ကချင်ဒေသတွင် လတ်တလော ထိုးစစ်ဆင်နေသော ကိစ္စရပ်များအပေါ်အထူးစိုးရိမ် သောကဖြစ်မိကြောင်း သဘောထား ထုတ်ပြန်ကြေညာချက်
ပြည်တွင်းစစ် ရပ်စဲရေးအတွက် တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် 
ရပ်စဲကြကြပါရန် ပြည်သူများက အရပ်သားအစိုးရသစ်သို့ တိုက်တွန်း 
နိုးဆော်နေချိန်တွင် ၂၀၁၁ခုနှစ် စက်တင်ဘာလမှစ၍ ကချင်လွတ် 
မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ နယ်မြေအတွင်း တပ်မတော်မှ အလုံးအရင်းဖြင့် 
ထိုးစစ်ဆင်နေမှုအပေါ် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)၊ 
Association of United Nationalities in Japan , AUN (Japan) 
မှအထူးစိုးရိမ် သောကဖြစ်မိပါသည်။ 
KIO ဘက်မှလည်း ဤပုံစံဖြင့် စစ်ပွဲများ ရပ်စဲသွားရန် အလားအလာမရှိဟု ထုတ်ဖေါ် 
ပြောကြားလာသည့်အတွက် ငြိမ်းချမ်းရေး အလားအလာ ပိုမိုဝေးသွားသလို 
ခံစားရပါသည်။ သမ္မတဦးသိန်းစိန် အစိုးရသည် လူထုခေါင်းဆောင် 
ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းရင်းနှီးနှီး ဆက်ဆံပြီး အပြုသဘော ဆောင်သော 
ဆွေးနွေးမှုများကို မိမိတို့က ကောင်းမွန်သော တိုးတက်မှုတခုအဖြစ် 
ကြိုဆိုပါသည်။ 
သို့သော် တချိန်တည်းတွင် တိုင်းရင်းများ၏ လိုလားချက်ဖြစ်သော စစ်မှန်သော 
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လိုလားချက်များကို မျက်ကွယ်ပြုပြီး 
တိုင်းရင်းသား လက်နက်ကိုင်တပ်များအပေါ် စစ်အင်အား အလုံးအရင်းဖြင့် 
ထိုးစစ်ဆင်နေမှုများနှင့် ပတ်သတ်၍ အစိုးရသစ်၏ မူဝါဒအပေါ် နားမလည်နိုင်အောင် 
ဖြစ်ရပါသည်။ ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို 
ကြိုဆိုပါသည်။ သို့သော်လည်း တိုင်းရင်းသားများ အားလုံး၏ မွေးရာပါ 
အခွင့်အရေးများ ဆုံးရှုံးနေမှုများသည် ဒေသတခုချင်း၏ ပြဿနာ မဟုတ်ပါ။ ပြည် 
ထောင်စုအဆင် (သို့မဟုတ်) တမျိုးသားလုံးအဆင့်၌ ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာ
 ဖြစ်ပါသည်။ 
ဗဟိုအစိုးရနှင့် ဆွေးနွေးမှသာလျင် ပြေလည်နိုင်မည်ဟု ယုံကြည်ပါသည်။ 
ယင်းငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ ကြားဝင် 
စေ့စပ်ပေးရန် ကမ်းလှမ်းချက် ကိုလည်း တိုင်းရင်းသား လက်နက်ကိုင်တပ် 
များဖြင့်ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ 
ဖက်ဒရယ်ကောင်စီ (UNFC) မှ လိုလိုလားလား လက်ခံ သဘောတူထားသည့်အပေါ် 
ကျွန်ပ်တို့မှလည်း ကြိုဆို ထောက်ခံသည့်အပြင် ( UNFC) ၏ တွေ့ဆုံဆွေးနွေးရေး 
မူအပေါ်လည်း အပြည့်အ၀ ထောက်ခံပါသည်။ 
ပြည်သူတို့၏ ဆန္ဒသဘောထားများကို အလေးထား၍ နိုင်ငံတော်သမ္မတမှ မိမိတို့၏ 
သက်တမ်းအတွင်း ရပ် ဆိုင်းခဲ့သော မြစ်ဆုံစီမံကိန်းနှင့် ပတ်သတ်သည့် အရေးယူ 
ဆောင်ရွက်မှုများကို ထောက်ခံပါကြောင်းနှင့် ယင်း စီမံကိန်းကို 
အပြီးသတ်ရပ်စံရေးနှင့် အလားတူ ပြည်သူ့ဆန္ဒမပါသော စီမံကိန်းများကို 
အမြန်ဆုံးပြန် လည် စီစစ်ပေးပါရန် တိုက်တွန်းလိုပါသည်။ 
တဆက်တည်းတွင် ကချင်ဒေသအပါအ၀င် တိုင်းရင်းသား ဒေသများတွင် စစ်ရေးအရ 
ထိုးစစ်ဆင်နေမှုများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ 
အသိုင်းအ၀ိုင်းမှ ၀င်ရောက်တားဆီးပေးပါရန်- 
တပြည်လုံး အတိုင်းအတာဖြင့် အပြစ်အခတ် ရပ်စဲကြောင်း ကျေညာရန်နှင့် တိုင်းရင်းသားများ၏ လိုလားလျက် များကို တွေ့ဆုံဆွးနွေး အဖြေရှာရန်- 
နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံးလွတ်ပေးပြီး အမျိုးသားပြန်လည် 
သင့်မြတ်ရေးကို အမြန်ဆုံးဖေါ် ဆောင်ရန်တို့ကို တောင်းဆို လိုက်ပါသည်။ 
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) 
၁.ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက်ပါတီ(လွတ်မြောက်နယ်မြေ- ဂျပန်) 
၂.ကရင်နီ(ကယား)အမျိုးသားများအဖွဲ့ (ဂျပန်) 
၃.ကရင်အမျိုးသားများအဖွဲ့ (ဂျပန်) 
၎.ပုညကာရီ မွန်အမျိုးသားများအဖွဲ့ (ဂျပန်) 
၅.ကရင်အမျိုးသားအစည်းအရုံး(ဂျပန်) 
၆.ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ပြည်ပ)ဂျပန် 
၇.သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်) 
၈. ပလောင်အမျိုးသားများအဖွဲ့ (ဂျပန်) 
၉.ပအိုဝ်းတိုင်းရင်းသားများလွတ်မြောက်ရေးအဖွဲ့ (ဂျပန်) 
၁၀.ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ ချုပ်(ဂျပန်) 
၂၀၁၁ခုနှစ် အောက်တိုဘာလ (၃)ရက် 
ဆက်သွယ်ရန်- 
+၈၁ ၉၀ ၆၀၂၅ ၄၆၂၉ ။ +၈၁ ၉၀ ၉၈၃၁ ၇၁၉၂ ။ 











No comments:
Post a Comment