မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
ဆောင်းပါး
ဆက်သွယ်ရန်
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Sunday, October 23, 2011
မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ
၂၀၁၁ ခုနှသ် အောက်တိုဘာလ ၂၂ ရက်။
မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို တိုကျိုမြို့ရှိ မြန်မာ အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ညနေ ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက် (ဂျပန်) NDB မှ ကျင်းပပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံ၌ လက်ရှိ သမတ ဦးသိန်းစိန် အစိုးရသည် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဖော်ဆောင်မည်ဆိုလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလွန်အရေးပါသည့် တိုင်းရင်းသား ဒေသများအတွင်း မတရားထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ချက်ချင်း ရပ်စဲပေးရန် လိုအပ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲတွင် မတရားဖမ်းဆီး ထားသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများအတွင်း မတရားထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ချက်ချင်း ရပ်စဲပြီး တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပေးရန် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံ ကိုယ်စားလှယ်များ တိုက်တွန်း တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu ,
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
No comments:
Post a Comment