Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, May 16, 2012

မြန်မာစစ်တပ်မှ ကချင်နှင့် ပလောင်ပူးပေါင်းတပ်ဖွဲ့အား ထိုးစစ်ဆင်ခဲ့

ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တပ်ဖွဲ့ဝင်များ
Tuesday, 15 May 2012

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ်ဆန်မြို့နယ် ဟိုနမ်းရွာအနီးတ၀ိုက်တွင် ၂၀၁၂ ခုနှစ် မေလ ၁၅ရက်နေ့ ညနေ၃ နာရီခွဲအချိန်၌ မန်လီကျေးရွာ နမ့်လန်မြို့နယ်မှ ဗိုလ်မှူး ဦးမျိုးမြင့်အောင် ဦးဆောင်သော အင်အား (၁၀၀) ကျော်လောက်ရှိသည့် မြန်မာစစ်တပ် ခလရ တပ်ရင်း (၁၇)သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၃၄)နှင့် တပ်ရင်းမှူး မိုင်းဟိုဝ်ပ္လါင် ဦးဆောင်သော ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်ဖွဲ့အား လာရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲကြာ တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သတင်းရရှိပါသည်။

၎င်းတိုက်ပွဲဖြစ်ပွါးချိန်တွင် အစိုးရစစ်တပ် တပ်ရင်း (၁၇) မှ တပ်သား (၄)ဦးကျဆုံးခြဲ့ပီး TNLA နှင့် KIA ဘက်မှ အကျအဆုံးမရှိဟု သိရှိရသည်။

“မြန်မာစစ်တပ်က ကျတော်တို့ တပ်ရှိတဲ့နေရာ ကို သတင်းအတိအကျ ရပြီးတော့ လာတိုက်တာဖြစ်တယ် သူတို့က အရင်လာတိုက်တော့ ကျတော်တို့လည်း နှစ်ဖွဲ့ပေါင်းပြီး ပြန်တိုက်ခဲ့တယ်။ ကျတော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပေမဲ့ မြန်မာ စစ်တပ်ဘက်ကတော့ လေးယောက် ကျသွားတယ်” ဟု တပ်ရင်းမှူး မိုင်းဟိုဝ်ပ္လါင်မှ ပြောပြခဲ့ပါသည်။

ဧပြီလဆန်းပိုင်းမှစ၍ မြန်မာစစ်တပ်ဘက်မှ တပ်ရင်း(၁၃၀)နှင့် တပ်ရင်း(၁၇)တို့ မှ အင်အား (၁၀၀)ကျော်လောက်တို့သည် ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာဒေသ၀န်းကျင်တွင် လာရောက်ဝိုင်းရန်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့ကြောင်း ၄င်းမှ ဆက်လက်ပြောကြားခဲ့ပါသည်။

၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မန်တုန်မြို့နယ်နှင့် နမ့်ဆန်မြို့နယ်တ၀ိုက်တွင် မြန်မာစစ်တပ်၊ ကချင်နှင့် ပလောင်စစ်တပ်တို့် မကြာခဏတိုက်ပွဲငယ်များ ဖြစ်ပွားလျှက်ရှိသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
ပလောင်အမျိုးသမီးအစည်းအရုံး

No comments:

Post a Comment