နော်ဝေးမှ မြန်မာအား ဒေါ်လာသန်း (၇၀) ကူညီမည်
Thursday, 28 June 2012 16:05
ဤဒေါ်လာသန်း
(၇၀) ကို ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ဒုက္ခသည်များ ပြန်လည်
နေရာ ချထားရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များတွင် ကူညီမည်ဟု
ထိုင်းနိုင်ငံ ဆိုင်ရာ နော်ဝေး သံအမတ် ဟာညူချမ် ခလိုရိုက ယမာန်နေ့၌
ကျင်းပသော ထိုင်းနိုင်ငံ၊ ချင်မိုင်းမြို့ တိုင်းရင်း သား များနှင့်
တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြား သွားကြောင်း ညီညွတ်သော တိုင်းရင်းသား
လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ အဖွဲ့ဝင် တဦးက ဆိုပါသည်။
“ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ အတွက် ကျနော်တို့နဲ့ လာတွေ့တာပါ။
တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို အစိုးရဘက်က မလုပ်ပေးရသေးဘူး။ လက်ရှိ
တိုင်းရင်းသားတွေ ဘက်က ရင်ဆိုင် ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ၊ အစိုးရအပေါ်
ထားရှိတဲ့ သဘောထား တွေနဲ့ အစိုးရက တိုင်းရင်းသားတွေ အပေါ် ထားတဲ့
သဘောထားတွေကို တိုင်းရင်းသား တွေဘက်က ဘယ်လို မြင်လဲ ဆိုတာကို တင်ပြ
ဆွေးနွေး ဖြစ်ကြတယ်” ဟု UNFC ဒုဥက္ကဌ အေဗရယ်တူး ကပြောပါသည်။
အကူအညီ ပေးသော ငွေထဲ၌ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် ဒေါ်လာ (၅) သန်းခန့်ကို အသုံးပြုသွားမည် ဖြစ်ပါ သည်။
အဆိုပါ ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ EBO ရုံး၌
ယမာန်နေ့ နံနက် ၁၀ နာရီချိန်တွင် ပြုလုပ်ခဲ့ပြီး UNFC မှ အဖွဲ့ဝင်
တိုင်းရင်းသား အဖွဲ့အစည်း (၆) ဖွဲ့ဖြစ်သည့် မွန်၊ ကရင်နီ၊ ရှမ်း၊ ကချင်၊
လားဟူ၊ ပအိုဝ်း အဖွဲ့တို့မှာ ကိုယ်စားလှယ် (၆) ဦးတို့ တက်ရောက် ခဲ့ကြသည်။
KNU မှာမူ ဝန်ကြီး ဦးအောင်မင်းနှင်း မဲဆောက်မြို့၌ ဇွန်လ (၂၆) ရက်နေ့တွင်
တွေ့ဆုံ ခဲ့သဖြင့် ယခု တွေ့ဆုံပွဲသို့ ကိုယ်စားလှယ် မစေလွှတ်
နိုင်ခဲ့ကြောင်း UNFC မှ ဆိုပါသည်။