လူ့အခွင့်အရေးနှင့် ကိုယ်ကျိုးစီးပွား
ဘရပ်ဆဲလ်
 အီးယူတွင်ကျင်းပသော Organization of International Islamic Cooperation 
(OIC) နှင့် ဟန်ရောင်ဝေ ၏ ယူရိုဘားမားတို့ 
ရိုဟင်ဂျာအရေးကိုထောက်ခံဆွေးနွေးနေကြစဉ်ပုံ။
ကျနော် ယခု ရေးသား တင်ပြမည့် အကြောင်းအရာမှာ 
မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်း နိုင်ငံများမှ ဝင်ရောက် အခြေချ 
လာသော လူမျိုးခြား တရုပ်၊ ကုလားများ အရေးကိစ္စကို မိမိဥာဏ်မီသမျှနှင့် 
အတွေ့အကြုံတို့ကို ပေါင်းစပ်ပြီး တင်ပြထား ခြင်း ဖြစ်ပါသည်။ ထိုသို့ 
ရေးသားရာ၌ လူမျိုးစွဲ၊ ဘာသာစွဲ အစွန်းနှစ်ဖက်ကို တတ်နိုင်သမျှ 
ရှောင်ကျဉ်ပြီး ကြိုးစားရေးသား ရာတွင် မိမိနိုင်ငံ၏ အမျိုးဘာသာ၊ သာသနာ 
အဓွန့်ရှည်ရေးနှင့် အခြားသော လူမျိုးများ၏ ဘာသာ၊ သာသနာကိုလည်း မထိခိုက်၊ 
မစော်ကား မိစေရန် အထူးဂရုစိုက်ခဲ့ပါသည်။
အဓိက ရေးလိုသည်မှာ လူ့ခွင့်အရေးကို ခုတုံးလုပ်၍ မိမိတို့လူမျိုး၏ မျိုးရိုး
 ဗီဇကိုဖုံးကွယ်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု ဖြစ်ပါသည်ဟု 
ယခုတလောတွင် ဆူညံလာသော ရိုဟင်ဂျာ ကိစ္စကို အဓိကထား ရေးသားခြင်း ဖြစ်ပါသည်။ 
ကိုယ်ကျိုး စီးပွားရှာရန်အတွက် ဆန်ရေ စပါးပေါများသော ကျွန်ုပ်တို့ 
နိုင်ငံသို့ သာမန် ခိုးဝင်နေထိုင် နေလာလျှင် လက်ခံနိုင်သေး သော်လည်း၊ 
လိမ်ညာပြီး လူမျိုးရေးအရ တောင်းဆိုလာမှု၊ ဘာသာရေးအရ လွှမ်းမိုး လာမှုများနှင့်
 မရိုးသားမှုတို့မှာ လက်ခံနိုင်စရာ မရှိချေ။
ကျနော်တို့ ငယ်စဉ်က “ဂန်းမာရီကား၊ လောက်လား” ဟု ကျနော်တို့၏ 
ငယ်ပေါင်းကြီးဖက် မူဆလင် သူငယ်ချင်းများကို နောက်ပြောင်၍ နှုတ်ဆက်ရာတွင် 
 “မလောက်ဘူး” ဟု ပြောတတ်သလို၊ သူတို့ကလည်း “ဆာလား” ဟု ပြန်လည်နှုတ် 
ဆက်ရာတွင် ကျနော်တို့ကလည်း “မဆာသေးဘူး” ဟု ရယ်သွမ်း၍ ပြန်လည် နှုတ်ဆက် 
တတ်ကြပါတယ်။ တဦးနှင့်တဦး ငါက ဗမာ၊ မင်းကကုလားဟူ၍ ရန်ငြိုးဖွဲ့ခြင်း၊ 
စိတ်ဆိုးခြင်းများ အလျှဉ်း မရှိကြပါ။ အမှန်စင်စစ် ထိုစကားစုများသည် ရုတ် 
ရင်းကြမ်းတမ်းစွာ ကုလားလို ဆဲရေး တိုင်းထွာသော စကားစုများဖြစ်သော်လည်း 
ခင်မင် ရင်းနှီးမှုကို ရှေးရှုပြီး ရင်းရင်းနှီးနှီး  နှုတ်ဆက် ကြခြင်းသာ 
ဖြစ်သည်။ လူမျိုး ဘာသာခွဲခြားမှုမရှိ၊ အပြစ်မမြင်ကြဘဲ တဦးသဘောကို တဦး 
နားလည်ကြသဖြင့် အဓိကဘာကို ဆိုလိုသည်ကို သဘော ပေါက်ကြခြင်း၊ 
ဘာရည်ရွယ်ချက်နှင့် ပြောသည်ကို နားလည်ခြင်း၊ တဦးပေါ်တဦး ယုံကြည် လေးစားမှု 
ရှိခြင်းတို့ကြောင့် ယခုလို နှုတ်ဆက် ပြောဆို၊ ဆက်ဆံ နိုင်ခြင်း ဖြစ်သည်။
ယခုအခါ ဘာသာရေးအစွန်းရောက်မှုများကြောင့် ကမ္ဘာနိုင်ငံအသီးသီးတွင် 
အကြမ်းဖက်မှုများ ပေါ်ပေါက်လာရသည် ဆို လျှင်မမှားပါ။ ဥပမာ 
အာဖဂန်နစ္စတန်နိုင်ငံသည် ရှေးပဝေသဏီကာလက ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ခဲ့သည်။ 
တာလီဘန်ခေါင်း ဆောင် မူလာအိုမာတို့အာဏာရလာခဲ့ပြီးနောက် 
အာဖဂန်နစ္စတန်နိုင်ငံတွင် အစွန်းရောက်အတွေးအခေါ်များ ဝင်လာခဲ့ သည်။ 
လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ကျော်ခန့်ကတည်ရှိခဲ့သော ဗုဒ္ဓရုပ်ထု 
မတ်တတ်ကိုယ်တော်ကြီးများကို ကျောက် တောင်နံရံကြီးများတွင် 
ထွင်းထုထားခဲ့သည်မှာ သမိုင်းဝင်အထောက်အထားများအဖြစ် ထင်ရှားလှပေသည်။ 
ထိုသို့ဘာ သာရေးအရ လေးစားအပ်သောအရာလည်းဖြစ်၊ သမိုင်းအထောက်အထားအရလည်း 
တန်ဖိုးရှိလှသော ဗုဒ္ဓကျောက်ရုပ် ထု ကိုယ်တော်ကြီးများကို 
တာလီဘန်မူဆလင်များက သူတို့နိုင်ငံသည် ယခင်က ဗုဒ္ဓဘာသာ ထွန်းကားသည့် 
နိုင်ငံဖြစ် သည်ဟူသည့် သမိုင်းအထောက်အထားများကို ကွယ်ပျောက် သွားစေရန် 
သံချပ်ကာ ကားကြီးများ အမြောက်ကြီးများကို သယ်ဆောင်သွားပြီး အမြင့်ပေ 
ရာကျော်မြင့်သော ဗုဒ္ဓ ဆင်းထုတော်ကြီးများကို ပစ်ခတ် မိုင်းခွဲခဲ့ပြီး 
အစိတ်စိတ် အမွှာမွှာ ထုခွဲ ချေဖျက်ခဲ့ကြသည်။ ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ၊ 
အခြားဘာသာဝင် ခရစ်ယာန် အဖွဲ့အစည်းများ၊ ရှေးဟောင်း သမိုင်း ထိန်းသိမ်းသော 
အဖွဲ့အစည်းများနှင့် ယူနက်စ်ကိုမှ ဝင်ရောက် တောင်းပန် ကန့်ကွက် ကြသော်လည်း 
မူလာအိုမာ၏ တာလီဘန် အစွန်းရောက်များက ဂရုမစိုက်ဘဲ၊ ရက်စက် ရိုင်းပြစွာ 
ဖြိုခွဲ ဖျက်ဆီးခဲ့ကြသည်မှာ ဗုဒ္ဓဘာသာနိုင်ငံမှ မူဆလင် နိုင်ငံဘဝသို့ 
ရောက်ရှိ သွားခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံမှ မူစလင်များ၏ ပကတိ သက်သေပြချက် 
တခုပင် ဖြစ်သည်။
ထို့အပြင် လက်ဘနွန် နိုင်ငံတွင်လည်း အာရပ်၊ အစ္စရေး စစ်ပွဲပြီးနောက် 
တရွေ့ရွေ့ပြောင်းရွှေ့လာသော ပါလက်စတိုင်း မူဆလင်များ တစစ 
များပြားလာပြီးသည့်နောက် လက်ဘနွန်နိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များနှင့် 
မူဆလင် ဘာသာဝင် များ စစ်ပွဲများ ဖြစ်ပွားလာပြီး ခရစ်ယာန်ပိုင် နယ်မြေ 
များကို မူဆလင်များ သိမ်းယူသွားခဲ့သည့် သာဓကသည်လည်း ခေတ်သစ် သမိုင်းတွင် 
အထင်အရှား ရှိနေခဲ့ပါသည်။
အာရပ်နိုင်ငံများကိုယ်စားလှယ်နှင့်ဟန်ရောင်ဝေတို့
 သဘောတူလက်မှတ်ရေးထိုး နေကြစဉ်။ (မည်သည့်အ 
ကြောင်းအရာပေါ်လက်မှတ်ရေးထိုးနေကြသည်ကို မသိနိုင်ပါ)
နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော် ဖောက်ဖျက်၍ ခိုးဝင်လာသော 
နိုင်ငံခြားသားများ မိမိနိုင်ငံတွင်း၌ ၎င်း တို့၏ ဘာသာ ယဉ်ကျေးမှုများကို ၎င်းတို့
 လူမျိုးများနှင့် ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများ သွေးနှော 
စေခြင်းဖြင့် လူကို လူချင်း တဖြေးဖြေး ဝါးမြိုခြင်းကို ပြုလုပ်လာပါက၊ 
သို့မဟုတ် ပြုလုပ်ရန် ကြံရွယ် စီစဉ်ထားသည်ကို တွေ့ရှိပါက ဒေသခံ 
တိုင်းရင်းသား ပြည်သူများက ခုခံ ကာကွယ် တိုက်ဖျက်ရမည်မှာ 
နိုင်ငံသားတိုင်းတွင် တာဝန်ရှိ သည်ဟု ထင်မြင်မိပါသည်။ 
မြန်မာနိုင်ငံတွင်းသို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ခိုးဝင်လာသော 
ဘင်္ဂါလီမျိုးနွယ် မူဂျာဟီဒင်ကုလားများကို တာဝန်အရ တာဆီး အရေးယူခဲ့သည့် 
ဗိုလ်ချုပ်ကြီးတင်ဦး (အငြိမ်းစား) ယခု အမျိုးသား ဒီမိုကရေစီအဖွဲချုပ် 
ဒုဥက္ကဋ္ဌ ဦး တင်ဦးအား ရိုဟင်ဂျာ အမည်ခံ ဒေါက်တာဝါကာအူဒင်က (RFA) ရေဒီယိုမှ 
နေ၍ ပုတ်ခတ် တိုက်ခိုက်သည့်အပြင် ရိုဟင် ဂျာများကို ဘင်္ဂါလီအနွယ်ဝင်များဟု 
ပြောဆိုခဲ့ခြင်းသည် စော်ကားမှု ဖြစ်သဖြင့် ဦးတင်ဦးက သူ့အား 
တောင်းပန်ရမည်ဟု ရိုင်းစိုင်းစွာ ပြောကြား သွားခဲ့မှုကြောင့် ဤဆောင်းပါကို 
ရေးသားရန် ဆုံးဖြတ် လိုက်ရခြင်း ဖြစ်ပါသည်။
ဒေါက်တာဝါကာအူဒင်က ရိုဟင်ဂျာလူမျိုးတို့သည် အာရပ်ကုန်သည်များ သင်္ဘောပျက်ပြီး
 ရခိုင်ကမ်းရိုးတန်းသို့ ရောက် လာရာမှ စတင်ပြီး ဌာနေအရပ်သူများနှင့် 
အိမ်ထောင်ကျရာမှ ရိုဟင်ဂျာ လူမျိုးဟူ၍ ဖြစ်ပေါ်လာရသည်ဟု ဆိုသည်။ အာ 
ရပ်လူမျိုးများသည် အရပ်အမောင်း ကောင်းသူများ၊ အသားအရောင် ဖြူသူများဖြစ်သည်။
 ယခုရိုဟင်ဂျာ ဆိုသူများမှာ အ သားအရေ မည်းသည့်အပြင်အရပ် လည်းပုသည်။ 
ထို့အပြင် အာရပ်ဘာသာ စကားကိုမပြောဘဲ ဘင်္ဂလီ အူရဒူ ဘာသာ စကားသာ ပြောသည်။ 
အသွင်အပြင်၊ အနေအထိုင်ကအစ ဘင်္ဂလီလူများနှင့် တပုံစံတည်း ဖြစ်သည်။
ထို့အတူ ဝါကာအူဒင်က ရိုဟင်ဂျာ များသည် မြန်မာများကဲ့သို့ပင် လုံချည် 
ဝတ်သည်ဟု ထည့်ပြော သွားပါသေးသဖြင့် ပြုံး မိပါသည်။ ဘင်္ဂလားဒေ့ရှ် 
ဘင်္ဂလီများသည်လည်း လုံချည် ဝတ်သည်ကို ဝါကာအူဒင်တယောက် မေ့နေသည်ဟု ထင်ပါ 
သည်။ အဓိက သိပ္ပံနည်းကျ သက်သေပြချက်မှာ ထို ရိုဟင်ဂျာဟု ခေါ်နေသူများ၏သွေးကို
 ဖောက်ထုတ်၍ DNA စစ်ဆေး ကြည့်လိုက်ပါဟု စိမ်ခေါ် လိုက်ပါသည်။ 
ဘင်္ဂလီသွေးမဟုတ်လျင် ၎င်းတို့အား ကျွန်ုပ်တို့၏ တိုင်းပြည်တွင် နေထိုင်ခွင့်ပေး
 ခဲ့လျှင် ကန့်ကွက်မည် မဟုတ်ပါ။ ဘင်္ဂလီသွေး ဟုတ်လျင် ဘင်္ဂလားဒေ့ရှ်သို့ 
ပြန်မည်လားဟု ရဲရဲ စိမ်ခေါ်လိုက်ပါသည်။
အမေရိကန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော မက္ကဆီကိုနိုင်ငံမှ 
မက္ကဆီကန်များသည် ၎င်းတို့နိုင်ငံနှင့်ပြည် နယ် ချင်း ဆက်စပ်နေသော 
တက္ကဆက်ပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်များအတွင်းသို့ တနေ့လျင် 
ထောင်ချီပြီး ခိုးဝင် နေသဖြင့် နယ်ခြား စောင့်တပ်များ ချထားပြီး လိုက်လံ 
ဖမ်းဆီးပါသည်။ ဖမ်းမိသူများကို စီစစ်ပြီး သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့ 
ခြင်း တို့ကို လုပ်နေသည့်ကြားမှ ထိုတက္ကဆက် ပြည်နယ်၊ ကယ်လီဖိုးနီးယား 
ပြည်နယ်များတွင် စပိန်စကားပြော မက္ကဆီ ကန် လူမျိုးများ ပြည့်လာခဲ့ပါသည်။ 
ယခုအခါ ကယ်လီဖိုးနီးယားပြည်နယ်တွင် စပိန် ဘာသာ စကားပြော မက္ကဆီကန်လူ မျိုး 
(၅၀) ရာခိုင်နှုန်း အမေရိကန်လူမျိုး (၅၀) နှုန်းပင် ဖြစ်နေပေသည်။ ထိုသူတို့က 
သူတို့သည် အမေရိကန် မက္ကဆီကန် များ ဖြစ်သည်ဟု သူတို့မျိုးရိုးဗီဇကို 
ထုတ်ပြောကြသည်။ ငါတို့သည် အမေရိကန် တိုင်းရင်းသားများဖြစ်သည်ဟု မပြော 
ကြချေ။ အမေရိကန် လူဖြူတို့ကလည်း ငါတို့သည် Indigenous  တိုင်းရင်းသားများ 
ဖြစ်သည်ဟု မပြောပါ။ အဘယ့် ကြောင့်ဆိုသော် အမေရိကန် တိုင်းရင်းသား 
စစ်စစ်များသည် လူနီ အင်ဒီးယန်းများ Red Indians ခေါ် Native ဌာနေ 
အမေရိကန်များ ဖြစ်ခြင်းကြောင့် ဖြစ်သည်။
ဒေါက်တာဝါကာအူဒင်က Indigenous ဒေသခံ လူမျိုးစုများအဖြစ် လွန်ခဲ့သော 
နှစ်ပေါင်း ထောင်ကျော် ကတည်းက ရှိခဲ့ သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်၏ 
သမိုင်းတွင် လည်းကောင်း၊ ရခိုင် ရာဇဝင်တွင် လည်းကောင်း ရိုဟင်ဂျာ ဆိုသည့် 
စကား မကြားခဲ့ဖူးချေ။ ထို့အပြင် ဝါကာအူဒင်က တိုင်းရင်းသား လူမျိုးစု 
ဖြစ်ပါသည်ဟု လိမ်လည် ပြောဆိုခြင်းနှင့် ဦးတင်ဦးကို လည်း ဝန်ချ 
တောင်းပန်ရမည် ဆိုသည်မှာ အလွန် စော်ကားသော စကားရပ်ဖြစ်ပြီး သူခိုးက 
လူဟစ်နေခြင်း ပင်ဖြစ်သည်။
မြန်မာပြည်ကို ကိုယ်စားပြုသလိုလို လက်မှတ်ရေးထိုးအပြီး ဟန်ရောင်ဝေနှင့် မူဆလင်များ ကြေနပ်နေကြပုံ။
ထိုနှင့် တဆက်တည်း တင်ပြလိုသည်မှာ EBO (Euro Burma Office ) တာဝန်ခံ 
ဦးဟန်ရောင်ဝေနှင့် ရိုဟင်ဂျာများ ဆက်စပ်မှု ဖြစ်သည်။ ကျနော့် စိတ်ထဲတွင် 
လိပ်ခဲတည်းလည်း ဖြစ်နေသည်မှာ အချိန် ကြာမြင့်စွာ အောင့်အီး ခဲ့ရသမျှ ယခုလို
 NLD ခေါင်းဆောင်ကြီး တဦးကို ဘာမဟုတ်သည့် ရိုဟင်ဂျာ အမည်ခံ ဗမာစကား 
မပြောတတ် ပြောတတ် သူတယောက် က မိုက်ရိုင်းစွာ စော်ကား လိုက်သည့်အတွက် 
ကျွန်ုပ်သိသမျှကို ထုတ်ဖော်ေ ပြာတော့မည်ဟူသော စိတ်ဖြစ်ပေါ် လာသဖြင့် 
မျက်မြင် ကိုယ်တွေ့အဖြစ်ကို ရိုဟင်ဂျာကိစ္စနှင့် ဆက်စပ်၍တင်ပြလိုက်ပါသည်။
မြန်မာနိုင်ငံ စစ်ကျွန်ဘဝအဖြစ် အလူးအလဲ ဒုက္ခရောက်နေရပြီး အရှေ့တောင်အာရှ၏ 
ကြယ်တပွင့်ဘဝမှ လျောကျကာ ကမ္ဘာ့ အလယ်တွင် လူမွဲနိုင်ငံ (LDC) ဘဝသို့ သက်ဆင်း
 ခဲ့ရသည့်အတွက် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ (NGOs) ဒီမိုကရေစီ 
နိုင်ငံများမှ လူလူချင်း စာနာ ထောက်ထားပြီး ကူညီ ရိုင်းပင်းကြခြင်း။ 
ငွေကြေး ထောက်ပံ့ခြင်း။ ဒီမိုကရေစီလှုပ် ရှားသူများကို သနားကြင်နာစွာဖြင့် 
ကူညီခြင်း စသည့် ဖွံ့ဖြိုးမှု အကူအညီ အစီအစဉ်များကြောင့် EBO ရုံးခန်း 
ဥရောပတွင် ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ဦးဟန်ရောင်ဝေသည်  Burma alert 
  စာစောင်ကို ကနေဒါနိုင်ငံတွင် စတင်ထုတ်ဝေ နေရာမှ သူ၏ နိုင်ငံခြား 
တိုင်းပြည်တွင် ပညာသင်ကြားခဲ့ခြင်း၊ အင်္ဂလိပ် ဘာသာစကားကို လယ်လယ်ဝယ်ဝယ် 
ရေးနိုင်၊ ပြောဆိုနိုင်ခြင်း တို့ကြောင့် အဝေးရောက် 
အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) မှ စင်တော် ကောက်ပြီး အဝေးရောက် အစိုးရ
 ကိုယ်စားလှယ် ဘဝဖြင့် ဥရောပသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ဥရောပနိုင်ငံမှ 
အစိုးရများကို ချဉ်းကပ်၍ မြန်မာ စစ်အာဏာရှင် အစိုးရကို စီးပွားရေးအရ 
ပိတ်ဆို့ရန် ကြိုးစားခြင်း စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို 
တင်ပြ ခြင်းဖြင့် ဥရောပရောက် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် 
တိုက်ပွဲ ဝင်နေကြသော မြန်မာများက သူ့ကိုယုံကြည်အား ကိုးခဲ့ကြသည်။ 
ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံ အစိုးရများ အလှူရှင်များထံမှ မြန်မာနိုင်ငံ 
ဒီမိုကရေစီ ရရှိရေးအတွက် ရံပုံ ငွေ အမြောက်အများ ရရှိခဲ့သည်ကို 
ကျွန်ုပ်တို့ သိရှိပါသည်။
ထောက်ပံ့ငွေများကို (NCGUB) အဝေးရောက် အစိုးရ အတွက်တောင်းပေးခြင်း။ 
ခေါင်းစဉ် မျိုးစုံတပ်၍  ပရိုပိုဆယ် Proposal များ တင်ခြင်းကို ကြားသိ 
နေရသော်လည်း ဘယ်၍ ဘယ်မျှရသည်၊ မည်သည့်အဖွဲ့ အစည်းနှင့် ဆက်သွယ် သည်၊ 
မည်သည့် နေရာတွင် သုံးစွဲသည်တို့ကို ဦးဟန်ရောင်ဝေ ထံမှ သော်လည်းကောင်း၊ 
အဝေးရောက်အစိုးရ (NCGUB) မှသော်လည်းကောင်း မသိရှိခဲ့ရပါ။ ထို့နောက် ဥရောပ 
သမဂ္ဂနိုင်ငံများ(ဂျာမဏီ)မှ၊ မြန်မာစစ်အစိုးရနှင့် မြန်မာနိုင်ငံ အ 
ပြောင်းအလဲ ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်း လုပ်ဆောင်ရမည် ဟူသော မူဖြင့် ကူညီ 
ထောက်ပံ့ငွေများကို ထောက်ပံ့ကူ ညီခဲ့ရာ ဦးဟန်ရောင်ဝေ လည်း 
ငွေရရှိရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်ခဲ့သွားပြီး ပြည်တွင်းမှ နဝတ 
ကို လိုလားသူ နေဝင်းမောင် (EGRESS,Think-Tank Myanmar Partners, The Voice 
journal, Living Color magazine) တည်ထောင်သူနှင့် ပြည်ပရောက်စည်းပွားရေး 
ပညာရှင်အမည်ခံ ဇော်ဦး (Director of the Vahu Development 
Institute,Think-Tank) အဖွဲ့ဝင်တို့ ပူးပေါင်းမိသွားရာမှ ပြည်သူများနှင့် 
အတိုက်အခံ အင်အားစုများ အမှန်တကယ်လိုလားသော ဆန္ဒကိုဆန့်ကျင်၍ ကနဦးက 
စီးပွားရေးပိတ်ဆို့ရေးပေါ်လစီမှ စီးပွားရေး ဖွင့်ပေးရေး ပေါ်လ စီသို့ 
နေ့ချင်းညချင်း ပြောင်းသွားခဲ့သည်။
နောက်အတွေအကြုံတခုအရ၊ ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ (၂၀၁၀၊မေ လ 
၅ရက်)တွင်ပြုလုပ်သော အရှေ့ တီမော သမ္မတ ရာမို့စ်ဟိုဆေး မှ 
ကြီးမှူးကျင်းပပေးခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကျနော်တို့ဘက်မှ ၂၀၀၈
 ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေမှ ပေါ်ပေါက်လာမည့် စစ်အစိုးရမှ 
ကြီးမှူးပြုလုပ်သည့် ၂၀၁၀ ပါတီစုံရွေးကောက်ပွဲမှ ထွက်ပေါ်လာ မည့်ရလာဒ်ကို 
နိုင်ငံတကာအစိုးရများမှ အသိအမှတ် မပြုရန်နှင့် လက်မခံဖို့ 
တိုက်တွန်းပြောကြားရာတွင်လည်းကောင်း မြန်မာနိုင်ငံမှ စစ်ရာဇဝတ် 
ကောင်များအား အရေးယူ အပြစ်ပေးနိုင်ရေးအတွက် စုံစမ်း စစ်ဆေးရေး 
ကော်မရှင်အဖွဲ့ ပေါ် ပေါက်လာစေဖို့  ဥရောပနိုင်ငံများမှ ထောက်ခံပေးပါရန် 
တောင်းဆိုပြောဆိုရာတွင် ဦးဟန်ရောင်ဝေမှ စစ်ရာဇဝတ်ကောင် တရားခံတွေကို 
ခုံရုံးတင်ဖို့ စာရင်းပြုစုမယ်ဆိုရင် NLD ပါတီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တင်ဦး 
ကိုလည်း စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်၍ စာရင်းတင်ပြီ၊း 
ခုံရုံးတင်ရပါလိမ့်မည်ဟု ရဲရဲတောက် ပြောသွားသည်ကို ကြားလိုက်ရသည့် 
ကျနော်မှာ ကြက် သေသေသွားခဲ့ပါသည်။
ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ) ရိုဟင်ဂျာ ဥက္ကဋ္ဌ နရူးအစ်စလမ်၊ ကိုတင်မောင်မောင်သန်းနှင့် ဇော်ဦး
ယခုလည်း ဝါကာအူဒင်က ဦးတင်ဦးက ရိုဟင်ဂျာတွေကို ဘင်္ဂလီတွေလို့ပြောတဲ့အတွက် 
ဒါဟာသမိုင်းကို လိမ်တာလို့ဆို ပြီး၊ တောင်းပန်ခိုင်းသည့်အချက်သည် 
အထက်ကဖော်ပြခဲ့သော ဦးဟန်ရောင်ဝေ၏ သဘောထားနှင့် တထပ်တည်းဖြစ် နေသည်။ 
ဟန်ရောင်ဝေ၏ လုပ်ရပ်မှာ ဗမာမဟုတ်သူများ အားလုံးကို 
ဥရောပမှရလာသောငွေဖြင့်ပေါက်၍ စည်းရုံးပြီး၊ ဗမာလူမျိုးများ အားလုံးကို 
ဆန့်ကျင်ရန် ကြောင်လက်သဲဝှက် ကြံစည် နေခြင်းဖြစ်သည်။ မှာထင်ရှား လာခဲ့ 
ပါသည်။ UNFC တွင်ဟန်ရောင်ဝေ  ပါဝင်နေသည်မှာ အထူးစိုး ရိမ်စရာ ကောင်းပါသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီရတ်မြို့တွင် အခြေစိုက်ထားသည့် နိုင်ငံတကာ 
မူဆလင်များ ပူပေါင်း ဆောင်ရွက်ရေး အဖွဲ့ ချုပ် OIC နှင့်ဆက်သွယ်၍ 
အီးယူနှင့် အင်္ဂလန်နိုင်ငံ များတွင် လူသားချင်းစာနာမှု၊ 
လူ့အခွင့်အရေးချိုးဖောက်ဖျက်ဆီး ခံရမှု များကို ခေါင်းစဉ် တင်၍ 
ရိုဟင်ဂျာအရေးအတွက် အကူအညီ အထောက်အပံ့များ ရရှိရန် ကြိုးပမ်း ခဲ့ကြသည်။
ကျွန်ုပ်အနေနှင့် ဆိုခဲ့ပြီးသကဲသို့  မူဆလင် မုန်းတီးရေး စိတ်မရှိပါ။ 
သို့ရာတွင် တာလီဘန်ကဲ့သို့ အစွန်းရောက် မူဆလင်များ ကိုမူ တူးတူးခါးခါး 
မုန်းပါသည်။ ရိုဟင်ဂျာဟု လိမ်မနေဘဲ၊ မြန်မာပြည်ဖွား ဘင်္ဂါလီ မြန်မာ 
မူဆလင်များဟု မှည့်ခေါ်ပါက လက်ခံ နိုင်လောက်ပါသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ အမျိုးဘာသာ၊ သာသနာနှင့် နယ်နမိတ် တည်တံ့ 
ခိုင်မြဲရေးကို ခြိမ်းခြောက်စေခြင်း၊ မြန်မာပြည် တွင် နေထိုင်သော 
မြန်မာ-မူဆလင်ဘာသာဝင်များနှင့် ပဋိပက္ခများ ပေါ်ပေါက်လာရေးကို 
တွန်းပို့နေသည်ဟု သုံးသပ်မိ ပါသည်။ မြန်မာနိုင်ငံပြည်တွင်းရေးများ 
ပိုမိုရှုတ်ထွေး လာစေလိမ့်မည်ဟု ထင်မြင်ပါသဖြင့် ကျွန်ုပ် ဤဆောင်းပါးကို 
အောက်ပါ သက်သေခံ ဓါတ်ပုံ မှတ်တမ်းများနှင့်အတူ စုစည်း တင်ပြအပ်ပါသည်။
ဟန်ရောင်ဝေနှင့် သမီး၊ ရန်ကုန်လေဆိပ်သို့ ပထမခြေလှမ်းစခြင်း
ယခုအခါ ဦးဟန်ရောင်ဝေသည် သမီးဖြစ်သူနှင့်အတူ ရန်ကုန်မြို့သို့ 
ရောက်ရှိနေပြီး၊ ပြည်တွင်းရှိ နေဝင်းမောင်တို့၏ (Think Tank) 
စုစည်းတွေးခေါ်မှုအဖွဲ့နှင့် လည်းကောင်း၊ ပြည်ပအခြေ စိုက်ဇော်ဦး၏ ဗဟု (Think
 Tank) အဖွဲ့နှင့် လည်း ကောင်း အကျိုး တူပူးပေါင်း၍ ပြည်တွင်း စားကျက် 
အသစ်ဖွင့်ရန် ခြေလှမ်း စနေပြီ ဖြစ်ပါသည်။
နိုင်ငံတကာမှ လူမှုရေးအတွက် ပေးလာမည့် အကူအညီမှာ မြိုးမြိုးမြက်မြက် ရမည့် 
စားနေကျ စားဖါးကြီးများက ပါးနပ်စွာ မြင်နေကြပြီ ဖြစ်ပါသည်။ 
ဥရောပနိုင်ငံများ၏ လူမှုရေးကူငွေများကို ပြည်ပသို့ပေးခြင်းကို လျော့ချ၍ 
ပြည်တွင်းသို့ ပို၍ပေး မည်ကို စားဖါးကြီးများက အနံ့ရ နေပြီ ဖြစ်ပါသည်။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ အနေနှင့် ထိုသူများကို 
သတိကြီး ရှောင်ရှားကြဘို့ တော်လှန်ရေး သတိဖြင့် ထိုသူများ၏ လုပ်ရပ်ကို 
ထောက်ပြ၍ တွေ့ကြုံသမျှအချို့ကို စုစည်း၍ ရိုးသားစွာဖြင့် တင်ပြလိုက်ရပါသည်။
ခင်ဗျား။
ပြည်သူ့အပေါ် ရိုးသားသည့် သစ္စာဖြင့်
အောင်သန်းဦး (၇၅-မျိုးဆက်) 
သတင်းရင်းမြစ် - နေသစ်















No comments:
Post a Comment