဲကို ရောက်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ကြရတာပဲဖြစ်တယ်။ နိုင်ငံရေးပါတီတရပ်အနေနဲ့ကလည်း တရားဝင်ပါတီအဖြစ် ရပ်တည်နေပြီးဖြစ်တဲ့အတွက် သူရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကိုလည်း
ဆက်လက် ထုတ်ဖော်ပြီး ရပ်တည်နေရမှာပဲ ဖြစ်ပါတယ်။
မေး။     ။ 
ဟုတ်ပါပြီ။ ဒီတော့ မေလ ၂ ရက်နေ့မှာတော့ဖြင့် အင်န်အယ်ဒီအမတ်တွေ တရားဝင် 
ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ထဲ ၀င်ရောက်နိုင်ခဲ့ပြီ။
နောင်လာမယ့် ဇူလိုင်မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်ညီလာခံကျမှပဲ အင်န်အယ်ဒီအမတ်တွေရဲ့ လွှတ်တော်စင်မြင့်ပေါ်ကနေ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် အကောင်အထည်ဖော်မှုတွေကို စောင့်မျှော်ကြရတော့မယ်။ ဒီကြားထဲမှာ ဆရာတို့ပါတီက ဘာတွေ ဆောင်ရွက်ဖို့ အစီအစဉ်တွေ လုပ်ငန်းစဉ်တွေ ရှိသလဲ။
နောင်လာမယ့် ဇူလိုင်မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်ညီလာခံကျမှပဲ အင်န်အယ်ဒီအမတ်တွေရဲ့ လွှတ်တော်စင်မြင့်ပေါ်ကနေ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် အကောင်အထည်ဖော်မှုတွေကို စောင့်မျှော်ကြရတော့မယ်။ ဒီကြားထဲမှာ ဆရာတို့ပါတီက ဘာတွေ ဆောင်ရွက်ဖို့ အစီအစဉ်တွေ လုပ်ငန်းစဉ်တွေ ရှိသလဲ။
 ဖြေ။     ။ ဒီကြားထဲမှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးတွေထွက်ဖို့ ရှိမယ် ထင်ပါတယ်။
မေး။     ။ 
အမေရိကားဖက်လာဖြစ်တယ်ဆိုရင် ကျနော်တို့မြို့နယ်တွေကလည်း ဖိတ်ပါတယ်လို့ 
ပြောပေးပါ ဆရာရယ်။ ဆရာကော ဒီဖက်ကို ခရီးမထွက်ဖူးလား။ ဆရာ့ကိုလည်း
ဖိတ်ပါတယ်။
ဖိတ်ပါတယ်။
 ဖြေ။     ။ အေး အေး။ 
မထွက်ဖြစ်ပါဘူးကွာ။ အသက်ကလည်း ကြီးလှပြီ။ လူက တော်တော်လေးကို ကျသွားပြီ။ 
မင်းတို့က မသိဘူး။ နောက်ပြီး ဒီလှိုင်းကလည်း လုပ်နေရသေးတယ်။
ဂျာနယ်အလုပ်ကလည်း များတယ်။ အခုတောင် ရှမ်းပြည်ဖက်၊ ကယားပြည်နယ်တို့ကလည်း ဖိတ်တယ်။ လူက သိပ်မလှုပ်နိုင်တော့ဘူးကွာ။
ဂျာနယ်အလုပ်ကလည်း များတယ်။ အခုတောင် ရှမ်းပြည်ဖက်၊ ကယားပြည်နယ်တို့ကလည်း ဖိတ်တယ်။ လူက သိပ်မလှုပ်နိုင်တော့ဘူးကွာ။
မေး။     ။ ပါတီက ဒီကြားထဲမှာ ဘာလုပ်မှာလဲ။ ဒီလိုပဲလား။
 ဖြေ။     ။ ကျနော့်တို့အနေနဲ့ 
စဉ်းစားထားတာကတော့ ပါတီညီလာခံ လုပ်ဖို့ စဉ်းစားတယ်။ ရပ်ကျေးလို့ ခေါ်တဲ့ 
ရပ်ကွက်နဲ့ ကျေးလက်တွေက အဆင့်ဆင့် စပြီးတော့ ပါတီတွင်း ညီလာခံတွေ 
ရွေးကောက်ပွဲတွေ ပြန်လုပ်ပြီးတော့ အဆင့်ဆင့် ပြန်လည်ထူထောင် 
ဖွဲ့စည်းကြရမယ်လို့ ထင်တယ်။ ဟိုးအရင်တုန်းကလည်း ၁၉၈၈  
ခုနှစ်တွေမှာတုန်းကလည်း
မြို့နယ်အလိုက် ရွေးကောက်ပွဲတွေနဲ့ ပါတီကိုယ်စားလှယ်တွေ ရွေးချယ်သတ်မှတ်တာတွေ လုပ်ခဲ့ဖူးတယ်။ ဒီအချိန်ဟာ အကောင်းဆုံးအချိန်ဖြစ်တယ်။ အခုအချိန်မှာ ပါတီမှာ လူသစ်တွေ ၀င်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ ခေါင်းဆောင်မှုကြောင့် ပါတီဝင်တွေ အသစ်တွေ တိုးလာတယ်။ မြို့နယ်တွေမှာ ဆိုင်းဘုတ်တင်တာတွေ တက်တက်ကြွကြွ လုပ်လာကြတယ်။ ဒါကြောင့် ပါတီတွင်း ညီလာခံကျင်းပရေးအတွက် တိုက်တွန်းတဲ့စာတမ်း ကျနော်ကိုယ်တိုင် စီအီးစီကို တင်သွင်းထားပြီးပါပြီ။ မူအားဖြင့် သဘောတူထားပြီးပြီ။ သို့သော် ညီလာခံကျင်းပရေးကော်မီတီတွေကို ဗဟိုအဆင့်၊ တိုင်းအဆင့် မဖွဲ့ရသေးဘူး။
မြို့နယ်အလိုက် ရွေးကောက်ပွဲတွေနဲ့ ပါတီကိုယ်စားလှယ်တွေ ရွေးချယ်သတ်မှတ်တာတွေ လုပ်ခဲ့ဖူးတယ်။ ဒီအချိန်ဟာ အကောင်းဆုံးအချိန်ဖြစ်တယ်။ အခုအချိန်မှာ ပါတီမှာ လူသစ်တွေ ၀င်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ ခေါင်းဆောင်မှုကြောင့် ပါတီဝင်တွေ အသစ်တွေ တိုးလာတယ်။ မြို့နယ်တွေမှာ ဆိုင်းဘုတ်တင်တာတွေ တက်တက်ကြွကြွ လုပ်လာကြတယ်။ ဒါကြောင့် ပါတီတွင်း ညီလာခံကျင်းပရေးအတွက် တိုက်တွန်းတဲ့စာတမ်း ကျနော်ကိုယ်တိုင် စီအီးစီကို တင်သွင်းထားပြီးပါပြီ။ မူအားဖြင့် သဘောတူထားပြီးပြီ။ သို့သော် ညီလာခံကျင်းပရေးကော်မီတီတွေကို ဗဟိုအဆင့်၊ တိုင်းအဆင့် မဖွဲ့ရသေးဘူး။
မေး။     ။ အဲသည်တော့
 အင်န်အယ်ဒီပါတီဟာ နိုင်ငံရေးအဖွဲ့အစည်းတရပ်ရဲ့ ပုံသဏ္ဍန်နဲ့အညီ 
အောက်ခြေကနေ အဆင့်ဆင့် ပြန်လည်ရွေးချယ်တင်မြှောက်တာတွေ၊ ဆွေးနွေးညှိနှိုင်း
တင်ပြတာတွေ အဆင့်ဆင့် ထူထောင်ပြီးတော့ ဗဟိုအဆင့်ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာတွေ လုပ်ဖို့ ရှိတယ်လို့ ပြောချင်တာပေါ့။
တင်ပြတာတွေ အဆင့်ဆင့် ထူထောင်ပြီးတော့ ဗဟိုအဆင့်ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာတွေ လုပ်ဖို့ ရှိတယ်လို့ ပြောချင်တာပေါ့။
 ဖြေ။     ။ ဟုတ်တယ်။ 
ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ပါတီကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ 
ကျနော်တို့တတွေကိုယ်တိုင် ဗဟိုအဆင့်မှာ ပြန်လည် ဖွဲ့စည်းတာတွေ 
လုပ်ခဲ့တယ်။ လူကြီးတွေက သဘာပတိအဖွဲ့၊ ခေါင်းဆောင်တွေ၊ အမျိုးသမိးတွေ၊ 
လူငယ်တွေနဲ့ တိုင်းရင်းသားတွေက အလုပ်အမှုဆောင်အဖွဲ့တွေမှာ ပါဝင်လာအောင် 
ပြန်လည် ဖွဲ့စည်းမှုတွေ လုပ်ခဲ့တယ်။ အဲသည်လိုမျိုး အဆင့်ဆင့်တိုင်းမှာ 
နမူနာယူပြီးတော့ လူကြီးတွေ ၀ါရင့်တွေက သဘာပတိအဖွဲ့ဝင်တွေထဲမှာပါဝင်မယ်။ 
အလုပ်အမှုဆောင်တွေမှာက ခေါင်းဆောင်မှုပေးမယ့် လူရွယ်တွေ လူငယ်တွေ၊ 
အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ ပါဝင်လာမယ်။ အခုအချိန်မှာ 
လက်ရှိအစိုးရကလည်း ပါတီလှုပ်ရှားမှုတွေကို ခွင့်ပြုထားပြီ ဖြစ်တော့ 
အခုအချိန်မှာ ကျနော်တို့ ပါတီကို ပြန်လည်စည်းရုံး 
ထူထောင်ရေးလုပ်ကြရမယ်လို့ မြင်တယ်။
မေး။     ။ ဆရာပြောတဲ့ ရပ်ကျေးမှာက အနည်းဆုံး ပါတီဝင် ဘယ်လောက်ဦးရေလောက် ရှိပြီး ဖွဲ့စည်းမယ်လို့ သဘောထားသလဲ။
 ဖြေ။     ။ အောက်ခြေကျေးရွာတခု၊ 
ရပ်ကွက်တခုမှာ အနည်းဆုံကတော့ ပါတီဝင် လူဦးရေ ၃၀ လောက်တော့ 
ရှိလိမ့်မယ်လို့ ထင်တယ်။ ဒါဆိုရင် မြို့နယ်ကြီးတခုမှာ ရပ်ကွက် ၅၀ ကနေ 
၁၀၀ လောက် ရှိမယ်ဆိုရင် အနည်းဆုံး ရပ်ကွက် ၅၀ လောက်နဲ့ ညီလာခံတခု 
ကျင်းပနိုင်ရမယ်။ အဲသည်က မြို့နယ်ညီလာခံက ရွေးချယ်ပေးလိုက်တဲ့ 
ပါတီကိုယ်စားလှယ်တွေနဲ့
ခရိုင်ညီလာခံ ကျင်းပနိုင်ရမယ်။ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ ခရိုင်ဆိုရင် မြို့နယ် ၅ ခုလောက်နဲ့တော့ ခရိုင်ညီလာခံ လုပ်နိုင်ရလိမ့်မယ်။ ခရိုင်တွေကနေ တိုင်းနဲ့ ပြည်နယ်တွေမှာ ညီလာခံတွေ လုပ်နိုင်မယ်လို့ ထင်တယ်။ အနည်းဆုံး တိုင်းနဲ့ပြည်နယ် စုစုပေါင်း ၇ ခုလောက်ကနေပြီ ညီလာခံတွေ လုပ်နိုင်ပြီဆိုမှ ဗဟိုညီလာခံနဲ့ ပြန်လည်
ဖွဲ့စည်းတာတွေ လုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ခန့်မှန်းတယ်။
ခရိုင်ညီလာခံ ကျင်းပနိုင်ရမယ်။ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ ခရိုင်ဆိုရင် မြို့နယ် ၅ ခုလောက်နဲ့တော့ ခရိုင်ညီလာခံ လုပ်နိုင်ရလိမ့်မယ်။ ခရိုင်တွေကနေ တိုင်းနဲ့ ပြည်နယ်တွေမှာ ညီလာခံတွေ လုပ်နိုင်မယ်လို့ ထင်တယ်။ အနည်းဆုံး တိုင်းနဲ့ပြည်နယ် စုစုပေါင်း ၇ ခုလောက်ကနေပြီ ညီလာခံတွေ လုပ်နိုင်ပြီဆိုမှ ဗဟိုညီလာခံနဲ့ ပြန်လည်
ဖွဲ့စည်းတာတွေ လုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ခန့်မှန်းတယ်။
မေး။     ။ အဲသည်အတွက် အချိန်ဇယားကို ဆရာက ဘယ်လောက် ခန့်မှန်းသလဲ။
 ဖြေ။     ။ ရပ်ကျေးနဲ့ 
မြို့နယ်တွေကို ၄ လလောက် ပေးမယ်။ ခရိုင်တွေက တလ၊ တိုင်းနဲ့ ပြည်နယ်တွေက 
တလလောက်။ ပြီးမှ ဗဟိုညီလာခံကို ၁ လလောက် အချိန်ယူပြီး ကျင်းပနိုင်မယ်။ ၇
 လလောက်ဆိုရင် ညီလာခံတွေ ကျင်းပပြီးသလောက် ဖြစ်မယ်။ အဲသည်အခါကျရင် 
ဗဟိုကိုလည်း အောက်ခြေက အဆင့်ဆင့်တက်လာတဲ့ ပါတီကိုယ်စားလှယ်တွေနဲ့ 
စနစ်တကျ ဖွဲ့စည်းထားနိုင်တာမျိုး ဖြစ်လာမယ်။ ပါတီဟာ အောက်ခြေကနေ အဆင့်ဆင့်
 ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်လာမယ်။ 
အောက်ခြေလူထု လူတန်းစားကိုလည်း နားလည်မှုရှိတဲ့ ငဲ့ကြည့်နိုင်တဲ့ 
သူတွေဖြစ်လာမယ်။
မေး။     ။ သဘောကတော့
 ပါတီအဖွဲ့အစည်းတရပ်ဟာ အပေါ်ကနေ လက်ရွေးစင်တွေနဲ့ ခေါင်းခေါက်ရွေးချယ် 
ဖွဲ့စည်းတဲ့ ပုံသဏ္ဍန်မျိုးထက် အောက်ခြေအဆင့်ဆင့်ကနေ အများပြည်သူ သဘောထားနဲ့
 ဆက်စပ်ဖွဲ့စည်းထားတဲ့ ပုံသဏ္ဍန်ကို ဦးတည်တဲ့သဘောပေါ့နော်
 ဖြေ။     ။ ဟုတ်ပါတယ်။ 
ကျနော်တို့လက်ရှိ မူဖြစ်တဲ့ လူငယ်  တိုင်းရင်းသား၊ အမျိုးသမီးတွေနဲ့ 
ဖွဲ့စည်းတာမျိုးနဲ့ ထူထောင်ချင်တယ်။ အောက်ခြေအဆင့်ဆင့်မှာလည်း မြို့နယ်၊ 
ခရိုင်၊ တိုင်းတွေမှာလည်း လူကြီးတွေ၊ ၀ါရင့်တွေကို သဘာပတိအဖွဲ့တွေပါ 
တွဲပြီး ဖွဲ့သွားမယ်လို့ စဉ်းစားတယ်။ မြို့နယ် ၃၀၀ လောက်သာ ရှိရင်၊ 
တမြို့နယ်မှာ ကိုယ်စားလှယ် ၅ ဦးလောက်သာ လွှတ်ကြရင် တကယ် ပါတီညီလာခံကြီးမှာ
 တက်ရောက်သူ ဦးရေ ၁၅၀၀ လောက် ရှိမယ်။ အဲသည်အခါကျရင် လက်ရှိအစိုးရနဲ့ 
အာဏာပိုင်တွေက ခွင့်ပြုမလား၊ နေရာ ထိုင်ခင်း စီစဉ်ခွင့်ပြုမှာလား။ ဒါကို
 စဉ်းစားကြရမယ်။ ဒေါ်စုကိုတောင်မှ မဲဆွယ်တုန်းက အနှောက်အယှက် အတားအဆီးတွေ
 ရှိသေးတာ၊ ပါတီညီလာခံကြီး လုပ်မယ်ဆိုရင် 
ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကိုပါ တွက်ချက်ရမှာ ဖြစ်တယ်။
မေး။     ။ 
ဟုတ်ပါပြီ။ ဗဟိုအခြေပြုပြီး ပါတီကို ဦးဆောင်မှုပေးခဲ့တယ်၊ 
ပြည်သူလူထုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီရဲ့ 
လွှတ်တော်ကိုယ်စားလှယ်တွေဟာ စွန့်လွှတ်စွန့်စားပြီး ဦးဆောင်မှုပေးခဲ့ကြတယ်။ 
ပါတီတွင်း ပြန်လည်ထူထောင်ရေးတင်သာမကဘဲ တိုင်းပြည်အရေးကိစ္စတွေထဲမှာ 
အရေးတကြီး ရှေ့တန်းရောက်နေတဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ 
ပြည်တွင်းစစ်ရပ်စဲနိုင်ဖို့ ဆရာ့သဘောထားကို မေးပါဦးမယ်။
 ဖြေ။     ။ ဟုတ်ပါပြီ။(ဆက်လက်ဖော်ပြပါမည်)
copy rights_MoeMaka 











No comments:
Post a Comment